May Honey Logo May Honey
Previous Next

အပိုင်း (၁)

ဖြူစွတ်နေသည့် နေရာလွတ်တစ်ခုတွင် ဖြစ်သည်။

ပိန်သွယ်သည့်လူတစ်ယောက်က ဘယ်ဘက်လက်က ဉာဏ်ရည်တုကိုငုံ့ကြည့်ပြီးနောက် လက်ကိုလည်း မြှောက်ကြည့်လိုက်သည်။ သို့သော်လည် လှပသည့် မျက်ခုံးတို့က အနည်းငယ် တွန့်ကွေးနေသည်။

ရုတ်တရပ်ဆိုသလို တိတ်ဆိတ်သည့်နေရာလွတ်ထဲတွင် “တင်”ဆိုသည့်အသံက ထွက်လာသည်။ ထို့နောက် နူးညံ့သည့်အသံလေးက ချက်ချင်းထွက်လာသည်။   “ချစ်ရပါတဲ့လျန် အဆင်သင့်ဖြစ်ပြီလား? နောက်မစ်ရှစ်တစ်ခုကို စကြရအောင်”

“အင်း”   ရှလျန်က ခေါင်းကိုတစ်ချက်မော့ကြည့်ပြီးနောက် လက်ကောက်ဝတ်ကို ပြန်ကြည့်နေဆဲဖြစ်ကာ အေးတိအေးစက် ဖြစ်သွားသည်။

“လျန် နင်ကအရမ်းအေးစက်ပြီးတော့ ရက်စက်တာပဲ။ ငါစိတ်မကောင်းဖြစ်သွားပြီ။ ငါတို့ဆိုရင် အချိန်ဒီလောက်အကြာကြီး ပူးပေါင်းလာတာ။ ဘာဖြစ်လို့ အေးတိအေးစက် လုပ်နေသေးတာလဲ? တော်လိုက်ပါတော့ . . .”

“၉၉၅၇ ပါးစပ်ကိုပိတ်ထား။ တာဝန်ကိုပြော”   ရှလျန်က နှုတ်ခမ်းကိုအနည်းငယ်တွန့်သွားကာ အသံက ပို၍အေးစက်လာသည်။ 

ခုနကပြောခဲ့သည့်အတိုင်း သူတို့က အကြိမ်များစွာ အတူဆောင်ရွက်ခဲ့သော်လည်း ရှလျန်သည် အမြဲအေးစက်၍ ဒီစနစ်၏ ပျော်မြူးနေသည့်စရိုက်ကို သည်းမခံနိုင်သေးပါ။

“ဟုတ်ပြီ ဟုတ်ပြီ”   နူးညံ့သည့်အသံလေးက မတရားခံလိုက်ရသလို ဖြစ်နေသည်။ သူ့မှာသာ ကိုယ်ခန္ဓာရှိပါက လက်ညိုးတစ်ထိုးထိုးဖြင့် တစ်ကိုယ်လုံးကိုလူးလှိမ့်၍ မျက်ရည်အဝိုင်းသားဖြင့် ငိုနေလောက်သည်။

“ဒီတစ်ခါ တာဝန်ရဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်နဲ့ နောက်ခံအကြောင်းတွေကို နင့်ဦးနှောက်ထဲ ထည့်ပေးလိုက်ပြီ။ နားမလည်တာရှိရင် မေးလို့ရတယ်။ ဒါပင်မယ့် လျန်လျန်က အရမ်းကို ဉာဏ်ကောင်းတော့. . .”   ၉၉၅၇က စကားဆက်ပြောဖို့လုပ်နေသေးသော်လည်း ရှလျန်က ချက်ချင်းသူ့ကိုပိတ်လိုက်သည်။

