၁။ လူသားမျိုးနွယ်၏ သစ္စာဖောက်ခံရခြင်း
တရုတ်နိုင်ငံ အရှေ့ပိုင်း၏ ပင်လယ်ထွက်ပေါက်မြို့တော်တွင်. . .
ပင်လယ်ထွက်ပေါက်မြို့တော်သည် အရင်က လူဦးရေထူထပ်သိပ်သည်းသည့် စီးပွားရေးမြို့တော်တစ်ခု ဖြစ်သည်။ သို့သော်လည်း အခုတော့ လူတို့၏ ခြေရာအစအနတောင် မရှိတော့ဘဲ စွန့်ပစ်ထားသည့် မြို့ပျက်ကြီး ဖြစ်နေပြီ။ ကို့ရို့ကားယားဖြင့် ဖြည်းဖြည်းချင်း သွားလာလှုပ်ရှားနေသည့် ဇွန်ဘီအုပ်ကြီးသာ ဒီမြို့တွင် ရှိတော့သည်။
ထိုအချိန်တွင် ဒီကန္တာရအသွင်မြို့ပျက်ကြီး၏ အဆောက်အအုံတစ်ခု၏ အခန်းတစ်ခုတွင်မှု ကိစ္စတစ်ခု ဖြစ်ပျက်နေသည်။
ထိုအခန်းသည် ပြတင်းပေါက်လုံးဝမရှိဘဲ အလုံပိတ်ထားသည့် တံခါးပေါက်တစ်ခုသာ ရှိသည်။ အိပ်ရာတစ်ခုအပြင် အခြားပရိဘောဂပစ္စည်းများလည်း ထိုအခန်းတွင် ရှိမနေပေ။ ထိုအခန်းက ကုမ္ပဏီကြီးတစ်ခု၏ CEOနားနေရာ လျို့ဝှက်ခန်းတစ်ခု ဖြစ်ခဲ့ပုံရသည်။
ထိုအခန်းထဲမှ မျက်နှာပူပြီး ရင်ခုန်စရာ အသံတို့က ထွက်ပေါ်လျှက်ရှိသည်။ ထိုအခန်း၏ ကုတင်ပေါ်တွင် လိင်အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားနေသည်။ သို့သော်လည်း ထိုမပြောအပ်သည့်အမှုတွင် ကုတင်ပေါ်မှာ မလှုပ်နိုင်ဘဲ လဲနေသည့် ခံရသူမှာ ယောက်ျားတစ်ယောက် ဖြစ်နေမည်ဟု ဘယ်သူမှ ထင်မိမှာ မဟုတ်ပေ။
တစ်နာရီကြာသည့်အခါ ထိုအခန်းထဲမှ အမျိုးသမီးတစ်ယောက်သည် စိတ်ကျေနပ်နေသည့် မျက်နှာထားဖြင့် ထွက်လာသည်။ သူမသည် ရုပ်အဆိုးကြီး မဟုတ်သော်လည်း မိတ်ကပ်အထူကြီးဖြင့် ဖြစ်သည်။ သွေးလိုရဲနေသည့်နှုတ်ခမ်းနီကို ဆိုးထားကာ ကိတ်မုန့်သားလို ခြစ်ချရသည့် အောက်ခံမိတ်ကပ်အထူကြီးဖြင့် ဖြစ်သည်။ မျက်ခမ်းဆိုးဆေးအထူကြီးက သူမ၏ မျက်လုံးပုံစံကို ဖုံးကွယ်ထားက ရှည်လျားသည့် မျက်တောင်တို့က စင်းကျနေသည်။
သူမ၏ကိုယ်ခန္ဓာသည် ယောက်ျားတိုင်း စွဲမက်ချင်စရာကောင်းပြီး မိတ်းမတိုင်း အားကျစရာပင်။ သူမသည် အရပ်ရှည်ကာ ရှိသင့်ရှိထိုက်သည့် အကွေးအကောက်တို့ဖြင့် ကိုယ်ခန္ဓာဖြစ်သည်။ ရင်သားပြည့်ပြည့်လေး၊ ခါးသိမ်သိမ်လေးနှင့် လုံးဝန်းသည့်တင်ပါးလေးအောက်တွင် ရှည်လျားသွယ်လျသည့် ခြေတံတစ်စုံက ရှိနေသည်။
