May Honey Logo May Honey
Previous Next

အပိုင်း (၈)

မျက်လုံးများမှိတ်၍ အမှောင်ကျသွားပြီးနောက် နာရီဝက်ကျော်ကြာသည့်အခါ. . .

ကျန်းဝူချင်းသည် သူ့နှုတ်ခမ်းထောင့်ကို သပ်လိုက်သည်။ သူ့မျက်နှာကို ဘယ်သူကြည့်ကြည့် သူပျော်ရွှင်နေမှန်း သိနိုင်သည်။ သူ့ဘယ်ဘက်ရင်ဘတ်အပေါ်သို့ လက်တင်လိုက်သည်။ သူ့နှလုံးက အရမ်းခုန်နေကာ သူအရမ်းပျော်နေသည်။ ထိုခံစားချက်တို့ကြောင့် သူပျံတောင်တက်နိုင်သည်။ 

ထိုကဲ့သို့ ဘယ်တုန်းကမှ မပျော်ဖူးပါ။ လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ကျော်က အထီးကျန်မှု အကုန်လုံးသည် အခုလိုကောင်းမွန်သည့် အချိန်အခိုက်အတန့်ကိုရဖို့ စောင့်ဆိုင်းရခြင်းဆိုလျှင် သူ့အတွက် ထိုက်တန်သည်။ ထိုက်တန်လွန်းသည်။

အခန်းထဲမှ ရှလျန်ထွက်သွားသော်လည်း ကျန်းဝူချင်းက စိတ်မဆိုးတော့ပါ။ ထွက်သွားခြင်းကို မကြိုက်ဆဲဖြစ်သော်လည်း ပြန်လာမည့်အချိန်အထိ သည်းခံ၍ စောင့်မည်ဟု သူကပြောသည်။ 

သိမ်းပကားနယ်မြေထဲမှ ထွက်လာချိန်တွင် အကုန်လုံး၏ အကြည့်အောက်မှာ ရှလျန်သည် အနည်းငယ် ရှက်နေခဲ့သည်။ 9957ကတော့ ရှလျန်အပေါ် ကျေနပ်နေသည်။ ဘယ်လောက်ပဲ တည်ငြိမ်သူဖြစ်ပါစေ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး နာရီဝက်ခန့် ထိကိုင်ပွေ့ဖက် နမ်းရှုံ့ခံရသဖြင့် သူမ၏အမှုအယာသည် အရင်လိုထိုင်းမှိုင်းနေသော်လည်း ပါးတို့တွင် ရှက်သွေးဖြန်းနေကာ ပုံမှန်နှင့် မတူပါ။ နောက်ဆုံးတော့ သူမလည်း ရှက်တက်သွားပြီ။

တာဝန်ပြီးဆုံးမှုနှုန်းသည် တိုးတက်မှုမရှိဘဲ ၅%တွင် ရပ်နေဆဲဖြစ်သော်လည်း 9957ကတော့ ဒါသည်ပြဿနာမဟုတ်ဘဲ နောက်အကြိမ်များတွင် တိုးတက်မှုရှိလာမည်ဟု အခိုင်အမာပြောသည်။ မသမာသည့်စနစ်ထံတွင် ရောင်းစားခံလိုက်ရမှန်း ရှလျန်က မသိပါ။ ကျန်းဝူချင်းသာ သူ့ကို ကူညီမည့်စနစ်ရှိနေမှန်းသိလျှင် သုံးလောကလုံးကို ရူးသွပ်သွားအောင် သူ့အပြုံးတို့က ပို၍လှလာနိုင်သည်။

“လျန် ပြန်ရောက်နေတာကို ကိုယ့်ဆီကိုမလာဘဲ ဒီကိုအရင်လာတယ်! အဲ့ဒီကျန်းဝူချင်းကို ဒီလောက်ကြိုက်တာလား? ကိုယ်တို့တွေက မင်းအတွက် မလုံလောက်သေးဘူးလား? မင်းနဲ့အတူ ရှိနိုင်ဖို့အတွက် ကိုယ်တို့တွေက ဒီလောက်တောင် လိုက်လျောပေးထားပြီးပြီလေကွာ!”   နာကျင်နေသည့်အသံတစ်သံက အနောက်ကနေထွက်လာသဖြင့် ရှလျန်၏ကိုယ်မှာ တောင့်ခဲသွားသည်။

