May Honey Logo May Honey
Previous Next

အပိုင်း (၉)

“ဂရုစိုက်လုပ်”   ပိုင်ယောင်သည် သူမကိုကြည့်၍ စိတ်ရင်းဖြင့်ပြောကာ သွားခွင့်ပေးလိုက်သည်။

“ရှင်က ဒီမှာရှိနေတာပဲ။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး”   ရှလျန်က တည်ငြိမ်စွာ ခေါင်းငြိမ့်၍ ဂူထဲမှ ထွက်သွားသည်။

အနောက်တွင် ကျန်ခဲ့သည့် ပိုင်ယောင်၏ နှုတ်ခမ်းထောင့်များသည် မထိန်းနိုင်တော့အောင် အထက်သို့ ကွေးညွတ်သွား၍ အမြဲအေးစက်၍ ချောမောသည့် မျက်နှာသည် အခုတော့ ရေလိုမျိုး ညင်သာနေသည်။ ယုံကြည်ခံရမှုနှင့် ယုံကြည်ခံရသည့်ပုံစံသည် ချိုမြိန်သည့် ပျားရည်အိုးကြီးကို သောက်လိုက်ရသည့်အတိုင်း ရှလျန်ကို အရမ်းခံစားရကောင်းစေသည်။ ပိုင်ယောင်သည် သူ့ရင်ဘတ်ပေါ် အလိုလိုလက်တင်မိကာ ဒီလိုပြင်းထန်သည့် ခံစားချက်မျိုးကို အများကြီး ထပ်လိုချင်မိသည်။

တောထဲတွင် ပုန်းအောင်းနေသည့် ရန်သူ၃ယောက်သည် ရှလျန်က ရုတ်တရပ်ပေါ်လာသည့်အခါ အချင်းချင်း ချက်ချင်းအချက်ပြကြသည်။ သူတို့က ရှလျန်ကို အရှင်ဖမ်း၍ အခြားသူများက ဘယ်မှာ ဘာလုပ်နေသလဲကို စစ်မေးဖို့ တွေးထားသည်။

ရှလျန်တို့ပုန်းအောင်းနေသည့်ဂူသည် အတော်လေးဂျောင်ကျ၍ အပင်တို့ဖြင့် ဖုံးကွယ်နေရာ ညအလင်းရောင်အောက်တွင် ရှာဖို့ခက်ခဲသည်။ ရှလျန်ပေါ်လာမှ လူတို့က သူမကိုပဲ မြင်ရတာ ဖြစ်သည်။ 

ပိုင်ယောင်သည် ရှလျန်ကို စိုက်ကြည့်နေချိန်တွင် သူ့ရင်ဘက်ရှေ့ရောက်အောင် ညာဘက်လက်ဖြင့် လှံကို သွေးကြောအပြာများ ထောင်ထသည့်အထိ တင်းကြပ်စွာ ကိုင်ထားသည်။ အခုစက္ကန့်တိုင်းသည် သူ့အား စိတ်မရှည်နိုင်ဖြစ်စေကာ ချက်ချင်းပြေးထွက်ချင်မိသည်။ သို့သော်လည်း မဖြစ်သေးပါ! အခု ထွက်လျှင် ထိုလူတို့က နေရာအရပ်ရပ်သို့ ထွက်ပြေးပါက ဖမ်းမိဖို့ ခက်လိမ့်မည်။ ဒီလိုဆိုလျှင် ရန်သူတို့ကို မြှားခေါ်မည့် ရှလျန်၏ အစီအစဉ်လည်း ပျက်စီးသွားလိမ့်မည်။

နောက်ဆုံးတော့ ထိုလူ၃ယောက်က ရှလျန်အနားသို့ ရောက်လာသည်နှင့် ပိုင်ယောင်သည် လှံကိုင်၍ သူတို့ထံပြေးထွက်သွားသည်။ လက်ထဲကလှံဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို အသေထိုးသတ်လိုက်သည်။ မြန်နှုန်းသည် လူမဆန်ပေ။

