၂၂။ ကိုကြီးအခင်းပေါ်မှာ အိပ်ရတာပဲ ကြိုက်တာ
“ညီမအကိုဆိုရင်တောင် ဒီလိုလုပ်လို့မှ မရတာ”
ရှုချင်းရီက ခုနတုန်းက မော့ဟန်က သူမအကိုလို့ပြောလိုက်တာကို နားမလည်ဘူး။ သူမတို့က ဘာမှမပတ်သက်တာ! ဒါပင်မယ့်လည်း ဒီအခြေအနေကြောင့် ရှေ့နေတွေနှင့် ရင်ဆိုင်ရတာ မလွယ်ကူမှန်း သူမနားလည်သွားသည်။
မော့ဟန်က မျက်မှောင်ကျုံကာ တိတ်ဆိတ်သွားသည်။
ကလေးဘဝကတည်းက မော့ဟန်ဆန္ဒကို အာခံသည့် လူအချို့ရှိခဲ့သည်။ အခုလည်း သူနှင့်အငြင်းအခုံဖြစ်ရသည့်လူမဆိုသလောက်နည်းနည်းရှိဆဲပင်။ ငယ်စဉ်က မော့ဟန်က စကားပြောရသည်ကို မကြိုက်ပေ။ သူကတစ်ခုခုကိုမလုပ်ခင် သေချာစဉ်းစားသည့်လူမျိုးပင်။ ဒါပင်မယ့် သူတစ်ခုခုကိုလုပ်ပြီဆိုသည်နှင့် သူ့စိတ်ကိုပြောင်း၍ မရတော့ချေ။ အဆုံးသတ်တွင် သူ့ဆုံးဖြတ်ချက်က လက်တွေ့တွင် အမှန်ဖြစ်သွားသည်။ ထို့ကြောင့် law firmက လူတွေမှာ မော့ဟန်ဆုံးဖြတ်ချက်ကို သဘောတူလိုက်နာကျသည်မှာ ပုံမှန်ဖြစ်သွားသည်။
ဒါပင်မယ့်လည်း အခုတော့ ကိစ္စတွေက မတူညီတော့ဘူး . . .
မော့ဟန်က စိတ်ဆိုးနေသည့် ရှုချင်းရီကို ကြည့်လိုက်သည်။ သူ့ကို သူမမှားသွားပြီလားဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေကာ စိတ်တိုစွာ သက်ပြင်းချနေသည်။
ဘာအကြောင်းကြောင့်မှန်းမသိဘဲ သူ့စိတ်ကပျော့ပြောင်းသွားကာ
“ဒါဆိုရင် ဘယ်လိုလဲ? အထက်တန်းကျောင်း တက်စရာတော့မလိုဘူး။ ဒါပင်မယ့် ကျောင်းတော့တက်ရမယ်။ ဘယ်နည်းနဲ့မှ အလုပ်မလုပ်ခွင့်မပြုဘူး”
“အထက်တန်းကျောင်းမတက်ရင် ဘယ်ကျောင်းတက်ရမှာလဲ?”
ရှုချင်းရီက စိတ်ရှုပ်စွာ ထပ်မေးသည်။
“တက္ကသိုလ်တက်။ ကြိုက်တဲ့မေဂျာယူ။ သေချာပြီဆိုရင် သုံးရက်အတွင်း မင်းအတန်းစတက်လို့ရပြီ”
“ဒါပင်မယ့်. . .”
