May Honey Logo May Honey
Previous Next

၅။ ရှင်းပြလို့မရသည့်နေရာ

လင်းချင်းက ဒီနေရာကို စူးစမ်းကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်က စိမ်းစိုနေသည်။ လေက သန့်ရှင်းပြီး လတ်ဆက်နေသည်။ ဒီနေရာက လေထုညစ်ညမ်းနေသည့် မြို့ပြလို မဟုတ်ပေ။ သူမအနားတွင် မြက်တွေရှိနေသောကြောင့် မြင်ရသည်မှာ စိတ်ကြည်လင်စရာပင်။ 

သူမသည်ကုန်းထလိုက်သည့်အခါ မတ်တပ်မရပ်နိုင်ခင်တွင်ပဲ ပြန်လဲကျသွားသည်။ သူမသည် ပါးစပ်ဖွင့်လျှက်သားလေး ပြုတ်ကျသွားသည်ဖြစ်သောကြောင့် သူမ၏အစွယ်တွေက တစ်ခုခုကို ထိုးမိသွားသည်။ ဘာလဲမြင်သည့်အခါမှ သွားကိုပြန်နှုတ်ကာ အမြန်ထိုင်လိုက်ရသည်။   ‘ဘုရားရေ’

ထိုအရာသည် ခုနတုန်းက ပိုးကူးခံရသည့်လူတစ်ယောက် ဖြစ်သည်။ သူမသည် သူ့ကိုယ်ပေါ်တွင် လဲကျနေကာ. . .ကိုက်လည်းကိုက်မိထားသည်။   ‘ဘာဖြစ်လို့ ဒီလူက ငါနဲ့အတူရှိနေတာလဲ? ပြီးတော့ ဒီနေရာကရော ဘာလဲ?’

သူမသည် ခေါင်းကိုမော့ကာ ကြည့်လိုက်သည့်အခါ ကောင်းကင်တွင် နေမရှိပေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မြက်ခင်းပြင်တွင် တလက်လက်တောက်ပနေသည့် ရေကန်ငယ်လေးရှိနေသည်။ သူမသည် ရေကန်ကိုမြင်သည့်အခါ ပျော်ရွှင်စွာဖြင့် တစ်လှမ်းခြင်း သွားလေသည်။ သူနိုးထလာသည့်အချိန်သည် နွေရာသီအလည်ပိုင်းဖြစ်သည်။ ဇွန်ဘီဖြစ်နေသောကြောင့် အပူဒဏ်ကိုသိပ်မခံရသော်လည်း သူမ၏ပြဲကွဲနေသည့် ဒီခန္ဓာကိုယ်က ညစ်ပတ်နံစော်နေခြင်းကို သူမသည်းမခံနိုင်သောကြောင့် ဖြစ်သည်။

သို့သော်လည်း လင်းချင်းသတိမထားမိသည်က ပိုးကူးခံရသည့် ထိုလူ၏ကိုယ်တွင် အပြောင်းအလဲများ ဖြစ်နေခြင်းကိုပင်။ ဖြူဖပ်ဖြူလျော်အသားရည်က ပုံမှန်အတိုင်းပြန်၍ပြောင်းလဲလာကာ နှုတ်ခမ်းပြာနေခြင်းသည်လည်း တဖြည်းဖြည်းပျောက်လာသည်။ ပြောင်းလဲမှုသည် အလွန်နှေးကွေးသော်လည်း တဖြည်းဖြည်းချင်း လူကောင်းပြန်ဖြစ်နေသည်။ ထိုအချိန်တွင် လင်းချင်းကိုက်မိထားသည့် ဒဏ်ရာကပိုးသည် ပျောက်ကွယ်သွားသည်မှာ အမြန်ဆုံးဖြစ်သည်။

ဘာကိုမှမသိသည့် လင်းချင်းကတော့ ရေကန်ဆီကိုသာ စိတ်လှုပ်ရှားစွာ သွားနေသည်။ ရေကန်သည် အမြင်နီးသည်ဟု ထင်ရသော်လည်း တကယ်သွားတော့ ဝေးသည်။ သူမသည် ရေကန်ဘေးတွင်ထိုင်ကာ ရေကိုလက်ဖြင့် အရင်ခပ်သောက်လိုက်သည်။ ထို့နောက် အချိန်အကြာကြီးဝတ်ထားရသည့် ဂါဝန်ကိုချွတ်သည်။ 

စုတ်ပြတ်သတ်နေသည့် ဒီကိုယ်ကို သူမကြည့်ရင်း လုထန်ယုမှာ မသေခင် ဘယ်လောက်တောင် ရက်ရက်စက်စက် ဇွန်ဘီအစားခံရသလဲကို မြင်ရသည်။ လင်းချင်းသည် အဝတ်စုတ်များကိုချွတ်ကာ ရေကန်ထဲသို့ ဆင်းလိုက်ပြီး အဝတ်လျှော်သည်။ ထိုအဝတ်များကို လျှော်နေရသည်မှာ အချိန်အကြာကြီးပင်။ သူမသည် သပ်သပ်ရပ်ရပ်နေရသည်ကိုသာ ကြိုက်သည့်သူဖြစ်သောကြောင့် သူမကိုယ်က ပေါက်ကွဲပြဲထွက်နေသည်များကို ကြည့်ရသည်မှာ အဆင်မပြေလှပေ။

