၁၁။ ထိန်းချုပ်ခံရသည့် ဇွန်ဘီများ
လင်းလင်းအား ရေတိုက်သည့်အခါတွင် ပထမတုန်းက ပြန်လျှံထွက်လာသော်လည်း လင်းချင်း၏ကြိုးစားမှုတို့ကြောင့် ထိုကလေးမလေးသည် အသိပြန်ကပ်လာကာ ရေကိုမြိုချလိုက်သည်။ ကလေးမလေးက ရေသောက်မှပဲ လင်းချင်းသည် စိတ်သက်သာရရသွားသည်။
ရေနည်းနည်းသောက်စေပြီးသည့်အခါ လင်းချင်းသည် သစ်ရွက်ခွက်ကို လွှတ်ပစ်လိုက်ကာ မြက်ခင်းပြင်ပေါ်တွင် ကလေးမလေးကိုချကာ စောင်ခြုံပေးထားလိုက်သည်။ ထို့နောက် ကလေးမလေး၏ ရင်ဘတ်ကိုထိ၍ နှလုံးခုန်နှုန်းကို စမ်းကြည့်သည့်အခါ နှေးနေသေးသော်လည်း အစတုန်းကလို ပုံမှန်မဟုတ်တော့တာတော့ မဟုတ်တော့ပေ။
လင်းချင်းက တွေးကြည့်လိုက်သည့်အခါ အကောင်းဆုံးလုပ်ရပ်သည့် ကလေးမလေးအား သူ့အဖေဆီသို့ ပြန်ပို့လိုက်ခြင်းသာ ဖြစ်သည်။ မူလကိုယ်က မကောင်းတာမျိုးစုံကို လုပ်ထားသည့်သူ ဖြစ်သည်။ ထို့ကြောင့် ဒီကလေးမလေးသာ သူမနှင့်အတူရှိနေပါက အန္တရာယ်များကာ သင့်တော်မည် မဟုတ်ပေ။ ဇွန်ဘီတစ်ကောင်အနေဖြင့် သူမသည် လူသားစားချင်စိတ်ရှိသည်။ ထို့ကြောင့် ဒီကလေးမလေးအား သူမစားမိသွားမည်ကိုလည်း စိုးရိမ်ရသေးသည်။
ကလေးကိုပြန်တွေ့ပြီမလို့ လူတွေရှိရာသို့သွားကာ ကလေးကိုချထားပြီး သူတို့ကိုအသိပေးလိုက်လျှင် ဖြစ်သည်။ ဒီကိစ္စက ရှင်းနေပင်မယ့်လည်း သူမသည် ဇွန်ဘီဖြစ်နေသည်။ လူတွေက သူမကိုတွေ့လျှင် တိုက်ခိုက်လိမ့်မည်။ တော်သေးသည်က အရင်က မိတ်ကပ်မျက်နှာဖြင့် မိန်းမမှန်း သိပ်မသိသာတော့ခြင်းသာ။ သို့သော်လည်း ဒီလူတွေက မြင်သည်နှင့် သတ်ဖို့ကြိုးစားရင် သူမဘယ်လိုလုပ်ရမည်နည်း?
တစ်ချိန်လုံးအိပ်ပျော်နေခဲ့သည့် ကလေးမလေးကလည်း ဒီအချိန်မှာပဲ ရုတ်တရက် မျက်လုံးပွင့်လာလေသည်။ လင်းချင်းသည် ကလေးမလေးနိုးလာသည်ကို မသိလိုက်ပေ။
“အား!!!” ကလေးမလေး၏ အာခေါင်ခြစ်အော်သံကြောင့် လင်းချင်းသည့် လန့်သွားသည့် ကြောင်တစ်ကောင်လိုမျိုး လန့်ခုန်မိကာ အစွယ်များကိုထုတ်မိသွားသည်။
သူမလှည့်ကြည့်လိုက်သည့်အခါ ထထိုင်နေသည့် ကလေးမလေး၏ မျက်လုံးတောက်တောက်လေးများက ကြောက်လန့်တကြား သူမကိုကြည့်နေသည်။ ထိုအခါ လင်းချင်းသည် ဘာပြောရမလဲ မသိတော့ပေ။
ဝူယွဲ့လင်းသည်လည်း လင်းချင်း၏ ဒီလိုပုံကိုမြင်သည့်အခါ ကြောင်သွားသည်။ သို့သော်လည်း သူမ၏အရှေ့က လူသားစားဇွန်ဘီမှန်း သိလိုက်သည်။ သူမ၏အဖေက ဇွန်ဘီများသည် လူသားကို စားတက်ကြသည်။ အထူးအသဖြင့် သူမလို ကလေးများကို စားသည်ဟု ပြောပြထားသည်။
ဝူယွဲ့လင်းသည် လင်းချင်းအား စိုက်ကြည့်နေသည်။ သူမသည် ငိုချင်သော်လည်း မငိုရဲဘဲ တစ်ကိုယ်လုံးတုန်လာသည်။ သူမ၏ခေါင်းထဲတွင်တော့
‘အစားခံရတော့မှာပဲ! စားပစ်လိုက်တော့မယ်!’
