အပိုင်း (၁၆)
“ဟင့်အင်း. . .” ရှလျန်က အက်ကွဲသည့်အသံဖြင့်ပြောကာ ကျန်းဝူချင်းအား သူမ၏လက်ဖြင့် ထပ်ပုတ်ထုတ်သည်။ အခု သူမသည် နာကျင်နေကာ နှုတ်ခမ်းတောင် ဖွင့်ဖို့ခက်နေလေပြီ။ သူသာ ထပ်စားဦးမည်ဆိုလျှင်…
“လျန် လိမ္မာစမ်းပါ။ ထပ်စားဦးမယ် ဟုတ်ပြီလား? ဒီတစ်ခါ နောက်ဆုံးပဲ ကိုယ်ကတိပေးတယ်” ကျန်းဝူချင်းသည် သူမ၏လည်တိုင်ကို ပွတ်သပ်၍ ခေါင်းကိုလည်တိုင်သို့အပ်ကာ အမှတ်အသားကို သွားဖြင့်ကြိတ်သည်။ သူမကို ထပ်၍ရှုပ်ထွေးအောင် လုပ်ဖို့ကြိုးစားနေခြင်းပင်။
သို့သော်လည်း ရှလျန်သည် သူ့ကိုတွန်းထုတ်ဆဲပင်။ ခေါင်းကိုလှည့်၍ သူ့ကိုကြည့်ကာ ပြောသည်။ “အရင်တစ်ခါကလည်း နောက်ဆုံးပဲလို့ပြောတာ။ ပြီးတော့ နောက်ဆုံးလည်း မဟုတ်ဘူး”
“ကိုယ့်ကို အပြစ်တင်လို့ မရဘူးလေကွာ။ လျန်က အရသာရှိလွန်းနေတာကိုပဲ အပြစ်တင်ရမယ်။ ကိုယ်က လက်လျှော့လို့မှ မရတာ” ကျန်းဝူချင်းသည် စကားပြောနေရင်း လက်တို့က မရပ်မနားလှုပ်ရှားနေကာ မီးလိုယပ်ခပ်နေသလို ဖြစ်စေသည်။
ရှလျန်၏ မျက်နှာသည် နီရဲသွားသည်။ သူမသည် ရှက်သွား၍လည်း ဖြစ်သလို ဒေါသထွက်၍လည်း ဖြစ်သည်။ ဒီလူက လွန်နေပြီ။
“ဒါပင်မယ့် လူကနာနေပြီ~" ရှလျန်သည် သူမ၏ မျက်ရည်တို့ဖြင်စိုနေသည့် မျက်တောင်ကိုခတ်ကာ ကျန်းဝူချင်းကို ကြည့်သည်။ သူမသည် အံကြိတ်နေခဲ့ရသဖြင့် သူမ၏ အသံသည် နူးညံ့၍အက်ကွဲနေသည်။ သူမသည် ပုံမှန် အချိန်များလို မျက်နှာသေဖြင့် မဟုတ်ဘဲ ချွဲနွဲ့နေသည့်ကြောင်လေးလို ဖြစ်နေကာ ကျန်းဝူချင်းအတွက် ငြင်းဆန်ဖို့ ခက်ခဲသည်။
သူမ၏အသွင်အပြင်ကြောင့် ကျန်းဝူချင်းသည် ပို၍ထင်ရာစိုင်းလုပ်ချင်မိသော်လည်း သက်ပြင်းချကာ သည်းခံဆဲပင်။ သူကထပ်လိုချင်သေးသော်လည်း သူတို့ ဒီနေ့အများကြီး လုပ်ဆောင်ခဲ့ပြီးပြီ။ သူတို့တွင် အနာဂတ်၌လည်း အချိန်ရှိပါသေးသည်။ ကျန်းဝူချင်းသည် မျက်လုံးကိုကျဉ်းမြောင်း၍ ပါးစပ်ကို အနည်းငယ်လျှာဖြင့်သပ်လိုက်သည်။ သူက အလျင်မလိုပါ။ သူမကို သူဖြည်းဖြည်းချင်း စားသုံး၍ရသည်။