သူမက နှုတ်ခမ်းပါးပါးလေးကို လက်ဖြင့်ထိကာ မျက်နှာပြင်ကို ကျွမ်းကျင်စွာဖွင့်လိုက်၍ သူမ၏အမှတ်စာရင်းကို ပိတ်လိုက်ပြီးနောက် တာဝန်မိတ်ဆက်ကိုကြည့်သည်။
ထိုတိုက်ကြီးတွင် နိုင်ငံကြီးနှင့်နိုင်ငံသေးများ များစွာရှိကာ “မင်းတို့က ငါ့တို့ကို လာတိုက်တယ်” နှင့် “ငါတို့က မင်းတို့ကို တိုက်တယ်ကွာ” ဟူ၍ အချိန်တိုင်း စစ်ပွဲများ ဖြစ်နေကြသည်။ နိုင်ငံသေးများအနေဖြင့် ဖျက်စီးခံရသည်မှာ ပုံမှန်မဟုတ်တာမျိုး မဟုတ်၍ ဧကရာဇ်များ၊ မင်းသား၊ မင်းသမီးများနှင့် အခြားသူတို့ သေဆုံးခြင်းကလည်း ပုံမှန်မဟုတ်တာ မဟုတ်ပါ။

အနောက်ပိုင်းတရုတ်တိုင်းပြည်က ချမ်းသာ၍ လူတို့က သန်မာကြသည်။ တိုက်ကြီးတွင် အသန်မာဆုံးတိုင်းပြည် မဟုတ်သော်လည်း အကောင်းဆုံးထဲတွင်တော့ပါသည်။ ဘယ်နိုင်ငံ အသေးကမှ အနိုင်ကျင့်၍မရပေ။ 

အနောက်ပိုင်းတရုတ်တိုင်းပြည်တွင်‌ မွေးဖွားသည့် ပိုင်ယောင်သည် ဂုဏ်ကျက်သရေရှိ၍ အခြေခိုင်ခံ့သည့် လေးဆက်မြောက်မျိုးရိုး ဖြစ်သည်။ သူ့အဘေးသည် တိုင်းပြည်ကိုတည်ထောင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်ကာ သူ့အဘေးနှင့် ဧကရာဇ်၏ ခင်မင်ရင်းနှီးမှုက တွေးကြည့်၍တောင် မရနိုင်ပေ။ သူ့အဘိုး လက်ထက်တွင် အလွန်မြှောက်စားခြင်း မခံရသော်လည်း လက်နက်အပြည့်ရှိသည့် စစ်သား ၃သိန်း ရှိနေဆဲပင်။

သို့သော်လည်း သူ့အဖေလက်ထက်ရောက်သည့်အခါ ဂုဏ်သိက္ခာကြီးမားသည့် စစ်သူကြီး အိမ်တော်သည် အခြေအနေ နိမ့်ဆင်းလာခဲ့သည်။ သူ့အဖေက လူရာသိပ်မဝင်လေရာ စစ်သူကြီးလည်း မဟုတ်တော့၍ စစ်သူကြီးအိမ်တော်ကို စောင့်ရှောက်သည့်အစောင့် အနည်းငယ်လောက်ဖြင့် အမည်ခံသာရှိ၍ ဂုဏ်ရှိသည်ဟုတောင် တွေးမရပါ။

သူ့ဦးလေးနှစ်ယောက်မှာ ပိုတောင်အသုံးမကျဖြစ်နေသေးသည်။ စစ်ပွဲတွင် တိုက်ခိုက်ဖို့ စစ်သားတို့ကို ဦးဆောင်ဖို့ရန် မဖြစ်နိုင်ပေ။ ပြဿနာတို့ကိုရှာဖွေသည့်နေရာတွင်သာ ပိုအသုံးကျနေ၍ အရင်မျိုးရိုး၏ အရှိန်အဝါမှာ ကျဆင်းသထက် ကျဆင်း၍ လာတော့သည်။ ပိုင်ယောင် မွေးဖွားသည့်အချိန်တွင် သူ့အဘိုးက သေဆုံးသွားပြီဖြစ်၍ စစ်သူကြီးအိမ်တော်၏ ဂုဏ်သိက္ခာသည် ကျဆင်းနေပြီ။

လူတို့က သူတို့အကြောင်းကို စကားပြောချိန်တိုင်း အဖွင့်စကားမှာ ဤကဲ့သို့ ဖြစ်လာသည်။   “ဒီစစ်သူကြီးအိမ်တော်က အတိတ်တုန်းက တကယ်ထူးချွန်ခဲ့တာ . . . အခုကတော့ အဆင်မပြေတော့ပါဘူးလေ”

