May Honey Logo May Honey
Previous Next

အပိုင်း (၁၃)

စုမေ့၏ ထိတ်လန့်မှုသည် ခဏတဖြုတ်သာဖြစ်သည်။ နောက်တစ်စက္ကန့်အတွင်း သူမက တည်ငြိမ်သွားကာ အနည်းငယ်ကြောက်ရွံ့သလိုလေသံဖြင့် ပြောသည်။   “သခင်မလေး ဒီဆေးစွပ်ပြုတ်က သခင်မလေးအတွက် သီးသန့်လုပ်ပေးထားတာပါ။ ဒီအစေခံစားဖို့ မသင့်တော်မှာ စိုးရိမ်ပါတယ်”   သူမ၏အဆိပ်ကို အလွန်ယုံကြည်မှုရှိသည်။ နယ်မြေထဲက ဆေးရွက်တို့ဖြင့် ပြုလုပ်ထားသည်ဖြစ်ရာ အရောင်မဲ့၊ အရသာမဲ့၍ အစအနမရှိပေ!

အရှေ့ပိုင်းတိုင်းပြည်တွင် သူမသည် ထိုအဆိပ်ကို အသုံးပြု၍ သူမ၏အမေအတွက် မြောက်မြားသည့် ကိုယ်လုပ်တောများကို ဖြုတ်ချပေးဖူးသည်။ လူ့ခန္ဓာကိုယ်သည် အားနည်း၍ ဖျားနာတက်သည်။ ထို့နောက် အပြင်းအထန်ဖျားနာ၍ သေဆုံးနိုင်သည်!

ရှလျန်သည် ဘာမှမပြောဘဲ သူမကို ကြည်လင်သည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်နေကာ ထိတ်လန့်ခြင်း မရှိပေ။ သူမက ဘာတွေးနေမှန်း လူတို့က ခန့်မှန်း၍မရပါ။

စုမေ့က သူမကိုစိုက်ကြည့်နေသည်မှာ အချိန်ကြာသွားသည်။ သူမ၏ ဦးခေါင်းရေက ထုံကျဉ်လာ၍ ရင်အနည်းငယ် ခုန်နေမိသည်။ သူမ၏ စိတ်ထဲက မကောင်းမှုတို့ ပေါ်တော့မလို ခံစားရသည်! နောက်ဆုံးတော့ မခံနိုင်တော့သည့် စုမေ့သည် ခေါင်းအမြန်ငုံ့ကာ သူမတို့ကြားက ပုံမှန်မဟုတ်သည့် အကြည့်တို့ကို ဖြတ်လိုက်သည်။

ထို့နောက် ရှလျန်၏ အေးတိအေးစက် လေသံကို နားထောင်လိုက်ရသည်။   “စားရခက်အောင် နင်ချက်ထားတာ။ နင့်ဟာနင်စားကြည့်လေ!”

ဒါကိုကြားသည့်အခါ ပိုင်ယောင်သည် ရှလျန်အား ချစ်ဖို့ကောင်းသလိုသာ ခံစားရ၍ သူ့နှုတ်ခမ်းတို့က မပြုံးဘဲမနေနိုင်ဖြစ်ကာ ရင်ထဲတွင် အသည်းယားနေသည်။ လက်ကိုဆန့်၍ သူမ၏ဆံပင်ကို အလိုလို ထိမိလိုက်သည်။ ပိုးသားလိုနူးညံ့ပျော့ပြောင်းသည့် အထိအတွေ့က သူ့အားပို၍ချစ်မိစေသည်။ ခနကြာသည့်အထိ လက်ကိုမချနိုင်ပေ။ ထပ်ခါထပ်ခါ ဆံပင်ကိုထိနေလေရာ ရှလျန်သည် အာရုံနောက်လာသည်။ သူ့လက်ကိုဖယ်ချလိုက်တော့မှ အဆုံးသတ်လေသည်!  
သို့သော်လည်း စုမေ့သည် ဒါကိုကြားသည့်အခါ သွေးအန်ထွက်မတက်ပင်! ဒီမိန်းမက စစ်သူကြီး၏ နှစ်သက်မှုပေါ်တွင် အားထားနေတာ သေချာသွားသည်။ ထို့အတူ သူမအား ပြဿနာရှာဖို့ ဒီကိုခေါ်၍ ကျိုးကြောင်းမသင့်သည်များ ပြုလုပ်နေသည်! သူမက ငယ်ရွယ်၍ လှပသည်ကို မြင်သဖြင့် ခြိမ်းခြောက်မှုလို ခံစားရကာ ပိုင်ယောင်၏ဘေးကနေ သူမကိုနှင်ထုတ်ဖို့ ဒီမိန်းမက အခွင့်ကောင်းယူနေခြင်း ဖြစ်လိမ့်မည်!

