May Honey Logo May Honey
Previous Next

၁၆။ ဘယ်သူမှမကယ်ကြဘူး

ကောင်မလေးကို ဆေးရုံရှေ့မှာ လဲနေတာကို သူမတွေ့ခင် နာရီဝက်လောက်အလိုမှာ ဆေးရုံအရှေ့ ဂျောင်တစ်ဂျောင်ကနေ ကားအနက်ရောင်တစ်စီး ထွက်လာသည်။ နံပတ်ပြားကိုတော့ မမြင်ရဘူး။ ကားကရပ်သွားပင်မယ့် ဘယ်သူမှ ဆင်းမလာဘူး။ ကားတံခါးကပွင့်လာပင်မယ့် မီးရောင်မှိန်မှိန်အောက်မှာ ဘယ်သူလဲဆိုတာကို မှန်းရခက်သည်။ ခနအတွင်းမှာပဲ ကားထဲကနေ သွေးတွေရွှဲနေတဲ့ ကောင်မလေးတစ်ယောက်ကို ကန်ချလိုက်သည်။ သူမကို အမှိုက်ထုတ်လိုပဲ လွှတ်ပစ်လိုက်သည်။ ကောင်လေးကို သူမြင်လိုက်တဲ့အချိန်မှာပဲ သူ့ရင်တွေ အရမ်းခုန်သွားသည်။

ကောင်မလေးက သတိရှိနေတုန်းပဲ။ သူမက ကြိုးစားရပ်ကာ ဗိုက်ကိုဖိရင်း တုန်ရီစွာ လမ်းလျှောက်သည်။ ဦးတည်ချက်မရှိဘဲ သူမက တစ်လှမ်းနှစ်လှမ်းလျှောက်ပြီး ဆေးရုံရှေ့နားလေးမှာ မေ့လဲကျသွားသည်။ အဲ့ဒီနောက်မှာတော့ ပြန်မထနိုင်တော့ဘူး။

လူတွေက တဖြည်းဖြည်းချင်း အုံလာသည်။ သူတို့က ပြန်မထနိုင်တော့တဲ့ ကောင်မလေးဘေးမှာ အုံခဲလာသည်။ သူတို့က ဇဝေဇဝါနဲ့ သေမလား ရှင်မလား ဆိုတာကို အချင်းချင်းတီတိုးပြောကြသည်။ ဒါပင်မယ့် ဘယ်သူကမှ သူမကို ကူညီဖို့ မစွန့်စားကြဘူး။

အရာရှိကြီးကျန်းက သံသယဖြစ်ဖွယ်ကားတံခါးဖွင့်လာတဲ့ video tapeကို ပြန်ရစ်ကြည့်သည်။ ကောင်မလေးတစ်ယောက်ကို ကားပေါ်ကနေ ကန်ချပစ်လိုက်တာ သူမြင်တော့ တောင့်ခနဲဖြစ်သွားသည်။
“ထူးဆန်းတယ်! သူတို့ကောင်မလေးကို ဘာဖြစ်လို့ ကားပေါ်ကနေ ပစ်ချတာလဲ?”

မော့ဟန်မျက်နှာက တည်သွားသည်။ သူမျက်ခုံးကျုံကာ ဒီပဟေဋ္ဌိကို စဉ်းစားနေသည်။ Monitorပေါ်က အနက်ရောင်ကားကို စိတ်ခံစားချက်မပေါ်ဘဲ စိုက်ကြည့်ကာ တချိန်လုံး တိတ်ဆိတ်နေသည်။

အရာရှိကြီးကျန်းက ဒီကောင်မလေးရဲ့ နောက်ကြောင်းက ရှုပ်မယ်ဆိုတာ သိနေနသည်။ ဆေးရုံရှေ့မှာမလဲကျခင်တုန်းက သူမကို လူတစ်စုက ဒဏ်ရာရအောင် လုပ်လိုက်တယ်ဆိုတာ သိသာသည်။ အဲ့ဒီက အဓိကအချက်ကတော့ ဒီလူတွေက သူမကို မရှင်စေချင်တာပဲ။ ဒါပင်မယ့် သေတော့မလို ဖြစ်နေတဲ့လူကို ဆေးရုံနားမှာ မျက်နှာပြောင်တိုက်ပြီး ဘာဖြစ်လို့ ထားခဲ့ရတာလဲ? သူအဖြေကို တွေးလို့ကို မရဘူး။

မော့ဟန်က မေးလိုက်သည်။
“ကားထဲဘယ်သူရှိလဲဆိုတာ ရှာပေးလို့ရမလား?”

အရာရှိကြီးကျန်းက ခေါင်းခါလိုက်သည်။
“နည်းနည်းခက်လိမ့်မယ်။ Videoထဲမှာ သူတို့ ကောင်မလေးကို ပစ်ခဲ့တဲ့နေရာက လုံးဝကို ကင်မရာကွယ်ရာဖြစ်နေတယ်။ ကားအရောင်နဲ့ အရွယ်အစားလောက်ပဲ သိလို့ရမယ်။ နံပတ်ပြားတို့ အထဲကသူတို့ကတော့ . . . ရှာပေးဖို့ တော်တော်ခက်လိမ့်မယ်”

အရာရှိကြီးကျန်းက ပြောပြီးတဲ့အခါမှာ စိတ်ရှုပ်နေပုံရတဲ့ မော့ဟန်ကို ကြည့်လိုက်ပြီး သံသယနဲ့ မေးလိုက်သည်။
“ဒီကောင်မလေးက မင်းနဲ့ဘာဆိုင်လို့လဲ? မင်းအမှုသည်လား ဒါမှမဟုတ် တရားပြိုင်လား?

