၁၈။ မှတ်ပုံတင်ပေးပါ
အိမ်ကိုရောက်ပြီးတဲ့အခါမှာ ဆိုဖာပေါ်မှာ မထိုင်ခင် စာရွက်စာတမ်းတွေကို ယူလိုက်သည်။
“ငါတို့စကားမပြောရအောင်”
ကောင်မလေးက သူဘာကိုပြောချင်လဲဆိုတာကို မသိဘူး။ စိတ်ရှုပ်စွာနဲ့ သူမကဆက်ရပ်နေသည်။ ငါ့ကိုကန်ထုတ်တော့မှာလား? ငါဒီမှာနေတာ တစ်ရက်ပဲရှိသေးတာတောင်?
မော့ဟန်က နက်ကထိုင်ကိုဖြေကာ စာရွက်စာတမ်းတွေကို သူမဘက်ကို ရွှေ့လိုက်သည်။
“ဒီနေ့ ရဲစခန်းသွားခဲ့တယ်”
သူမက ခေါင်းကိုငုံထားကာ ဘာမှပြန်မပြောဘူး။
“မင်းမိသားစုက အရင်ရက်တွေတုန်းက အဆက်အသွယ် မလုပ်ဘူး”
မော့ဟန်က ပြောသည်။
ကောင်မလေးက ပြန်မပြောဘူး။ သူပြောသမျှက သူမနဲ့ဘာမှမဆိုင်သလိုပဲ သူမအမူအယာက တည်ငြိမ်နေသည်။
မော့ဟန်က သူမနည်းနည်းတော့ ဝမ်းနည်းမည် ထင်ခဲ့ပင်မယ့် သူမက သူထင်သလို ဟုတ်ပုံမရဘူး။
“ဟိုနေ့တုန်းက ငါ့law firmမှာ မင်းငါ့ကို ကူညီခဲ့တယ်။ အခုမင်းက တစ်ယောက်တည်း။ ကလေးလည်း မဟုတ်တော့ မိဘမဲ့ဂေဟာလည်း ပို့မရဘူး။ အဲ့ဒါကြောင့် . . .”
တချို့အကြောင်းတွေကြောင့် တရားရုံးမှာရှိတဲ့ သူ့ယုံကြည်မှုက ပျောက်သွားသည်။ သူရှေ့က မိန်းကလေးဆီမှာ စကားလုံးတွေ ပျောက်ရှသွားသည်။
ကောင်မလေးက သူ့ကိုနားမလည်စွာ ကြောင်ကြည့်နေသည်။
“မင်းအတွက် စာရွက်စာတမ်းတွေ ပြင်ခဲ့တယ်”
မော့ဟန်က သူ့စကားမှာ အဓိပ္ပာယ်အများကြီး ရှိနေပြီး အထင်လွဲမှာစိုးတာကြောင့် အမြန်ပြောလိုက်သည်။
“အထင်မလွဲနဲ့။ ငါပြောချင်တာက မင်းငါ့အိမ်မှာ ခနတဖြုတ် နေလို့ရတယ်။ ပြီးတော့ မင်းကိုပြောမယ့်ဟာက ငါမင်းကို နာမည်တစ်ခုပေးထားမယ်”
ကောင်မလေးက မယုံကြည်နိုင်ဘူး။ အရင်ရက်တုန်းက သူမကို ဂရုမစိုက်ဘဲ ကန်ထုတ်ခဲ့တာကို တွေးမိသည်။ ဒါပင်မယ့် အခုတော့ သူက သူမကို ကူညီပြန်သည်။ စဉ်းစားကြည့်လိုက်ရင် နည်းနည်းရယ်ချစ်စရာ ဖြစ်နေသည်။
မော့ဟန်က စာရွက်စာတမ်းတွေကို ထုတ်ကာ ကောင်မလေးကို ပြလိုက်သည်။
“ဒါတွေက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က Sမြို့က ပျောက်သွားတဲ့ မင်းအရွယ်လောက် ကလေးမတွေ။ ဒီတနေ့ခင်းလုံး ဒီအချက်အလက်တွေကို ငါကြည့်လိုက်တော့ ဒါကိုတွေ့တယ်။ ကြည့်လိုက်”
ကောင်မလေးက ဝါကျင့်ကျင့်စာရွက်စာတမ်းပါးပါးလေးကို ယူလိုက်သည်။ အဲ့ဒီစာရွက်မှာ မိသားစုနောက်ခံအကြောင်းနည်းနည်းနဲ့ ကလေးမလေးတစ်ယောက်ရဲ့ passportပုံပါသည်။ ဓာတ်ပုံက ကလေးမလေးက ကင်မရာကို ခံစားချက်မဲ့စွာ ကြည့်နေသည်။
“ဒါပင်မယ့် သူနဲ့ ကျွန်မက . . . ?”
