၂၁။ အေးစက်တဲ့မျက်နှာနဲ့ သူရဲကောင်း
လတ်မှတ်ထိုးပြီးသည့်အခါ သူမဘေးမှာထိုင်နေသည့်လူကို လှည့်ပြုံးပြကာ
“ကိုကြီး အခုကစပြီး ညီမလေးနေရေးစားရေးအတွက် ကိုကြီးကိုပဲ အားကိုးမယ်နော်”
နှစ်သုံးဆယ်ကျော်လောက်ရှင်သန်လာပင်မယ့် တစ်စုံတစ်ယောက်က သူ့ကိုကိုကြီးဟု ခေါ်သည့်မှာ မော့ဟန်အတွက်ပထမဆုံးဖြစ်သည်။ သူ့မှာညီအကိုမောင်နှမလည်း မရှိသလို သူကလည်းတည်ငြိမ်လွန်းသည်။ သူငယ်စဉ်ကတုန်းက သူ့အဖေသူငယ်ချင်း၏ သမီးအချို့က သူ့အဝတ်စကိုဆွဲကာ အသံနုနုလေးဖြင့် သူ့ကို “ကိုကြီး”ဟု ခေါ်သောအခါ သူခံစားရသည်မှာ ဒေါသပင်ဖြစ်သည်။ အဝတ်စားမျိုးစုံဝတ်ကာ သူ့အနားတွင် ရစ်သီရစ်သီလုပ်နေခြင်းက အာရုံနောက်စရာကောင်းခဲ့သည်။ သူကျောင်းတက်သည့်အရွယ်ရောက်သောအခါ ချောမောသည့်ရုပ်ရည်ကြောင့် အချောဆုံး၃ယောက်တွင် သူအမြဲပါသည်။ ထိုအခါ အခန်းထဲမှ တချို့မိန်းကလေးများက သူ့ကိုခိုးကြည့်ကာ အတင်းပြောကြသည်။
သူအများဆုံး ကြားနေကြ သူတို့ပြောကြသည်မှာ
“ဟဲ့! ဟိုမှာကြည့်စမ်း။ အဲ့ဒါရေခဲတုံးကောင်မလား”
သူနဲ့အဆက်အဆံရှိတဲ့ တစ်ဦးတည်းသောလူမှာ သူ့သူငယ်ချင်း ပိုင်ယုပင် ဖြစ်သည်။ ပိုင်ယုက မကြာခနပြောသည်။
“မင်းရဲ့ အေးစက်နေတဲ့မျက်နှာကြီးက ကောင်မလေးတွေ crushချင်စရာတော့ ကောင်းပင်မယ့် ဘယ်တော့မှ မင်းအကိုကြီးတစ်ယောက်လို boyfriend materialတော့ ဖြစ်လာမှာမဟုတ်ဘူး”
သူ့ကိုချစ်သူအဖြစ်ထားသည့် အတွေ့အကြုံရှိသူဆို၍ မိန်းကလေးတွေအများကြီးထဲမှာမှ ရှန်ယို့တစ်ယောက်သာလျှင်ရှိသည်။ သူ့ကိုချစ်သူတော်ရခြင်းမှာ မရှိသည့်ထက်အနည်းငယ်သာရုံပင်ဖြစ်သည်။ ဆိုးသည်မှာ သူမက အမေရိကသို့ ထွက်ခွာသွားခြင်းဖြစ်သည်။ နိုင်ငံခြားပြီးနေသည့် သူတို့နှစ်ယောက်မှာ အလုပ်အမြဲရှုပ်နေကြပြီး တစ်လခွဲလောက်မှ အဆက်အသွယ်တစ်ခါလုပ်တက်သည်။
ကံကောင်းသည်မှာ ဘယ်မိန်းကလေးကမှ ကံဆိုးသွားပြီး သူ့ညီမလေးဖြစ်လာသည် မရှိပေ။ မဟုတ်လျှင် ကလေးအရွယ်တွင်ရော၊ ကျောင်းနှင့်အိမ်တွင်ပါသူမမှာ ဒီအေးစက်နေသည့်မျက်နှာဖြင့် ရေခဲတုံးကြီးနှင့် ရင်ဆိုင်နေရလိမ့်မည်။ သို့ရာတွင် သူကတော့ စိတ်ဝင်တစား စကားတစ်ခွန်းတောင် ဟမည်မဟုတ်ချေ။
ဒါပင်မယ့် ပိုင်ယုကတော့ တစ်စုံတစ်ယောက်မှာ အကိုအဖြစ်သို့ ရောက်ရှိသွားသည်မှန်း မသိပေ။
မော့ဟန်က စားပွဲပေါ်က စာရွက်စာတမ်းတွေကို ပြန်စီစဉ်လိုက်ပြီး
“မှတ်ပုံတင်ရတဲ့အထိစောင့်ဦး။ သက်သာသွားရင် ကျောင်းကိုလိုက်ပို့မယ်”
ရှုချင်းရီက အံ့သြလွန်းသောကြောင့် ကြောင်အသွားသည်။
“ကျောင်းတက်ရမှာလား?”
မော့ဟန်က သူမအမှုအယာကို နားမလည်ဘဲ
“အဲ့ဒါဘာဖြစ်လို့လဲ?”