ထိုအခန်းအရှေ့က ယောက်ျားသုံးယောက်သည် ဒီအမျိုးသမီးထွက်လာသည့်အခါ အထင်သေးသည့် မျက်လုံးများကို ဖုံးကွယ်ကာ ကြည့်နေကြသည်။
"သွားရအောင်" အမျိုးသမီးက ကျေနပ်စွာပြုံးရင်း ထိုလူများကို ပြောသည်။
စကားပြောနေစဉ် သူမသည် သေနတ်တစ်လက်ကိုထုတ်လိုက်ကာ ထိုလူများ၏အရှေ့က ထွက်သွားသည်။ စိုးရိမ်မှုဖြင့် နောက်ကျောမလုံပုံရသည့် သူမသည် လှေကားဆင်းသည့်အခါ နံရံကိုကျောပေးလျှက် သွားသည်။ နောက်ကလူသုံးယောက်ကတော့ သတ်ပစ်ချင်အောင် မုန်းတီးသည့် အကြည့်များကို အချင်းချင်းဖလှယ်ကာ သေနတ်ထုတ်၍ သူမနောက်မှ လိုက်လာသည်။
ပြတင်းပေါက်လုံးဝမရှိသည့် အခန်းထဲတွင်တော့ မလှုပ်နိုင်သေးသည့် ယောက်ျားတစ်ယောက်သည် လဲနေသည်။ ထိုသူသည် အလွန်ချောမောခန့်ညားသော်လည်း အခုတော့ဒေါပွနေသည်။ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မျက်မှောင်ကျုံထားသည့် မြက်ခုံးအောက်က မျက်လုံးများမှာ လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။ မျက်နှာမှာလည်း ရှုံ့မဲ့နေကာ အံကိုတင်းနေအောင် ကြိတ်ထားသည်။
"ငါသာ လင်းလင်းရဲ့ နေရာကို သိနေလို့ကတော့ ဒီမိန်းမပြုသမျှကို လည်စင်းခံနေစရာ အကြောင်းဘယ်ရှိမလဲ!!!"
သို့သော်လည်း သိပ်မကြာခင်မှာပဲ မိတ်ကပ်မျက်နှာဖြင့် ထိုအမျိုးသမီးသည် သတိလစ်နေကာ ဇွန်ဘီအုပ်ထဲသို့ ပစ်ချခံလိုက်ရတော့သည်။ ဇွန်ဘီများက သူမအား ဝိုင်းကိုက်ကာ စားသောက်ကြတော့သည်။
သူမသည် သတိရလာသည့်အခါ နာကျင်မှုကို သည်းခံရင်း ကြိမ်းဝါးလေသည်။ "အား! လင်းယုံး! လျူဟုန်ရှီ! လျန်ချောင်ယန်! နင်တို့ထွက်မပြေးနဲ့! အား. . .အား. . .ငါဇွန်ဘီဖြစ်သွားရင်တောင် . . .နင်တို့ကိုလာရှာပြီး. . .သတ်ပစ်မယ်!!! ငါမှာဘာမှ ပြင်ဆင်မထားဘူးလို့ ထင်နေလာလား? အဲ့ကလေးမလေးက ဒီမှာမရှိတော့ဘူး အား. . ."
