May Honey Logo May Honey
Previous Next

၁၂။ ရင်ဘတ်အောင့်ခြင်း

မော့ဟန်က မေးသည်။
“ဆေးရုံကိုရောက်တုန်းက သူဘယ်လိုဒဏ်ရာတွေ ရခဲ့တာလဲ?”

ဆရာဝန်ကြီးက ဆေးမှတ်တမ်းကို ပြန်ကြည့်ကာ ရှင်းပြသည်။
“ဒီကိုရောက်တုန်းက အသက်မျော့မျော့လေးပဲရှိတော့တယ်။ ဗိုက်မှာ ထိုးခံရတဲ့ ဓားဒဏ်ရာကြောင့် အတွင်းပိုင်းသွေးထွက်လွန်တယ်။ နှလုံးနားမှာလည်း တစ်ချက်ထိုးခံရပြီးတော့ သွေးကြောတွေလည်း ပိတ်နေတယ်။ ဘယ်ဘက်လက်မောင်းမှာက နှစ်ချက်၊ ညာဘက်လက်မှာက တစ်ချက်ထိထားသေးတယ်။ ကျောမှာတော့ ရှပ်ထိမိတာတွေများတယ်။ နံရိုးနှစ်ချောင်း ကျိုးသွားပင်မယ့် အကုန်ကုပေးပြီးပါပြီ။ ကျန်တာတွေက အမာရွတ်တွေနဲ့ အသေးအမွှားလေးတွေပါပဲ။

ဆေးမှတ်တမ်းအကြောင်းပြောပြခြင်းက မော့ဟန့်မျက်နှာအမှုအယာကို ပြောင်းလဲစေတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ဆရာဝန်ကြီးက သူ့မျက်လုံးတွေ အေးစက်သွားတာကို ခံစားမိပြီး ဘာကြောင့်မှန်းမသိ ကြောက်မိသည်။

သူက မော့ဟန့်အမှုအယာကိုကြည့်ကာ သက်ပြင်းကြီးတစ်ချက် ချလိုက်သည်။
“ခင်ဗျားညီမလေးက တကယ်ကံကောင်းတယ်! ကယ်မယ့်သူ တစ်ယောက်မှမရှိဘဲ ဆေးရုံရှေ့မှာ လဲနေခဲ့တာ။ တကယ်လို့ စိတ်ကောင်းရှိတဲ့သူတစ်ယောက်ယောက်ကသာ ဆေးရုံခတွေ ခွဲစိတ်ခတွေ ကူညီပြီး မပေးခဲ့ရင် အရေးပေါ်ဌာနက ကုသမှုကို ခံရမှာ မဟုတ်ဘူး။ အဲ့လိုဖြစ်ခဲ့ရင်လည်း အခုဆို သေနေလောက်ပြီ”

အမှုတွေအများကြီးကို ကိုင်တွယ်ပြီးတဲ့အခါမှာ မော့ဟန်က အကြမ်းဖက်သမားတွေနဲ့လည်း ကြုံခဲ့ဖူးပါသည်။ သူတို့လုပ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကိုလည်း ကိုယ်တိုင်မြင်ခဲ့ရပင်မယ့် သူတို့အပေါ်မှာ ဘယ်လိုစိတ်ခံစားချက်မျိုးမှ မရှိခဲ့ဘူး။ သူက သာမန်လူတွေလိုမဟုတ်ဘဲ တည်ငြိမ်လွန်းသည်။ သူ့အမှုသည်ရဲ့ အခြေအနေကိုပဲ သူနားလည်ချင်ခဲ့သည်။ ဘယ်တရားပြိုင်အပေါ်မှာ ကိုယ်ချင်းမစာဖူးဘူး။ အချိန်အတော်ကြာအောင် သူကိုင်တွယ်တဲ့ အမှုတွေကိုပဲ နိုင်ချင်ခဲ့သည်။

ဒီနယ်ပယ်ထဲက လူတိုင်းက သူ့ကိုသံမဏိနှလုံးသားနဲ့ အေးစက်တဲ့ရှေ့နေလို့ ပြောကြသည်။ အရမ်းဆိုးတဲ့ အကြမ်းဖက်မှုတွေကိုတောင်မှ သူ့သမာဓိကျတဲ့နည်းလမ်းနဲ့ ကိုင်တွယ်ခဲ့သည်။ အဲ့ဒါကြောင့် သူကအမှုတွေကို ဓိမ္မဓိဋ္ဌာန်ကျကျရှုမြင်နည်းနဲ့ ချည်းကပ်ခဲ့ပြီး ဒီလောကမှာ သူကနာမည်ကြီးသည်။ လူတွေက သူတို့အမှုတွေမှာ သူ့ကိုပဲပိုပြီးအမှုလိုက်စေချင်ကြသည်။ မော့ဟန်ကိုင်တဲ့အမှုတိုင်း မရံှုးဖူးဘူးဆိုတာကို သိကြတာကြောင့်ဖြစ်သည်။