သူမက မေးလိုက်သည်။
“ကိုကြီးက ညီမလေးကို ကျောင်းသွားခွင့်ပြုမလို့လား?”
“အထက်တန်းကျောင်းသူ မဟုတ်ဘူးလား? ကျောင့်မတက်ရင် ဘာလုပ်မလို့လဲ?”
သူမသည် ကူကယ်ရာမဲ့စွာ နှုတ်ခမ်းလေးကိုကိုက်ပြီး သူ့ဆီလျှောက်သွားသည်။ သူမက လေမှုတ်ထုတ်ကာ သူ့မျက်လုံးကိုတည့်တည့် မော့ကြည့်ပြီး ယုံကြည်မှုအပြည့်ဖြင့်
“ဘာတွေများ သေချာနေလို့လဲ . . . ညီမလေးက အခုအရွယ်ရောက်နေပြီ”
ရှုချင်းရီက သူနဲ့နီးကပ်စွာရပ်နေသည်။ မော့ဟန်ငုံကြည့်စဉ် သူမအသက်ရှုသည့်လေက သူ့ကိုကျီဆယ်သွားသည်။ သူတောင်မသိလိုက်ပဲ နောက်ကိုဆုတ်မိသွားကာ နူးညံ့စွာ
“Sorry သတိမထားမိလိုက်ဘူး”
မကျေနပ်စွာပဲ သူမက ချောင်းဟန့်ကာ သူ့ကိုကြည့်ရစ်တော့သည်။
“ညီမလေးအရွယ်ကအထက်တန်းကျောင်း အပ်ရမယ့်အရွယ်ကိုကျော်သွားပြီ။ ပြီးတော့လည်း ကျောင်းတက်ရမှာက ကလေးဆန်လွန်းလိုက်တာ။ ကျောင်းတောာ့မသွားဘူးနော်”
မော့ဟန်က သူ့ရှေ့က ရင့်ကျက်ချင်ယောင်ဆောင်နေသည့်ကလေးမကိုကြည့်ကာ ရယ်တော့သည်။
“ဒါဆိုရင် ဘာလုပ်ချင်လို့လဲ?”
“အလုပ်လုပ်မယ်လေ”
သူမက ပြန်ဖြေသည်။
မော့ဟန်က သူမကိုကြည့်ကာ
“ဘာသိလို့လဲ?”
“ဘာမှမသိပင်မယ့် လေ့လာလို့ရပါတယ်”
သူမဟာ ဘာမှမသိပင်မယ့်လည်း တက်ကြွနေသည်။ သူမဟာ တခြားကလေးငယ်များလို စာသင်ခန်းထဲထိုင်ကာ စာကျက်ပြီး စာမေးပွဲမဖြေချင်ပေ။ ဒါကအရမ်းဝန်ကြီးလွန်းသည်။
“မင်းကိုကြည့်ရတာ ကျောင်းသူလေးလိုပါပဲ။ ဘာမှလည်းမသိဘဲ အလုပ်ခွင်ထဲကို ဘယ်လိုလုပ်ဝင်မှာလဲ။ ငယ်ပါသေးတယ်ကွာ”
မော့ဟန်က အေးစက်နေသည့် မျက်နှာထားဖြင့် ပြောသည်။
“ကိုကြီး တကယ်လို့ ကျောင်းအတင်းသွားခိုင်းရင်တော့ ညီမလေးနေ့တိုင်းကျောင်းပြေးနေမှာပဲ။ ပြဿနာမဖြစ်စေချင်လို့ ပြောနေတာ”
ရှုချင်းရီက မော့ဟန်ကို နည်းနည်းမှ အလျှော့ပေးမည့်ပုံမပေါ်ဘဲ ကြည့်ကာ အတည်ပေါက်ကြီး ပြောချသည်။
“မဖြစ်သင့်တာ။ ငယ်သေးတယ်။ ကျောင်းသာသွား”
မော့ဟန်ကလည်း အလျှော့ပေးမည့်လေသံ မရှိပေ။
ရှုချင်းရီက သူ့ကိုကြည့်ကာ လေသံပင်မြင့်လာသေးသည်။
“ကိုကြီးကိုပြောသားပဲ။ ကလေးမဟုတ်တော့ပါဘူးလို့။ အရွယ်ရောက်နေပါပြီဆို။ ညီမလေးလည်း ကိုယ့်အတွေးနဲ့ကိုယ်ရှိတယ်။ ကိုယ့်လုပ်ရပ်ကိုလည်း ကိုယ်တာဝန်ယူနိုင်ပါတယ်။ လာတားလို့မရဘူး!”
“တားမရဘူးဟုတ်လား? အခုငါက မင်းရဲ့ တရားဝင်အုပ်ထိန်းသူကွ။ ငါကမင်းအကို။ မင်းလုပ်သမျှအကုန်လုံးကို စောင့်ကြည့်ပြီး ဘေးကနေထိန်းကွပ်ပိုင်ခွင့်ရှိတယ်”
မော့ဟန်က ဒါကို ရုတ်တရပ် ဘာဖြစ်လို့ ပြောမိလိုက်မှန်း သူကိုယ်သူမသိတော့ဘူး။ ဒီလိမ်စဉ်အတိုင်း သူ့ညီမအဖြစ်သူတကယ်ကြီး လက်ခံမိသွားသည်။