ပိုင်ယောင်၏အဖေဖြစ်သူသည် သူ့အားအမည်ပေးစဉ်တည်းက သူ့ဆန္ဒတို့ကို သူ့အပေါ်သို့ အပ်နှင်းထားသည်။ ကွမ်ယောင်၏ တံခါးဖြစ်ခဲ့သည့် ဘိုးဘေးကွမ်ကျုံးတို့၏ စစ်သူကြီးအိမ်တော်မှ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည့် ဆန္ဒဖြင့် ယောင်ဟူ၍ အမည်ပေးခဲ့သည်။ မွေးကာစကလေးအား မိသားစု၏ဝန်ကို ပေးအပ်လိုက်ခြင်းက တကယ့်ကို တုံးရာကျပါသည်။ သို့သော်လည်း ပိုင်ယောင်က သူ့အမည်ဖြင့် တကယ့်ကို ထိုက်တန်ခဲ့သည်။

အသက်၃နှစ်တည်းက စစ်ဗျူဟာတို့ကို ဖတ်နိုင်ပြီဖြစ်၍ အလွန်ဉာဏ်နီဉာဏ်နက်များသည်။ အသက် ၅နှစ်အရွယ်တွင် မြင်းစီးမြှားပစ်ကို ကျွမ်းကျင်နေပြီ။ အသက် ၁၁နှစ်အရွယ်တွင် စစ်တန်းလျားသို့ဝင်၍ စစ်သားဖြစ်နေပြီ။ ၃နှစ်ကြာသည့်အခါ ကြိုးစားမှုနှင့် ဉာဏ်နီဉာဏ်နက်တို့ကြောင့် ဗိုလ်ချုပ်ဖြစ်လာ၍ စစ်သားတို့ကို ဦးဆောင်ကာ ရှုံးပွဲမရှိပေ။ ထိုအခါ ပိုင်ယောင်သည် အနောက်ပိုင်းတရုတ်ပြည်ရဲ့ ဒဏ္ဍာရီဖြစ်လာ၍ ချင်းယန်တိုက်ကြီး တစ်ခုလုံးတွင်လည်း ဖြစ်လာသည်။

ဘယ်သူကသိမည်နည်း။ ဘယ်သူက သိနိုင်မည်နည်း!  
ပုံမှန်ဇာတ်ကြောင်းအရဆိုလျှင် အသက်၂၇နှစ်အရွယ် ရောက်လာသည့်အခါ ပိုင်ယောင်သည် အင်အားကြီး အရှေ့ပိုင်းလျောင်တိုင်းပြည်နှင့် ညီမျှသည့် စစ်တပ်ကို ဦးဆောင်နိုင်သွားသည်။ သူ့ဘဝက အခက်အခဲများကို ကျော်ဖြတ်၍ ထိပ်ဆုံးသို့ ရောက်ရှိသွားသည့် ဒဏ္ဍာရီလာကြီးကို ဖြစ်နေသည်။

ဧကရာဇ်၏ စိတ်ဝင်စားမှုကြောင့်သာ မဟုတ်လျှင် ပိုင်ယောင်သည် စစ်သားတို့ကို ထောက်ပံ့၍ ပုန်ကန်ဖို့စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ကာ ဘုရင်အဖြစ် ကြေညာလိမ့်မည်။ ပိုင်ယောင်၏ ဘဝတွင် သူသည် မိန်းမကောင်းလေးတစ်ဦးဖြင့် လက်ထပ်ခဲ့သင့်သည်။ သူတို့ကြားတွင် အချစ်မရှိသော်လည်း အချင်းချင်းလေးစားခဲ့ကြမည်။ သေဆုံးချိန်တွင် သူတို့ကလေးများနှင့် မြေးတို့ အပြည့်ဖြင့် ဖြစ်နေလိမ့်မည်။ သူတို့ဂုဏ်ကျက်သရေက ကြီးမားလွန်းနေခဲ့မည်။

သို့သော်! ! !

