May Honey Logo May Honey
Previous Next

အပိုင်း (၂၀)

စစ်သူကြီးတွင် . . .

“ဘုရားရေ! လျန် စစ်သူကြီးကြိုက်တာက နင့်ကိုပဲဟ! နင်လို့! စုမေ့ မဟုတ်ဘူး! ငါတို့လွဲနေတာပဲ. . .”   ၉၉၅၇သည် အံ့ဩတကြီးပြောသည်။

ရှလျန်က မျက်မှောင်ကျုံ့၍ အေးစက်စွာ ပြောသည်။   “အဲ့ဒါက ပြဿနာပဲ”

“ဟမ်? ဘာကပြဿနာလဲ? အဲ့ဒါမကောင်းတာ မဟုတ်ဘူးနော်။ နင်မြင်တဲ့အတိုင်း ပိုင်ယောင်က နင့်ကို ကြိုက်တာဆိုတော့ နင့်ကိုယုံတယ်။ စုမေ့က လွယ်လွယ်လေးနဲ့ အဖမ်းခံလိုက်ရတာ။ ဘာမှလှည့်လို့ ပြောင်းလို့မရတော့ဘူး! ငါတို့တာဝန်က လွယ်လွယ်နဲ့ပြီးမှာ။ စုမေ့က ခြိမ်းခြောက်မှု မဟုတ်တော့ဘူး!”   ၉၉၅၇က ရှင်းပြသည်။

ရှလျန်က ပြောသည်။   “ပိုင်ယောင် ငါ့ကိုကြိုက်တာက ဇာတ်ကြောင်းပြောင်းနေပြီ။ ဒါမှားနေတယ်! သူက ဟွေ့ယောင်နဲ့ လက်ထပ်သင့်တာ။ 

၉၉၅၇, “…”
‘ကောင်းတယ်! ကောင်းတယ်ဟေ့! လျန်လျန်က ဘာကိုမှ မခံစားတက်တာ။ ဘာဖြစ်လို့ တာဝန်ကိုပဲ စိတ်ထဲ ရှိနေတာလဲ? ပိုင်ယောင်က သနားစရာလေး!’

“လျန် ပိုင်ယောင်က နင့်ကိုတကယ်ကြိုက်တာ! နင့်အပေါ် ဘယ်လောက်ကောင်းလဲ နင်မြင်တာပဲ။ နင့်ကို ယုံကြည်ရုံတင်မကဘူး။ နင့်သရုပ်မှန်ကိုလည်း ဂရုမစိုက်ဘူး။ နင့်ကိုလည်း အရမ်းဂရုစိုက်တယ်။ စားဖို့ဝတ်ဖို့ အကုန်ဖြည့်စည်းပေးတယ်။ ညဆိုရင်လည်း နင်နွေးနွေးလေးအိပ်ရအောင် ခြေတောင်ဆေးပေးတယ်”

ရှလျန်ကပြောသည်။
“တကယ်တော့ ငါခြေထောက်ဆေးပါတယ်ဟ။ စောင်ကလည်း အေးမနေပါဘူး။ သူရှိနေလို့ ပိုတောင် ပူနေသေးတာ”

၉၉၅၇, “…”
ပြောရတာ ငါမောလာပြီ။

“ပြဿနာက နင်ခြေဆေးတာနဲ့ အိပ်ရာနွေးတာ မဟုတ်ဘူး။ နင်အထိအတွေ့ကို မခံစားမိဘူးလား? တခြားခံစားချက်မရှိဘူးလား? ဥပမာ ရှက်တာမျိုးလေ”   ၉၉၅၇သည် ရူးတော့မည့်အဆင့်ဖြစ်နေပြီ။

ရှလျန်က မျက်ခုံးပင့်၍ကြည့်ကာမေးသည်။   “ဘာဖြစ်လို့ ရှက်ရမှာလဲ? ငါမှမှားတာမလုပ်တာ”

၉၉၅၇, “…”
ငါပါးစပ်လေးပိတ်နေလိုက်ပါတော့မယ်။

ရှလျန်က ပြောလာသည်။   “ပိုင်ယောင်ရဲ့ ပျော်ရွှင်မှုနှုန်းကိန်းက 75%ပဲရှိတာ။ ငါဘယ်လိုတိုးရမှာလဲ?"

၉၉၅၇က ဒေါသတကြီးပြောသည်။
“နင်ကဖြင့် သူ့ကိုပြန်မကြိုက်ဘဲ သူပျော်အောင် သရဲကိုပဲ သွားလုပ်ခိုင်းလိုက်!”

