May Honey Logo May Honey
Previous Next

၇။ အစားအသောက်အနံ

ညပိုင်း၏ကောင်းသည့်အချက်တစ်ခုမှာ ပူလောင်နေသည့် နေပိုင်းထက် အများကြီးအေးတာပဲ ဖြစ်သည်။ 

အခုတော့ လင်းချင်းသည် သဘာဝကျစွာနှင့် ပိုမြန်ဆန်စွာ လျှောက်လာနိုင်ပြီဖြစ်သည်။ သူမ၏တောင့်ခဲနေသလို ခံစားချက်ကြီးမှာ အပြီးတိုင် ပျောက်ဆုံးသွာခဲ့ပြီ။ သူမသည် လမ်းလျှောက်ရင်းဖြင့် တွေးနေမိခဲ့သည်။
‘ဘာတွေဖြစ်နေတာလဲ? အရင်ကထက် ငါပိုသွက်လာသလိုပဲ?’

ရုတ်တရက် သူမ၏နှာခေါင်းထဲသို့ ဘာမှန်းမသိသည့် အနံတစ်ခုက တိုးဝင်လာသည်။   ‘ဟင်? ဒီအနံက! ဒါကစားရမယ့်ဟာ တစ်ခုခုပဲ!’   လင်းချင်းသည် မသိစိတ်အရ ဒီအတွေးဝင်လာသည်။ ထိုအနံ့သည် အစားအသောက်၏ ချိုမြိန်သည့်အငွေ့အသက်ဖြစ်သည်။ 

သူမသည် ခေါင်းလေးကို မော့ချီကာ သေချာအနံ့ခံရင်း သူမ၏ဘယ်ဘက်က သစ်တောထဲသို့ ဝင်လိုက်သည်။ သစ်တောထဲတွင် လုံးဝကို မှောင်ပိန်းနေသော်လည်း ဇီးကွက်လို အမြင်ရှိနေသည့် သူမအတွက်ကတော့ ဒါကမှုစရာမဟုတ်ဘဲ အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
‘အမြင်အာရုံရော အနံခံအာရုံပါ ကောင်းနေတော့လည်း ဇွန်ဘီဖြစ်ရတာ သိပ်တော့မဆိုးလှပါဘူး’

သစ်တောထဲသို့ ပိုတိုးဝင်လေလေ အနံ့က ပိုပြင်းလာလေလေဖြစ်သည်။ အခြားအနံ့တွေကို ရလာပြီဖြစ်သော်လည်း သူမသည် ပထမဆုံးရလိုက်သည့် အနံ့အနောက်ကိုသာ လိုက်လာသည်။ ဘာလမ်းမှမရှိသည့် သစ်တောထဲသို့ သူမသည် သစ်ပင်ခြုံနွယ်များကို လက်ဖြင့်ရှင်းကာ ထိုအနံ့အနောက်ကို လိုက်နေသည်။ သူမပိုလျှောက်လာလေလေ အနံ့ကပိုပြင်းလာလေလေ ဖြစ်သည်။  
‘ဒီအနားမှာပဲ! စားရတာတစ်ခုခုက! ဇွန်ဘီတွေအတွက် စားစရာ လူသားတွေ စားရတာတော့ မဟုတ်လောက်ဘူးထင်တာပါပဲ’

သူမသည် သစ်ပင်ကြီးတစ်ခု၏ ပင်စည်နားက အမြစ်သို့ ရောက်သည့်အခါ ရပ်တန့်သွားသည်။ သစ်ပင်၏ပင်စည်တွင် အခေါင်းပေါက်တစ်ခုရှိနေပြီး အနံ့က ထိုအထဲမှ ထွက်နေတာ ဖြစ်သည်။   ‘လူသားမဟုတ်ဘူးပဲ! တော်ပါသေးရဲ့!’

ထိုအပေါက်သည် လူ့ခေါင်းအရွယ်လောက်သာရှိသည်။ ထို့ကြောင့် သူမသည် မြေကြီးပေါ်တွင်ထိုင်ချလိုက်ကာ အပေါက်ထဲသို့ ခေါင်းတိုးဝင်ကြည့်လိုက်သည်။    ‘ကျွိ’

ရုတ်တရက်ဆိုသလို ဘာမှန်းမသိရသေးသည့်အရာတစ်ခုက သူမ၏မျက်နှာအနားသို့ ပြေးကပ်လာသည်။   ‘ဟဲ့! ဟဲ့! ဘာကြီးတုန်း!’ 