ထိုအရာအားလုံးမှာ လှပသည့်ကြာပန်းဖြူတစ်ပွင့်က ဖြတ်လျှောက်လာချိန်တွင် ပြောင်းလဲသွားခဲ့သည်!!! စုမေ့ ဟုခေါ်သည့် ခေတ်သစ်က ရည်ရွယ်ချက်ကြီးမားကာ အရည်အချင်းရှိသည့် မိန်းမတစ်ဦးက အရှေ့ပိုင်းလျောင်မင်းဆက်၏ မင်းသမီးလေး၏ ခန္ဓာကိုယ်ထဲသို့ ဝိဉာဉ်ကူးပြောင်းလာခဲ့သည်။ သူမတွင် စိတ်စွမ်းအင်စမ်းပါသည့် နေရာလွတ် နယ်မြေတစ်ခု ပိုင်ဆိုင်ထားသည်။ သူမထံတွင်ရှိသည့် စိတ်စွမ်းအင်စမ်းကို အသုံးပြုခြင်းအားဖြင့် ဆုမေ့သည် အရှေ့ပိုင်းလျောင်တိုင်းပြင်တွင် အရည်အချင်းရှိ၊ ဂုဏ်သိက္ခာရှိ၍ တယုတယ နေထိုင်ရသည့် လွယ်ကူ၍ သက်တောင့်သက်သာရှိသည့်ဘဝကို ဖြတ်သန်းခဲ့ရသည်။

တိုင်းပြည်ပျက်သည့်အခါ စုမေ့သည် သူမကိုယ်သူမ အစေခံအဖြစ် ရုပ်ဖျက်၍ နေရာလွတ်ထဲတွင် ပုန်းအောင်းကာ ထွက်ပြေး၍ ရှင်သန်ခဲ့သည်။ သို့သော်လည်း သူမ၏ ချမ်းသာမှု အစွမ်းကို ဘယ်လိုလုပ်၍ အဆုံးရှုံးခံနိုင်မည်နည်း? ထို့အတူ ဒီအရာအားလုံးကို ဖြစ်စေသည်မှာ ပိုင်ယောင်ဖြစ်၍ သူမသည် ဘဘာဝကျစွာ သေအောင်မုန်းတီးမိသည်။

ထို့ကြောင့် ထွက်ပြေးလွတ်မြောက်လာသည်နှင့် ပိုင်ယောင်ကို သူမ၏လက်အတွင်းသို့ ကျဆင်းစေရန် ရည်ရွယ်ချက်ကြီး ချမှတ်ခဲ့သည်။ ပိုင်ယောင်က သူမကို ချစ်လာအောင်လုပ်မည်။ သူ့အင်အားကို အသုံးပြု၍ သူမက မိဖုရားဖြစ်လာမည်။ နောက်ဆုံးတွင် သူ့ကိုသတ်ပစ်မည်။

စုမေ့က အနောက်ပိုင်းတရုတ်ပြည်သို့ ထွက်ပြေးလာကာ သနားစဖွယ် အထိခိုက်မခံသူလေးလို စန်ဆောင်သည်။ နောက်ဆုံးတွင် သူမသည် ပိုင်ယောင်၏ မိခင်နှင့် ချိတ်ဆက်မိသွားကာ သူမ၏ဆေးပညာကျွမ်းကျင်မှုကြောင့် ကိုယ်ပိုင်အစေခံဖြစ်လာ၍ ပိုင်ယောင်၏ အိမ်တော်သို့ ပြောင်းရွေ့လာသည်။ 

ထိုအချိန်တွင် ပိုင်ယောင်သည် သူ့အမျိုးသမီးဖြစ်မည့်သူနှင့် လက်မထပ်ရသေးဘဲ စေ့စပ်ထားသည့်သူ အဆင့်သာရှိသေးသည်။ စုမေ့သည် သူမ၏ စကားချိုချိုလေးများကို အသုံးချကာ အားနည်းချင်ယောင်ဆောင်၍ သနားဖို့ကောင်းအောင်လုပ်သော်လည်း ဉာဏ်များ၍ ထက်မြက်ကာ အခွင့်အရေးကို တစ်လှမ်းချင်းစီ ဖန်တီး၍ ပိုင်ယောင်၏ အာရုံစိုက်မှုကို အောင်မြင်စွာ ရယူသွားသည်။