ယုတ်မာသည့်အပြုံးက နာကျင်၍ တွန့်လိမ်နေသည့် သူမ၏မျက်နှာတွင် ပေါ်လာသည်။ သို့သော်လည်း သူမ၏ နှလုံးကွဲမတက် ကြိမ်းဝါးသံများကို ဇွန်ဘီများအပြင် ဘယ်သူမှ မကြားနိုင်တော့ပေ။
ဒါပင်မယ့် ဇွန်ဘီများထံတွင် အပိုင်းပိုင်းဆွဲဖြဲခံရမည့်အချိန်တွင် သူမခေါင်းထဲမှ သန်မာသည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ အနားရှိဇွန်ဘီများမှာ လွင့်ပျံထွက်သွားကြတော့သည်။ ကြောင်အစွာဖြင့် ဇွန်ဘီများသည် ပြန်ထလာသည့် အခါတွင်တော့ စိတ်ရှုပ်ထွေးစွာဖြင့် ထိုအသားစိမ်းအနားသို့ မကပ်ရဲကြတော့ပေ။
နောက်နေ့တွင် စစ်သားတစ်စုသည် ဇွန်ဘီများကို သေနတ်ဖြင့်ပစ်ခတ်ရင်း မြို့တစ်ဖက်မှ တစ်ဖက်သို့ ဖြတ်သန်းနေကြသည်။ မြို့ဘေးတွင် ထူထပ်သည့်သစ်တောရှိနေသဖြင့် ဒီတစ်လမ်းသာ သွားလို့ရသည်။ ကမ္ဘာပျက်ကပ်တွင် လူသားတို့မှာ တောထဲက ဘာမှန်းမသိသည့် သတ္တဝါတို့ထက် ဇွန်ဘီများကိုသာ ရင်ဆိုင်တိုက်ခိုက်ချင်ကြသည်။ ထို့ကြောင့် သစ်တောများသည် တားမြစ်နေရာများ ဖြစ်လာတော့သည်။
သေဆုံးသွားသည်မှာ တစ်ရက်ရှိပြီဖြစ်သည့် လုထန်ယုသည် နံစော်စွာဖြင့် မြေပြင်တွင် လဲလျောင်းနေသည်။ ပြင်းထန်လွန်းသည့် နာကျင်မှုကို သည်းခံနေရသဖြင့် မျက်နှာမှာ ရှုံ့မဲ့နေသည်။ သူမ၏ခြေလက်တို့သည် အသားစများအဖြစ် ပြန့်ကျဲနေသဖြင့် လူဟုတောင် မှတ်မိရန်မလွယ်တော့ပေ။
သွေးအိုင်ထဲတွင် အသားစများဖြင့် ပြန့်ကျဲနေသော်လည်း ခန္ဓာကိုယ်မှာ အပိုင်းပိုင်းတော့ မဖြစ်သေးပေ။ သူမသည် မြေကြီးပေါ်တွင် လှဲနေကာ သရဲလို ဖြူဖျော့သည့် မျက်နှာမှ မီးခိုးရောင်ဖျော့ဖျော့မျက်လုံးများသည် ကောင်းကင်ကို ကြည့်နေသည်။
မီးခိုးရောင်ဖျော့ဖျော့မျက်လုံးများ. . .ဒီမျက်လုံးများမှာ ဇွန်ဘီတို့၏ လက္ခဏာဖြစ်သည်။
ရုတ်တရက်ဆိုသလို ထိုအသက်မဲ့နေသည့် မျက်လုံးများက လှုပ်ရှားလာသည်။ အသက်ရှိသည့်သူ တစ်ယောက်သာ ဒါကိုမြင်ပါက ကြောက်၍သေသွားနိုင်သည်။ ဒါသည် လူမှဇွန်ဘီအဖြစ်သို့ ကူးပြောင်းနေတာ ဖြစ်သည်။
သူမ၏မျက်လုံးများသည် ထပ်ခါ ထပ်ခါ လှုပ်ရှားလာသည်။ ထို့နောက် မျက်လုံးများသည် အနက်ရောင်ပြောင်းသွားသည်။ မျက်စံတင်မကပဲ မျက်သားအဖြူရောင်များပါ အနက်ရောင်ဖြစ်သွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ်သည်လည်း ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ လက်သည်းများသည် ချွန်မြစွာ ရှည်ထွက်လာပြီး ငိုယ်သည်လည်း အပုပ်နံထွက်လာတော့သည်။