ထို့ကြောင့် သူမ၏အူများကို ထုတ်လိုက်ကာ ကန်ရေဖြင့် သေသေချာချာဆေးကြောပြီးမှ ဗိုက်ထဲကို သေချာပြန်ခေါက်ထည့်လိုက်သည်။ OCDရှိသူတစ်ယောက်အနေဖြင့် သူမကိုယ်သူမ သပ်သပ်ရပ်ရပ်ရှိရန် လုပ်နေသည်မှာ အချိန်အရမ်းကြာသည်။ သူမအနေဖြင့် ဒီလိုလုပ်နေသည်က ဘာမှမခံစားရသော်လည်း သက်ရှိလူသားတစ်ယောက်သာမြင်ပါက အရမ်းထူးဆန်းနေမှာ အမှန်ပင်။

ဗိုက်ကိုရှင်းပြီးသည့်အခါ ပုံပျက်ပန်းပျက်ဖြစ်ကာ သွေးများကပ်ညိနေသည့် ခြေလက်များကို ဆေးကြောသည်။ ထိုသို့လုပ်နေသည့် လင်းချင်းသည် သူမဒဏ်ရာများထဲကနေတစ်ဆင့် ကန်ရေမှ ဖြည်းဖြည်းချင်းဝင်လာသည့် စွမ်းအင်ကို သတိမထားမိပေ။ 

ထိုစွမ်းအင်က သူမ၏ခြောက်ကပ်နေသည့် သွေးများကို တစ်ဖန်ပြန်လည်စီးဆင်းစေကာ ဒဏ်ရာများကို အကျက်မြန်စေသည်။ ချက်ချင်းသိသာတာကြီးမဟုတ်သော်လည်း အနာကျက်နှုန်းသည် ပုံမှန်ထက်မြန်လှသည်။ သူမ၏ခန္ဓာကိုယ်မှ ပိုးများသည် လုံးဝပျောက်ကင်းသွားပြီ ဖြစ်သော်လည်း ဖြူဖပ်ဖြူလျော်မျက်နှာ သွားစွယ်များနှင့် ဇွန်ဘီအသွင်ကတော့ မပြောင်းလဲပေ။

သူမသည် သူ့ကိုယ်မှပြောင်းလဲမှုများကိုရော ဟိုလူ၏ပြောင်းလဲမှုကိုပါ ဘာမှမသိပေ။ ထိုအချိန်တွင် ရေချိုးရင်း သူမသည်အိပ်ငိုက်လာသည်။ ဘာကိုမှမသိခင်တွင်ဘဲ ရေကန်ထဲမှာ ငုတ်တုပ်လေးထိုင်လျှက် မျက်လုံးပိတ်ကာ အိပ်ပျော်သွားတော့သည်။ သူမသည် သုံးရက်ဆက်တိုက် အိပ်ပျော်သွားခဲ့တာ ဖြစ်သည်။

သူမပြန်နိုးလာသည့်အခါ ရေစိမ်ဆဲအနေအထားမှ ကမ်းပေါ်သို့ ပြန်လှည့်တက်လာသည်။ ထိုအခိုက်အတန့်မှာပဲ သူမ၏ခြေလက်တွေက ပိုသွက်လာသည်ကို သတိထားမိလိုက်သည်။ ကန်ဘေးတွင်ရပ်ကာ ခြေထောက်မြှောက်လိုက် ချလိုက်လုပ်ကြည့်သည်။ ထို့နောက်တွင်တော့ ကန်ကြည့်သည်။ သူမ၏ခြေထောက်များသည် လူသားတစ်ယောက်ကဲ့သို့ သွက်လက်နေပြီဖြစ်သည်။

သူမ၏မျက်ဝန်းနက်များဖြင့် လက်နှင့်ခြေထောက်ကိုကြည့်ကာ အကွေးအဆန့်လုပ်ကြည့်သည်။ ထိုခြေလက်များက ဖြူလျော်လျော်ပင်မယ့် အရင်ကထက်တော့ ပိုကောင်းလာပြီ။ ပျော်ရွှင်စွာဖြင့် လေထဲကို လက်သီးတစ်ချက်ထိုးကြည့်သည်။ ထိုလက်သီးထဲတွင် အားတောင်ပါနေသေးသည်။ သူမ၏ အသံရော ပြန်ကောင်းမကောင်းသိချင်လာသဖြင့် ပါးစပ်ဟကာ ‘မဂ်လာပါ’ဟု ပြောကြည့်သည်။   ‘ဂါး ဂါး’   သူမ၏အော်သံကိုကြားသည့်အခါ နဖူးကချွေးအေးများကျလာသည်။ သူမ၏အသံသည် ပြန်မကောင်းသေးပေ။