“မဟုတ်ပါဘူး။ ကျွန်တော့်အသိပါ။ အမှုနဲ့ဘာမှမဆိုင်ပါဘူး”
မော့ဟန်က ပြတ်ပြတ်ပဲဖြေသည်။

အရာရှိကြီးကျန်းက မော့ဟန်ပုခုံးကို ပုတ်ကာ
“ရှေ့နေကြီး မင်းအမှုကိစ္စ မဟုတ်တာတောင် ငါတို့ဆီကို ကိုယ်တိုင်ရောက်လာတာနော်။ ဒီကောင်မလေးက ဘာလဲဆိုတာ ငါတော့သိချင်မိသား”

မော့ဟန်က ရယ်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“အကူအညီလိုသေးတဲ့ ကိစ္စတွေရှိသေးတယ်ဗျ”

အရာရှိကြီးကျန်းက ယုံကြည်မှုအပြည့် သူ့ရင်ဘတ်ကိုသူ ပုတ်ကာ ပြောသည်။
“ငါ့ကိုပြော! ဘယ်သူ့ကိုမှ ငါအချိန်မပေးအားရင်တောင် ရှေ့နေကြီးအတွက်တော့ အချိန်ပေးရမှာပေါ့! ဒီမှာ Sမြို့ရဲ့ ထိပ်တန်းရှေ့နေကြီးနဲ့ ပြောနေတာပဲဟာကို!”

မော့ဟန်က ပြောလိုက်သည်။
“လွန်ခဲ့တဲ့ 10နှစ်လောက်က Sမြို့ကနေ ပျောက်သွားတဲ့ 10နှစ်အရွယ်လောက် မိန်းကလေးစာရင်း ပေးလို့ရမလား? မိဘမဲ့တွေ ဦးစားပေးလေ? ဒီမြို့မှာမိဘတွေ မနေတဲ့ကလေးဆိုလည်း ရတယ်”

အရာရှိကြီးကျန်းက ဇဝေဇဝါနဲ့
“မင်းဘာအတွက် လိုတာလဲ?”

မော့ဟန်က ဖြေလိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်တော်က ရှေ့နေပဲဟာ။ တရားမဝင်တာတွေ မလုပ်ပါဘူး”

အရာရှိကြီးကျန်းက မော့ဟန်ကို ယုံသည်။ မော့ဟန်က ရှေ့နေဆိုပင်မယ့် သူကစီးပွားရေးဥပဒေကို အဓိကမေဂျာယူခဲ့သည်။ သူကိုင်တဲ့အမှုတိုင်းက ကော်ပိုရေးရှင်းကိစ္စတွေပဲဖြစ်ပြီး တရားမအမှုတွေ မကိုင်ဘူး။ ဒါပင်မယ့်လည်း ပျောက်သွားတဲ့ ကလေးမလေးတွေရဲ့ သတင်းအချက်အလက်ကို လိုချင်တာကြောင့် ဝေခွဲမရဖြစ်သွားသည်။

အရာရှိကြီးကျန်းက ဗီဒိုကိုဖွင့်ကာ စာရွက်တစ်ပုံခေါင်းကြီးမှာ ရှာကာ ဆက်စပ်တဲ့စားပွဲကိုလည်း ထိုးပြသည်။
“ငါမင်းကို တချို့အချက်အလက်တွေ သေချာပေါက်ကို ပေးရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအချက်အလက်တွေက ငါ့အတွက်လည်း အသုံးဝင်တာမှ မဟုတ်တာ။ လူတချို့ရှာမယ်ဆိုရင်တောင် ရပါသေးတယ်”

မော့ဟန်က ပြောသည်။
“ကျေးဇူးပါပဲဗျာ။ ကျွန်တော် နောက်ရက်ကျရင် လိုက်ကျွေးပါ့မယ်”

အရာရှိကြီးကျန်းက ကမ်းလှမ်းချက်ကို ငြင်းလိုက်သည်။
“မဟုတ်တာ! ရှေ့နေကြီးနဲ့ အတူစားချင်တဲ့သူတွေ အများကြီးရှိမှာ သေချာပါတယ်။ ဥပဒေကိစ္စနဲ့ ရင်ဆိုင်နေရတဲ့ သူဌေးကြီးတွေက မင်းအကူအညီလိုနေကြတာ။ ငါက ဒါမျိုးနဲ့ တန်ပါ့မလားတောင် တွေးမိတယ်”

မော့ဟန်က ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။ စာရွက်စာတမ်းတွေယူကာ ထိုင်ခုံကနေ ထလိုက်သည်။ ထပ်မနှောက်ယှက်ချင်တော့တာကြောင့် သူရဲစခန်းကနေ ပြန်လိုက်တော့သည်။

Previous Chapter 16 of 30 Next