ဒီကလေးမလေးက သူမနဲ့ ဘာမှမတူပါဘူး။
“အရင်တုန်းကပုံတွေက ဝါးတယ်။ အဲ့ဒါကြောင့် သံသယဝင်မှာ မဟုတ်ဘူး။ ကြီးလာလို့ ရုပ်ပြောင်းတာက ပုံမှန်ပါပဲ”
“အဲ့ဒါဆို ကျွန်မကို သူအဖြစ်နေသွားစေချင်တာလား?”
မော့ဟန်က ခေါင်းဖြည်းဖြည်းချင်းပဲ ငြိမ့်လိုက်သည်။
“အင်း အဲ့ဒီလိုပဲ”
ကောင်မလေးက သဘောတူတဲ့အရိပ်အရောင် ပေါ်မလာဘဲ ခါးသီးစွာ ရယ်သည်။ စာရွက်ပေါ်က ကလေးမလေးရဲ့ အချက်အလက်တွေကို ပြန်ကြည့်သည်။ သူမမှာ ရှုချင်းရီဆိုတဲ့ လှပတဲ့နာမည်လေး ရှိသည်။ အချိန်ခနလောက်အတွက် ဒါကသူမနာမည် ဖြစ်လာလိမ့်မည်။
“ပျောက်သွားတဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ အချက်အလက်တွေက သုံးလို့ကောင်းတယ်။ ငါလူတွေကို မင်းက အခုမှ ငါ့ဆီပြန်ရောက်လာတဲ့ ငါ့မွေးစားညီမလေးလို့ ပြောထားလိုက်မယ်။ မင်းမှတ်ညဏ်တွေ ပြန်မရမချင်း ဒါကိုသုံးနေလိုက်”
“မင်း သဘောတူရင် ငါဒီရက်ပိုင်း လုပ်စရာရှိတာတွေ လုပ်ထားပေးမယ်။ မှတ်ပုံတင်တို့ တခြားစာရွက်စာတမ်းတို့လည်း ပြင်ထားပေးမယ်”
“ကျွန်မက ရှင့်မွေးစားညီမလုပ်တာနဲ့ ပတ်သက်ပြီး ရှင့်မိဘတွေ သဘောကရော?
ကောင်မလေးက စိတ်ပူစွာ မေးလိုက်သည်။
“မင်းဒါကို စိတ်ပူနေဖို့ မလိုပါဘူး။ ငါ့မိဘတွေက နိုင်ငံခြားမှာ။ ငါအသိလှမ်းပေးထားလိုက်မယ်”
မော့ဟန်က ဒီလိုအခြေအနေကြောင့်သူ့မိသားစုကို လုံးဝစိတ်ပူပုံမရဘူး။ သူ့အမေက အမြဲတမ်း သမီးလေးတစ်ယောက်လောက် လိုချင်ခဲ့ပင်မယ့် အခြေအနေမပေးခဲ့ဘူး။ သူ့ကိုမွေးပြီးတည်းက သူ့အမေက ကိုယ်ဝန်ထပ်မဆောင်နိုင်တော့ဘူး။ သမီးမိန်းကလေးမရလိုက်တာက သူမဘဝမှာ အကြီးဆုံးနောင်တပဲ။ သူ့အဖေကတော့ နိုင်ငံခြားမှာ စီးပွားရေးလုပ်နေသည်။ သူ့အဖေကတော့ သူ့အကျိုးစီးပွားကို မခြိမ်းခြောက်ရင် မသိသလိုနေပေးလိမ့်မည်။
မော့ဟန်မျက်နှာက တင်းသွားသည်။
“ငါကရှေ့နေပါ။ တရားမဝင်တာတွေ မလုပ်ဘူး။ မင်းမိသားစုကို မင်းမတွေ့ခင်အထိ မင်းစရိတ်စခတွေ ငါတာဝန်ယူတယ်။ ပြန်သတိရလို့ မင်းမိသားစုဆီပြန်ရောက်မှ အဲ့ဒီစရိတ်တွေအကုန် သေချာပေါက်ပြန်တောင်းလိုက်မယ်”
“မင်းငါ့ကို တစ်ခါကူညီဖူးထားလို့ မင်းကိုယ်မင်း မှတ်မိတဲ့အချိန်အထိ ငါမင်းကို မှတ်ပုံတင်လုပ်ပေးမယ်။ အသုံးစရိတ် ထောက်ပံ့မယ်။ တည်ငြိမ်တဲ့ ဘဝတစ်ခုလည်း ရစေရမယ်”
ကောင်မလေးက သူ့စကားတွေကို တိတ်ဆိတ်စွာ စဉ်းစားနေသည်။