May Honey Logo May Honey
Previous Next

အပိုင်း (၁၂)

ထွက်သွားသည့်လူမှာ ‘အရိပ်တစ္ဆေ’အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သူတို့သည် ဤကမ္ဘာ၏ နေရာအနှံ့တွင်ပျံနှံ့နေကာ သူတို့က နတ်ဂိုဏ်းများတွင်သာမက နတ်ဆိုးဂိုဏ်းများတွင်လည်း ရှိသည်။ အများစုသည် သာမန်ဂိုဏ်းသားများ ဖြစ်ကြသော်လည်း အချို့ကတော့ ဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြပြီး ဂိုဏ်းအကြီးအကဲများတောင် ရှိသေးသည်။ သူတို့၏ရာထူးက မည်ကဲ့သို့ဖြစ်နေပါစေ သူတို့၏ သရုပ်မှန်သည် ‘အရိပ်တစ္ဆေ’ဖြစ်ကြပြီး ကျန်းဝူချင်းကိုသာ အပြည့်အဝသစ္စာခံကြသည်။

ထိုအရိပ်တစ္ဆေအဖွဲသည်လည်း ကျန်းဝူချင်းက အလွန်အမင်းအား၍ပျင်းနေချိန်တွင် အတွေးမရှိဘဲ တည်ထောင်ပေးခဲ့သည့် အဖွဲ့လေးဖြစ်သည်။ သူ့၏ ဂရုမဲ့စွာဖန်တီးခြင်းအောက်တွင် ဒီနေ့အချိန်၌ အင်အားကြီးလာသည်။ သူ့တွင်ဆန္ဒရှိသည်နှင့် ထိုအဖွဲ့ဖြင့် ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်သည်။ သို့သော်လည်း အဖွဲ့တည်ထောင်ပြီးတည်းက အခုမှ ပထမဆုံးအကြိမ် အသုံးပြုခြင်းပင်။

ထို့ကြောင့် အရိပ်တစ္ဆေအဖွဲ့ဝင်တို့သည် အလွန်စိတ်လှုပ်ရှား၍ တက်ကြွနေကြသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတော့ သူတို့က အသုံးဝင်လာ၍ ဖြစ်သည်။ မဟုတ်လျှင် သူတို့က ဘာအင်အားမှမသုံးရဘဲ နေ့တိုင်းနေရသဖြင့် စိတ်မသက်မသာဖြစ်နေရလွန်းသည်။ နှစ်ပေါင်းရာချီပြီးနောက် ကျန်းဝူချင်းထံမှ သတင်းရသည်နှင့် သူတို့သည် ခိုင်းစေခြင်းမရှိလျှင်တောင် တာဝန်ကို အပြည့်အဝထမ်းဆောင်ကြတော့သည်။ ကျန်းဝူချင်းကဲ့သို့လူသည် အလွန်အစွမ်းအစ ကြီးမားလေရာ သူတို့ကို နောက်ဘယ်အချိန် အသုံးပြုမည်ကို မည်သူမှမသိနိုင်ပါ။ ထိုကဲ့သို့ အခွင့်အရေးက ရှားပါးလွန်းသဖြင့် သူတို့က ပျော်ရွှင်နေကြသည်။

ထို့ကြောင့် ရွှမ်ယုဂိုဏ်းမှ လင်းဇယ်ထွက်လာသည်နှင့် အခွင့်အရေးကို စောင့်ဆိုင်းနေသည့် ‘အရိပ်တစ္ဆေ’တို့ထံတွင် အဖမ်းခံလိုက်ရတော့သည်။ သူသည် နတ်မဖြစ်ခင်အဆင့်ဖြစ်လေရာ သူ့ကိုဖမ်းစီးသည့် ဖြစ်ရပ်သည် အလွန်ခက်ခဲခဲ့သည်။

……………………

“သူတို့အမှားလုပ်ရင် ရှင်အပြစ်ပေးမှာလား?”   ရှလျန်က မေးသည်။ ဒီရက်ပိုင်းအတွင်း စနောက်ခြင်းခံထားရသည့် ရှလျန်သည် အပြစ်ဒဏ်နှင့် ပတ်သက်၍ စိုးရိမ်နေဆဲပင်။

ကျန်းဝူချင်း၏ အပြစ်ပေးသည့်နည်းမှာ သူမ၏ကိုယ်ပေါ်တွင် အမှတ်အသားတို့ ချန်ထားခြင်း ဖြစ်သည်။ သူမ၏ ကျောက်တုံးလိုနှလုံးသားသည် အက်ကွဲစပြုလာ၍ ဖြည်းဖြည်းချင်း သူ့အရိပ်တို့က ဝင်ရောက်လာပြီး သူ့ခံစားချက်တို့ကို အနည်းငယ် ကူးစက်နေလေပြီ။