နောက်ဆုံးမှာတော့ အဖြေက သူမကျောင်းမဖြစ်မနေတက်ရမည် ဖြစ်သွားသည်။ ဒါပင်မယ့် သူမဝန်လေးနေတုန်းပင်။
သူမကမော့ဟန်ကို တမင်သက်သက် စိတ်ပူအောင်လုပ်နေတာ မဟုတ်ပင်မယ့် မသိစိတ်တွင် ကျောင်းတက်ခြင်းက သူမကစိမ်းသက်နေသည်။ သူမအတွက် စာလေ့လာခြင်းမှာ မိုင်ထောင်ပိုင်းများစွာ ဝေးကွာနေသလိုပင်။ သူမမှတ်ညဏ်မပျောက်ခင်တုန်းက သူမဘယ်လိုဆိုတာကို မသိသောကြောင့် မော့ဟန်ပြောသလို စာကြိုးစားသည့် အထက်တန်းကျောင်းသူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။
သူမက မှတ်ညဏ်ပျောက်နေပင်မယ့်လည်း သူမအတိတ်ကို သူမသိပ်စိတ်မဝင်စားချေ။ အတိတ်မှာ ဘာဖြစ်ခဲ့သလဲ သူမစိတ်မဝင်စားသလို ဒဏ်ရာအပြည့်နဲ့ ဆေးရုံမှာသေလုနီးပါး ဘာဖြစ်လို့ရောက်လာသည်လဲ သူမမသိချင်ပေ။
တကယ်တော့ တွေးကြည့်စရာမလိုအောင်ကို ဒီလူတွေကို သူမကို မရှင်စေချင်သည်မှာ အသိသာကြီးပင်။
သူမဆေးရုံတွင် ဆုံးပါးသွားသည်ဟု သူတို့ထင်ကြပါစေ။ အခုတော့ ရှုချင်းရီအဖြစ်နဲ့ တစ်စုံတစ်ယောက်နှင့် သူမအတူရှိနေပြီ မဟုတ်လား။
အခုဆိုရင် သူမက တွေ့တာတစ်ပတ်လောက်ပဲရှိသေးသည့် အေးခဲနေသည့် မျက်နှာထားပိုင်ရှင် ရှေ့နေကြီး၏ညီမ ဖြစ်နေလေပြီ။
တွေ့စကတည်းက သူမက သူ့ကိုဒုက္ခရောက်စေကာ အခုလည်း ကျောင်းကိစ္စဖြင့် ငြင်းရပြန်ပြီ။ ဒါက သူမအရမ်းတစ်ကိုယ်ကောင်းဆန်ရာ ကျနေသည်မလား။
ရှုချင်းရီက မော့ဟန်မျက်နှာကိုကြည့်တော့ သူကဘယ်သူ့ဆီက အပြစ်တင်မခံမည့်ပုံ ပေါက်နေသည်။ ထို့ကြောင့် သူမက ခေါင်းလေးငုံကာ ကတိပေးလိုက်သည်။
“ဟုတ်ပြီ။ အဲ့ဒါဆိုရင် တက္ကသိုလ်တက်ပါ့မယ်။ ညီမလေးနဲ့ အဆင်ပြေမယ့်မေဂျာကိုတော့ ကိုကြီးရွေးပေး။ သင့်တော်မယ့်ဟာတစ်ခုခုသာရွေး။ သွားတက်မယ်လို့တော့ ထင်ရတာပဲ”
မော့ဟန်က သူမကို ကြည့်ကာ
“ဘာဖြစ်လို့ ပြောင်းသွားတာလဲ? ဘာပဲဖြစ်ဖြစ် ကျောင်းမသွားနိုင်ပါဘူးဆို?”
ရှုချင်းရီက ပြောသည်။
“ကိုကြီးက အခုညီမလေး အကိုပဲဟာ။ ပြောစကားနားထောင်ရတော့မှာပေါ့”
မော့ဟန်၏ တွန့်ကွေးနေသော မျက်နှာမှာ ပြေလျော့သွားတော့သည်။
“မင်းက ငယ်ပါသေးတယ်။ အဲ့ဒီမှာ ပိုလေ့လာတာက ကောင်းမယ်။ အဲ့ဒါမှ နောက်ပိုင်း အလုပ်ရှာရင် လွယ်သွားမှာ”
ရှုချင်းရီက မငြင်းဆန်တော့ဘဲ ခေါင်းငြိမ့်ပြသည်။
မော့ဟန်က ရုတ်တရပ် ကြောင်လေးလိုမျိုး နူးညံ့သွားသည့် ဒီကောင်မလေးကို ကြည့်နေမိသည်။ ဒီခံစားချက်ကို ဘယ်လိုပြောရမလဲ သူမသိဘူး။ ဒီကောင်မလေးက သူ့သဘောအတိုင်း ကျောင်းတက်မည်ဟု လိုက်လျောလိုက်ပင်မယ့် မော့ဟန်စိတ်ထဲမှာ သူမှားသွားသလိုမျိုး စိတ်မသက်မသာဖြစ်နေသည်။ သူတစ်ခုခုပြောရန် ပါးစပ်ဖွင့်လိုက်ပင်မယ့် ဘာစကားမှထွက်မလာဘူး။ နောက်ဆုံးတော့ သူလက်ခါကာ
“စောစောအိပ်တော့ ဟုတ်ပြီလား? နှစ်ရက် သုံးရက်လောက်နေရင် မင်းဒဏ်ရာတွေ ပြန်ကောင်းလာတာနဲ့ ကျောင်းမှာ စာရင်းသွင်းလိုက်မယ်”
ရှုချင်းရီက နာခံစွာ စောင်လေးပိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ဖြည်းညင်းစွာသူမအခန်းထဲ ဝင်သွားသည်။
မော့ဟန်က မျက်မှောင်ကျုံကာ ရှုချင်းရီထိုးခဲ့သည့် စာရွက်စာတမ်းများကို ပြန်စစ်ရင်းစီသည်။ သူဆိုဖာပေါ် ပစ်ထိုင်ချကာ သူမသေသပ်စွာလက်မှတ်ထိုးထားသည်ကို ကြည့်ရင်း ဒါကိုလက်မှတ်ထိုးတုန်းက သူမဘယ်လောက်တောင် အလေးအနက်ထားမလဲဆိုတာကို သူတွေးမိသည်။
သူကရော ဘယ်တုန်းကတည်းက သူမကိုကူညီချင်မိသွားတာလဲ? သူ့ကိုယ်သူပြန်ဆန်းစစ်မိသည်။
သူမဆေးရုံမှာ လဲကျနေတာ မြင်ကတည်းကလား? ဒါမှမဟုတ် သူမကိုကားပေါ်က ကန်ချလိုက်သည့် ဗီဒိုယိုကို မြင်လိုက်ရတာကြောင့်လား?