သူ့ကိုယ်သူလည်း သူကောင်းကောင်းသိပါသည်။ နှစ်တွေကြာပြီးတဲ့အခါမှာတော့ သူ့စိတ်ခံစားချက်တွေကို ဘယ်အရာကမှ အနှောင့့်ယှက်မဖြစ်ခဲ့ဖူးဘူး။ ဒါပင်မယ့် အခုတော့ တစ်ခုခုက လွဲသွားပြီ။

အမှုအယာကင်းမဲ့နေတဲ့ ကောင်မလေးက ဆေးရုံကုတင်ပေါ်မှာ ဒဏ်ရာကိုချုပ်ခံလိုက်ရပြီး ဆရာဝန်ကြီးက သူမထိခိုက်ဒဏ်ရာတွေအကြောင်း ပြောတဲ့အခါမှာ သူ့ရင်ဘတ်အောင့်သွားသည်။

အဲ့ဒီညကသာ ဒီကောင်မလေးကို သူစရိတ်ထုတ်မပေးဖြစ်ခဲ့ရင် အခုအချိန်မှာ သေနေလောက်ပြီ။

“ဘာလို့ အတိတ်မေ့သွားတာလဲ?”
မော့ဟန်က မမေးခင် အချိန်ခနယူလိုက်သည်။

ဆရာဝန်ကြီးက ဖြေသည်။
“ဖြစ်နိုင်ချေတွေ အများကြီးရှိပင်မယ့် သေချာတော့မသိဘူး။ ခေါင်းတော့မထိပင်မယ့် အတိတ်မှာ တစ်ခုခုကို အရမ်းကြောက်ခဲ့လို့ ဖြစ်နိုင်တယ်။ အတိတ်ကို ပြန်မမှတ်မိချင်တာကြောင့် ဦးနှောက်က သူ့အလိုလိုမှတ်ညဏ်တွေကို မေ့ပစ်လိုက်တယ်”

ဆရာဝန်ကြီးက ထပ်ပြောသည်။
“ဒါနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုပါဘူး။ ခင်ဗျားက သူ့အကိုပဲလေ။ မှတ်ညဏ်တွေ ပြန်ပေါ်လာအောင် ကြိုးစားလို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်။ အခုအရေးကြီးတာက လူပြန်ကောင်းဖို့ပဲ”

မော့ဟန်က အခန်းထဲကို မဝင်ဘဲ အဝကနေရပ်ကာ ပြတင်းပေါက်မှန်ကနေ ဆေးရုံကုတင်ပေါ်က ကောင်မလေးကို တိတ်တဆိတ် ကြည့်နေမိသည်။ ထုံဆေးမပြယ်သေးတာကြောင့် သူမက ငြိမ်ငြိမ်လေးလှဲနေတာ ဖြစ်မည်။ မျက်လုံးတွေကပွင့်နေပြီး ဘာတွေးနေလဲဆိုတာ မှန်းမရဘူး။ မျက်နှာလေးက ဖြူဖျော့နေတုန်းပဲ။ မျက်လုံးတွေကလည်း ချောက်ထဲကျနေငည်။ သူမက ပင်ပန်းနေပုံရတယ်။

ဒီအချိန်မှာ သူ့အရှေ့က ကောင်မလေးက ပျက်စီးသွားတဲ့ စွန့်ပစ်ခံအရုပ်လေးလိုပဲ။

ရှုင်းမပြနိုင်တဲ့ တချို့အကြောင်းတွေကြောင့် မော့ဟန်က ချီတုံချတုံဖြစ်နေသည်။ သူ့အိတ်ထဲက စီးကရက်ကိုထုတ်ကာ မီးညှိဖို့ လုပ်လိုက်ပင်မယ့် ဆေးရုံးမှန်း သတိရလိုက်တယ်။ ဆေးရုံမှာ သောက်ခွင့်မရှိတော့ သူမသောက်တော့ဘူး။ သူကစီးကရက်ကို ဘူးထဲပြန်ထည့်ကာ သိမ်းလိုက်တယ်။

“ဒီမှာဘာလို့ရပ်နေတာလဲ?”
ပိုင်ယုက ဆေးရုံအခန်းကို မလာခင် ငွေရှင်းပြီးသွားခဲ့ပြီ။ အခန်းနားရောက်တော့ အခန်းဝမှာ ရပ်နေတဲ့ မော့ဟန်ကို တွေ့လိုက်ရသည်။ အဆင်ပြေသက်သာစွာ လှဲနေတဲ့ ကောင်မလေးကို သူလည်းကြည့်လိုက်ပြီး
“ဘယ်လိုနေလဲ?”

Previous Chapter 12 of 30 Next