May Honey Logo May Honey
Previous Next

အပိုင်း (၁၇)

ကောလဟာလများသည် ရှယု၏ နားထဲသို့ ရောက်လာသည့်အခါ သူမက မဟုတ်ကြောင်း သိနေသည့်အပြင် ဘယ်လိုအားနေသည့်သူက သတင်းလျှောက်လွှင့်လဲကို တွေးမိ၍ နှာခေါင်းရှုံ့မိသည်။

သူမက ကျန်းဝူချင်းကို အလွန်နှစ်သက်သော်လည်း သူ့ချစ်သူများအား ကျန်းဝူချင်းအတွက် စွန့်လွှတ်မည် မဟုတ်ပါ။ သူတို့က သူမအား လင်းဇယ်ကဲ့သို့ သစ္စာမဖောက်လျှင် စွန့်ပစ်မှာ မဟုတ်ပေ။ ထို့အတူ ကျန်းဝူချင်းက ဘယ်လိုလူစားမျိုးဖြစ်နေသနည်း။ ထိုလူက သူမအပေါ် ခံစားချက်ရှိနေလျှင် ဘယ်လိုလုပ်၍ ထွက်ပြေးမည်နည်း။

 သူမ၏အမြင်အရ ကျန်းဝူချင်းသည် မာနကြီး၍ အေးစက်လွန်းသည်။ နတ်အရှင်တစ်ပါး ဖြစ်နေသည့်အတွက် သူ့ကိုချီးကျူးသည်ဖြစ်စေ စော်ကားသည်ဖြစ်စေ ထိုလူကို မျက်လုံးထဲတောင် ထည့်မည် မဟုတ်ပါ။ ထိုကဲ့သို့လူက ချစ်ဖို့ဝေးသည်။ 

ထို့ကြောင့် ရှယုသည် ထိုကောလဟာလတို့ကို ဂရုမစိုက်သလို လင်းဇယ်တို့ကိုလည်း အာရုံထဲ ထည့်မနေပါ။ အချစ်ခံရသူဖြစ်သည့် ရှယုသည် သူတို့၏စိတ်ခံစားချက်များကို ဂရုမစိုက်သည်ဘဲ ဘာကိုမှရှင်းမပြသည်ကလည်း ဒါကပထမဆုံးအကြိမ် မဟုတ်ပါ။ ထို့ကြောင့် နားလည်မှုလွဲခြင်းက ပိုဆိုးလာတော့သည်။

တစ်ဆင့်ချင်းစီဖြင့် ကျန်းဝူချင်းသည် ရှယုအား ချောက်ထဲသို့တွန်းပို့နေကာ သူမ၏ ရင်းနှီးသူများနှင့် ချစ်သူဟောင်းများက သူမကို ထားခဲ့တော့မှာ ဖြစ်သည်။ သို့သော်လည်း ရှယုက ပြဿနာကို အချိန်မီသတိပြုမိ၍ နားလည်မှုလွဲခြင်းများကို လူတိုင်းအား ပွင့်လင်းစွာ သေချာရှင်းပြလျှင် အထင်လွဲမှုက ပျောက်နိုင်သေးသည်။

ကျန်းဝူချင်းက တစ်ကွက်ပဲရွှေ့ခဲ့သော်လည်း လူတိုင်းက အချင်းချင်း နားလည်မှုလွဲ၍ ယုံကြည်မှုမရှိကာ ကျောခိုင်းကုန်ကြသည်။ သူတို့က စိတ်ငြိမ်ငြိမ်ထား၍ ကျိုးကြောင်းသင့်စွာ ပြောဆိုဆက်ခဲ့ပါက သူတိ့ကို ချောက်ချထားသည့် အဖြစ်မှန်ကို တွေ့ရှိနိုင်သေးသည်။

သို့သော်လည်း ရှယုနှင့် သူ့ချစ်သူများကြားတွင် လိုအပ်နေသည်က ယုံကြည်မှုနှင့် အပြန်အလှန် ပြောဆိုဆက်ဆံခြင်း ဖြစ်သည်။ ထို့အတူ ရှယုတွင် ချစ်သူက အများကြီးဖြစ်နေရာ ချစ်သူတိုင်းအတွက် ညီတူညီမျှချစ်ပေးဖို့ကလည်း အလွန်ခက်ခဲသည်။

ထို့အပြင် ကျန်းဝူချင်းသည် လင်းဇယ်ကိုထပ်ဖမ်းဖို့ ခိုင်းစေလိုက်ပြန်သည်။ မြေအောက် အကျဉ်းထောင်ထဲတွင် ဖမ်းချုပ်၍ နေ့တိုင်းညတိုင်း နှိပ်စက်သည်။ သူ့ကိုနှိပ်စက်နေရခြင်းမှာ ရှယုသည်လည်း ‘ချစ်ငှက်နှစ်ကောင်ပျံသန်းခြင်း’ကြောင့် ခံစားရမှာဖြစ်၍ ဖြစ်သည်။

ထိုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံရသည့်ခံစားချက်ကြောင့် ရှယုသည် ပြဿနာများကို လျစ်လျူရှုပြီး တံခါးပိတ်၍ ကျင့်ကြံသည်။ သို့သော်လည်း ရှယုသည် နားလည်မှုလွဲခြင်းများကို ရှင်းပြဖို့အခွင့်အရေး လုံးဝဆုံးရှုံးသွားပြီ။ သူမ၏ ချစ်သူများက သူမကိုစွန့်ပစ်သွားပြီဖြစ်ပြီး သူမကို သေအောင်မုန်းတီးနေကြသည်။

သို့သော်လည်း ရှယုသည် သူမ၏အင်အားများက ခန္ဓာကိုယ်တွင် ကုန်ဆုံးနေပြီး ဘယ်လိုနည်းလမ်းဖြင့် သူမကို ခံစားရအောင်လုပ်ထားသလဲကို လေ့လာနေရသဖြင့် ထိုကိစ္စများကိုမသိပါ။ သူမက ဘယ်လောက်ကြိုးစားရှာဖွေပါစေ ပြဿနာကို မတွေ့သည်က ဝမ်းနည်းစရာပင်။ ‘ချစ်ငှက်နှစ်ကောင်ပျံသန်းခြင်း’ဆေးသည် လူတစ်ယောက်က သောက်လိုက်ရုံဖြင့် သူ့ကိုယ်သာမက အခြားသူကလည်း ခံစားရသည်ဖြစ်ပြီး အကြောင်းအရင်းကို ဘယ်လိုမှ ရှာ၍မရပါ။

ရှယုက တံခါးပိတ်ကျင့်ကြံနေချိန်တွင် သူမကို ရှာမရသဖြင့် သူမ၏ချစ်သူများသည် အကုန်စည်းလုံး၍ သူမတည်ထောင်ထားသည့် ရွှမ်ယုဂိုဏ်းကို ဖျက်စီးလိုက်သည်။ တပည့်တို့က သေဆုံးကြ၍ ထွက်ပြေးကုန်သည်။ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွား၍ နတ်ဆေးများ၊ ကျင့်စဉ်များ၊ ဝိညာဉ်ကျောက်များနှင့် အခြားအရာအားလုံးက လုယက်ခံရ၍ ဝိညာဉ်မြက်များတောင် ရှယုအတွက် မကျန်တော့ပါ။

………………

“လျန် နင့်ရဲ့ခန္ဓာကိုယ် အရည်အချင်းနဲ့ ဝိညာဉ်အမြစ်က မကောင်းဘူး။ နင်ဘယ်လောက်ပဲ ကျင့်နေပါစေ ဘာမှမထူးခြားဘူး”   9957 က သူမအား ပြောသည်။

“ငါခန္ဓာကိုယ်ပြောင်းချင်တယ်”   ရှလျန်သည် မကျင့်ကြံတော့ဘဲ ပြောသည်။

“ရှယုနဲ့ ပြန်ပြောင်းမလို့လား? နင်အဲ့ဒါကို ကျန်းဝူချင်းနဲ့ အရင်တိုင်ပင်ဦး။ သူကနင့်ရဲ့ အခုခန္ဓာကိုယ်ကိုကြိုက်တာ။ နင်ပြောင်းလိုက်ရင် သူမသုံးချင်တော့ရင် ဘယ်လိုလုပ်မလဲ ဟီး ဟီး”   9957 က ပြောသည်။

‘သူတို့နှစ်ယောက်က နေ့တိုင်းချစ်ကြည်နူးနေကြတာ။ ငါ့လိုစနစ်လေးတောင် ကြည့်ရတာရော ပြောရတာရော ရှက်လာပြီ။ ဒါပင်မယ့်လည်း ဒီအခြေအနေကိုမြင်ရတာ ပျော်ပါတယ်။ ငါ့အထင်က မှန်သွားပြီ။ ဆက်ဆံရေးတွေက အိပ်တာက တိုးတက်လာတာပဲ’
ထိုအချိန်တွင် သူ့၏ လျန်ကိုပြောင်းလဲရေးအစီအစဉ်က 10%တိုးတက်နေပြီ။ အစီအစဉ်ဆွဲသူ အနေဖြင့် 9957 သည် ပျော်လွန်း၍ နေ့တိုင်းသီချင်းတညည်းညည်းဖြင့် ကနေတက်သည်။

