May Honey Logo May Honey
Previous Next

အပိုင်း (၁၀)

သူမ၏တုန့်ပြန်မှုကြောင့် ကျန်းဝူချင်းသည် ကျေနပ်စွာ ခေါင်းငြိမ့်သည်။ သူပြောသည်က ကြမ်းတမ်းနေသော်လည်း သူ့မျက်လုံးထဲတွင်တော့ နူးညံ့မှုတို့ယိုဖိတ်ကျမတက် ဖြစ်နေကာ ရှလျန်၏ ကျောကို ညင်သာစွာပုတ်ပေးရင်း သူ့ရင်ခွင်ထဲတွင် သူမအား အနားယူစေသည်။

ရှလျန်အတွက် ကျန်းဝူချင်း၏ ထွေးပွေ့မှုသည် ရှင်းမပြနိုင်သည့် ရင်းနှီးမှုကို ရနေသည်။ သူမသည် အရင်တည်းက သူ့ထံတွင် ညင်သာစွာထွေးပွေ့ခံရသည့်အတိုင်း သတိထားမနေဘဲ ကလေးတစ်ယောက်လို အိပ်မောကျသွားသည်။ စိတ်ငြိမ်းချမ်းစွာဖြင့် ရှလျန်သည် သူ့အား ခုခံမှုမရှိ အပြည့်အဝယုံကြည်စွာ အိပ်နေသည်။

ကျန်းဝူချင်းသည် သူ့ရင်ခွင်ထဲတွင် ငြိမ်းချမ်းစွာအိပ်မောကျနေသည့် ရှလျန်ကိုကြည့်ကာ သူ့ရင်ထဲတွင်လည်း ငြိမ်းချမ်းနေသည်။ အခုအချိန်တွင် သူသည် ဘာလှည့်ကွက်မျိုးမှ မတွေးတော့ဘဲ အခုလိုလှပသည့် အခိုက်အတန့်ကိုသာ ငြိမ်သက်စွာ လိုချင်တော့သည်။ သူမအား စောင့်ရှောက်မည်။ သူမကိုပဲ ကြည့်နေမည်။ သူမနှင့်သာ အတူရှိသွားမည်။

………………

တစ်ဖက်တွင် သူ့အဆောင်သို့ပြန်ရောက်ရှိလာသည့် လင်းဇယ်သည် သူ့တပည့်ကြီး ထန်ဟောက်နှင့်တွေ့သည်။ ထန်ဟောက်က အရိုအသေပေးကာ မေးသည်။   “ဆရာသခင် ဘာဖြစ်လို့ အစောကြီးပြန်လာတာလဲ? ကျန်းဝူချင်းနဲ့ တွေ့ခဲ့ပြီလား?”

“ငါက ကျန်းဝူချင်းနဲ့သွားတွေ့တယ်လို့ ဘယ်သူပြောလဲ? အဲ့ဒီနေရာက တားမြစ်နယ်မြေ”   လင်းဇယ်က သံသယဖြင့်မေးသည်။   “မင်းရဲ့ဆရာက လမ်းလျှောက်ထွက်သွားရုံတင်”

“ဒါပင်မယ့်. . .”   ထန်ဟောက်သည် သံယသဖြင့် မော့ကြည့်လာသည်။ ထိုအခိုက်အတန့်တွင် သူ့ဆရာသခင်၏ မျက်နှာထက်၌ ထူးခြားသည့်အပြုံးတစ်ခုရှိနေလေသည်။ ထိုအပြုံး၏ ဦးတည်ရာကိုလှည့်ကြည့်ရာ ရှယုကို တွေ့လိုက်ရသည်။

ထန်ဟောက်သည် ဘာမှဆက်မပြောရဲတော့ပါ။ သူစကားကို အကုန်မပြောမိသည်က တော်သေးသည်။ မဟုတ်လျှင် သခင်မကြားသွားပါက သူ့ပြစ်ဒဏ်သည် ထွက်ပြေး၍တောင် မရနိုင်! 