သူမသည် လက်ကိုပါတိုးဝင်၍ ချက်ချင်းမကာကွယ်နိုင်သဖြင့် ထိုမဲမဲအရာကို အစွယ်ထုတ်ပြီး အားပြင်းပြင်းဖြင့် တန်းကိုက်ပစ်လိုက်သည်။ ထိုအမွေးများဖြင့်အရာသည် အကိုက်ခံလိုက်ရသဖြင့် ရုန်းနေသည်ကို သူမခံစားမိလိုက်သည်။ ထို့နောက် ချိုမြိန်သည့်သွေးများက သူမကိုက်လိုက်သည့်နေရာမှနေ စီးကျလာသည်။ အချိန်ခနလောက် ရုန်းကန်ပြီးသည့်အခါ ထိုအရာသည် တောင့်သွားတော့သည်။

ထိုအခါမှ လင်းချင်းသည် သစ်ခေါင်းထဲမှ ခေါင်းကိုပြန်ထုတ်၍ ကြည့်လိုက်သည့်အခါ ဆွံ့အသွားခဲ့သည်။
‘ဒါက မြေကြွက်ဝဝကြီး!’

လင်းချင်းသည် ကြွက်သေကို သေချာကြည့်လိုက်သည်။ ထိုပြောင်းလဲသွားသည့်ကြွက်သည် သွားချွန်ချွန်နှစ်ချောင်းက အပြင်သို့ခေါထွက်နေကာ အမွေးများမှာလည်း ထူပိန်းနေပြီး အရင်ကကြွက်များထက် အများကြီးပိုကြီးလာသည်။

လင်းချင်းသည် သူမ၏ပါးစပ်အနားမှ သွေးများကို လျက်ကြည့်လိုက်သည်။ အံ့သြစရာကောင်းစွာပင် ထိုသွေးများက သူမ၏ပါးစပ်ထဲတွင် ချိုမြိန်နေသည်။  သူမသည် ကြွက်သေကို အမြီးကနေကိုင်ရင်း ပြုံးလိုက်မိပြီ။   ‘ဒီမြွေကြွက်ကို စားရရင် တခြားအကောင်တွေကိုလည်း စားရမှာပဲမလား?’ 

‘ကျွိ ကျွိ’
ထိုအချိန်တွင် သစ်ခေါင်းထဲမှ အသံများထွက်လာသည်။ သူမ၏ အနံ့ခံအာရုံအရဆိုလျှင် ကြွက်ပေါက်လေးများ ဖြစ်လိမ့်မည်။ သစ်ခေါင်းထဲသို့ လက်နှိုက်ကြည့်လိုက်သည့်အခါ ထင်သလိုပဲ အရမ်းနူးညံ့ပျော့ပြောင်းတာတွေကို တွေ့လိုက်ရသည်။

လင်းချင်းသည် သူမ၏လက်ပေါ်မှ အမွေးမပေါက်သေးသည့် ကြွက်ပေါက်တွေကိုကြည့်ကာ အတွေးတစ်ခုရသွားသည်။   ‘ဒီကြွက်တွေက ငါ့ပါးစပ်ထဲကိုရောက်ဖို့ သေးလွန်းသေးတော့ ငါ့နေရာလွတ်ထဲမှာ သိမ်းထားလို့ ရမလားမသိဘူး?’   ထိုအတွေးနှင့်အတူ သူမသည်အာရုံစိုက်ကာ စကားတစ်ခွန်းကို စိတ်ထဲမှာ ပြောလိုက်သည်။   ‘ဝင်!’

နောက်တစ်စက္ကန့်အတွင်းမှာ သူမသည် ကြွက်ကြီးနှင့် ကြွက်ပေါက်လေးများကို လက်ထဲတွင် ကိုင်လျှက် မြက်ခင်းပြင်သို့ ရောက်ရှိနေသည်။ ကြွက်ကြီးကို သူမသတ်လိုက်ပြီဖြစ်သော်လည်း ကြွက်လေးတွေကို စားရမည့်အချိန်အထိ မွေးထားချင်သည်။ သူမသည် ကြွက်ပေါက်၆ကောင်ကို ကြည့်ကာ တွေးနေမိသည်။   ‘ငါကဘာကျွေးထားပြီး မွေးရမှာလဲ? ဒီနေရာမှာက မြက်နဲ့ရေကန်ပဲရှိတာ’   သူမသည် ကြွက်ကြီးကို ဘေးသို့ချလိုက်ကာ မြက်တစ်ချို့ကို နှုတ်လိုက်ပြီးနောက် အသိုက်လုပ်လိုက်သည်။   ‘မသိတော့ဘူး။ အခုတော့ ဒီမှာထားခဲ့လိုက်မယ်။ မရှင်တော့လည်း စားလိုက်တာပေါ့’

သူမသည် ကြွက်သေကြီးကို ကြည့်ကာ မီးမရှိဘဲ ဒီတိုင်းစားရမလား တွေးနေမိသည်။   ‘ဇွန်ဘီတွေက အစားအသောက်ကို အကျက်စားရလား မရဘူးလား ငါမသိဘူး။ တကယ်လို့ ကျက်နေတဲ့အစားအသောက်တွေက စားမရရင်ရော? အသားစိမ်းပဲ စားနေရင်ရော ဘာဖြစ်မှာလဲ?’

