အပိုင်း (၁၅)
ရှလျန်သည် သူ့မေးခွန်းကိုကြားသည့်အခါ အံ့ဩ၍ မျက်လုံးပြူးကျယ်သွားကာ ပါးစပ်အဟောင်းသား ဖြစ်နေပုံသည် ကြောက်လန့်နေသည့် ယုန်တစ်ကောင်လိုပင်။ ကျန်းဝူချင်းက သူမကို စားတော့မည်လား? ရှလျန်၏မျက်လုံးတို့က မယုံကြည်နိုင်မှု အပြည့်ဖြစ်နေကာ ကြောက်လန့်မှုနှင့် ဝမ်းနည်းမှုတို့တောင် ပါနေသည်။
ဒါသည် ရှလျန်၏ မျက်လုံးတို့ထဲတွင် ခံစားချက်များ ပြသလာခြင်းက ပထမဆုံး ဖြစ်သည်။ သူမ၏ စိတ်အခြေအနေက အလွန်လှုပ်ရှားသွား၍ အတွေးမျိုးစုံဖြင့် သူမသည် ပထမဆုံးအကြိမ် စိတ်ရှုပ်ထွေးနေသည်။ ‘ငါတကယ်လိမ္မာအောင် နေခဲ့ပင်မယ့် ကျန်းဝူချင်းက ငါ့ကိုစားမှာလား? ကျင့်ကြံသူတွေက လူသားစားတယ်လား? လူသားစားမှရနိုင်မယ့် မကောင်းတဲ့အစွမ်းရှိတဲ့ ကျင့်စဉ်ကို သူကကျင့်နေတာလား? ငါ့အရှေ့မှာ သူလုပ်သမျှ အကုန်လုံး၊ ကတိတွေနဲ့ လည်ပင်းပေါ်ကဟာက အလိမ်အညာလား? ဒါပင်မယ့်.. . နေ့တိုင်း နွေးနွေးထွေးထွေးဖက်ပေးတာတွေ၊ ငါနာကျင်နေတဲ့ အချိန်တိုင်း စိုးရိမ်ပြီး စောင့်ကြည့်ပေးတာတွေ ပြီးတော့ ငါ့ကိုရှက်အောင်အပြစ်ပေးတာတွေ၊ ငါ့တစ်ကိုယ်လုံး ထုံကျဉ်သွားအောင် ဖြစ်တာတွေ ဒါတွေက သိသိသာသာကြီးကို. . .ရက်စက်နေတာ မဟုတ်ဘူးလေ. . .’ ရှလျန်သည် အခုအချိန်ဖြစ်နေသည့် ခံစားချက်တို့ကို ဖော်ပြရန် သင့်တော်သည့် စကားကို ရှာနေသော်လည်း သူမက ဒီအပိုင်းတွင် လိုအပ်ချက်ရှိနေကာ ဘယ်လိုဖော်ပြရမလဲ မသိပါ။ သို့သော် သူမက နှစ်သက်နေမိခြင်းကိုတော့ သိပါသည်။ သူနှင့်အတူရှိခြင်းမှာ သက်သောင့်သက်သာရှိသည်။
‘စာချုပ်က အလိမ်လား? ဒီရက်ပိုင်း ဂရုစိုက်ပေးနေတာတွေက အခုအချိန်အတွက်လား? ခန္ဓာကိုယ်က ကျန်းမာသွားမှ ငါ့ကိုစားမယ်ဆိုရင် အသားက ပိုစားလို့ကောင်းလို့လား?’ ရှလျန်သည် အခုအခိုက်အတန့်တွင် သူဘာကိုစားချင်နေမှန်း တွေးနေခြင်းနှင့် သူမကို လိမ်ညာခြင်း ဟုတ်မဟုတ်ကို တွေးနေမည့်အစား ဘယ်လိုထွက်ပြေးရမလဲကို တွေးသင့်သည်ဟု ခံစားရသည်။ သို့သော်လည်း သူမသည် စိတ်ခံစားချက်တို့ကို လုံးဝမထိန်းချုပ်နိုင်ဘဲ အရူးတစ်ယောက်လို ဖြစ်နေသည်။
သူမ၏အမှုအယာကြောင့် ကျန်းဝူချင်းသည် သူ့အစေခံမလေးမှာ လုံးဝအထင်လွဲသွားပြီ ဖြစ်ကြောင်းကို သိရှိလိုက်သည်။ သူမသည် သူပြောခဲ့သည့် စားသည့်နည်းကို နားမလည်ပါ။ သူမကို နားလည်အောင် သေချာရှင်းပြသင့်သည်။ သို့သော်လည်း သူမ၏ မျက်လုံးထဲမှ ဝမ်းနည်းမှုတို့ကို မြင်သည့်အခါ ကျန်းဝူချင်းသည် သူ့အစီအစဉ်ကို ရပ်ဆိုင်းလိုက်တော့သည်။
‘ဖြစ်သင့်တယ်။ ဘာခံစားချက်မရှိတာထက် ကိုယ့်ကြောင့်ပဲ ဝမ်းနည်းရမယ်။ ကိုယ်မင်းကို စွန့်ပစ်သွားရင်၊ နာကျင်အောင်လုပ်ရင်ဆိုတာတွေကို တွေးမိရင် ဒီတိုင်းလက်ခံလိုက်မယ့်အစား ရင်ကွဲနာကျပြီး ဝမ်းနည်းနေသင့်တယ်။ မင်းအခုအချိန် နာကျင်နေတယ်ဆိုတာက ဒီလောက်အထိ ကိုယ့်ကို ဂရုစိုက်လို့ပဲ။ လျန် ဒီခံစားချက်ကို မှတ်ထား။ မင်းရဲ့နှလုံးသားထဲမှာ ကိုယ့်အတွက် နေရာရှိနေပြီဆိုတာကို အသိအမှတ်ပြုလိုက်တော့’
“ဘာဖြစ်လို့လဲ?”
