May Honey Logo May Honey
Previous Next

၂၆။ ခနနေရင် လာကြိုမယ်

“ခြွင်းချက်အခြေအနေပြောသွားသေးလား?”
မော့ဟန်က စိတ်တည်ငြိမ်စွာ အခြေအနေကို ယေဘုယျကျစွာ သုံးသပ်လိုက်သည်။ ကျန်း၏မိန်းမဟောင်းမှာ လောဘကြီးသူဖြစ်သည်။ မနက်ဖြန်ရုံးချိန်းအတွက် အရေးပါသည့်အရာကို ဒီနေ့သူ့ရုံးကို လာပြောကတည်းက သူမတွင်မြှုပ်ကွက်ရှိလိမ့်မည်။

“ဘာမှတော့ မပြောဘူး။ ဒါပင်မယ့် အခုဧည့်ခန်းမှာ ထိုင်နေတယ်။ သူ့ကိုကြည့်ရတာ ရှေ့နေကြီးအလာကို စောင့်နေသလိုပဲ”

“ငါ . . .ရုံးကို ခနနေရင် လာခဲ့မယ်။ ငါလာမှ ဆွေးနွေးကြတာပေါ့”
မော့ဟန်က ဖုန်းချကာ ဆရာဝန်၏ အခခန်းထဲသို့ တံခါးဖွင့် ဝင်လာသည်။

ရှုချင်းရီက အဝတ်ကိုမတင်ထားရင်းနှင့် တံခါးဖွင့်သံကြားသောအခါ လှည့်ကြည့်လာသည်။ သူမ၏ဖွေးဥနေသော အသားအရည်ပေါ်တွင် ဒဏ်ရာကထင်းနေသည်။ ဆရာဝန်ကြီးက ကုန်းကာ သူမပတ်တီးကို ဖြေနေသည်။ ကြည့်ရသည်မှာ သူမကိုဆေးပြန်ထည့်ပြီး ပတ်တီးပြန်စီးပေးမည့်ပုံပင်။

“law firmမှာ အရေးကြီးကိစ္စ ပေါ်လာလို့။ ခနနေရင် လာကြိုမယ်”
မော့ဟန်က ပြောသည်။

ရှုချင်းရီက တိတ်ဆိတ်နေသည်။ သူမ၏ခံစားချက်များကို အခုအချိန်တွင် ထုတ်ပြောစရာအကြောင်းမရှိပါ။ သူမကခေါင်းကိုငုံကာ ဆရာဝန်ကြီးလုပ်သမျှကိုသာ ကြည့်နေသည်။

မော့ဟန်က အနားသို့လျှောက်လာကာ ကဒ်တစ်ကဒ်နှင့် ပိုက်ဆံအချို့ပေးခဲ့သည်။
“အချိန်မှီပြန်လာနိုင်မယ်တော့ မထင်ဘူး။ ဒီကဒ်ကိုယူပြီး အနီးဆုံးshopping mallတစ်ခုမှာ တစ်ချို့ဟာတွေသွားဝယ်ချေ။ ဈေးဝယ်ထွက်ပြီးရင် ဖုန်းဆက်လိုက်။ လာကြိုမယ်”

ရှုချင်းရီက ခေါင်းမော့က လက်ခံရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။ ထို့နောက် သာမန်လိုပင် ဆရာဝန်ကြီး၏ စားပွဲပေါ်တင်လိုက်ကာ
“ဟုတ်ကဲ့ နားလည်ပါတယ်။ လုပ်စရာရှိရင် အရင်သွားနှင့်ပါ”

ဆရာဝန်ကြီးက ဒီနှစ်ယောက်ကြားက စိတ်ရှုပ်စရာအခြေအနေကို ကြည့်လိုက်သည်။ ဒီ”အကို”ဆိုတဲ့သူက တံခါးဖွင့်ပြန်သွားဖို့ နည့်နည့်လေးတောင် မတွေဝေဘူး။ ညီမကလည်း တစ်ချက်လေးတောင် လှည်မကြည့်ဘူး။ ဒီမှာဆရာဝန်လုပ်ပေးသမျှကို မတုန်မလှုပ်ငြိမ်ငြိမ်လေး ဆက်ထိုင်နေသည်။ ဒါကမောင်နှမတွေနဲ့ လုံးဝမတူလေဘူး။ နှစ်ယောက်လုံးက စိတ်တည်ငြိမ်လွန်းပြီး မောင်နှမတွေမှာတွေ့ရသည့် နူးညံ့မှုမျိုးမရှိချေ။

မော့ဟန်ထွက်သွားသည့်အခါ ဆရာဝန်ကြီးမှာ မမေးဘဲ မနေနိုင်တော့ပါ။
“တကယ့်အကိုလား?”

ရှုချင်းရီက ဒီလိုမေးခွန်းမျိုး မေးခံရဖို့ မမျှော်လင့်မိသောကြောင့် ခနကြောင်သွားပြီးနောက်မှ ပြန်ဖြေသည်။
“ဟုတ်ကဲ့။ ဘာဖြစ်လို့လဲ မသိဘူးရှင့်”

“ဘယ်လိုအကိုမျိုးက ကိုယ့်ညီမကို ဆေးရုံမှာ တစ်ယောက်တည်း ထားခဲ့လို့လဲ?”

