May Honey Logo May Honey
Previous Next

၁၄။ ငါ့အိမ်ကိုလိုက်ခဲ့

သူထွက်သွားတဲ့အခါ ဆေးရုံခန်းရှေ့က နှစ်ယောက်က တိတ်ဆိတ်သွားသည်။ တစ်ယောက်မှ စကားမပြောကြဘူး။

မော့ဟန်က လေသံလျှော့ကာ ပြောသည်။
“ဆေးရုံမှာပဲနေ။ ပြန်ကောင်းတဲ့အထိ စောင့်ဦး။ ပြီးရင် မင်းမိသားစုတွေ ဘယ်မှာနေလဲဆိုတာကို ရဲစခန်းကို လိုက်ပို့ပြီး ရှာပေးမယ်”

ကောင်မလေးက ခေါင်းမာသည်။
“ကျွန်မ ရဲစခန်းကို သွားမှာမဟုတ်ဘူး”

မော့ဟန်က စိတ်တော်တော်တိုသွားသည်။
“မင်းဒဏ်ရာရထားတာ။ ထုံးဆေးတောင် မပြယ်သေးဘူး။ အဲ့ဒါကို ဆေးရုံမှာ မနေချင်ဘူး။ ရဲစခန်းလည်း မသွားချင်ဘူး။ မင်းဘယ်သွားမှာလဲ ငါ့ကိုပြောကြည့်စမ်း? ကိုယ့်ကိုကိုယ် ပြန်ငဲ့ဦး။ မင်းအပြင်မှာသေသွားရင်တောင်မှ ဘယ်သူမှဂရုစိုက်မှမဟုတ်ဘူး”

ကောင်မလေးက ခေါင်းဆက်ငုံထားသည်။ သူမဗိုက်က နာနေတုန်းပဲ။ သူမက နံရံကို အားပျော့စွာ မှီထားကာ သူ့ကိုပြန်မကြည့်ဘူး။
“ကျွန်မ ဆေးရုံမှာ မေ့နေတာ ၁လလောက်ရှိတယ်။ ဘယ်သူမှ လာမရှာကြဘူး။ ကျွန်မမိသားစုက ရှာချင်ရင် သေခါနီးအခြေအနေလောက်တည်းက လာရှာတွေ့ပြီးလောက်ပြီ”

“တစ်ယောက်လောက်ပဲ ကျွန်မကိုလာရှာရင် . . . ကျွန်မက ဘယ်သူလဲဆိုတာ ဘာလို့ဒီရောက်နေရတာလဲဆိုတာလေးပဲ ပြောပေးရင် . . .ရပါပြီ”

မနက်၃နာရီမှာ ဆေးရုံက ချောက်ချားဖွယ် တိတ်ဆိတ်နေသည်။ ဆေးရုံစင်္ကြန်ရဲ့ အဖြူရောင်တောက်တောက်တွေက မျက်စိကျိန်းစေသည်။ သူတို့နှစ်ယောက်ပဲ စင်္ကြန်လမ်းပေါ်မှာ ရှိနေကြပြီး ဘယ်သွားမလဲဆိုတာကို ငြင်းခုံရင်းနဲ့ အခြေအနေက တင်းမာဆဲပဲ။ မော့ဟန်က သူမခေါင်းငုံကာ နံရံကိုမှီထားတာကြောင့် မျက်နှာအမှုအယာကို မမြင်ရဘူး။ သူမက မီးခိုးရောင်အကျႌပွပွကြီးကို ဝတ်ထားသည်။ သူမျက်လုံးထဲမှာ ကိုးလို့ကန့်လန့်ဖြစ်နေပြီး သူ့ရင်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာကို သူမသေချာဘူး။

အချိန်အတော်ကြာပြီးတဲ့အခါမှာ ဆေးရုံက မြင်ကွင်းကို သူပြန်မြင်ယောင်မိသည်။ ပြီးတော့မှ သူနားလည်သွားသည်။ ဒါက သူရင်ဘတ်ထဲမှာ အောင့်နေခဲ့တာပဲ။

အခုလက်ရှိမှာ ဒီကောင်မလေးက သူ့ဘဝထဲကို တိတ်တိတ်လေး ခိုးဝင်လာခဲ့မှန်း သူနားလည်သွားသည်။

“သွားကြမယ်”
ကောင်မလေးက မော့ဟန်ရဲ့ ငြင်သာတဲ့အသံကြောင့် ခေါင်းထောင်ကြည့်တဲ့အခါ သူခေါင်းငြိမ့်ပြမိသည်။

“ဘယ်ကိုသွားမှာလဲ?”

