၂၀။ ဘာဖြစ်လို့ ဒီမှာအိပ်နေတာလဲ?
မော့ဟန်အိမ်ပြန်ရောက်သည့်အခါ သူမဧည့်ခန်းမှာ ထိုင်နေလိမ့်မည်ဟု သူထင်ခဲ့သည်။ ဒါပင်မယ့် ဧည့်ခန်းမှာ ရှိမနေဘူး။ သူအော်ခေါ်ပင်မယ့် ဘယ်သူမှပြန်မထူးဘူး။ နောက်ဆုံးမှာ သူအခန်းပိုကို တံခါးဖွင့်ကြည့်လိုက်သည်။ ထူးဆန်းစွာပဲ အဲ့ဒီအခန်းထဲမှာလည်း မရှိပြန်ဘူး။
အိမ်မှာနေခိုင်းထားတာကို။ ဒီကောင်မလေး ဘယ်သွားပြန်ပြီလဲ?
သူအိပ်ခန်းအပေါက်ဝရပ်နေတုန်းမှာ သူ့အိပ်ခန်းကနေ အသံသေးသေးလေး ထွက်လာသည်။ အသံလာရာဆီကို လျှောက်သွားပြီး တံခါးဖွင့်ကြည့်လိုက်သောအခါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်သွားသည်။
သူ့အခန်းဝတွင် မီးခိုးရောင်ချည်အခင်းတစ်ခုရှိသည်။ ကောင်မလေးက ထိုအခင်းပေါ်တွင် ကိုယ်လေးကိုကွေးကာ စောင်ပါးလေးတစ်ထည်ချုံရင်း အိပ်နေသည်။ သူမခြေထောက်နားတွင် ပုလင်းတစ်လုံးမှာ လဲကျနေသည်။ သူမအိပ်နေသည့်အချိန်တွင် ယောင်ပြီး ထိုပုလင်းကို ကန်မိခဲ့ခြင်းဖြစ်မည်။
သူမျက်မှောင်ကျုံမိလိုက်သည်။
ဒီကောင်မလေးက ငါ့အိပ်ခန်းအဝမှာ ဘာဖြစ်လို့ လာအိပ်နေရတာလဲ?
သူမအနားလျှောက်သွားကာ ကုန်းလိုက်ပြီး တံတောင်နှင့် တွတ်လိုက်သည်။
“ထ! ထ!”
သူမကမျက်လုံးဖွင့်လိုက်ကာ အိပ်ချင်စုံမွှားမျက်လုံးလေးဖြင့် သူ့ကိုကြည့်ကာ မေးသည်။
“ဘာဖြစ်လို့လဲ?”
“ဘာဖြစ်လို့ ကိုယ့်အခန်းမှာကိုယ်မအိပ်တာလဲ? ဘာဖြစ်လို့ ငါ့အခန်းဝက အခင်းမှာလာအိပ်နေတာလဲ?”
သူက သူနေရာကို တခြားသူကျူးကျော်ခြင်းကို မကြိုက်မှန်း သူမသတိထားမိသွားသောအခါ ချက်ချင်းထလိုက်ပြီး စောင်ကိုကောက်ယူလိုက်ကာ ရှင်းပြပါသည်။
“ကျွန်မအိပ်ရာခင်းက အရမ်းအိစက်နေတော့ အိပ်မရလို့။ ကြမ်းပြင်ကလည်း အရမ်းအေးပြီး မာလွန်းတော့ အဆင်မပြေပြန်ဘူး။ နေရာတိုင်းကို လိုက်ရှာပင်မယ့် ရှင့်အခင်းက အိပ်ဖို့အကောင်းဆုံး ဖြစ်နေတာ။ အဲ့ဒီအတွက် တောင်းပန်ပါတယ်”
သူမက အိမ်မွေးအကောင်လေးလိုမျိုး နေ့ခင့်ဘက်မှာ အိပ်ဖို့အကောင်းဆုံးနေရာ လိုက်ရှာနေပြီး အမှားလုပ်မိသလိုပုံမျိုးလေးကို မော့ဟန်က မြင်မိသည်။ သူကဒီလိုတွေးမိပြီး ရယ်မိတော့မတက်ဖြစ်သွားသည်။ သူ့အမူအယာက ပျော့ပြောင်းသွားကာ သူပြောသည်။
“အပြင်ခနထွက်လာခဲ့ဦး။ ပြောစရာရှိတယ်”
အခုမှ နိုးတာဖြစ်သောကြောင့် သူမဦးနှောက်က မှိုင်းနေကာ စောင်ကိုပိုက်ရင်း သုမမျက်လုံးလေးကိုပွတ်ကာ သူ့နောက်က လိုက်လာသည်။ သူရုတ်တရပ် ရပ်လိုက်သောအခါ သူမခေါင်းမှာသူ့ကျောပြင်နှင့် ဝင်ဆောင့်တော့သည်။
“အား”