အလန့်ပြေသွားသည့် လင်းချင်းသည် သူမ၏ရင်ဘတ်ကိုဖိကာ စိတ်ငြိမ်ရန် ပုတ်လိုက်သည်။ ထိုအခါမှ သူမသည် နှလုံးမခုန်တော့ကြောင်းကို ပြန်သတိရသည်။
‘လန့်သေတော့မတက်ပဲ။ ဒီကလေးမလေးကြောင့် နှလုံးရောဂါရတော့မှာလားလို့. . .ဘုရားရေ’ လင်းချင်းသည် ရင်ဘတ်ကိုပုတ်နေရင်း တစ်ခုကို သတိရသွားသည်။ ‘အာ! သေလိုက်စမ်းပါ! ငါကဇွန်ဘီလေ! ဘယ်လိုလုပ်ပြီး ဒီကလေးမလေးက ငါ့ကိုသေစေမှာလဲ!’
သူမအား မျက်လုံးအပြူးသားဖြင့် ကြည့်ကာ တုန်နေသည့် ကလေးမလေးကိုကြည့်ရင်း ဒီကလေးမလေးသည် သူမအနားသို့ တိုးသွားပါက လန့်သေသွားလောက်သည်ဟု ခံစားရသည်။ သို့သော်လည်း ထိုအတွေးမဆုံးခင်တွင် ကလေးမလေးသည် မျက်ဖြူလန်ကာ မေ့လဲသွားတော့သည်။
‘မြင်လား? ငါ့ကိုကြောက်ပါတယ်. . .ဒါနဲ့ ခနလေး. . .ငါ့မျက်နှာက ဒီလောက်အထိ ကြောက်ဖို့ကောင်းနေလို့လား?’ လင်းချင်းက တွေးနေသည်။ ကလေးများလေးကို သွားကြည့်သည့်အခါ ကြောက်လွန်း၍ မျက်နှာတွေတောင် ပြာနှမ်းနေခြင်းအား မြင်လိုက်ရသည်။
လင်းချင်းသည် ကလေးမလေးအား သက်တောင့်သက်သာဖြစ်အောင် စောင်ခြုံပေးထားလိုက်သည်။ ထို့နောက် စိတ်ထဲမှ ‘ထွက်’
သူမ၏မျက်လုံးထဲတွင် အလင်းတန်းများ ဖြတ်ပြေးသွားကာ အရင်နေရာသို့ ပြန်ရောက်လာသည်။ သူမသည် အနားက ဇွန်ဘီများကိုကြည့်ကာ သူမ၏အမိန့်ကို နားလည်သလို ခံစားလိုက်ရသည်။ ထို့ကြောင့် ဇွန်ဘီများ၏ အတွေးထဲသို့ စကားတစ်ခွန်းပို့ကြည့်သည်။ ‘အရမ်းဗိုက်ဆာတယ်’
သူမကိုယ်တိုင်လည်း ဒီကလေးမလေး၏ အနံကိုတစ်ချိန်လုံးရနေသောကြောင့် ဗိုက်တကယ်ဆာနေတာ ဖြစ်သည်။
အခုနတုန်းကလို ဇွန်ဘီကရုတ်ရုတ်သဲသဲ ဖြစ်လာပြန်သည်။ ထိုအချိန်တုန်းက ဇွန်ဘီတွေကသာ ဟိုသုံးယောက်ကို ဝင်တိုက်လျှင် သူမအတွက် အခွင့်အရေးရမည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သူမဖြစ်စေချင်သလို ဇွန်ဘီတို့က တကယ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ဇွန်ဘီများက သူမ၏အမိန့်ကိုနားလည်၍ ရောက်လာသလားဟု ထင်မိသည်။
ထို့ကြောင့် အနားကဇွန်ဘီကို ကြည့်ကာ စိတ်ထဲကရွတ်လိုက်သည်။
‘ငါ့ကိုကြည့် . . .ငါ့ကိုကြည့်ကြ’
ထင်သလိုပင် ဇွန်ဘီက သူ့၏မီးခိုးဖျော့ရောင်မျက်လုံးများဖြင့် လင်းချင်းကို ရှုပ်ထွေးစွာ လှည့်ကြည့်လာကြသည်။
‘လျှောက်လာ’ လင်းချင်းက စိတ်ထဲက ထပ်၍ရေရွတ်လိုက်သည်။ ထိုအခါ ဇွန်ဘီက သူမဆီသို့ တရွေ့ရွေ့လျှောက်လာကြသည်။
လင်းချင်းသည် ဇွန်ဘီကောင်တွေက သူမ၏အမိန့်ကို နာခံကြကြောင်း သိလိုက်ရသည့်အခါ အရမ်းအံ့သြသွားသည်။ ‘ငါကအဆင့်မြင့် ဇွန်ဘီဖြစ်နေပြီလား? အဲ့ဒါကြောင့် ညဏ်မရှိသေးတဲ့ ဇွန်ဘီတွေကို ထိန်းချုပ်လို့ရတာလား?’