“ငါ့အိမ်”
မော့ဟန်က ခြေလှမ်းဖွဖွနင်းကာ လှည့်သွားသည်။

ဒီတိတ်ဆိတ်နေပြီး မီးရောင်မှိန်မှိန်နဲ့ ဆေးရုံစင်္ကြန်မှာ သူမက လူကြီးရဲ့ မြဲမြံတဲ့ခြေသံကို ကြားနေရသည်။ သူကရှေ့ကလျှောက်နေပြီး သူမက နောက်ကလိုက်သွားသည်။ စင်္ကြန်လမ်းအဆုံးက မီးရောင်မှိန်မှိန်းလေးကို မြင်လိုက်ရတဲ့အခါမှာ သူမခြေလှမ်းတွေ ရပ်တန့်မိသည်။ အဲ့ဒီအချိန်မှာ ဒီအရပ်ရှည်တဲ့ တောင့်တောင့်ဖြောင့်ဖြောင့် လူကြီးက သူမကို အပြင်လောကဆီကို ဦးဆောင်ကာ ခေါ်သွားလိမ့်မယ်လို့ သူမခံစားမိသည်။ သူ့ကိုပဲ ယုံနိုင်တာကြောင့် ဖြစ်သည်။ ပထမဆုံး စတွေ့ကတည်းက သူဆီမှာ သူမကို လုံခြုံစေတဲ့ ခံစားချက်မျိုးကို ခံစားနေမိသည်။

မော့ဟန်က သူမကို သူ့အိမ်ကိုခေါ်သွားတော့ မနက်၄နာရီ ဖြစ်နေပြီ။ သူအခန်းမီးတွေ ဖွင့်လိုက်တဲ့အခါ ကောင်မလေးက တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။ သူ့အိမ်နဲ့ပတ်သတ်ပြီး သူမမြင်မယ့် ပထမဆုံးအမြင်ကတော့ သူ့လိုပဲ ညှိမှိုင်းကာအးစက်နေတာမျိုးပဲ ဖြစ်မည်။ အပြင်အငေ်တွေမှာ အဖြူနဲ့ မီးခိုးရောင်ကို သုံးထားသည်။ သူ့အိမ်က သန့်ရှင်းနေပြီး ကြမ်းပြင်မှာ ဖုန်နည်းနည်းပဲရှိသည်။ ရှင်းလင်းနေပြီး အလှဆင်ပစ္စည်းအနည်းအကျဉ်းပဲ ရှိသည်။

တစ်ချက်လောက် ဝေ့ကြည့်ရုံနဲ့တင် သူအိမ်မှာနေခဲမှန်း သူမတန်းသိသည်။ အလုပ်ရူးတစ်ယောက်အိမ်ကို ရောက်သွားမိသလို ခံစားမိသည်။

“မင်းအခု ဧည့်သည်ခန်းမှာ ခနအိပ်လို့ရတယ်။ အေးရင် ဗီဒိုထဲမှာ စောင်တွေအကုန် ရှိတယ်”
မော့ဟန်က တံခါးဖွင့်ပေးလိုက်ပြီး သူ့ကိုရှင်းပြလိုက်သည်။

“ငါ့အခန်းက မင်းဘေးမှာ။ တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုအသိပေး”

ဒါကိုပြောပြီးတော့ မော့ဟန်က သူမကို တချက်ထပ်ကြည့်လိုက်ပြီးမှ ပြောသည်။
“ဘာလို့အဝတ်မလဲတာလဲ? အဆင်ပြေရင် ငါ့အဝတ်တွေအရင် ဝတ်ထားရတယ်”

ကောင်မလေးက သူမရဲ့ကြေမွနေတဲ့ မီးခိုးရောင်အကျႌနဲ့ အဖြူအပြာဆေးရုံဘောင်းဘီကို ငုံကြည့်လိုက်သည်။ ဒီလိုစိတ်ညစ်ဖွယ်ရာဝတ်စုံကို သူမမဝတ်ချင်တာကြောင့် ပြန်ပြောမနေတော့ဘူး။

“မနက်ကျရင် ငါရုံးသွားရမယ်။ အရင်နားနေလိုက်။ ညနေငါပြန်လာမှပဲ မင်းပြသနာကို ငါတို့အဖြေရှာကြည့်ကြတာပေါ့”

ကောင်မလေးက ဘာမှပြန်မပြောပင်မယ့် သူပြောသမျှ စကားတိုင်းကို အာရုံသေချာစိုက်ကာ နားထောင်သည်။ ဒီအချိန်မှာ သူ့ကိုကန့်ကွက်စရာ အကြောင်းမှမရှိတော့တာ။

မော့ဟန်က သူဝတ်ခဲတဲ့ အကျႌလက်ရှည်နဲ့ ဘောင်းဘီရှည်ကို ထုတ်ပေးလိုက်သည်။
“အဲ့ဒါဆို ဒါပဲ။ အရင်ဝင်အိပ်နှင့်လေ”

မော့ဟန်က တံခါးပိတ်လိုက်ပြီး ထွက်သွားမယ့် အချိန်မှာပဲ သူမက စကားလှမ်းပြောသည်။
“ဟိုဟာ . . . ကျေးဇူးတင်ပါတယ်”

သူမက စိတ်ရင်းနဲ့ ပြောလိုက်တဲ့အခါ သူမနှုတ်ခမ်းက အပြုံးလေးတစ်ပွင့် ဖြစ်သွားမှန်း သူမကိုယ်သူမ သတိထားမိလိုက်သည်။

မော့ဟန်လည်း သူမကိုစတွေ့ကတည်းက သူမပြုံးပြတာကို တစ်ခါမှမမြင်ဖူးခဲ့ဘူး။

Previous Chapter 14 of 30 Next