May Honey Logo May Honey
Previous Next

၂၄။ လိုချင်တာအကုန်ဝယ်

မော့ဟန်က လှဲအိပ်လိုက်ကာ သူ့အိပ်ရာအောက်ကို ချောင်းကြည့်သည်။ ရှုချင်းရီက အခင်းပေါ်မှာ စောင်ခြုံပြီး ကွေးကွေးလေးဖြင့် စိတ်ချမ်းသာစွာ နှစ်နှစ်ခြိက်ခြိုက်အိပ်ပျော်နေပြီ။ သူ့အခင်းက ဘယ်လိုသက်သောင့်သက်သာရှိလို့ ဒီကောင်မလေးက ဒီမှာအသည်းအသန်အိပ်ချင်နေသလဲ သူနားမလည်နိုင်ဘူး။

ဒါပင်မယ့် သူဝန်ခံရမှာတစ်ခုကတော့ ရှုချင်းရီမှာ အိပ်သည့်အခါတွင် အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းပါသည်။ မော့ဟန်က အအိပ်ဆက်သောသူဖြစ်သည်ကြောင့် ဒီညသူအိပ်ရမှာမဟုတ်ဟု သူထင်ခဲ့ပင်မယ့် ရှုချင်းရီအိပ်နေတာက အသံလုံဝမထွက်လေဘူး!

သူမအသက်ရှုသံမှန်မှန်လေးကတောင် တိုးလွန်းလို့ တိတ်ဆိတ်နေလေရဲ့။

ဒီလိုတိတ်ဆိတ်ငြိမ်သက်သည့်အခြေအနေမှာ မော့ဟန်ကလည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ နောက်နေ့မနက်ဟာ သူ့alarmသံကြောင့် နိုးလာရသည့် ပထမဆုံးနေ့ဖြစ်သွားသည်။ အရင်တုန်းကဆိုလျှင် သူကalarmမမြည်ခင် နာရီဝက်အလိုကတည်းက နိုးနှင့်နေပြီ ဖြစ်သည်။

သူကသူ့alarmကိုပိတ်လိုက်ကာ ထထိုင်လိုက်သည်။ ထိုအခါ ကြမ်းပြင်ပေါ်က ကောင်မလေးက နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ကြောင်းကို မြင်လိုက်သည်။ သူမဆံပင်တွေက နည်းနည်းရှုပ်ပွနေပြီး မနေ့ကသူပေးထားသည့် သူ့အဝတ်တွေကို ဝတ်ထားဆဲဖြစ်သည်။ သူမက ကွေးကွေလေးအိပ်နေပြီး လက်တစ်ဖက်မှာအခင်းကိုဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်မှာ သူ့ဖိနပ်အပါးကို ဖက်ထားသည်!

မော့ဟန်က မျက်စိကိုလှန်လိုက်မိပြီး သူမကို ဖွဖွလေး ပုတ်နှိုးလိုက်သည်။
“ထချိန်တန်ပြီ!”

ကောင်မလေးက မျက်မှောင်ကျုံကာ မျက်လုံးဖွင့်ပြည့်သည်။ သူမမှာ ဖိနပ်ကိုကိုင်ဆဲဖြစ်ပြီး ဘာဖြစ်နေမှန်း သတိမထားမိသေးပေ။

“ထတော့ ငါ့ဖိနပ်ပေး!”
မော့ဟန်အသံက ဒီတစ်ခါတော့ ပိုကျယ်လာသည်။

ရှုချင်းရီက အိပ်ချင်စုံမွှားဖြင့် နိုးလာကာ မျက်လုံးကိုပွတ်ရင်း မော့ဟန်ကိုကြည့်သည်။ သေချာပေါက်ကို သုမဘာဖြစ်နေမှန်း မသိသေးပေ။

မော့ဟန်က ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့ဖိနပ်ကို သူမဆီမှဆွဲယူကာ ရေချိုးခန်းသို့ ထွက်သွားသည်။ မသွားခင်
“ထတော့။ ဒီနေ့ဆေးရုံမှာ ဆေးပြန်စစ်ပြီး သောက်ဆေးတွေ သွားယူရမယ်”