သူမသည် ကြွက်သေကြီးကို ကိုင်ကာ နေရာလွတ်ထဲမှ ထွက်လာသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်သော်လည်း သစ်ပင်များအပြင် ဘာမှမရှိပေ။ လူသားများနှင့် ဝေးရာသို့ သူမလျှောက်လာပြီ ဖြစ်သောကြောင့် ဒီတောထဲတွင် မီးဖိုလို့ရမည့်အရာ ဘာကိုမှ မတွေ့ဘူး။ ပြီးတော့လည်း သူမတွင် မီးစွမ်းရည်လည်း ရှိမနေပေ။

နောက်ဆုံးတွင်တော့ သူမသည် ကြွက်သေကိုကြည့်ရင်း စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမ၏လက်သည်းများကိုသုံးကာ ကြွက်သေကို အရေခွံနွှာလိုက်သည်။

သူမသည် ကြွက်ကိုစားရခြင်းအား ဘယ်လိုမှမနေပေ။ အဘယ်ကြောင့်ဆိုသော် ၁၅ရက် လေ့ကျင့်ရေးဆင်းတုန်းက တောထဲတွင် ရှာတွေ့သမျှကိုသာ စားခဲ့ရသည်။ ထိုအချိန်တုန်းက ကြွက်များတင်သာမက မြွေ၊ ဖား၊ တီနှင့် အခြားသတ္တဝါများကို စားခဲ့ရသည်။ သို့သော်လည်း သူမနှင့် အသင်းဖော်များသည် မီးရှိနေလို့ တော်သေးသည်။ အခုတော့. . .

သူမသည် သက်ပြင်းချရင်း အခွံနွှာလိုက်သည်။ အရေပြားအောက်တွင်ရှိသည့် အသားများကို လင်းချင်းသည် သွေးတစ်စက်မကျစေဘဲ ကျွမ်းကျင်စွာ နွှာလိုက်သည်။ ထို့နောက် ခေါင်းနှင့် အူကလီစာများကို ဖယ်ပစ်လိုက်ကာ အသဲကိုထုတ်လိုက်သည်။

သူမသည် အနံ့ခံလိုက်သည့်အခါ မကောင်းသည့်အနံ့မျိုးမရပေ။ ထို့နောက် လျှာဖြင့်စမ်းတို့ကြည့်လိုက်သည့်အခါ နူးညံ့ပြီးနွေးထွေးနေသည်။ ထို့နောက် သက်ပြင်းချကာ အသဲတစ်ခုလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဝါးရမည်ကို နည်းနည်းကြောက်နေသဖြင့် ခနငုံထားလိုက်သော်လည်း ထိုအရာကချိုလွန်းသောကြောင့် သူမသည် ဝါးမစားဘဲ မနေနိုင်ပေ။

ကြွက်အသည်းသည် နူးညံ့ကာ ပျော့ပြောင်းပြီး  ဘာအရသာအမှုန့်မှ မထည့်တာတောင့် သူမအတွက် အရသာရှိလွန်းနေသည်။ ထို့ကြောင့် အကုန်စားလိုက်သည်။ အသားစိမ်းကို ပထမဆုံးအကြိမ် စမ်းစားပြီးသည့်နောက်တွင်တော့ သူမသည်စိတ်နည်းနည်း သက်သာသွားသည်။ ထို့ကြောင့် ကြွက်အသားများကို စားလေသည်။ နောက်ဆုံးတွင်တော့ သူမသည် အရိုးကအစ ဝါးစားကာ မြိုချလိုက်သည်။

ထိုအချိန်တွင် ဗိုက်ကိုသတိရသွားကာ ဂါဝန်ကိုလှန်ပြီး အမြန်ကြည့်လိုက်သည်။   ‘ငါ့အစာအိမ်လေး ရှိရောရှိသေးရဲ့လား မသိဘူး?. . .အူတွေထွက်နေတာကို သိပင်မယ့် တခြားဟာတွေရှိမရှိ သေချာမစစ်မိခဲ့ဘူး။ အခုတော့ စိတ်ပူနေရပြီ။ အစာအိမ်သာ မရှိရင်တော့ ခုနက ငါစားထားတာတွေက ဘယ်ကိုကျသွားမလဲ မသိဘူး? နိုးလာတည်းက ဒီကိုယ်က ဗိုက်ကြီးပွင့်နေပင်မယ့် ငါနေရထိုင်ရခက်တာမျိုးမှ မရှိခဲ့တာ။ ဒါပင်မယ့် ဗိုက်ကတော့ ဆာတယ်!’
Previous Chapter 7 of 20 Next