ရှလျန်သည် သူ့လှုပ်ရှားမှုတို့ကိုကြည့်၍ သူမ၏စိတ်ထဲတွင် လေးစားမှုအနည်းငယ် ဖြစ်လာသည်။ လေးစားသည့်အကြည့်တို့ဖြင့် ကြည့်လိုက်ကာ သူမ၏ရင်ထဲတွင် ပိုင်ယောင်က စစ်သူကြီးဖြစ်ဖို့ ထိုက်တန်သွားသည်။

သူမ တိုက်ခိုက်ဖို့မရှိသည်ကို မြင်သည့်အခါ ရှလျန်သည် နာခံစွာဖြင့် သူ့အနောက်ကနေ ပြန်လိုက်ဖို့လုပ်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင်. . .

“ဝှီး!”
လေကိုဖြတ်တိုးလာသည့် သိပ်မကြားရနိုင်သည့် အသံတို့နှင့်အတူ အဝေးကနေ အေးစက်သည့် အလင်းတို့က ပိုင်ယောင်၏ နောက်ကျောသို့ ရောက်လာသည်။ ရန်သူက ၃ယောက်မကပါ။ အဝေးတွင်လည်း လူတို့ရှိနေသေးသည်!

ထိုအခိုက်အတန့်တွင် ပိုင်ယောင်သည် ရန်သူထံမှ လှံကိုပြန်ထုတ်နေသည်။ မြှားကိုမြင်သော်လည်း ရှောင်ချိန်မရလိုက်ပါ။ ထိုအချိန်သည် ရှလျန်က ပိုင်ယောင်၏ အနောက်သို့လာနေချိန် ဖြစ်သည်။ မြှားလာသည်ကို မြင်သည့်အခါ သူမသည် ဘာမှမတွေးနိုင်တော့ဘဲ လက်ထဲကဓားရှည်ဖြင့် မြှားကို ခုတ်ချလိုက်သည်။ 

သို့သော်လည်း မြေပြင်တွင်ဝပ်နေခဲ့သည့် ရန်သူတစ်ယောက်သည် ဓားကိုကိုင်၍ ပိုင်ယောင်၏ နောက်ကျောကိုခုတ်ဖို့ ချက်ချင်းပြေးလာသည်။ လက်ခနဲလင်းသွားသည့် အလင်းကိုမြင်သည့်အခါ ရှလျန်သည် အများကြီး မတွေးနိုင်တော့ပါ။ သူမ၏ အတွင်းအားကိုထိန်းညှိ၍ အမြန်ပြေးကာ ပိုင်ယောင်၏ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။

ပိုင်ယောင်သည် သူမ၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သဖြင့် မပျော်ရွှင်တော့ဘဲ ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူ့ရင်ထဲကို ရေခဲစူးချိန်ဖြင့် ထိုးခံလိုက်ရသလိုမျိုး စိတ်ညစ်၍ ရူးသွပ်သွားသည်။ ထို့ကြောင့် သူမအား စိုးရိမ်တကြီး ဟန့်တားသည်။   “ရှလျန် ပြေးတော့!”

သူ့မျက်လုံးက နီရဲ၍ လက်ကိုအမြန်လှုပ်ရှား၍ လှံကိုပစ်ကာ သူ့ရန်သူကို သေအောင် ထိုးသွင်းပစ်သည်။ ရန်သူကို ရှင်းပြီးနောက် ပိုင်ယောင်သည် ရှလျန်ကိုလှမ်းဆွဲလိုက်သော်လည်း အရမ်း နောက်ကျသွားပြီ။

“အာ့!”   ခန္ဓာကိုယ်ထဲသို့ ဓားစိုက်ဝင်သွားပြီး ချက်ချင်းပြန်ဆွဲထုတ်ခံလိုက်ရသည်။ ပြင်းထန်သည့် နာကျင်မှုက ရှလျန်ကို ချက်ချင်းထုံကျဉ်သွားစေ၍ အသံအုပ်အုပ်သာ ထွက်နိုင်သည်။