ရှလျန်က ထိုင်းမှိုင်းစွာ မေးသည်။ သူမသည် စိတ်ခံစားချက်များကို ထိန်းပြီးနောက် မေးခွန်းများစွာ ပေါ်လာသော်လည်း ဘာကိုမေးရမှန်း မသိသေးပါ။ ထို့ကြောင့် ဒီမေးခွန်းတစ်ခုကိုသာ မေးလိုက်သည်။
ကျန်းဝူချင်းသည် ရှလျန်၏မေးကို လက်တစ်ဖက်ဖြင့်မော့စေ၍ သူ့ကိုကြည့်ခိုင်းကာ လက်တစ်ဖက်ကို သူမ၏နှလုံးသားပေါ်သို့တင်၍ မေးသည်။ “ပြောပါဦး။ ဒီနေရာမှာ ဘယ်လိုခံစားရလဲ? နာကျင်နေရလား?”
ရှလျန်သည် ဘာဖြစ်လို့ သူမေးနေမှန်း မသိသော်လည်း ဖြေသည်။ “အင်း။ သက်သောင့်သက်သာ မရှိဘူး”
“သက်သောင့်သက်သာ မရှိရုံပဲလား?” ကျန်းဝူချင်း၏ လေသံထဲတွင် ဖုံးကွယ်ဖို့ ခက်ခဲသည့် စိတ်ပျက်မှုတို့ရှိနေကာ အသံက တိုးနေသည်။
‘ငါ့လျန်က အချစ်နှင့်ပတ်သက်လာရင် ဘာမှမသိဘူး။ ငါ့အပေါ်ကို ဘယ်လိုခံစားနေရလဲဆိုတာကို မသိသေးဘူး။ ဒါပင်မယ့် ငါကတော့ နက်နက်ရှိုင်းရှိုင်းကို ရူးမတက် ချစ်မိနေပြီ။ ဒီဆက်ဆံရေးမှာ ငါကပဲ ရှုံးနေတာ’
ထိုခံစားချက်ကို သူက မကြိုက်ပါ။ သူမကို ပိုနာကျင်စွာ ခံစားရအောင်လုပ်၍ သူမက သူ့ကိုချစ်နေမှန်း သိလာစေချင်မိသည်။ သို့သော်လည်း သူက မခံနိုင်ပါ။ သူမ ဝမ်းနည်းနေခြင်းကို သူက မမြင်ရက်ပါ။
“ရှင်. . . ရှင်. . .” ရှဠျန်က ပြောချင်သည်မှာ သူက သူမကိုစားချင်သော်လည်း သူက အခုမပျော်မရွှင်ဖြစ်ကာ သူမလည်း သက်သောင့်သက်သာမရှိလျှင် ဘာဖြစ်လို့ သူမကိုစားမည်နည်း။ သို့သော်လည်း စကား မပြောနိုင်သေးခင် သူမ၏ရင်ဘက်ပေါ်တွင် ရှိနေသည့် ကျန်းဝူချင်း၏လက်က သူမ၏နူးညံ့မှုတို့ကို ဆုတ်ကိုင်လာသည်။
“ရှင်ဘာလုပ်နေတာလဲ” ရှလျန်သည် ကျန်းဝူချင်း၏ အထိအတွေ့တို့ကြောင့် နူးညံ့သွးသည်။ သူမ၏ တစ်ကိုယ်လုံးသည် ဓာတ်လိုက်သွားသလိုဖြစ်သွား၍ တုန်သွားကာ တစ်ကိုယ်လုံးပူထူလာသည်။
ကျန်းဝူချင်းသည် သူမကို ထပ်မစောင့်ချင်တော့ပါ။ သူမက သူ့ကို မချစ်သေးလျှင်တောင် သူမကိုဖမ်းထား၍ သူ့အပိုင်အဖြစ် သိမ်းယူကာ အချစ်က ဘာလဲဆိုသည်ကို ဖြည်းဖြည်းချင်း သင်ပေးမည်။ ဒါကို အတွေးကောင်းဟု သူခံစားမိသည်။ စာရွက်ဖြူလေးလို ဘာမှမသိသည့် ရှလျန်အား အချစ်အကြောင်း သူသင်ပေး၍ သူဆေးဆိုးချင်သလို ဆိုးရကြောင်းကို တွေးမိရုံဖြင့် ကျေနပ်မှုတို့ကြောင့် စိတ်လှုပ်ရှားကာ သူ့ရင်ထဲမှ ပျော်လာသည်။