ဆရာသခင်က ကြိုဆိုနေချိန်တွင် ထန်ဟောက်က အမြန်ထွက်သွားသည်။ သူထွက်သွားချိန်တွင် ခေါင်းကိုငုံ့ထား၍ ဆရာသခင်နှင့်သခင်မတို့ကို မကြည့်ရဲပါ။

“အားဇယ် ငါ့ကိုလွမ်းနေတာလား?”   ရှယုက အရှေ့သို့တိုးလာကာ လင်းဇယ်၏ လက်မောင်းကိုမှီတွယ်ရင်း အပြုံးဖြင့်မေးသည်။

“ကိုယ်လွမ်းတာပေါ့”   လင်းဇယ်က နူးညံ့စွာပြုံးသည်။   “လျန် ဒီတစ်ခေါက် အပြင်ထွက်သွားတာ ကျိုးရွှမ်ကို လိုက်ခွင့်ပေးတာ လွန်တယ်! ကိုယ် သဝန်တိုနေရတာမလို့ ကိုယ့်ကိုအလျောပေးတော့!”

ရှယုသည် သူ့ဆိုလိုရင်းကို နားလည်ပါသည်။

လင်းဇယ်သည် သူမ၏ အချစ်ဦးဖြစ်သောကြောင့် အခြားသူများထက်စာလျှင် သူ့အာ အချစ်ပိုသည်က ပုံမှန်ပင်။ ပထမဆုံး ချစ်မြတ်နိုးမိသည့် ခံစားချက်က ပို၍လှပသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့စကားတို့ကို ကြားသည့်အခါ ရှယုသည် တွေဝေခြင်းမရှိဘဲ ခေါင်းငြိမ့်ကာ သူ့အား မျှော်လင့်မှုအပြည့်မျက်နှာထားဖြင့် မော့ကြည့်သည်။ ရှယုလို ယောက်ျားများစွာရှိသည့် မိန်းမတစ်ယောက်အတွက် ရှက်ရွံ့မှုဆိုသည်က မတည်ရှိတော့တာ ကြာလှပြီ။

ခေါင်းငြိမ့်သည်ကို မြင်သည်နှင့် လင်းဇယ်သည် လက်ကိုဆန့်၍ သူမကိုထွေးပွေ့ကာ အခန်းထဲသို့ စိတ်ဆန္ဒပြင်းပြစွာ လျှောက်သွားသည်။ လက်တစ်ဖက်က လိုက်ကာကို ချလိုက်၍ အခန်းထဲသို့ နွေဦးအလင်းတို့က ဖြာကျနေသည်။

လင်းဇယ်သည် အခုအကြိမ်တွင် အလွန်စိတ်လှုပ်ရှားနေသည်။ နှစ်နာရီကျော် ကြာသည့်အခါ ရှယုသည် လင်းဇယ်ကြောင့် မောပန်းသွားပြီဖြစ်သော်လည်း စိတ်ကျေနပ်မှုအပြည့်ရနေသည်။ ပြင်းထန်သည့် စိတ်ခံစားမှုလှိုင်းဒဏ်ခံစားရ၍ သူမသည် အစာဝနေသည့် ကြောင်ပျင်းတစ်ကောင်လို လင်းဇယ်၏ ရင်ခွင်ထဲတွင် လှဲလျောင်းရင်း ဘုရင်မတစ်ပါးလို မေးသည်။   “ငါ့ကို ဒီလောက်လွမ်းနေတာလား? နင်ဒီနေ့ လုပ်ဆောင်နိုင်စွမ်း ကောင်းလွန်းတယ်!”

ရှလျန်သည် ချစ်ငှက်မောင်နှံပျံသန်းခြင်းဆေး၏ သက်ရောက်မှုနှင့်အတူ လင်းဇယ်၏ အစွမ်းအဆတို့သည် ထိပ်ဆုံးအထိ ရောက်ရှိသွားကာ သူမအား အလွန်ကျေနပ်စေ၍ စိတ်ခံစားချက် အလွန်ကောင်းမွန်နေသည်။ 

သူမထံမှ ချီးကျူးခံရသည်နှင့် လင်းဇယ်သည် မခံနိုင်တော့ဘဲ သူမအား တိုက်ရိုက်ဖိချကာ နောက်တစ်ကြိမ် ကြမ်းတမ်းစွာ အပြင်းအထန်လုပ်ဆောင်တော့သည်။   “လျန် ကိုယ်တစ်ယောက်တည်းနဲ့ မင်းကိုစိတ်ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်။ သူတို့နဲ့ ထပ်မတွဲတော့လို့မရဘူးလား?”