“ဒါပေါ့!”   ကျန်းဝူချင်းက ခေါင်းငြိမ့်၍ ဖြေသည်။   “အသုံးမဝင်တဲ့လူတွေကို ကိုယ့်လက်ထဲမှာ မထားဘူး”

ဒါကိုကြားသည့်အခါ ရှလျန်က စိတ်ညစ်သွားသည်။ ကျန်းဝူချင်းက သူမကဲ့သို့ အခြားသူများကို ပွေ့ဖက်၍ သွားဖြင့်အမှတ်အသားပေးနေသည်ကို တွေးကြည့်မိသည်။ ထိုအတွေးတို့ဖြင့် သူမသည် မသက်မသာဖြစ်ကာ ရင်နာလာသည်။

9957သာ သူမ၏အတွေးကို ကြားပါက သွေးအန်၍ အော်ပြောလောက်သည်။    ‘လျန် နင်ဘာတွေ လျှောက်တွေးနေတာလဲ? ငါတောင် အဲ့လိုမတွေးမိဘူး။ ဘုရားရေ! ကျန်းဝူချင်းက တခြားသူကိုပွေ့ဖက်ပြိး အဲ့လိုလုပ်မှာတဲ့လား?’

“ဘာကိုတွေးနေတာလဲ?”   ကျန်းဝူချင်းက နားမလည်နိုင်ဖြစ်သွားသည်။   “ဘာဖြစ်လို့ စိတ်ညစ်နေတာလဲ?”

ရှလျန်၏စိတ်အခြေအနေသည် ရိုးရှင်းသည်။ အချိန်အများစုတွင် တည်ငြိမ်နေကာ ပျော်ရွှင်မှုမရှိ၊ ဝမ်းနည်းမှုတို မရှိဘဲ တည်ငြိမ်နေသည်။ ထို့ကြောင့် ကျန်းဝူချင်းသည် သူမ၏ ခံစားချက်တို့ကို လွယ်ကူစွာသိရှိနိုင်သည်။ သိ့သော်လည်း အခုစိတ်အပြောင်းအလဲကို သူက နားမလည်နိုင်ပါ။

ရှလျန်သည် သူ့ကိုမော့ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့သွားကာ ပြောသည်။   “ရှင် တခြားသူတွေကို အပြစ်ပေးနေတာမျိုး မကြိုက်ဘူး”

ကျန်းဝူချင်းသည် သူပွေ့ဖက်ထားသည့် သူမကိုငုံ့ကြည့်၍ အစပိုင်းတွင် နားမလည် ဖြစ်သွားသည်။ သို့သော်လည်း သူမ၏အတွေးကို သိရှိသွားကာ သူ့မှာရယ်ရအခက် ငိုရအခက်ဖြစ်သွားသည်။ ထို့နောက် သူမ၏ တင်ပါးအား မရိုက်ဘဲ မနေနိုင်တော့ပါ။

ရှလျန်သည် အရိုက်ခံရ၍ တုန်သွားကာ နားရွက်တို့ရဲလာပြီး သူ့ရင်ခွင်ထဲတွင် မျက်နှာကို မအပ်ဘဲ မနေနိုင်တော့ပေ။ သူမ၏စိတ်ထဲက မကျေနပ်မှုတို့က ပျောက်ကွယ်သွားပြီ။  ရှလျန်သည် ဘာဖြစ်နေမှန်းကို မသိပါ။ သူမက နေမကောင်းအဖြစ်လွန်၍ ရူးသွားပြီလား တွေးမိသည်။ သူမက အရိုက်ခံလိုက်ရခြင်း ဖြစ်သော်လည်း နာကျင်၍ဝမ်းနည်းနေခြင်းမရှိဘဲ ပီတိဖြစ်နေသလို ဖြစ်သည်။ သူမက ရူးနေသလို ခံစားရသည်။

ကျန်းဝူချင်းသည် သူမကိုလွှတ်ပေးဖို့ အစီအစဉ်မရှိဘဲ ဆေးရည်စိမ်ရန် အမြန်သွားသည်။ သူမအား အပေါ်အဝတ်များချွတ်ပေး၍ အတွင်းအဝတ်ပဲထားပြီး ရေကန်ထဲသို့ချပေးကာ သူ့ကိုယ်သူ ပြင်ဆင်၍ဝင်သည်။ ထို့နောက် သူမအား ကလေးတစ်ယောက်လို သူ့ပေါင်ပေါ်တင်၍ ဖက်ထားသည်။