ရှုချင်းရီက ထလာကာ သူမအခန်းကိုစောင်သွားပြန်မထားခင် ဆံပင်တွေကိုသပ်လိုက်သည်။

သိပ်မကြာလိုက်ဘဲ မော့ဟန်သွားတိုက်နေစဉ်တွင် ရှုချင်းရီက သူမအခန်းကို လှည့်ပတ်ကြည့်လိုက်ကာ ဘာမှမရှိမှန်းသိသွားသည်။ ထို့နောက် ရေချိုးခန်းသို့ ပြေးကာ တံခါးခေါက်လေသည်။
“ကိုကြီးရေ လဲစရာအဝတ်ပါမလာဘူး။ ဘယ်လိုလုပ်ရမလဲ? တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း မရှိဘူး”

ထိုအချိန်မှသာ ဆေးရုံမှာနိုးလာကတည်းက သူမကဆေးရုံက ပေးထာားသည့်ဝတ်စုံကြီး အမြဲဝတ်ထားသည်ကို မော့ဟန်က သတိရမိတော့သည်။ သူမတွင် ကိုယ်ပိုင်အဝတ်အစားမှ မရှိသည်ပဲ။

“ဆေးရုံကပြန်ရင် ဝယ်ပေးမယ်။ ငါပေးထားတဲ့ဟာပဲ ဆက်ဝတ်ထား။ Supermarketမှာ တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း ဝင်ဝယ်။ ကဒ်တစ်ကဒ် ပေးလိုက်မယ်”

ရှုချင်းရီက မျက်နှာသစ်ပြီးသောအခါ ဆံပင်ဖြီးပြီး ဘာမှလုပ်စရာမရှိတော့ဘူး။ ထို့ကြောင့် ဧည့်ခန်းက ဆိုဖာပေါ်တွင်ထိုင်ကာ မော့ဟန်ကို စောင့်နေသည်။

မော့ဟန်က သေသပ်သည့်ဝတ်စုံကို အပြာရောင်နက်ကတိုင်ဖြင့် ဝတ်ကာထွက်လာသည်။ ရှေ့နေတိုင်းပိုင်ဆိုင်သည့် အေးစက်သည့် ရေခဲမျက်နှာထားဖြင့်ဖြစ်သည်။ ရုံးအိတ်ကိုကိုင်ကာ ခြေလှမ်းကျဲကြီးများဖြင့် လှေကားပေါ်က ဆင်းလာသည်။

“သွားရအောင်”
မော့ဟန်က အောက်ထပ်ကိုဆင်းသည့်အခါ သူမကိုခေါ်သည်။

ရှုချင်းရီက သူ့နောက်နေ ကားထဲအထိ လိုက်လာသည်။ မော့ဟန်က ကားစက်နှိုးသောအခါ
“အဝတ်အစားဝယ်တာနဲ့ ပတ်သတ်ပြီး ငါမသိဘူး။ Shopping mallရှေ့မှာ ချပေးမယ်။ ကဒ်တစ်ကဒ်ယူသွား။ ဝယ်ပြီးရင် ငါ့ကိုဖုန်းဆက်လိုက်”

မော့ဟန်က နောက်တစ်ခုကို သတိရသွားပြန်သည်။
“ခနလေး မင်းမှာဖုန်းလည်း မရှိဘူးမလား?”

“မရှိဘူး”

“ဒါဆိုရင် ဖုန်းလည်းဝယ်ပေးမယ်။ ဒီလိုမှပဲ ပိုအဆင်ပြေမှာ”

“ဘယ်တော့ကျောင်းတက်ရမလဲ?”

“ဒဏ်ရာတွေ သက်သာတော့မှ။ ဆရာဝန်ရေးပေးတဲ့ဆေးစာ တင်ပေးမယ်”

“ကျောင်းက အိမ်နဲ့ဝေးလား?”

မော့ဟန်အတွက် “အိမ်”ဆိုသည့် စကားလုံမှာ စိမ်းသက်နေသည်။ သူ့စိတ်ထဲမှာ ဒီစကားလုံးက ပျောက်ကွယ်သွားခဲ့တာ အချိန်အတော်ကြာလေပြီ။ သူ့ကမ္ဘာထဲမှာတော့ ဒါကနေရာတစ်ခုထက် မလိုလေဘူး။ အိမ် . . . ဒီစကားလုံးအတွက် အဓိပ္ပါယ်ရှိမနေခဲ့ဘူး။

“မဝေးပါဘူး။ ကျောင်းတွင်းအဆောငာတွေလည်းရှိတယ်။ အဲ့ဒီမှာသွားမနေချင်ရင် ဒီကိုပြန်လာလည်းရတယ်”

Previous Chapter 24 of 30 Next