ရှယုသည် အလွန်တရာကျေနပ်နေ၍ ညည်းညူခြင်းပဲ တက်နိုင်သည်။ သူ့စကားတို့ကို ကြားသည့်အခါ ပျော်ရွှင်မှုကြောင့် စိတ်လွတ်နေပြီဖြစ်၍ ခေါင်းငြိမ့်ပြလိုက်သည်။

သူမက သဘောတူလိုက်သည့်အခါ လင်းဇယ်သည် အလွန်ပျော်ရွှင်သွားသည်။ အားပိုသုံး၍ သူ့အမျိုးသမီးကို ပိုကျေနပ်အောင်လုပ်ဆောင်ရင်း သူ့ဆန္ဒတို့ကို ထုတ်ဖော်ပြောဆိုသည်။   “ပြီးတော့ ကျန်းဝူချင်းရှိသေးတယ်။ ဘာဖြစ်လို့ သူ့ကိုဖမ်းထားသေးတာလဲ? သူ့ဂိုဏ်းကလည်း ပျက်သွားပြီကို။ သတ်လိုက်တော့”

ရှယုသည် စိတ်လွတ်၍ ညည်းညူနေဆဲဖြစ်သော်လည်း ဒါကိုကြားသည့်အခါ အလိုလို ခေါင်းခါ၍ ပြောသည်။   “သူက မရဘူး! ငါ. . .ငါသူ့ကို. . . အနိုင်လိုချင်တယ်!”

ရှယု၏အမြင်အရ ကျန်းဝူချင်းလို နတ်ဘုရားတစ်ပါးမှာ သူမကို မချစ်ရင်တောင်မှ သူ့ကို အနိုင်ယူနိုင်လျှင် အလွန်ဂုဏ်ရှိ၍ ကျေနပ်သွားမည် ဖြစ်သည်။ ဒါကိုတွေးမိရုံဖြင့် သူမသည် စိတ်လှုပ်ရှား၍ တုန်ရင်လာသည်။ ထိုစိတ်ကျေနပ်မှုသည် ဤအကြိမ်တွင် လင်းဇယ်ပေးသည့် ကျေနပ်မှုထက် မလျော့နည်းပါ။ လင်းဇယ်က သူမအား ရုပ်ပိုင်းဆိုင်ရာကျေနပ်စေ၍ ကျန်းဝူချင်းကို အနိုင်ရခြင်းက စိတ်ပိုင်းဆိုင်ရာ ကျေနပ်စေသည်။

အမျိုးသားတို့က အမျိုးသမီးတို့ကို အနိုင်ယူချင်သလိုမျိုး အမျိုးသမီးတို့ကလည်း အမျိုးသားတို့ကို အနိုင်ယူချင်သည်။ လူသားတို့ဖြစ်နေသည့်အတွက် အနိုင်ယူလိုစိတ်က တူညီသည်။ ကျားမခွဲခြားမှုမျိုး မရှိဘဲ လူတို့၏ မကောင်းသည့်ဗီဇတစ်ခုသာ ဖြစ်သည်။

လင်းဇယ်က ထိုစကားကိုကြားသည့်အခါ အလွန်ဝမ်းနည်းသွားသည်။ သူသည် ရှာလကာရှည်အိုးကြီးများထဲတွင် စိမ်ခံနေရသလိုဖြစ်သည်။ ထို့ကြောင့် သူ့လှုပ်ရှားမှုတို့မှာ ပို၍ ကြမ်းတမ်းကာ ပြင်းထန်လာသည်။

ရှယုသည် မဟာယာနအဆင့်ရောက်ရှိအောင် ကျင့်ကြံထားသူဖြစ်သော်လည်း သူမအတွက် မခံနိုင်သည့်အရာ ရှိဆဲပင်။ လင်းဇယ်က အဆုံးမသတ်ခင်တွင် သူမက မေ့မျောသွားသည်။ သိမ်းပကားနယ်မြေက ကျန်းဝူချင်းအား နှိပ်ဆက်မည့် မူလအစီအစဉ်သည်လည်း ရပ်တန့်သွားတော့သည်။

နောက်နှစ်ရက်အထိ ဆေးသက်ရောက်မှုကြောင့် လင်းဇယ်နှင့်အတူ သူမသည် လုံးထွေးနေပြီး ကျိုးရွှမ်နှင့် သူမ၏ အခြားယောက်ျားတို့လည်း ပူးပေါင်းလာသဖြင့် ရှယုသည် အင်အားမရှိတော့ပါ။ ချောမောသည့် သူမ၏ယောက်ျားတို့နှင့် နှောင်ဖွဲ့မှုများမှ ရုန်းထွက်နိုင်ချိန်တွင် သိမ်းပကားနယ်မြေမှ ကျန်းဝူချင်းကို အာရုံရတော့သည်။