“ငတုံးမလေးလျန် ကိုယ်မင်းကို စားမယ်ဆိုတာ မင်းထင်နေသလိုမဟုတ်ဘူး။ ဒီလိုမျိုး” ကျန်းဝူချင်းသည် ခေါင်းကိုငုံ့၍ သူမ၏ အနီရောင်နှုတ်ခမ်းတို့ကို နမ်းလိုက်သည်။
အချိန်တစ်ခုကြာမြင့်သည့်အခါ သူမကိုလွှတ်ပေး၍ ခေါင်းမော့ကာ လူကိုရူးစေနိုင်သည့် အပြုံးတစ်ခုကိုပြုံး၍ သူမ၏နှလုံးသားကို လက်ညိုးညွှန်ကာ အက်ကွဲသည့်အသံဖြင့် ထပ်မေးသည်။ “ကိုယ့်ကိုပြောပါဦး။ အခု ဒီမှာ ဘယ်လိုခံစားရလဲ?”
“ခုန်နေတယ် . . . ရင်ခုန်တာ အရမ်းမြန်တယ်” ရှလျန်၏ အသံသည်လည်း အက်ကွဲနေကာ ကျန်းဝူချင်းကို ဝေဝါးနေသည့် မျက်လုံးတို့ဖြင့် ကြည့်သည်။ ရှလျန်သည် သူမ၏အရှေ့က ကျန်းဝူချင်း၏ အပြုံးကြောင့် နှလုံးသားမှ ပို၍ခုန်လာသည်။ ရှလျန်သည် သူမ၏နှလုံးသားမှ ကိုယ်ထဲက ခုန်ပေါက်၍ ထွက်သွားမလားကို စိုးရိမ်နေရသည်။
“ဟား ဟား. . .” ကျန်းဝူချင်းက နူးညံ့စွာရယ်မောပြီးနောက် ခေါင်းကိုငုံ့၍ သူမ၏မျက်လုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းတို့ကို ထိကပ်နမ်းပြီးနောက်ဆုံး နားအနားကိုကပ်၍ တီတိုးပြောသည်? “လျန် ပျော်လား? သက်သောင့်သက်သာရှိလား? ဝမ်းနည်းသေးလား?”
ရှလျန်သည် သူ့ကြောင့် ခုနက ခံစားချက်တို့ကို ပစ်ထုတ်လိုက်နိုင်သည်။ အခုအချိန် သူမ၏ စိတ်ထဲတွင် အကုန်ရှုပ်ထွေးနေကာ ဘာကိုမှ မတွေးနိုင်တော့ပါ။ သူမ၏အရှေ့က ဒီတစ်ယောက်ကသာ စိတ်ထဲရှိတော့သည်။
“လျန် ကိုယ့်ကိုကြည့်ပြီးပြော။ မသက်မသာဖြစ်သေးလားလို့?” ကျန်းဝူချင်းသည် သူမအား ထွက်ပြေးခွင့်မပေးဘဲ ကပ်မေးပြီး သူမ၏စာချုပ်အမှတ်အသားကို ထိလိုက်သည်။
“ဟုတ်ကဲ့. . . သက်သောင့်သက်သာရှိတယ်. . .” ရှလျန်သည် ခံနိုင်ရည်ရှိပုံမရတော့ဘဲ မျက်လုံးထောင့်မှ မျက်ရည်တစ်စက်ကျလာကာ ပြောသည်။
“လိမ္မာတယ်” ကျန်းဝူချင်း၏ နှုတ်ခမ်းတို့သည် ကျေနပ်စွာ ပြုံးသွား၍ သူ့အင်္ကျီကိုဖြေလိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြောသည်။ “လျန် ခုနက အစပဲရှိသေးတယ်။ အခု ကိုယ်စပြီးတော့ စားတော့မယ်။ ကိုယ့်ကိုယုံလိုက်။ ဒီခံစားချက်ကို လျန်ကြိုက်သွားလိမ့်မယ်”