စုမေ့က စိတ်ထဲတွင် လျှောက်တွေးပြီးနောက် ရှလျန်၏ ပိန်ပါးသည့်ခန္ဓာကိုယ်နှင့် လှပသည့်ရုပ်သွင်ကိ မြင်လိုက်သည့်အခါ အမှန်ဖြစ်မည်ဟု ခံစားရသည်! စစ်သူကြီးအား ကယ်တင်ရင်း ထိခိုက်ခဲ့သည်ဟု ကြားထားသဖြင့် အခုစစ်သူကြီးက သူမကို အလွန်ချစ်နေခြင်း ဖြစ်လိမ့်မည်။ ဒါသည် အသက်ကယ်သည့် ကျေးဇူးကြောင့်ပင်။ ယောက်ျားနှင့်မိန်းမကြားက ချစ်ခြင်းမျိုး မဟုတ်နိုင်! ထို့ကြောင့် ဒီမိန်းမက ဘယ်လောက်လှလှ သူမတွင် အချိန်သာရှိသ၍ ပိုင်ယောင်ကို ဖမ်းမိနိုင်သည်! 

ဒါကိုတွေးမိမှ စုမေ့သည် စစ်သူကြီးကိုကြည့်ကာ ဝမ်းနည်းပက်လက်ပြောသည်။
“စစ်သူကြီး ဒီဆေးစွပ်ပြုတ်က ဆေးပါ။ အဲ့ဒါကြောင့် အရသာက မကောင်းနိုင်ပါဘူး။ ဒါပင်မယ့် ဒီဆေးက သခင်မလေးရဲ့ ခန္ဓာကိုယ်အတွက် တကယ်ကောင်းတာကို အစေခံက ကတိပေးနိုင်ပါတယ်! ခန္ဓာကိုယ်ကို ပထမဦးစားပေးထားပြီး ဆေးသောက်ဖို့ စစ်သူကြီးက သခင်မလေးကို အကြံပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
စုမေ့၏ စကားတို့သည် သူမကိုယ်သူမ ဖြူစ်၍ သစ္စာရှိကြောင်း ပြနိုင်ရုံသာမက ရှလျန်၏ မာနကြီးမှုနှင့် ခက်ခဲအောင် လုပ်နေသည်တို့ကို ထောက်ပြလိုက်သည်။

ပိုင်ယောင်သည် သူမကိုတစ်ချက်ကြည့်ပြီးနောက် သူ့ရင်ခွင်ထဲက ရှလျန်ကို ပြန်ကြည့်ကာ ယားနေသည့်လက်တို့ဖြင့် နောက်ကျောကိုပွတ်နေသော်လည်း မျက်မှောင်ကျုံ့၍ မနှစ်သက်မှု ပေါ်လာသည်! တကယ်တော့ ပိုင်ယောင် စိတ်မကြည်ရခြင်းသည် ရှလျန်၏နောက်ကျောကို ပုတ်နေသည့် သူ့လက်တို့က ယားနေ၍ပင်! ရှလျန်က သူ့လက်တို့ကို ရိုက်ချခြင်းကို မစောင့်နိုင်၍ဖြစ်သည်။

ပိုင်ယောင်၏ မျက်နှာထားကြောင့် စုမေ့က ပျော်သွားသည်။ သူမ၏စကားတို့က ထိရောက်ပုံ ပေါ်သည်။ ရှလျန်အား သူမက တိုင်တန်းခွင့်ရသဖြင့် ရင်တို့က တဒုန်းဒုန်းခုန်လာသည်! ရှလျန်ကတော့ အပြစ်တင်ခံရတော့မည်။

သို့သော်လည်း ပိုင်ယောင်ပြောလိုက်သည့်စကားကြောင့် စုမေ့သည် ခန္ဓာကိုယ်တုန်သွားကာ သွေးအန်မတက်ပင်!