“ရှလျန်!”   ပိုင်ယောင်က နာကျင်စွာအော်ခေါ်သည်။ လခြမ်းကွေးလိုမျက်လုံးထဲတွင် ရူးသွပ်စွာ သတ်ဖြတ်ချင်စိတ်တို့ အပြည့်ဖြစ်နေသည်။ ဘယ်ဘက်ဖြင့် ရှလျန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်ကာ ဓားသမား၏ လည်ပင်းအား အမှားအယွင်းမရှိဘဲ ညာလက်ဖြင့် ဓားရှည်ကိုကိုင်၍ ကြမ်းတမ်းစွာ ခုတ်လိုက်သည်။ ထိုလူက မျက်လုံးလန်၍ အော်ကာသေသွားသည်။

ထို့နောက် ဆူညံသံတို့ထွက်လာသည်။

“စစ်သူကြီး! စစ်သူကြီး!”   ထိုအသံတို့ကြောင့် သူ့တပ်ကူက နောက်ဆုံးတော့ ရောက်လာပြီဖြစ်ကြောင်း ပိုင်ယောင်က ချက်ချင်း နားလည်သွားသည်။ ဒီခြုံခိုတိုက်နေသည့်ရန်သူလောက်ကို ပူပန်စရာမလိုတော့ပါ။ 

ထိုလူတို့ကို လျစ်လျူရှု၍ ပိုင်ယောင်သည် သူ့လက်ထဲကလူတစ်ယောက်ကိုသာ မြင်တော့သည်။

“ရှလျန် သေလို့မရဘူး!”
ပိုင်ယောင်က သူမကိုဖက်၍ ဒေါသတကြီးပြောသည်။ သူမကို ပြောနေခြင်းသာမဟုတ်ပါ။ သူ့ကိုယ်သူ ပြောနေခြင်းလည်း ဖြစ်သည်။ ပိုင်ယောင်သည် ဘယ်တုန်းကမှ ကြောက်လန့်ခြင်းမရှိပါ။ အခုတော့ သူသည် ကြောက်၍ တုန်ရီနေပြီ။

ရန်သူတစ်သန်းကို ရင်ဆိုင်ရတောင်မှ သူသည် တုန်လှုပ်ခြင်းမရှိပါ။ အခက်အခဲမျိုးစုံ ကြုံတွေ့ရလည်း သူသည် မျက်တောင်မခတ်စွာ ဘယ်တုန်းကမှ မကြောက်လန့်ပေ! သို့သော် ရှလျန်၏ကိုယ်ကို အခုဖက်ထားချိန်တွင် သူမ၏နောက်ကျောမှ သွေးတို့က စီးထွက်နေသည်။ စေးကပ်ကပ် ခံစားချက်က ရင်းနှီးနေသော်လည်း ပထမဆုံးအကြိမ်အဖြစ် ပိုင်ယောင်သည် သွေးနီနီတို့က ကြောက်ဖို့ကောင်းသည်ဟု ခံစားမိသည်! 

ရှလျန်သည် နာကျင်မှုဖြင့် ချွေးအေးများထွက်ကာ လန့်နေသည်။ မျက်လုံးကိုမှိတ်၍ နာကျင်စွာ မညည်းညူရဲပေ။ နှုတ်ခမ်းကိုတင်းတင်းစေ့၍ သည်းခံရင်း သည်းခံရင်းသာ နေရသည်။ ဒီလိုမှသာ သူမသည် ပါးစပ်ဖွင့် အသက်ရှုမိတိုင်း ပိုနာကျင်မှုလာသည်ကို ထိန်းနိုင်မှာပင်။

ထိုအချိန်တွင် ပိုင်ယောင်သည် သွေးရူးသွေးတန်းဖြစ်နေကာ စစ်သူရဲတစ်ဦး၏ တည်ငြိမ်မှုတို့ ပျောက်ဆုံးနေသည်။ ရှလျန်ကို ဂရုတစိုက်ပွေ့ချီကာ သူနှင့်အတူသယ်ဆောင်လေ့ရှိသည့် ဆေးဘူးကိုဖွင့်၍ သွေးတိတ်အောင် ထည့်ပေးသည်။ သူကစိုးရိမ်၍ မြန်မြန်လုပ်သောလည်း ရှလျန်က မျက်လုံးကို ပွင့်မလာသဖြင့် သူ့မှာ မကြောက်ဘဲမနေနိုင်ပါ။ သူမကို တကြည့်ကြည့်လုပ်နေ၍ နာကျင်မှုကြောင့် သေဆုံးသွားမှာကို စိုးရိမ်နေသည်။

ထိုအချိန်တွင် ရှလျန်၏စိတ်ထဲတွင် ၉၉၅၇နှင့် အပြိုင်ရန်ဖြစ်နေကြသည်!