သူမတွေးနေသည့် အချိန်အတွင်းမှာပဲ ဇွန်ဘီက သူမ၏အနားသို့ ရောက်လာကြပြီ ဖြစ်သည်။ လင်းချင်းက သူတို့ကိုကြည့်ကာ လက်ဝေ့ပြလိုက်သည်။ ‘သွားတော့’ သူမ၏အမိန့်ကို နာခံစွာဖြင့် လှည့်ထွက်သွားသည်။
လင်းချင်းက တခြားဇွန်ဘီကို စမ်းကြည့်သည့်အခါတွင်လည်း အတူတူဖြစ်သည်။ အခုတော့ သူမသည် အဆင့်မြင့်နေကြောင်းကို သိလိုက်ပြီ။ သို့သော်လည်း ဇွန်ဘီတွေတွင် ဘယ်လိုအဆင့်ခွဲသလဲ မသိသလို သူမ၏အဆင့်ကိုလည်း မသိပေ။
ထို့နောက် လင်းချင်းသည် လုထန်ယု၏ မှတ်ညဏ်များထဲတွင် ဟိုယောက်ျားအား မုဒိန်းကျင့်ခဲ့သည့် အဆောက်အအုံ၏ နေရာကို ရှာလိုက်သည်။ နေရာကိုသိသည်နှင့် ထိုနေရာသို့ သွားတော့သည်။
ထိုယောက်ျားက ဒီနေရာတွင် ရှိမရှိ မသိသော်လည်း အနီးအနားတွင် ရှိနေလိမ့်မည်ဟု သူမထင်သည်။ သူ့သမီးလေးကို ထိုအနားတစ်ဝိုက်တွင် ရှာဖွေနေလောက်သည်။ အခုက ညဘက်ဖြစ်သောကြောင့် သူမအတွက် ပိုအဆင်ပြေသည်။
သူမသည် မမောပန်းဘဲ အမြန်ပြေးသွားသည်။ နှစ်နာရီလောက်ကြာသည့်အခါ ထိုနေရာသို့ ရောက်လာသည်။ သို့သော်လည်း လူသားအနံ့အသက်ကို လုံးဝမရပေ။ ထို့ကြောင့် သူမသည် စိတ်ချင်းဆက်သွယ်ရန်အတွက် ဇွန်ဘီတစ်ကောင်ကို ထောင့်တစ်ခုတွင် ခေါ်လိုက်သည်။
‘ဒီနေရာမှာ လူမရှိဘူးလား?’ သူမသည် တိတ်ဆိတ်စွာမေးလိုက်သော်လည်း ဇွန်ဘီက နားမလည်သလို ကြောင်ကြည့်နေလေသည်။
“ဂါး” သူမအော်မေးသည်က ‘လူသား?’
သို့သော်လည်း ဇွန်ဘီက ဘာမှပြန်မဖြေနိုင်ဘဲ ကြောင်ကြည့်နေဆဲပင်။
“ဂါး…?” သူမထပ်မေးသည်က ‘လူသားတွေကို မမြင်မိဘူးလား?’
ဇွန်ဘီသည် နားမလည်လွန်းသဖြင့် သူမကိုကြည့်မနေတော့ပေ။ လင်းချင်းသည်လည်း ဘယ်လိုရှေ့ဆက်ရမလဲ တကယ်မသိတော့ပေ။