‘သွားပြီ! ရှယုရဲ့ ယောက်ျားတစ်ယောက်ပဲ ဖြစ်မယ်’
ရှလျန်သည် သူမကိုယ်သူမတည်ငြိမ်အောင်လုပ်၍ အနောက်ကလူကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ တိုက်ဆိုင်စွာ ထိုလူသည် သူမသိသည့် လင်းဇယ်ဖြစ်သည်!

ရှယုအား မူလဇာတ်လိုက်၏ အရာအားလုံးကို ခိုးယူနိုင်စေသည့် စွဲဆောင်နိုင်သူဖြစ်သလို ရှယုနှင့် အရင်ဆုံးချစ်ကြိုက်သည့်သူလည်း ဖြစ်သည်။ အခုတော့ ရှယုတွင် ချစ်ကြိုက်ရသူ များနေသဖြင့် သူသည် တစ်ဦးတည်းသောယောက်ျားမဖြစ်နိုင်တော့ဘဲ ယောက်ျားများထဲမှ တစ်ယောက်သာ။ သူနှင့်အတူပေါင်းဖက်နေသည့်သူသည် သူချစ်မြတ်နိုးသည့် အမျိုးသမီး မဟုတ်တော့ဘဲ ထိုအမျိုးသမီး၏ ညီမအရင်းဖြစ်ကြောင်းကို မသိသေးသည်က ပိုဆိုးသည်။

“ဒါက တားမြစ်နယ်မြေ။ နင်လာသင့်တဲ့နေရာ မဟုတ်ဘူး!”   ရှလျန်သည် ရှယု၏ အသံနှင့်အမှုအယာကို အတုယူကာ စိတ်တိုနေသလို လင်းဇယ်အား ပြောသည်။ 

သို့သော်လည်း သူမ၏လက်တို့ကတော့ စိုးရိမ်၍ တုန်လှုပ်နေပြီ။ ဝိညာဉ်ထောက်လှမ်းခြင်းဖြင့် စူးစမ်းမည်ဆိုပါက သူမနှင့်ရှယုတို့ကြားက ကွာခြားချက်ကို သိသွားနိုင်သည်က အချိန်မရွေးပင်။ သူမ၏ ကျင့်ကြံခြင်းအဆင့်က ဆိုးဝါးစွာ နိမ့်ကျနေ၍ပင်! အခုအချိန်တွင် လင်းဇယ်က သဝန်တိုလွန်းနေ၍ ကံကောင်းနေသည်။ သူ့မိန်းမကို သူပြန်ခေါ်ချင်ရုံ ဖြစ်ပြီး သူ့အရှေ့ကလူသည် အတုဖြစ်ကြောင်းကို မသိရှိပါ!

“ရှလျန်!”
လင်းဇယ်သည် သူမ၏သဘောထားကြောင့် နာကျင်သွားကာ စိတ်ဆိုးလာ၍ အရှေ့သို့ လျှောက်လာကာ သူမ၏လက်ကို တစ်ဖက်ကလွယ်ကူစွာ ဖမ်းဆွဲ၍ နောက်တစ်ဖက်က ခါးကိုဖက်ကာ ရှလျန်၏ လည်ပင်းအား နမ်းရှိုက်ဖို့လုပ်သည်!