“သောက်ပြီး ထပ်လုပ်လာ။ မဟုတ်ရင် အသစ်တစ်ခု သွားလုပ်”   ပိုင်ယောင်က အေးစက်စွာ ပြောသည်။ သူ့မိသားစု၏ ရှလျန်ကို အစာကြေးများကြောင်း ပြောရဲသည်က အပြစ်ပင်! ရှလျန်က အခွင့်အရေးပေးကြည့်မည်ဟု ပြောခဲ့သည်ကြောင့်သာ။ မဟုတ်လျှင် ဒီအစေခံကို ပိုင်ယောင်က သူ့အမေထံသို့ ပြန်ပို့လိုက်ပြီ!

ဒီလိုစော်ကားခံရသည့်အခါ စုမေ့သည် ရှလျန်ကို ဆွဲဖြဲပစ်ချင်သလို ပိုင်ယောင်အပေါ် မုန်းသည့် စိတ်တို့ကလည်း ပိုလာသည်! သို့သော်လည်း အမုန်းကြီးလာလေလေ စုမေ့က ပိုင်ယောင်အား လိုချင်လေလေပင်။ ရည်မှန်းချက်ပြည့်မှ သူ့ကိုဖျက်စီးပစ်ရလျှင် ပိုမိုက်လိမ့်မည်!

ထို့ကြောင့် မျက်နှာကဖြူဖပ်သွားကာ အလေးအနက် ပြောသည်။   “စစ်သူကြီး အစေခံက မှားမှန်းသိပါပြီ။ အစေခံက အသစ်သွားလုပ်လိုက်ပါ့မယ်”

ရှလျန်သည် သူမအားသွန်ပစ်ဖို့ အခွင့်အရေးမပေးနိုင်ပါ။ ထို့ကြောင့် သူမအား မျက်စိရှေ့တွင် သောက်ခိုင်းလိုက်သည်။ ရှလျန်သည် အရှေ့ကိုကိုင်း၍ စားပွဲပေါ်ကို လက်ဖြင့်ပုတ်ပြကာ ဘေးက ထိုင်ခုံကို ညွှန်ပြသည်။   “ဒီမှာထိုင်သောက်”

“သခင်မလေး ဒီအစေခံက မဝံ့ရဲပါဘူး!”   စုမေ့က ကြောက်လန့်နေသည်။   “ဒီနေရာက သခင်တွေအတွက်ပါ။ အစေခံက မထိုင်ရဲပါဘူး”

“ဒါဆိုရင်လည်း ရပ်သောက်”   ရှလျန်က အေးစက်စွာပြော၍ သူမအား စူးစိုက်ကြည့်သည်။

စုမေ့၏ တစ်ကိုယ်လုံးသည် ချမ်းစိမ့်သွား၍ မျက်လုံးတို့က နီလာသည်။ သူမကို မြင်ရသည်မှာ စိတ်ဖိစီးနေသလိုပင်။

ပိုင်ယောင်က မျက်ခုံးပင့်၍ မျက်လုံးက အနည်းငယ်လက်သွားကာ မေးသည်။   “ဘာဖြစ်လို့ သောက်ခိုင်းနေတာလဲ?”

ရှလျန်၏ ရန်လိုမှုက ထပ်ထွက်လာသဖြင့် ပိုင်ယောင်က အနည်းငယ် သံသယဝင်လာသည်။ သူမ၏ ပုံစံသည် အေးတိအေးစက် ရိုးရှင်းသည့်ပုံစံ မဟုတ်တော့သလို ခံစားရသည်။ တစ်ဖက်တွင် ဒီစွပ်ပြတ်က တစ်ခုခုလွဲနေသလိုလည်း ခံစားရသည်!