သူမသည် ဖြည်းဖြည်းချင်း ထလာသည်။ ဆယ်စက္ကန့်ကြာသည့်အခါ ထရပ်ဖို့ ကြိုးစားလိုက်သည့်အခါ ခန္ဓာကိုယ်က သူမထိန်းချုပ်ရန် ခက်နေသည်။ သူမအကြိမ်ကြိမ်ကြိုးစားသော်လည်း ဒူးများက တောင့်နေသည်။ အနားတွင် မှီ၍ရပ်စရာရှိမလား ကြည့်သော်လည်း မတွေ့ပေ။ နောက်ဆုံးတော့ လင်းချင်းမှာ ဒူးကိုမနည်းကွေးကာ ထလိုက်ရသည်။ သူမခြေထောက်ပေါ်ရပ်နိုင်သည့်အခါ ကြောက်ဖို့ကောင်းတာကို တွေ့သွားသည်။
သူမ၏လက်များကိုကြည့်ကာ ကြောင်အနေသည်။ ခရမ်းပုပ်ရောင် သွေးကြောများနှင့် လက်သည်များက မည်းနက်ကာ ရှည်လျားနေသည်။ သူမသည် မျက်လုံးကိုမှိတ်ကာ ပြန်ဖွင့်ကြည့်သော်လည်း လူအသွင်မဟုတ်တော့သည်ကို သိလိုက်ရသည်။
သူမသည် ခေါင်းကိုမော့ကာ ကောင်းကင်ကိုကြည့်ပြီး အော်ဟစ်လေသည်။ "WTH!!!"
သို့သော်လည်း သူမပါးစပ်က ထွက်လာသည့်အသံက "ဂါး!"
သူမ၏အော်သံက ထူးဆန်းနေသဖြင့် အနားရှိ စစ်သားများကို ကိုက်ရန်ကြိုးစားနေသည့် ဇွန်ဘီများသည် ရပ်တန့်ကာ လှည့်ကြည့်လာသည်။ စစ်သားများမှာလည်း ဇွန်ဘီများလို သူမအား ကြည့်ကြသည်။
လူသားများ : “ဒီဇွန်ဘီရဲ့ အသံက ထူးဆန်းနေတယ်မလား?”
ဇွန်ဘီများ : “ဒီဇွန်ဘီက ဘာဖြစ်လို့ ထအော်နေတာလဲ?”
ဒါပေမယ့် သိပ်မကြာခင်မှာပဲ လူသားများနှင့် ဇွန်ဘီများသည် ထူးဆန်းသည့် ဒီဇွန်ဘီကို မေ့သွားကာ ပြန်တိုက်ခိုက်ကြတော့သည်။
လင်းချင်းသည် သူမ၏ဗိုက်အပေါက်ကြီးကိုကြည့်ကာ ကြောင်အနေသည်။ 'သေစမ်းပါ! ဒါကဘယ်လို ငရဲမျိုးလဲ! ဘာတွေဖြစ်နေတာလဲ ငါ့ကိုတစ်ယောက်ယောက် ပြောပြကြပါဦး! ငါအိပ်မက်မက်နေတာမလား?'
သူမသည် အနီးအနားကိုလှည့်ကြည့်သည့်အခါ လူနှစ်စုကို မြင်လိုက်ရသည်။ 'ဒါနဲ့ လူတစ်စုက ဘာဖြစ်လို့ ဇာတ်ကားတွေထဲက ဇွန်ဘီတွေနဲ့ တူနေတာလဲ?' သူမတွေးနေမိသည်။
ပတ်ဝန်းကျင်ကို ကြည့်မိလိုက်သည့်အခါ စစ်ပွဲ၏ အပျက်အစီးများကို တွေ့ရတော့သည်။ ပြတင်းပေါက်များကွဲကာ ပျက်စီးနေသည့် အဆောက်အအုံများက ခြောက်ခြားစရာ လမ်းမကြီးဘေးတွင်ရှိသည်။ လမ်းပေါ်တွင် ပျက်စီးကာ မှောက်နေသည့်ကားများနှင့် ပိတ်ဆို့နေသည်။ သစ်ပင်များ၏ပုံစံကလည်း ထူးဆန်းလို့သာနေသည်။