သူမက နဖူးလေးကို နာသွားသောကြောင့် ပွတ်နေသည်။
“လမ်းကိုကြည့်လျှောက်လေ”
မော့ဟန်က အခုမှကျောင်းစတက်သည့် ကလေးတစ်ယောက်ကို သင်ပေးနေသလိုမျိုး နူးညံ့စွာအပြစ်ပြောသည်။
သူမက ခေါင်းမော့ကာ သူ့ကိုကြည့်ပြီး မကျေနပ်မှုကြောင့် နှုတ်ခမ်းလေးဆူကာ ဆိတ်ဆိတ်နေလေသည်။
“ဒီစာရွက်စာတမ်းတွေကိုကြည့်ဦး”
မော့ဟန်က ပြောသည်။
သူမက စောင်ကိုချကာ သူပေးတဲ့စာတမ်းကိုယူပြီး တစ်ရွက်ချင်းလှန်ဖတ်နေသည်။ သူမပိုဖတ်မိလေလေ ပိုအံ့သြလေလေ ဖြစ်လာသည်။ ဒီလူက ရှုချင်းရီနဲ့ ပတ်သတ်တာတွေကို တစ်နေ့တည်းနဲ့ စုစည်းခဲ့သည်ပဲ! ဒီစာတမ်းအထူကြီးမှာ ရှုချင်းရီပျောက်သွားကတည်းက ခြေရာအကုန်ပါဝင်သည်။ သူကသူမ၏ အတွေ့အကြုံတို့ကိုပါ စီစဉ်ထည့်ထားသောကြောင့် သူမအံ့သြသွားသည်။ စာရွက်စာတမ်းအများစုမှာ အစိုးရစည်းတံဆိပ်များပင် ထုထားသေးသည်။
သူမက အနည်းငယ် လန့်သွားပြီး
“ဒီစာရွက်စာတမ်းတွေက အတုလား?”
မော့ဟန်က ရယ်လေသည်။
“ဒီစာရွက်စာတမ်းတွေအကုန်လုံးက တရားဝင်တယ်။ ဒါတောင် အတုလို့ ထင်သေးတယ်လား?”
“ဒါပင်မယ့်. . .”
“သိထားရမှာက မင်းက ကိုယ့်အမေမွေးစားထားတဲ့ ကလေး။ ကိုယ့်ညီမရှုချင်းရီပဲ။ ကျန်တာကိုပူမနေနဲ့”
စာတမ်း၏အောက်နားကို သူလက်ညှိုးထိုးပြကာ စားပွဲပေါကို ဘောပင်တင်ပေးလိုက်ပြီး
“ဒီမှာမင်းနာမည်နဲ့ လက်မှတ်ထိုး။ မနက်ဖြန် မှတ်ပုံတင်နဲ့ နေထိုင်ခွင့်သက်သေတွေ ရလိမ့်မယ်”
သူမက ဒီစာရွက်စာတမ်းကိုကြည့်ရင်းလက်မှတ်ထိုးရန် တွေဝေနေသည်။ လက်မှတ်ထိုးပြီးသွားရင် သူမမှတ်ပုံတင်အစစ်ရမည်။ သူမအတွက် မှတ်ပုံတင်အတုဆိုပင်မယ့် သူမဟာ တခြားတစ်ယောက်လို ဟန်ဆောင်နေရတော့မည်။ ဒါက သူမလိုချင်ခဲ့တာဆိုပင်မယ့်လည်း . . .
“ဘာ . . .ဘာဖြစ်လို့. . .ကျွန်မကို ကူညီပေးနေတာလဲ?”
နောက်ဆုံးတော့ သူမမေးတော့သည်။
သူမ မမျှော်လင်ခဲ့တာက ဒီမေးခွန်းကြောင့် မော့ဟန်အေးခဲသွားတာပင် ဖြစ်သည်။ သူက ခနလောက် ကြောင်အသွားပြီးနောက် ပြုံးကာပြောသည်။
“ငါရှေ့နေဖြစ်နေတာ အတော်ကြာပြီ။ ဘယ်သူမှ ဒီလိုပုံနဲ့ မပြောကြဘူး။ ငါမင်းကို ကူညီနေတာ မဟုတ်ဘူး။ ဒိလိုလေးကြပ်နံကြပ် အခြေအနေကနေ ငါ့ကိုယ်ငါဆွဲထုတ်နေရုံတင်”
သူမက ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းချကာ ပြုံးလိုက်သည်။ ထို့နောက် သူမထိုးလိုက်သည်က သူမနာမည် : ရှုချင်းရီ။
မင်္ဂလာပါ ရှုချင်းရီ။ ဒီနေ့ကစပြီးတော့ ငါကနင်အဖြစ်နဲ့ နေတော့မယ်။ ငါ့မှတ်ညဏ်တွေပြန်ရတဲ့အထိ နင့်မှတ်ပုံတင်ကို သုံးခွင့်ပြုပါ။