ရှလျန်က ခနတိတ်သွားကာ အတည်ပေါက်ကြီးဖြင့် ပြန်မေးလာပါသည်။   “သူ့ကိုကြိုက်တယ်ထင်အောင် ငါဘာလုပ်ရမလဲ?”

၉၉၅၇က အံ့ဩပြီးနောက် စိတ်လှုပ်ရှားသွားကာ ပြောသည်။
“လျန် လူတစ်ယောက်ကို ကြိုက်တယ်ဆိုတာက အရင်ဆုံး ‘ငါနင့်ကိုအရမ်းကြိုက်တယ်!’လို့ ပြောရတယ်။ ပြီးရင် နမ်းလိုက်။ ဖက်လိုက်။ ကောင်းပေးလိုက်။ ပြီးရင် အချင်းချင်းချစ်တဲ့နှစ်ယောက်က နောက်ဆုံး လက်ထပ်ကြရော! နင်သူ့ကို လက်ထပ်မှာလား? ဒီလိုဆိုရင် ပိုင်ယောင်က ပျော်လို့သေလောက်တယ်။ ပျော်ရွှင်မှုနှုန်းကိန်းက ချက်ချင်းတိုးသွားမှာ!”

ရှလျန်က တွေး၍မေးသည်။   “ငါလက်ထပ်ရတာ သေချာလား?”  

၉၉၅၇က ပြောသည်။
“သေချာတာပေါ့! ဝတ္တုတွေ ဇာတ်လမ်းတွေ အကုန်လုံးကို ဒီလိုပဲရေးတာလေ! ချစ်သူနှစ်ယောက် လက်ထပ်ပြီးရင် ပျော်ရွှင်စွာအတူတကွ နေထိုင်သွားကြပါသတည်းဆိုပြီးတော့! နတ်သမီးပုံပြင်တွေလိုလေ”

ရှလျန်သည် ပျော်ရွှင်မှုနှုန်းကိန်းကို သတိထားမိသဖြင့် ခေါင်းငြိမ့်၍ သဘောတူကာ မေးသည်။   “ငါဘယ်လို လက်ထပ်ရမှာလဲ?”

အား! စိတ်လှုပ်ရှားစရာကြီး! လျန်လျန်က နောက်ဆုံးတော့ လက်ထပ်ဖို့အဆင်သင့်ဖြစ်ပြီ!

“လျန် ငါ့မှာ အချစ်ဝတ္တုတွေ ဇာတ်လမ်းတွေ အများကြီးရှိတ်။ နင်ကြည့်ပြီး သင်ယူလိုက်! ငါက နင်တာဝန်ပြီးအောင်လုပ်ဖို့ အရမ်းကောင်းတာနော်။ အရင်က နင်မလိုလို့။ ဒီမှာမှိုတောင်တက်နေပြီ! နောက်ဆုံးတော့ ထုတ်သုံးရပြီပဲ. . .”   ၉၉၅၇ သည် စိတ်လှုပ်ရှားစွာ မနားစတမ်း စကားပြောနေသည်။

“လျန် ဉာဏ်ရည်တုကို မြန်မြန်လေးဖွင့်ကြည့်လိုက်။ ငါနင့်ကို အကုန်ပို့ပေးထားတယ်။ အခုကြည့်! ကြည့်!”   ရှလျန်က ဘယ်ဘက်လက်ကိုမြှောက်၍ ဉာဏ်ရည်တုကိုဖွင့်လိုက်သည့်အခါ အများကြီးတွေ့ရသည်။ တစ်ချက်ကြည့်ရုံဖြင့် အချစ်ဇာတ်လမ်းများနှင့် အမျိုးသားနှင့်အမျိုးသမီး ဖက်၍နမ်းနေသည့် ဗီဒီယိုအချို့ပါသည်။

ထိုအရာများနှင့် မစိမ်းသက်လေရာ ရှလျန်သည် ဒါဘာလုပ်နေမှန်း မြင်ရုံဖြင့် နားလည်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်၍နမ်းနေရာမှ ကျေနပ်သည့်မျက်နှာထားများကြောင့် သူတို့ပျော်နေမှန်း သူမသိပါသည်။ သို့သော်လည်း တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်နမ်းရင်း တံတွေးများ ဖလှယ်နေခြင်းက တကယ်ပျော်ဖို့ကောင်းလို့လား ဆိုသည်ကို မတွေးဘဲ မနေနိုင်ပေ။ သူမတွေးကြည့်သော်လည်း မရပါ။ ထို့ကြောင့် ဒီပြဿနာက သူမ၏တာဝန်နှင့် မဆိုင်ဘူးဟူ၍ ဆက်မတွေးတော့ပေ။