 ထိုအချိန်တွင် ရှလျန်သည် ကျန်းဝူချင်းအား ချုပ်နှောင်ထားသည်တို့ကို ရှင်းလင်းနိုင်၍ ကျန်းဝူချင်းနှင့် သူ့ကောင်းကင်ဘုံဂိုဏ်းသားတို့ကိုပါ ကယ်တင်သွားလေပြီ။ ရှလျန်သည် လင်းဇယ်အား သူမတိုက်ခဲ့သည့် ချစ်ငှက်မောင်နှံပျံသန်းခြင်းက ဒီလောက်ကံကောင်းစေမည်ဟု မတွေးခဲ့မိပေ။

…………

ရက်အချို့ကြာသည့်အခါ

“ကျန်းဝူချင်းက ထွက်ပြေးသွားတယ်ကြားတယ်? သတင်းကအမှန်လား?”   လင်းဇယ်သည် အပြင်မှအလျင်စလိုဝင်လာ၍ ရှယု၏ မျက်နှာကိုကြည့်သည်။

“အမှန်ပဲ! ငါ့ဂိုဏ်းမျာ သစ္စာဖောက်တစ်ယောက် ရှိရမယ်! မဟုတ်ရင် ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ!”   ရှယုက ဒေါသထွက်နေသည်။

“ဒါပင်မယ့် လျန်ကိုယ်တိုင် သိမ်းပကားနယ်မြေက ချုပ်နှောင်ခြင်းစည်းတွေကို ချထားတာ။ မဟာယာနအဆင့်တောင်မှ မင်းဖွင့်မပေးရင် မသိအောင် မဝင်နိုင်ဘူး။ ဒီလိုဖြစ်သွားပြီဆိုမှတော့ ကျန်းဝူချင်းကို ကယ်ထုတ်သွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေတာ ဖြစ်ရမယ်။ ကျန်းဝူချင်းက ပြန်တော်လှန်လာရင် အန္တရာယ်မများဘူးလား? သူကစွမ်းအားကြီးပြီးတော့ ကျင့်စဉ်တွေ အများကြီးကို တက်ထားတာ”   လင်းဇယ်က စိတ်ပူနေသည်။

“မပူနဲ့! ငါသူ့ကိုတစ်ခါဖမ်းနိုင်ရင် နောက်တစ်ခေါက်လည်း ဖမ်းနိုင်တယ်!”   ရှယုသည် ရေနွေးကြမ်းကို ဖြည်းညင်းစွာ တစ်ငုံသောက်၍ ယုံကြည်မှုရှိစွာပြောသည်။

ရှယု၏အမြင်အရ ကျန်းဝူချင်းသည် ဖြောင့်မတ်မှန်ကန်၍ သူ့အနားကလူတို့အပေါ် သံသယမရှိသူဖြစ်သည်။ ဒီလိုလူမျိုးက အားနည်း၍ ကိုင်တွယ်ရ လွယ်ကူသည်။ သူ့ဂိုဏ်းသားကို အသုံးချ၍ သူ့အား လူကယ်ဆယ်ဖို့ ငါးစာချပေးခြင်း သို့မဟုတ် သူ့အနားကလူတို့ဖြင့် အကောက်ကြံခြင်းတို့ လုပ်ရုံဖြင့် ဖမ်းမိနိုင်အောင် လွယ်ကူသည်!

လင်းဇယ်သည် ရှယု၏စကားကြောင့် အလွန်ဝမ်းနည်းသွားသည်။ သူ့သဝန်တိုစိတ်ကြောင့် သူမအား ထပ်၍မဖမ်းစီးရန် ငြင်းဆန်ချင်သည်။ ထိုအချိန်တွင် တပည့်တစ်ဦးက သတင်းလာပို့သည်။

ရှယုသည် ထိုတပည့်ကိုမြင်သော် မကောင်းသည့်ခံစားချက်ရလာသည်! ထိုတပည့်သည် အခြားသူမဟုတ်ဘဲ ရှလျန်ကို ထိန်းသိမ်းထားဖို့ သူမစီစဉ်ခဲ့သည့်သူပင်။ ထို့အတူ သူမ၏ အတွေးက မှန်သည်။

“ဘာပြောတယ်! လူပျောက်သွားပြီလား?”   ရှယုက ဒါကိုကြားသည်နှင့် ထိတ်လန့်၍ ဒေါသထွက်ကာ ခန်းမထဲမှ ချက်ချင်းထွက်သွားသည်။  
Previous Chapter 32 of 42 Next