ရှယုသည် 9957ထံမှ ကြားသည့်အခါ သူမကရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်ကိုရ၍ ချိုမြိန်သွားသလို ရှက်လည်းသွားသည်။ သူမရှိလျှင် သူမသည် တစ်ခုခုပျောက်ဆုံးနေသလိုဖြစ်၍ ကျင့်ကြံချိန်တွင်လည်း စိတ်မငြိမ်နိုင်ပါ။

“အင်း ငါမေးလိုက်မယ်”   ရှလျန်က ခေါင်းငြိမ့်၍ အမှုအယာမဲ့စွာပြောသည်။ သို့သော်လည်း သူမ၏မျက်လုံးများသည် အရင်လို မှိုင်းမနေတော့ဘဲ မျှော်လင့်ချက်တို့ကြောင့် ကြယ်များလို တောက်ပနေသည်။

ခန်းမကြီးတွင် လက်အောက်ငယ်သားများ၏ တင်ပြချက်ကို နားထောင်နေသည့် ကျန်းဝူချင်းသည် ရုတ်တရပ်ပြုံးလာသည်မှာ သူ့၏ဘာမထီသည့်အသွင်နှင့် လုံးဝခြားနားနေသည်။ သူ့အပြုံးသည် မြင်ရသူတို့၏ရင်ထဲတွင် ပန်းများပွင့်စေသလိုပင်။

တင်ပြနေသည့် ရှောင်ချီသည် သူ့အရှင်သခင်ကို မြင်သည့်အခါ ချက်ချင်းခေါင်းငုံ့၍ ထပ်မကြည့်ရဲတော့ပါ။ သူထင်သကဲ့သို့ ရှလျန် ရောက်လာခြင်းက အမှန်ပင်။ သူမတစ်ဦးသာ သူတို့ အရှင်သခင်ကို ဒီလိုခံစားချက်များ ဖြစ်စေနိုင်ခြင်းဖြစ်သည်။

“အရှင်သခင် ကိစ္စမရှိတော့ရင် ဒီငယ်သားကို ခွင့်ပြုပါဦး”
ရှောင်ချီသည် သူတို့ကြားက ဆက်ဆံရေးကို မနှောင့်ယှက်ချင်သဖြင့် မနေရဲတော့ပါ။

“အင်း”   ကျန်းဝူချင်းက ထူးမခြားနား ခေါင်းငြိမ့်ပြသည်။

အခုအချိန်တွင် သူ့အတွေးတို့က ရှလျန်ဆီတွင်သာရှိ၍ သူ့ရင်ထဲတွင် မျှော်လင့်ချက်တို့ ရှိနေသည်။ သူတို့ဝေးနေချိန်တွင် သူမက အရင်ဆုံး စ၍လာရှာခြင်း ဖြစ်သည်။ သူသည် ခုံတွင်ထိုင်ရင်း သူမတံခါးခေါက်လာမည်ကို စောင့်ချင်သော်လည်း မစောင့်နိုင်တော့ပါ။

ရှလျန်သည် လက်ကိုမြှောက်၍ တံခါးကို ခေါက်တော့မည်အချိန်တွင် တံခါးကပွင့်လာ၍ အထဲကလူသည် သူမကို ပွေ့ဖက်တော့သည်။

“ဘာဖြစ်လို့ လာတာလဲ? ကိုယ့်ကိုလွမ်းလို့လား?”   ကျန်းဝူချင်းသည် ရှလျန်၏လည်ပင်းကို ခေါင်းအပ်၍ သူမ၏အနံ့ကိုခံနေသည်မှာ ခွေးအကြီးကြီး တစ်ကောင်လိုပင်။ သို့သော်လည်း အေးစက်၍ နတ်တစ်ပါး၏ အရှိန်အဝါတော့ ရှိသေးသည်။

ရှလျန်သည် သူ့ကြောင့်ယားသွားသည်။ သူမ၏နှုတ်ခမ်းက မပြုံးသော်လည်း မျက်လုံးထဲတွင် အပြုံးတို့ပေါ်နေကာ မျက်လုံးတို့က တောက်ပ၍ လှလာသည်။

“လျန် ပြောဦး။ ကိုယ့်ကိုမလွမ်းဘူးလား?”   ကျန်းဝူချင်းသည် ထိုမေးခွန်းကို အမြဲတမ်းမေးတက်သည်။ ရှလျန်၏ အဖြေက အရေးမကြီးပါ။ သူမအား ဖြေစေနိုင်သည့်နည်းလမ်းများစွာ သူ့တွင်ရှိသည်။  
Previous Chapter 39 of 42 Next