နောက်ဆုံးတွင်တော့ သူမသည် ကြုံရာဗီဒီယိုကိုနှိပ်မိလေရာ ထူးဆန်းသည့်အသံတို့ထွက်လာသည်။ ရှလျန်က အကြမ်းဖျင်း ကြည့်လိုက်ရာ ကိုယ်လုံးတီး အမျိုးသားနှင့်အမျိုးသမီးတို့သည် အချင်းချင်းဖက်နေကြသည်။ အမျိုးသမီးက နာကျင်စွာအော်နေသော်လည်း မျက်နှာက ရှုံ့မဲ့၍ ပန်းရောင်သန်းနေသည်။ သူမက ငြင်းနေသော်လည်း ခံစား၍ကောင်းနေခြင်းလား?

ရှလျန်က တွေးမိသည်။   “ဒါဘာကြီးလဲ?”   သူမ၏ မှတ်ဉာဏ်ထဲတွင် ဒါမျိုးအသိပညာမရှိပါ။ ထိုမြင်ကွင်းက သူမအပေါ် သက်ရောက်မှုပြင်းလှသည်။

“အာ. . .ဟုတ်ပြီ။ လျန် အဲ့ဒါက နင်ပိုင်ယောင်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ရင် ဘဝမှာ ဒါက အရေးကြီးကိစ္စ မဟုတ်ဘူးဆိုတာ နင်သိလာမှာပါ”   ၉၉၅၇က ရှက်ကိုးရှက်ကန်းဖြင့်ပြောသည်။

“အခုတော့ ဒီတိုင်းကြည့်လိုက်။ နင်ဘာမှလုပ်ဖို့တော့ မလိုပါဘူး။ ဒီတိုင်းလှဲနေရုံပဲ။ နင်ညည်းမယ်ဆိုရင် ကောင်းတာပေါ့။ ဒါမှမဟုတ်လည်း . . .”   ၉၉၅၇သည် ဒါတွေပြောရသည်မှာ အလွန်ကသီးကအောက်ဖြစ်နေသည်။ လူသားတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ သင်ပေးနေရသည်ကို ရှက်မိသည်။ သူက ဖြူစင်ရိုးသားသည့်စနစ်လေး ဖြစ်သည်။ ဘာဖြစ်လို့ ဘုရားသခင်က ဒီလိုအခြေခံဗဟုသုတကို ရှလျန်၏ မှတ်ဉာဏ်ထဲသို့ ထည့်မပေးသနည်း? ဘုရားသခင်က ဆိုးသည်ဟု ၉၉၅၇သည် စိတ်ထဲတွင် ညည်းတွားနေရသည်။

ရှလျန်သည် တိတ်ဆိတ်သွားကာ ဗီဒီယိုကိုထပ်ကြည့်၍ ပိတ်လိုက်သည်။ ၉၉၅၇က လိမ်နေသည်ဟု သူမက ခံစားရသည် အမျိုးသားနှင့်အမျိုးသမီးမှာ မောပန်းစွာ အသက်ရှုနေရသလို အထူးသဖြင့် အမျိုးသမီးသည် နာကျင်စွာ အော်နေရသည်။ ဘယ်လိုလုပ်၍ သူတို့က သာယာမည်နည်း? ထို့ကြောင့် ထပ်မကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ပိတ်လိုက်ပြီးနောက် ၉၉၅၇သည် ချစ်စဖွယ်အသံလေးဖြင့် မျှော်လင့်တကြီး မေးသည်။   “လျန် အခုနင် ဘယ်လိုချစ်ရမလဲ သိပြီလား?”