သူမသည် သက်ပြင်းချကာ ခေါင်းမော့လိုက်သော် ဟိုလူကိုတွေ့လိုက်သည်။ သူမသည် ရေထဲမှာ အိပ်ပျော်သွားသည်က ဘယ်လောက်ကြာလည်း မသိတာတောင်မှ ဒီလူကမနိုးလာသေး။ သူမသည် ဒီလူအနားသို့သွားကာ ထိုင်ချလိုက်သည်။ ထိုလူဆီက အနံ့ကအရင်ကထက် ပိုကောင်းလာသဖြင့် ဗိုက်ဆာလာပြန်သည်။ ထို့ကြောင့် သူမသည် ကောင်းကင်ကိုသာ မော့ကြည့်နေလိုက်သည်။

‘ဒါကဘာနေရာလဲ? ငါတို့ဒီကို ဘယ်လိုရောက်လာတာလဲ? ဘယ်လိုပြန်ထွက်ရမလဲ? ပြန်ထွက်. . .’   ထွက်မည်ဟု တွေးလိုက်သည်နှင့် သူမ၏မျက်လုံးထဲသို့ အလင်းတွေက ဖြတ်ပြေးသွားသည်။ ထို့နောက် ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတော့သည်။

“ဂါး!”   “အား! WTH!”   လင်းချင်းသည် တုံ့ပြန်နိုင်သည့်အခါ အမှောင်ထဲသို့ရောက်နေသည်။  
‘ဘာ. . .ဘာတွေဖြစ်နေပြန်တာလဲ? ခုနတုန်းက ကောင်းကင်အောက်မှာလေ။ အခုချက်ချင်း အမှောင်ထဲ ရောက်လာပြန်ပြီလား?’   ကံကောင်းသည်က သူမတွင် အမှောင်ထဲကိုမြင်နိုင်သည့် မျက်လုံးရှိနေ၍သာ။ သို့သော်လည်း အဖြူအမည်းသာ မြင်ရခြင်းပင်။ သူမလှည့်ကြည့်လိုက်သည့်အခါ ဒီလူလည်း ဘေးမှာရှိနေသည်။

‘နေပါဦး. . .ငါဒီနေရာကို သိပါတယ်’   သူမသည် သေချာပတ်ကြည့်လိုက်သည့်အခါ ဘယ်နေရာမှန်း သိသွားသည်။ ဒီနေရာက သူမတံခါးဖျက်ဝင်လာသည့် အခန်းထဲမှာ ဖြစ်သည်။    ‘ဒီကိုဘာဖြစ်လို့ ပြန်ရောက်လာတာလဲ? မြက်ခင်းနဲ့ ရေကန်လေးရော? ဘယ်ရောက်သွားပြီလဲ?’

သူမသည်ထရပ်ကာ တံခါးပေါက်ကနေ ချောင်းကြည့်လိုက်သည်။ ဇွန်ဘီတွေ တစ်ကောင်မှ အပြင်မှာ မရှိတော့ပေ။ သူမသည် ဖြစ်သမျှကို သေချာပြန်တွေးပြီး ဘာဖြစ်လို့ ဒီကိုရောက်လာသလဲ တွေးနေမိသည်။   ‘ဟုတ်သားပဲ။ ခုနတုန်းက ထွက်မယ်လို့ တွေးလိုက်တော့ ပြန်ထွက်လာပြီး ဒီကိုရောက်လာတာပဲ ဖြစ်မယ်။ ထွက်မယ်? ထွက်မယ်ဆိုတာက ဘာကြီးတုန်း?’

လင်းချင်းက ယောင်ဝါးဝါးအတွေးများဖြင့် သူမ၏နဖူးကို ထိလိုက်မိသည်။    ‘ငါပြန်သွားလို့ရမလား?’   ထိုအတွေးပေါ်လာသည်နှင့် မျက်လုံးထဲတွင် အလင်းများဖြတ်ပြေးသွားကာ  မြက်ခင်းပြင်နှင့် ရေကန်လေးရှိရာသို့ ပြန်ရောက်လာသည်။    ‘ဒီနေရာက တကယ်ထူးဆန်းတယ်။ ဒါနဲ့ငါလည်း သဘာလွန်စွမ်းအားတွေ ရနေတာလား? ငါ့မှာနေရာလွတ်စွမ်းရည်ရှိတာလား?’

လင်းချင်းသည် မနေမရာအတွေးများဖြင့် သူမ၏နဖူးကို ထိလိုက်မိပြန်သည်။ ဒီတစ်ခါတော့ သူမ၏မျက်ခုံးနှစ်ခုကြားတွင် ဒီနေရာနှင့်ဆက်စပ်သည့် အရာတစ်ခုရှိနေကြောင်းကို ခံစားမိလိုက်သည်။   ‘ငါ့နဖူးထဲမှာ သဘာလွန်ကျောက်ရှိနေတာလား?’
Previous Chapter 5 of 20 Next