“အလုပ်အရမ်းများလို့ပါ။ ကျွန်မတို့မိဘတွေက နိုင်ငံခြားမှာဆိုတော့ နှစ်ယောက်တည်းပဲရှိကြတာ”
သူမက ပြုံးနေပင်မယ့် နာကျင်နေသည့် အရိပ်အယောင်က မျက်နှာပေါ်တွင် ရှိနေသည်။ တချို့အရာတွေက ဖုံးကွယ်လို့မရဘူး။ စာရွက်စာတမ်းတွေ ဘယ်လောက်တိတိကျကျပဲရှိရှိ သူမ၏ဖြစ်တည်မှုအစစ်အမှန်ကို ဖုံးကွယ်၍မရပါ။ ဆရာဝန်ကတောင်မှ သူတို့မောင်နှမမဟုတ်မှန်း သိနိုင်နေသေးသည်မလား။

ပတ်တီးလဲပြီးသွားသောအခါ ဆရာဝန်ကြီး၏ ဆောင်ရန်ရှောင်ရန်များကို နားထောင်ပြီးနောက် ဆေးဆိုင်က ဆေးများကိုသွားယူရသည်။ ဆေးရုံကထွက်လာသောအခါ သူမခေါင်းငုံကြည့်လိုက်ပြီး မော့ဟန်အဝတ်အစားများကို ဝတ်ထားဆဲဖြစ်သည်ကို သတိထားမိလိုက်သည်။ သူ့အင်္ကျီဟာ သူမအတွက်ဂါဝန်လိုတောင်ဖြစ်နေသည်။ သူမက မကျေနပ်စွာ မျက်မှောက်ကျုံမိပြန်သည်။

ထို့နောက်သူမက အနီးဆုံး shopping mallတစ်ခုသို့ သွားလိုက်သည်။ Shopping mallက အရမ်းကြီးလွန်းတော့ သူမအထဲတွင် ယောင်လည်လည်ဖြစ်သည်။ အချိန်အတော်အကြာမှာတော့ သူမအထည်ဆိုင်တစ်ဆိုင်တွေ့သည်။ ဒါပင်မယ့် အထဲကိုဝင်သွားသည့်အခါ အထည်တွေအများကြီး ခင်းကျင်းပြထားသည်ကြောင့် သူမပူပင်လာသည်။

သူမက အလုပ်ရှုပ်သည့်အရာများကိုမုန်းသည့်သူ တစ်ယောကာဖြစ်သည်။ လွယ်လေလေ သူမကြိုက်လေလေပင်ဖြစ်သည်။ အဝတ်အစားဝယ်ရန် ဈေးဝယ်ထွက်ရခြင်းမျိုးက သူမအတွက် စိတ်ရောလူပါ ဒုက္ခရောက်စေသည်။ ပြီးတော့လည်း ဒီလိုလူတွေ ရှုတ်ယှက်ခတ်နေသည့် shopping mallထဲမှာ ယောင်္ကျားဝတ် T shirtကြီးနဲ့ သွားလာနေရတာကလည်း ကြောင်တောင်တောင်နိုင်လွန်းသည်။

ထိုအရာကိုတွေးမိသွားတော့ သူမကကောင်တာက အရောင်းဝန်ထမ်းဆီလျှောက်သွားကာ ပြုံးပြုံးလေးပြောသည်။
“ဟိုဟာလေ ကျွန်မကို ကူညီပေးလို့ရမလား?”

ရှုချင်းရီက ပုခုံးလေးတွန့်ကာ
“အဝတ်ဝယ်ဖို့ ရောက်လာတာပါ”

အရောင်းဝန်ထမ်းက သုမခန္ဓာကိုယ်ကို ခြုံကြည့်ကာ အရုပ်တစ်ခုတွင် ဝတ်ထားပုံကိုညွှန်ပြရင်း ပြုံးပြုံးရွှင်ရွှင်ဖြေသည်။
“ညီမက ခန္ဓာကိုယ်လေးက သေးတော့ ဒါမျိုးလေးနဲ့ လိုက်တယ်ရှင့်”

ရှုချင်းရီက ထိုဝတ်စုံကို သေချာစူးစမ်းကြည့်လိုက်ပြီး
“သြော် . . . ဟုတ်ကဲ့။ ဒါဆိုရင်လည်း အဲ့ဒါလေး ယူမယ်ရှင့်”

အရောင်းဝန်ထမ်းလေးမှာ သူမစကားကြောင့် ကြောင်အသွားသည်။ သူမသည် ဝတ်စုံတစ်မျိုးတည်းဖြင့် ဆုံးဖြတ်မရသော ဝယ်သူပေါင်းစုံနှင့် ဆက်ဆံဖူးသောကြောင့် အခုလို ဈေးတောင်မကြည့်ဘဲ လွယ်လွယ်ကူကူဝယ်သည့် ဝယ်သူမျိုးကိုတော့ ပထမဦးဆုံးကြုံဖူးခြင်းဖြစ်သည်! သူမက ကြောင်အနေသောကြောင့် ဘာပြန်ပြောရမလဲတောင် မသိတော့ပါ။

Previous Chapter 26 of 30 Next