ရှလျန်က အခိုင်အမာခေါင်းငြိမ့်သည်။   “အင်း။ ငါသိပြီ။ သူ့ကို ချစ်တယ်ပြောရမယ်။ နမ်းမယ်။ လက်ထပ်ခွင့်တောင်းမယ်။ လက်ထပ်မယ်”

၉၉၅၇ ”…”
သူမ၏အဖြေက မှန်သော်လည်း ဒါကိုပြောလိုက်ချိန်တွင် တစ်ခုခုပျောက်နေသလို ဖြစ်နေသည်။

ရှလျန်သည် အချိန်ကို စစ်ဆေးကြည့်ပြီးနောက် ပိုင်ယောင်ကို စကားပြောဖို့ဆုံးဖြတ်ကာ ပျော်ရွှင်မှုနှုန်းကိန်းကို စမ်းသပ်ဖို့ နည်းလမ်းရသွားသည်။

ပိုင်ယောင်၏ စာကြည့်ခန်းတွင်

“စစ်သူကြီး အရှင်မင်းကြီးက အရှေ့ပိုင်းဟွမ်တိုင်းပြည်ကို သွားတိုက်ခိုကစေချင်ပါတယ်။ သူတို့ ဘုရင်က စစ်သူကြီးကို ခြုံခိုတိုက်ခိုင်းတဲ့အထိ တုံးအလွန်းတယ်။ ရဲတင်းလိုက်တာ!”   စစ်သူကြီးတစ်ယောက်က နှာခေါင်းရှုံ့သည်။

“အရှေ့ပိုင်းဟွမ်က စစ်သူကြီးကိုယ်တိုင်တိုက်ဖို့ အားနည်းလွန်းပါတယ်။ ကျွန်တော်တို့ သွားရှင်းလိုက်ပါ့မယ်!”   အခြားစစ်သူကြီးများက တောင်းဆိုချိန်တွင် ပိုင်ယောင်က အလည်ကခုံကြီးတွင်ထိုင်၍ စကားတစ်ခွန်းမှ မပြောပေ။

ဒေါက်! ဒေါက်!   တံခါးခေါက်သံထွက်လာပြီးနောက် တစ်ဖက်က အစေခံမိန်းကလေးက ပြောသည်။   “စစ်သူကြီး ရှလျန်က တွေ့ဆုံဖို့ ခွင့်တောင်းနေပါတယ်”

စစ်သူကြီးများသည် အရေးကြီးအစည်းဝေးကျင်းပနေချိန် ယဉ်ကျေးမှုမရှိဝင်ဖြတ်သည့် မိန်းကလေးကို စိတ်ထဲက အပြစ်တင်လိုက်ကြသည်။ သူတို့မငြင်းနိုင်ခင်တွင် အမှုအယာမဲ့နေခဲ့သည့် စစ်သူကြီးက မျက်နှာပြေလျော့သွားကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အမြန်ပြောသည်။   “ဝင်ခိုင်းလိုက်!”

ပိုင်ယောင်သည် ဝင်လာသည့် ရှလျန်ကို ညင်သာစွာမေးသည်။   “ဘာဖြစ်လို့ ရှာနေတာလဲ?”

အခန်းထဲကိုကြည့်လိုက်သည့်အခါ အလုပ်ရှုပ်နေလောက်သည်ကို ရှလျန်က သတိထားမိ၍ ပြောသည်။   “အစည်းဝေးပြီးမှ ပြောပါတော့မယ်”

ပိုင်ယောင်သည် ရှလျန်က အရေးကြီးပြောဖို့ရှိသည်ကို သိရှိသည်။ သူဘယ်လောက် အလုပ်များပါစေ သူမအတွက် ဘေးဖယ်လိုက်မည်ဖြစ်သည်။   “ကိစ္စကြီး မဟုတ်ပါဘူး။ အခုပြောလို့ရပါတယ်”

ရှလျန်သည် သူ့ကိုကြိုက်ကြောင်း နှစ်ယောက်တည်းရှိမှ ပြောဖို့ရည်ရွယ်ထားသည်။ သို့သော်လည်း ၉၉၅၇ပြသည့် ချိုမြိန်သည့်ဇာတ်လမ်းများအရ လူရှေ့ပြောလျှင် ပိုကောင်းလိမ့်မည်။ ဒါကိုတွေးမိသဖြင့် သူမက ပိုင်ယောင်ထံသို့ တွေဝေမှုမရှိ လျှောက်သွားကာ သူ့မျက်လုံးကိုကြည့်၍ အလေးအနက်ထားပြောသည်။   “ကျွန်မ ရှင့်ကိုကြိုက်တယ်! နမ်းလို့ရမလား?”

ပိုင်ယောင် “!!”

စစ်သူကြီးများ “!!!!”
ငါတို့စစ်သူကြီးကတော့ မိန်းမတစ်ယောက်ဆီမှာ အီစီကလီလုပ်ခံရပြီဟေ့!

Previous Chapter 20 of 22 Next