“ကိုယ့်ရဲ့လျန် ကိုယ်ဖက်ပဲထားတော့မယ်။ ဒီနေ့ မစားတော့ဘူး” ကျန်းဝူချင်းသည် သူမကို ရင်ခွင်ထဲတွင်ပွေ့ဖက်ထားကာ သူ့အကြည့်တို့က အလိုလိုက်မှု အပြည့်ဖြင့် ဖြစ်သည်။ “ကိုယ်ပွတ်ပေးမယ်။ ခနနေရင် သက်သာသွားလိမ့်မယ်” ဒီလိုပြောရင်း ကျန်းဝူချင်းသည် သူ့အတွင်းအားကိုလှည့်ပတ်၍ သူ့လက်ပေါ်တွင် အဖြူရောင် အလင်းပါးလေး ဖြစ်ပေါ်လာသည်။ ထို့နောက် ရှလျန်၏ကိုယ်အား အပေါ်အောက် နှိပ်ပေးသည်။ သူမက အနှိပ်ခံရ၍ နာကျင်မှုတို့သက်သာချိန်တွင် သူကတော့ အသားယူရ၍ ကျေနပ်နေသည်။
“အင်း~" ရှလျန်သည် အလွန်သက်သောင့်သက်သာဖြစ်လာသည်။ သူ့နှိပ်နယ်မှုကြောင့် သူမ၏ကိုယ်က နာကျင်မှုက တကယ်ပျောက်လာသလို သူမ၏ကိုယ်က ပျင်းရိလာ၍ အားနည်းလာသည်။
ကျန်းဝူချင်းက တမင်လုပ်နေမှန်း မသိသည့် ရှလျန်သည် ရှက်ရွံခြင်း မရှိတော့ဘဲ ငြိမ်နေသည်။ သူမ၏ အရင်က ငြင်းဆန်မှုများသည် ခန္ဓာကိုယ်က မသက်မသာဖြစ်သလို ကျန်းဝူချင်းက စကားမတည်၍ ဖြစ်သည်။ သူမသည် သခင်ထံတွင် ဇိမ်ယူနေသည့် ကြောင်တစ်ကောင်လို မျက်လုံးများက မှေးကျဉ်းသွားပြီး ကျန်းဝူချင်း၏ နှိပ်နယ်မှုအောက်တွင် သူမက အိပ်မောကျသွားသည်။
ကျန်းဝူချင်းက သူမ၏ကိုယ်တွင် မသက်မသာမဖြစ်စေရန် သေချာနှိပ်ပေးပြီးနောက် ပြုံးလိုက်သည်။ ထို့နောက် သူမကိုပွေ့ဖက်ထား၍ ခန်းမဘေးက ရေချိုးကန်ထဲသို့ ခေါ်သွားကာ ကိုယ်လက်သန့်စင်ပေးသည်။ ရှလျန်သည် သူ့အပြုအမှုတို့ကို သတိထားမိသော်လည်း လုံးဝငြိမ်နေပေးသည်။ သူမသည် အိပ်ရာမထချင်သဖြင့် သူ့ဂရုစိုက်တို့ကိုခံယူရင်း ဆက်အိပ်သည်။
……………………
ရှလျန်နှင့် ကျန်းဝူချင်းတို့သည် ပျားရည်ပေါ်ကို သကာရည်လောင်းသကဲ့သို့ ချိုမြိန်စွာ ဘဝကို ဖြတ်သန်းနေစဉ် အပြင်ကမ္ဘာတွင် ဗြောင်းဆန်နေသည်။
ချီယန်ဂိုဏ်းနှင့် ရွှမ်ယုဂိုဏ်းတို့ကြားက အမုန်းတရားများသည် လင်းဇယ်နှင့် ရှယုတို့၏ ဦးဆောင်မှုကြောင့် ဂိုဏ်းသားတို့သည် အချင်းချင်းတွေ့ချိန်တွင် အမုန်းတို့ကို မထိန်းနိုင်ဘဲ သေမတက် မုန်းကုန်ကြသည်။