သို့သော်လည်း ရှလျန်၏လည်ပင်းကို လက်ဖြင့်ထိလိုက်သည်နှင့် သွားရာကြီးကို သူထိမိလိုက်သည်။ ထိုသွားရာသည် သာမန်လူတောင် လျစ်လျူရှုနိုင်ဖို့ ခက်ခဲလေရာ ကျင့်ကြံခြင်းမြင့်သူတို့ဆိုလျှင် ပိုဆိုးသည်။

“ဒါကဘာလဲ? မင်း ကျန်းဝူချင်းနဲ့ အိပ်လိုက်ပြီလား?”   လင်းဖယ်သည် ဒေါသတကြီးဖစ်လာ၍ ရှလျန်၏ဆံပင်တို့ကို ဘေးကိုဖယ်ကာ လည်ပင်းကို ပေါ်စေသည်။ ထိုလည်ပင်းတွင် သွားရာအမှတ်အသားတို့ အပြည့်ပင်!

“နင်ရူးနေတာလား! ငါ့ကိုလွှတ်စမ်း!”   ရှလျန်က ဘုရင်မတစ်ပါးလို အေးစက်စွာပြောသည်။ သူမသည် စိတ်ထဲတွင်တော့ ချွေးအေးများ ထွက်နေလေပြီ။ အခုအချိန်က အန္တရာယ်များလှသည်။ လင်းဇယ်၏ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလေရာ သူမ၏အိပ်ငွေ့ချခြင်းအတက်ကို သတိမထားမိအောင် အသုံးပြု၍ မရပါ။

ထိုအမှတ်အသားတို့ကို မြင်သည့်အခါ လင်းဇယ်သည် အလွန်စိတ်ဆိုးသွားသော်လည်း နာခံမှုရှိစွာဖြင့် သူမအားလွှတ်ဆဲပင်။ သူသည် လှောင်ချိုင့်ထဲက သားရဲတစ်ကောင်လို ဖြစ်နေသည်။ သူမ၏အနားတွင် ဟိုဒီနှစ်ပတ်လောက် လျှောက်နေရင်း သူ့ဒေါသတို့ကို မထိန်းနိုင်ဖြစ်နေသည်။ နောက်ဆုံးတော့ သူသည်အဖြစ်မှန်ကို လက်ခံလိုက်ရသည်။ သူချစ်ရသည့်သူ၏ ချစ်သူသည် သူတစ်ယောက်တည်း မဟုတ်ပါ။ သူမတွင် ချစ်သူများရှိ၍ အခုအသစ်တစ်ယောက် ထပ်တိုးလာကာ ထိုလူက သူ့ထက်အစွမ်းပိုကြီးသည်။ ထိုခံစားချက်သည် ရှာလကာရည်အိုးထဲသို့ ပြုတ်ကျသလို ချဉ်တူးနေသည်!

လင်းဇယ်သည် ဒေါသထွက်လွန်း၍ လက်ကိုယမ်းလိုက်ကာ လေပြင်းတစ်ချက်က ရှလျန်ထံသို့ တိုက်ခတ်လာသည်။ သူသည် ဒေါသထွက်လွန်း၍ လုပ်မိခြင်းဖြစ်ကာ သူ့အရှေ့က သူချစ်သူကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ပါ။ သူမက မဟာယာနအဆင့်ဖြစ်လေရာ ဒါကို ရိုးရှင်းစွာ ရှောင်နိုင်သည်!

သို့သော်လည်း လက်ရှိရှလျန်သည် သူ့မိန်းမအစစ် မဟုတ်ပါ။ သူမ၏ ကျင့်ကြံခြင်းသည် အခြေတည်အဆင့်သာရှိသေးသည်။ ထိုလေပြင်းကို သူမလို အစွမ်းမရှိသည့်သူက ဘယ်လိုလုပ် ပြန်ခုခံနိုင်မည်နည်း! ဒီတစ်ကြိမ်တွင် သူမက သေတော့မည်။

“လျန်!”   9957 က ထိတ်လန့်စွာအော်သည်!

သိမ်းပကားနယ်မြေက ကျန်းဝူချင်းသည် ချက်ချင်းမျက်လုံးပွင့်လာကာ အေးစက်မှုသာရှိသည့် သူ့မျက်လုံးထဲတွင် ဒေါသနှင့်အတူ စိုးရိမ်မှုတို့ ပေါ်လာသည်။   ‘ငါ့အစေခံလေး တစ်ခုခုဖြစ်တော့မယ်!’