ထို့နောက် ပိုင်ယောင်ကို အရူးအမူးချစ်သည့်ပုံပြ၍ ချဉ်းကပ်ကာ ဂရုစိုက်ပေးရင်း ကိုးကွယ်မတက် လုပ်ပြကာ ပိုင်ယောင်အား လုံးဝမတူညီသည့် ခံစားချက်ကို ရရှိစေ၍ သူမကို နက်ရှိုင်းစွာ ချစ်မိသွားစေသည်။ တကယ်တော့ စုမေ့သည် ကံကောင်းသည်။ ပိုင်ယောင်တွင် အချစ်ရေးအတွေ့အကြုံမရှိ၍ အခြားသူများကို ဂရုမစိုက်တက်သည့်အပေါ်တွင် အသုံးချသွားတာ ဖြစ်သည်။ မဟုတ်လျှင် ဘယ်လိုလုပ်၍ အောင်မြင်စွာ ဖြားယောင်းနိုင်မည်နည်း။

ပိုင်ယောင်သည် ဉာဏ်နီဉာဏ်နက်များ၍ ကြီးမြတ်သည့်ပုံပေါ်သော်လည်း ဒါက သူများတွေ၏ သူ့အပေါ်ထားသည့် အမြင်ပင်ဖြစ်သည်။ သူက အချစ်ငတ်၍ အလွန်အထီးကျန်နေသူ တစ်ဦးသာ ဖြစ်သည်။ သူငယ်ရွယ်စဉ်တွင် ဖခင်ဖြစ်သူက စည်းကမ်းကြီး၍ ပြင်းထန်ကာ အဖေနှင့် ချစ်ခင်စွာ မနေခဲ့ရပေ။ အဖေနှင့်သားကြားတွင် နူးညံ့မှုမရှိဘဲ သင်ကြားမှုနှင့် အပြစ်တင်ရှုံချမှုတို့သာ ရှိသည်။ အမေဖြစ်သူမှာ သူ့ကိုပို၍ ဂရုစိုက်သည့်ပုံပေါ်သော်လည်း သူ့စိတ်ခံစားချက်မှာ အလွန်နူးညံ့၍ အမေနှင့်သားကြားတွင် ပို၍မျှော်လင်ခဲ့သည်။

ကျန်သည့်မိသားစုဝင်တို့မှာ သူ့ကိုလေးစား၍ သူနှင့်စိမ်းကြသည်။ သူ့အရဉ်အချင်းကြောင့် သူ့ကို မနာလိုဖြစ်ကာ လေးစားကြသော်လည်း သူကိုတကယ်ဂရုစိုက်သည့်သူ ဘယ်သူမှ မရှိပါ။ ထို့ကြောင့် ပိုင်ယောင်သည် ငယ်စဉ်တည်းက တကယ့်နွေးထွေးမှုကို မခံစားခဲ့ဖူးပါ။ ထို့ကြောင့် သူ့စိတ်ခံစားျက်တို့သည် ဖြည်းဖြည်းချင်း ငြိမ်လာ၍ ထူးမခြားနာဖြစ်ကာ သတ်ဖြတ်ဖို့ပဲ လုပ်နေသည်။

သူသည် သန်မာသထက်သန်မာလာ၍ လူတိုင်းက သူ့အား မနှိမ်နှင်းနိုင်သည့် သံထည်စစ်သူရဲဟု ခေါ်ဝေါ်ခဲ့ကာ သူ့တစ်ကိုယ်လုံးတွင် သွေးနံ့များဖြင့်စွဲထင်နေ၍ ဘယ်သူကမှ မချဉ်းကပ်ရဲပါ။ တွေ့ဆုံချိန်တိုင်း သူတို့က ခေါင်းငုံ့၍ အရိုအသေပေးကာ မကြည့်ရဲသလို မချဉ်းကပ်ရဲပေ။ 

ထို့ကြောင့် စုမေ့က အမုန်းနှင့် အန်ချင်မှုတို့ကို သည်းခံ၍ သူ့ရှေ့တွင် ထပ်ခါတစ်လဲလဲ ပေါ်ထွက်လာရန် သူမကိုယ်သူမ တွန်းအားပေး၍ ချဉ်းကပ်လာပြီး ဂရုစိုက်ပေးသည့်အခါ ပိုင်ယောင်သည် သူမ၏ ဖြားယောင်းမှုကို မခုခံနိုင်တော့ပေ!