လင်းဇယ်က သူမအပေါ်တွင် လျို့ဝှက်အစွမ်းသုံး၍ သူမကို အချိန်တိုင်းနာကျင်အောင် လုပ်ကြံထားမှန်း ရှယုက သေချာသွားသည်။ မာနကြီးသူတစ်ယောက်ဖြစ်လေရာ သူမသည် အကြောင်းရင်းကို မသိချင်တော့ဘဲ အချစ်မှ အမုန်းသို့ ပြောင်းလဲသွားသည်။ သူ့ကို ဖမ်းချုပ်၍ သူမ၏ ကျိန်စာကို ပြန်ဖြေနိုင်မည့် နည်းလမ်းကိုသာ မေးချင်တော့သည်။
သူမ၏ လုပ်ရပ်များကြောင့် လင်းဇယ်သည် ရှယုက သူ့အားသစ္စာဖောက်၍ သတ်ချင်နေကြောင်း ပိုယုံကြည်လာသည်။ အကြောင်းအချို့ကြောင့် ထိုနှစ်ယောက်သည် မျက်နှာချင်း မဆိုင်တော့ဘဲ အရင်ဆုံး သူတို့တပည့်များက အချင်းချင်း လမ်းပိတ်၍ ရန်စကုန်သည်။
ရှယု၏ အခြားချစ်သူများသည် သူတို့နှစ်ဦးကြားက ရန်ပွဲကို ဝင်ဖြန်ဖြေပေးချင်ကြသည်။ သို့သော်လည်း သူတို့သည် ထိုကဲ့သို့လုပ်ရန် အင်အားကို မရှိကြပါ။ သူတို့ဂိုဏ်းများတွင် ပြဿနာတို့ တက်နေ၍ ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်နေရာကို လုယူဖို့ ကြိုးပန်းမှု၊ ဂိုဏ်း၏ အထိပ်အမြတ် ရတနာပျောက်ဆုံးမှုနှင့် ဂိုဏ်းသားတို့က လုပ်ကြံသတ်ဖြတ်ခံရမှုတို့က အချိန်ကိုက် ဖြစ်ပေါ်နေရာ သူတို့သည် ငတုံးများ မဟုတ်ကြပါ။ သူတို့သည် ထိုလှည့်ကွက်တို့ကို မြင်နိုင်သေးသည်။ သူတို့ကို ပစ်မှတ်ထားနေသူ တစ်ယောက်ရှိနေသည်။ ထိုနောက်ကွယ်ကလူက မည်သူဖြစ်နိုင်နည်း?
နောက်ဆုံး သူတို့စုံစမ်းစစ်ဆေးကြရာ ထိုနောက်ကွယ်ကလူသည် ရှယုဖြစ်နေသည်။ သူတို့ဖမ်းမိသူများက သူတို့ကို အမိန့်ပေးစေခိုင်းသူသည် ရှယုဖြစ်ကြောင်း ဝန်ခံလာကြသည်။ သူတို့သည် ထိုစကားများကို မယုံကြည်ကြသော်လည်း လူတိုင်းက တစ်မျိုးတည်းပြောလာချိန်တွင် မယုံကြည်ဘဲ မနေနိုင်တော့ပါ။
ကျိုးရွှမ်နှင့် အခြားသူတို့၏ သံသယတို့က မသေချာနေ၍ ရှယုထံသို့သွားကာ အကျိုးအကြောင်းကို မေးဖို့လုပ်ကြသည်။ ထိုအချိန်တွင် လင်းဇယ်က ရောက်လာသည်။ ရှယုသည် သူတို့ကို မနှစ်သက်တော့ဘဲ ကျန်းဝူချင်းကို ချစ်မိသွားပြီဖြစ်ကြောင်း ပြောပြသည်။ သူတို့ အခု ကြုံတွေ့နေရသည်များမှာ ကျန်းဝူချင်းနှင့် ရှယုတို့၏ လက်ချက်ပင်။