ရှုချင်းရီကိုယ်တိုင်လည်း သူ့ညီမအဖြစ်နှင့် မော့ဟန်အနားမှာနေရရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
သူမမှတ်ပုံတင်က အတုသာသာဆိုသည်ကို သူမလည်း သေချာနားလည်သည်။ သူမအသက်ကို ကယ်ခဲ့သည်ဆိုပင်မယ့် သူပြောခဲ့သလို တိုက်ဆိုင်မှုတစ်ခုပင်။ သူကဒီမြို့၏ နာမည်ကြီး ရှေ့နေဖြစ်သည်။ ဒါဟာ လွန်ကဲသည့် ကံစီမံရာတစ်ခုဖြစ်ပြီး သူကသူမကို သူ့အိမ်အထိခေါ်လာစေခဲ့သည်လား။
ဒါပင်မယ့် အခုတော့ သူကတရားဝင်ကို သူ့ညီမအဖြစ် နေထိုင်စေပြီး မှတ်ပုံတင်တစ်ခုတောင် လုပ်ထားလေပြီ။
ရှုချင်းရီက သူမရင်ထဲတွင် အမှန်ထင်သည်မှာ သူမကိုသူသနားလို့ပဲ ဖြစ်သည်။ ဒါပင်မယ့် အချိန်တစ်ခုရောက်လာလျှင် သူကသူမကို သူစိမ်းတစ်ယောက်လို မောင်းထုတ်တော့မှာ ဖြစ်သည်။
သူမကမျက်မှောင်ကျုံကာ မော့ဟန်ဘာဖြစ်လို့ ဒီလိုလုပ်သည်ကိုတွေးနေပင်မယ့် သူမမတွေးတက်ပေ။ ဒီလူမျက်နှာထားက အမြဲတမ်းတစ်ချိုးတည့်ပဲ။ ဒါကသူ့အတွေးများကိုဖတ်ရန် ခက်ခဲလွန်းသည်။ နောက်ဆုံးမှာတော့ သူမခေါင်းခါကာ ဘာမှဆက်မတွေးတော့ရန် သူမကိုယ်သူမပြောလိုက်ပြီး စောင်ခြုံကာ အိပ်ရန် ကုတင်ဆီသွားတော့သည်။ သို့သော် ဒီနူးညံ့သည့်အိပ်ရာကိုကြည်ကာ ဒီမှာလဲချကာထိုးအိပ်လျှင် အိပ်ပျော်မှာပါဟု သူမတွေးမိသည်။
သို့သော် သူမဒီအိပ်ရာဖြင့် မအိပ်ချင်ပေ။ မနေ့က အရမ်းပင်ပန်းလို့သာ သူမဒီတွင်အိပ်ရန် ကြိုးစားနေရခြင်းဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် မော့ဟန်အခန်းထဲမှ အခင်းကိုသူမပိုသဘောကျလေသည်။
အခန်းထဲမှ အလင်းမှာလည်း အံ့သြစရာပင်။ ညဥ့်နက်လာသောအခါ အပြင်တွင် ပိန်းပိန်းမှောင်လာသည်။ ထိုအမှောင်မှာ ပိုအထီးကျန်စေသည့် ခံစားချက်ကို ဖန်တီးပြန်သည်။ သူမတစ်ယောက်တည်းရှိနေသောအခါ ပိုကြောက်ဖို့ကောင်းသွားသည်။
သူမကနှုတ်ခမ်းလေးကိုကိုက်ပြီး စောင်ကိုဆွဲခြုံကာ အိပ်ရာပေါ်တွင် လှဲချလိုက်တော့သည်။ သူမဒဏ်ရာတွေက အပြီးအပိုင်မသက်သာသေးကြောင့် သူမပင်ပန်းနေသည်။ ဒီမှာလှဲအိပ်နေရခြင်းက သူမဘယ်လောက်ကြိုးစားကြိုးစား အဆင်မပြေလာပေ။ သူမနည်းနည်းတောင် မအိပ်ချင်ပေ။ သူမဒီလိုအိပ်ရာမျိုးပေါ်တွင် အိပ်ပျော်ရမည်ကို သူမဘယ်လိုမှမတက်နိုင်ပေ။