သေခြင်းရှင်ခြင်းစာချုပ် ချုပ်ဆိုထားသည့်နှစ်ယောက်ဖြစ်ရာ ထိုလေပြင်းကို သူလည်း သေချာပေါက် ခံစားရသည်။ ကျန်းဝူချင်း၏ ရင်ဘက်သည် အောင့်သွားကာ မျက်လုံးတို့သည် အလင်းတစ်ချက်တောက်လာ၍ သူ့ကိုယ်က စည်းတံဆိပ်တို့ကို ချိုးဖျက်ရန် လုပ်တော့မည့် အချိန်တွင်. . . ထိုအချိန်တွင်ပဲ ရှလျန်၏ စကားတို့ကို သတိရ၍ ချက်ချင်းရပ်လိုက်သည်!

သူမက သူ့ကိုမိစ္ဆာလမ်းစဉ်ကို မကျင့်ကြံရန် ကတိတောင်းထားခဲ့ပြီး လူသားတို့၏ ဗီဇက ဆိုးဝါးကြောင့် သင်ပြထားခဲ့သည်။ သို့သော်လည်း သင်ကြားပေးခဲ့သည့် သူကိုယ်တိုင်သည် သူမနှင့်ကတိတည်ဖို့ သည်းခံနေခြင်းက သူ့အတွက် ဟာသတစ်ခုလိုပင်။

“လျန် မင်းအဆင်ပြေမှ ဖြစ်မယ်။ မဟုတ်ရင် ကိုယ်ကတိကို မတည်နိုင်တော့ဘူး။ မင်းမရှိတဲ့ ဒီကမ္ဘာကြီးက ပျက်စီးသွားမှ ကောင်းမှာ!”   ကျန်းဝူချင်းသည် သူ့ရင်ထဲက မီးလိုပူလောင်နေသည့် စိုးရိမ်သောကတို့ကို ထိန်းချုပ်ရင်း ရက်စက်စွာ တွေးနေသည်။

ကျန်းဝူချင်းနှင့် ရှလျန်တို့၏ သေခြင်းရှင်ခြင်း စာချုပ်သည် ကျန်းဝူချင်းက အနည်းငယ် ပြောင်းလဲထားသည့် စာချုပ်တစ်ခု ဖြစ်သည်။ သူမ၏ဘဝကို ကျန်းဝူချင်းက ထိန်းချုပ်ထားခြင်းပင်။ သူ့အသက်စွမ်းအားကို ရှလျန်အား လွှဲပေး၍ရသည်။ ရှလျန်က အသက်ဘေးဖြင့် ရင်ဆိုင်ချိန်တွင် သူမ၏နာကျင်မှုတစ်ဝက်ကို သူ့ထံသို့လွှဲပြောင်းထားသည်။ မဟုတ်လျှင် လင်းဇယ်၏ တိုက်ခိုက်မှုသည် သူမအား သေသွားစေနိုင်သည်! 

သို့သော်လည်း ရှလျန်သေဆုံးသွားပါက ကျန်းဝူချင်းသည် မသေနိုင်ပါ။ ရှလျန်နှင့်အတူ မသေဆုံးချင်၍ မဟုတ်ဘဲ သူမအား သေဆုံးအောင်လုပ်သူတို့ကို နှိပ်စက်၍ လက်စားချေရန်နှင့် သူ့ရှလျန်၏ နာရေးအတွက် တစ်ကမ္ဘာလုံးကိုပါ မြုပ်နှံပစ်ဖို့ရာ သူကရှင်သန်နိုင်ဖို့ ချုပ်ဆိုထားခြင်း ဖြစ်သည်။ ဟုတ်ပါသည်။ ကျန်းဝူချင်းသည် အရူးတစ်ယောက်ဖြစ်သည်။

Previous Chapter 30 of 42 Next