အဖြစ်အပျက်တို့က မြန်ဆန်လွန်း၍ ကျိုးရွှမ်တို့က မယုံကြည်ချင်ကြပါ။ သူမက ပြောင်းလဲသွားပြီဟု သူတို့က ဘယ်လိုလုပ် သေချာသိနိုင်မည်နည်း? သို့သော်လည်း ထိုအချိန်တွင် ကောလဟာလတို့က ထွက်ပေါ်လာသည်။ ရှလျန်နှင့် ကျန်းဝူချင်းတို့သည် လက်ချင်းချိတ်၍ အတူတကွ ခရီးသွားလာနေကြသည်ကို ဂိုဏ်းသားအမြောက်အများက မြင်တွေ့ခဲ့ကြသည်။
သူတို့အတွက် ဗုံးကြီးတစ်လုံးက ရောက်လာသည်။ ကျန်းဝူချင်းသည် ရှလျန်အတွက် သူ့ဂိုဏ်းကို သူမကဖျက်စီးခဲ့သည့် အမုန်းတရားတို့ကိုခဝါချပြီး သူမ၏ချစ်သူများနှင့် မရှုပ်တော့ဘဲ သူတစ်ဦးတည်းနှင့်သာ အတူရှိစေချင်ကြောင်း ပြောခဲ့သည်။ ရှလျန်သည်လည်း လူအများရှေ့တွင် သဘောတူခဲ့သည်။
နတ်ဘုရားတိုင်း၏ ရှေ့မှောက်တွင် သူတို့က ကတိသစ္စာပြုပွဲ ကျင်းပခဲ့သည်ဟုတောင် ပြောကြသည်။ အရှင်သခင် ကျန်းဝူချင်းသည် အရှင်မရှလျန်ကို ချစ်မြတ်နိုးမှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။ မျက်လုံးကန်းနေသူ မဟုတ်လျှင် သူမကို သူဘယ်လောက်ချစ်မြတ်နိုးကြောင်း လူတိုင်းမြင်နိုင်သည်။ လူတိုင်းက ခေါင်းကိုယမ်းခါ၍ သက်ပြင်းသာ ချနိုင်တော့သည်။ ၉လောကကို ပိုင်စိုးသည့် နတ်အရှင်တောင်မှ ချစ်ရေးရာကိစ္စတို့ကို မရှောင်နိုင်သေးပါ။
ထိုကဲ့သို့ ကောလဟာလများသည် လင်းဇယ်နှင့် အခြားသူတို့၏ နားထဲသို့ ရောက်သည့်အခါ မိုးကြိုးပစ်ချသကဲ့သို့ ခံစားရပြီး အလွန်စိတ်ဆိုးကုန်ကြသည်။ သူတို့၏ ရှယုအပေါ် ချစ်ခြင်းများက ကုန်ဆုံးသွားပြီး ထိုမိန်းမယုတ်ကိုသာ လက်စားချေချင်ကြတော့သည်။
သူတို့အကုန်လုံးသည် ကောင်းကင်က ဂုဏ်ယူရသည့် အရည်အချင်းရှိသူများဖြစ်ကြပြီး သူတို့မာနနှင့် သူတို့ရှိကြသည်။ ရှယုကို သူတို့က ချစ်မြတ်နိုးချိန်တွင် သူမက သူတို့၏ မာနတို့ကို စွန့်ပစ်ရသည့်အထိ ထိုက်တန်ခဲ့သည်။ သို့သော်လည်း သူမသည် သူတို့၏ အားထုတ်မှုများနှင့် မထိုက်တန်တော့ပါ။ ထို့ကြောင့် သူမကို ရွှံရှာ၍ မုန်းတီးကုန်ကြသည်။
ရှယုသည် သူမ၏ရင်းနှီးသူများထံမှ သစ္စာဖောက်ခံရမှုကို ခံရရန် ခြေတစ်လှမ်းသာ လိုတော့သည်။