“ကိုယ်က အခြားသူတွေကို အပြစ်ပေးတာ မကြိုက်ဘူးလို့ လျန်ကပြောတယ်။ ဒါဆိုရင် ကိုယ်အခုလိုလုပ်တာရော ကြိုက်လား?”   ကျန်းဝူချင်းသည် သူ့မျက်နှာကို ရှလျန်လည်ပင်းတွင်အပ်၍ စွဲဆောင်မှုရှိစွာ သူမ၏လည်ပင်းအား ထိတွေ့သည်။

ရှလျန်သည် သူ့အပြုအမှုကြောင့် တုန်သွားသည်။ သူမက အလိုလိုခေါင်းငြိမ့်၍ ပြောသည်။   “အင်း”

“ဟား ဟား”   ကျန်းဝူချင်းက သေချာသိသွား၍ မရယ်ဘဲ မနေနိုင်တော့ပါ။ သူ့ရင်ထဲတွင် ကျေနပ်မှုတို့ဖြင့် နူးညံ့နေ၍ သူမ၏နားရွက်အနားကိုကပ်၍ တီတိုးပြောသည်။   “အရူးမလေး ကိုယ်ကမင်းကိုပဲ ဒီလိုမျိုးလုပ်တာ!”   သူ့လေသံသည် ချိုမြိန်လွန်း၍ ဘယ်သူမဆို သူမကို သူဘယ်လောက်ချစ်၍ အလိုလိုက်ထားမှန်း သိနိုင်သည်။

“လျန်က ကိုယ်ဒီလိုမျိုးလုပ်တာကိုကြိုက်နေရင် အနာဂတ်မှာ ဘယ်လိုလုပ် အပြစ်ပေးရတော့မှာလဲ?”   ကျန်းဝူချင်းသည် ရှလျန်ကို မူးဝေသွားအောင် ဆွဲဆောင်နေသည်။   “လျန် ကိုယ့်ကိုမြန်မြန်ဖြေ။ စကားပြန်မပြောရင် တခြားသူတွေကို ကိုယ်လုပ်မှာ။ လျန်ကို ထပ်မလုပ်တော့ဘူး။ ဖြစ်လား?”

“ဟင့်အင်း~"   ရှလျန်သည် အသက်ကို မနည်းရှုရင်း မျက်လုံးတို့က ဝေဝါးနေကာ အဖြေကို ခက်ခဲစွာပေးရသည်။

“ကိုယ့်ရဲ့လျန်က အရမ်းလိမ္မာတာပဲ”   ကျန်းဝူချင်းက ကျေနပ်စွာပြုံးသည်။ သူမ၏ နားရွက်ဖျားလေးကို ဖွဖွကိုက်၍ ဆက်ဆွဲဆောင်သည်။   “လျန် ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် ကိုယ်ကလက်မလွှတ်တော့ဘူး! ကိုယ့်ကိုထားသွားဖို့ တွေးတောင်မတွေးနဲ့!”

ကျန်းဝူချင်းသည် စကားကိုပြောပြီးနောက် တွေဝေသွားသည်။ ဒီတစ်ကြိမ်လား? အရင်က သူတို့တွေ့ဖူးလား? ဘယ်အချိန်တုန်းက သူမက သူ့ကိုထားခဲ့ဖူးသနည်း? သို့သော် သူဘယ်လောက်ပဲ ပြန်တွေးကြည့်ပါစေ မမှတ်မိနိုင်သဖြင့် ရင်ထဲက အကြောက်တရားတို့က မပျောက်သွားပါ။ သူမက သူ့ရင်ခွင်ထဲတွင် အခုရှိနေသော်လည်း သူကအမှတ်သားတို့ ထပ်ခါထပ်ခါပေးနေသော်လည်း မလုံလောက်ပါ။ သူကျောခိုင်းလိုက်သည်နှင့် သူမက သူ့မျက်စိအောက်က ပျောက်သွားတော့မည်ဟု ခံစားနေမိသည်။ ထို့အပြင် သူမက သူ့ကိုမချစ်မိသေးပါ။ ဤအကြိမ်တွင် သူမကို သူဖမ်းဖိသေးသည်။ နောက်အကြိမ်တွင် ဘယ်လိုလုပ်မည်နည်း? နောက်အကြိမ်ဆိုတာက ဘာကိုဆိုလိုသနည်း?

ကျန်းဝူချင်းသည် ရှလျန်ကို တင်းနေအောင်ဖက်ထား၍ သူ့မျက်လုံးထဲက အလင်းရောင်က မှိန်လာကာ သူမအား တီတိုးပြောသည်။
“လျန် ကိုယ့်ကိုမှတ်မိနေရမယ်။ ကိုယ်နဲ့ပဲချစ်ရမယ်။ မဟုတ်ရင် ကိုယ်ရူးသွားလိမ့်မယ်ကွာ!”

Previous Chapter 34 of 42 Next