၉၉၅၇သည် စိတ်ထဲတွင် အော်ဟစ်နေသည်။   “အာ! သွားပြီ! လျန် နင်က စုမေ့ကို ဖိအားပေးလွန်တယ်။ ပိုင်ယောင် ဒေါသထွက်သွားပြီမလား? မဟုတ်ရင် နင့်ကို ဒီလိုဘယ်မေးမှာလဲ? စုမေ့ရဲ့ ကြာပန်းဖြူပုံရိပ်ကိုလည်း ကြည့်ဦး။ ယောက်ျားတွေက ကာကွယ်ပေးချင်စရာလေး! ဒါကပြောင်းပြန်သက်ရောက်မှုဖြစ်သွားပြီ!”

ရှလျန်က ပြန်ပြောသည်။   “တကယ်လား?”   ၉၉၅၇၏ စကားကြောင့် ရှလျန်က အနည်းငယ် မသေချာဖြစ်သွားသည်။    ‘ငါလွန်သွားတာလား?’

သူမသည် အာရုံနောက်သလို မျက်မှောင်ကျုံ့ထားသည် ပိုင်ယောင်ကို ကြည့်၍ပြောသည်။   “ဒါက အရသာဘယ်လောက်ဆိုးလဲ သူ့ကိုသိစေချင်တယ်။ အဲ့ဒါမှ နောက်တစ်ခေါက် ဘာပဲချက်ချက် အရသာဆိုးအောင် မလုပ်မှာ!”

ဒါကိုကြားသည့်အခါ ပိုင်ယောင်သည် အနည်းငယ် အံ့ဩသွားသော်လည်း အကြောင်းအရင်းက ဒါဖြစ်မည်ဟု ထင်မထားပါ။ တွေးကြည့်ရာ ဒီဖြေရှင်းနည်းက တကယ့်ကိုကောင်းသည်။ သူ့မိသားစုက ရှလျန်လေးသည် သာမန်လူတို့နှင့် ကွာခြားသည်ဟု တွေးမိသည်။ သူမ၏စကားတို့ကို ကြားရသည်မှာ စိတ်ဝင်စားစရာအပြည့်ဖြင့် သစ်ဆန်းနေသည်။ ဒါက တကယ့်ကို ကောင်းသည်!

သူမ၏စကားကို နားထောင်နေသည့် ပိုင်ယောင်ကိုကြည့်ကာ ရှလျန်သည် အေးတိအေးစက်အသံဖြင့် ထပ်ပြောလိုက်သည်။   “ရှင့်ကို မပျော်မရွှင်မဖြစ်စေချင်ဘူး!”   ‘နင်သာမပျော်ရင် ဒီတာဝန်ကို ထိခိုက်မှာ။ ဒါကဆိုးတယ်နော်!’

“ဘာ?”   ပိုင်ယောင်က ရုတ်တရပ် အံ့ဩသွားသည်။ တုန့်ပြန်မှုတောင် သိပ်မလုပ်နိုင်တောပါ။ ဘာဖြစ်လို့ ဒီအကြောင်းရာက်နေ သူ့ပျော်မပျော်ကို ရောက်သွားသလဲ? သို့သော်လည်း ရှလျန်ဆီမှ ကြားရသည့်အခါ ဒီအကြောင်းအရာက ဘယ်လောက်ထူးဆန်းနေသလဲကို ဆက်တွေးမကြည့်နိုင်တော့ပါ။ သူပျော်တာပဲ သူသိတော့သည်!

သူ့အရှေ့က မိန်းကလေးသည် သူ့ပျော်ရွှင်မှုကို ဂရုစိုက်သည်။ သူအနည်းငယ် ထိခိုက်မည်ထက်စာလျှင် သူမသာ ထိခိုက်ခံသည်။ သူအဆင်ပြေမပြေကိုလည်း ဂရုစိုက်သည်။ သူပျော် မပျော်ကိုလည်း ဂရုစိုက်သေးသည်! ဒါကိုတွေးမိသည့်အခါ ပိုင်ယောင်သည် ပျော်လာသည်။

ထိုအချိန်တွင်--   "ဒင်!"   ၉၉၅၇က ပြောသည်။   “ပိုင်ယောင်ရဲ့ ပျော်ရွှင်မှုနှုန်းကိန်းက 70% ရောက်သွားပါပြီ!"

ရှလျန်, “?”
ငါဘာလုပ်လိုက်လို့လဲ?!!

Previous Chapter 13 of 22 Next