စုမေ့၏ သရုပ်မှန်ကို နောက်သိသည့်အခါ ပိုင်ယောင်က ဂရုမစိုက်ပါ။ သူ့စိတ်ထဲတွင် ဒီအမျိုးသမီးက သူ့ကိုချစ်နေသေးသ၍ သူမ၏သရုပ်မှန်က အရေးမပါပေ။ စုမေ့က သူမ၏ တိုင်းပြည်ကို ပြန်ရအောင် ကူညီခိုင်း၍ သူမက ဘုရင်မဖြစ်ချင်သည်ဟု တောင်းဆိုသည့်အခါ ပိုင်ယောင်က မကန့်ကွက်ပေ။ သူက အကုန်တက်နိုင်စွမ်းရှိသည့် ပိုင်ယောင်ဖြစ်၍ သူချစ်ရသည့် အမျိုးသမီးလေးက ဘာလိုချင်သည်ဖြစ်ပါစေ သူကဖြည့်စည်းပေးမည်။ သူမက သူ့ကိုချစ်သ၍ပေါ့!

သူ့လိုအပ်ချက်တို့က အလွန်ရိုးရှင်းသည်။ စုမေ့က သူ့ကိုချစ်သ၍ သူ့ကိုမကြောက်ဘဲ ချဉ်းကပ်နေသ၍ သူကျေနပ်သည်။ သို့သော်လည်း ပိုင်ယောင်သည် နောက်ဆုံးတော့ စိတ်ပျက်သွားခဲ့သည်။ စုမေ့၏ ရည်ရွယ်ချက်တို့ကို ကူညီ၍ ဖြည့်စည်းပြီးနောက် စုမေ့သည် သူ့အား အဆိပ်ပါသည့်အရက်တစ်ခွက်ဖြင့် အဆိပ်ခတ်ခဲ့သည်။ သူတောင် အဆိပ်ခွက်ကို ပြီးအောင် မသောက်ရသေးချိန်တွင် သူ့တစ်မိသားစုလုံး ကွပ်မျက်ခံရ၍ အသက်ရှင်ကျန်သူ တစ်ယောက်တောင် မကျန်ခဲ့ပေ။

သို့သော်လည်း စုမေ့သည် ဘုရင်မဖြစ်လာကာ သူမ၏ချမ်းသာမှုတို့ကို ပျော်ရွှင်စွာ ဇိမ်ခံရင်း ဘဝကို လိုလေသိမ်းမရှိ ရှင်သန်သွားခဲ့သည်။ တစ္ဆေဖြစ်သွားသည့် ပိုင်ယောင်သည် ဒါကို မြင်ရသည့်အခါ စိတ်နာကျည်းမှုနှင့် နောင်တို့က ကောင်းကင်အထိ ချိုးဖောက်ရောက်ရှိလာသည်။ ထိုကမ္ဘာ၏သခင်ဖြစ်သည့် ပိုင်ယောင်၏ သေဆုံးပြီးနောက် နာကျည်းမှုတို့သည် အလွန်ပြင်းထန်ရာ ကမ္ဘာကိုပျက်စီး၍ သူ့ကြောင့်လူတိုင်းက ပျက်စီးကုန်ရသည်။

ထို့ကြောင့် သူ့နာကျည်းမှုပမာဏက တာဝန်စံချိန်ရောက်ရှိလေရာ စနစ်က တာဝန်အဖြစ်ခွင့်ပြု၍ သူ့ကံကြမ္မာကို ပြောင်းလဲစေရန် လုပ်ဆောင်ရတော့သည်။

[တာဝန်ရည်ရွယ်ချက်]:
၁။ ထိုမိန်းမကို ပါးရိုက်လိုက်ပါ။ ဇာတ်ကြောင်းကို မူလဇာတ်ကြောင်းအတိုင်း ပြောင်းလဲစေ၍ ကမ္ဘာပျက်မသွားရန် လုပ်ဆောင်ပါ။
၂။ အဓိကဇာတ်လိုက်ကို ကယ်တင်၍ သူ့ပျော်ရွှင်မှုနှုန်းထား 90%ရောက်ရန် လုပ်ဆောင်ပါ၊

Previous Chapter 1 of 22 Next