“လျန် နင်ဒီလိုအစီအစဉ်လုပ်မယ်ဆိုရင် အခြေအနေကို ထည့်တွက်လေဟာ။ ဒီအစီအစဉ်က ဆိုးလွန်းတယ်။ နင်ဒီလောက် သွေးတွေထွက်နေတာ။ တကယ်သေသွားနိုင်တယ်”

“မသေဘူး”   သူမသည် ဆေးပညာကို သိပါသည်။ ဓားထိုးခံရချိန်တွင် အဓိကနေရာများကို အလိုလိုရှောင်ခဲ့သည်။ ကုသမှုက အချိန်မီသ၍ ဘာဆိုးဝါးမှုမှ မဖြစ်နိုင်ပါ။

နဂိုတုန်းက သူမသည် ကိုယ့်ဟာကိုယ်ပတ်တီးစီးဖို့ လုပ်သော်လည်း ၉၉၅၇က အပြင်းအထန် ငြင်းဆိုကာ သူမက မူးမေ့ချင်ယောင်ဆောင်၍ နာကျင်မှုကို အဆုံးအထိသည်းခံဖို့ အတင်းလုပ်ခိုင်းသည်။ သို့သော်လည်း  ပိုင်ယောင်က သူမအတွက် ဒဏ်ရာကို တစ်ခုခုစီစဉ်ပေးမည်ကို ခံစားမိသဖြင့် ရှလျန်သည် စိတ်ကိုလျော့ထားလိုက်သည်။ သူမက မေ့ချင်ယောင်တော့ မဆောင်ဘဲ နာကျင်မှုကိုသာ သည်းခံလိုက်သည်။

“လျန် နင်စကားပြောဖို့ မေ့နေပြီ။ မြန်မြန်ထ။ နာနေတာကို အခွင့်ကောင်းယူပြီး စကားပြောလိုက်။ အဲ့ဒါမှ ပိုင်ယောင်ရင်ထဲကို ပိုထိသွားမှာ။ သူအခုအရမ်းစိတ်ပူနေတယ်! နင့်ကိုဂရုစိုက်ပေးမယ့် သဘောပဲ။ ပြန်ရောက်ရင် သူ့အနောက်ကို နင်လိုက်ရမှာသေချာတယ်။ မြန်မြန်ပြောတော့”

၉၉၅၇ကြောင့် ရှလျန်သည် သည်းမခံနိုင်တော့ပေ။ အားနည်းစွာဖြင့် မျက်လုံးကိုဖွင့်ကာ ပိုင်ယောင်ကို တစ်ချက်ကြည့်၍ အေးတိအေးစက်အသံဖြင့် ပြောသည်။
“ရှင်ထိခိုက်မသွားဘူးပဲ။ ကောင်းတယ်”

‘ရှင်ဒဏ်ရာရမသွားဘူး။ ဒါဆိုရင် စုမေ့က ရှင့်ကို အခွင့်ရေးယူပြီး စောင့်ရှောက်ဖို့မလိုတော့ဘူး။ ဒါဆိုရင် သူ့အခွင့်အရေးကို ဖျက်စီးပစ်လိုက်နိုင်ပြီ။ ကောင်းတယ်’ ဟုတွေးကာပြောလိုက်သည်။ ထို့နောက် ၉၉၅၇စကားတို့ကို အဖက်မလုပ်နိုင်တော့ဘဲ ရှလျန်သည် အလွယ်လေး မေ့မျောသွားသည်။

သို့သော်လည်း ပိုင်ယောင်၏နားထဲကို ထိုစကားနှစ်ခွန်းက မိုးကြိုးပစ်သလို ဝင်လာသည်။ သူ့ရင်က တုန်ရီသွားကာ ထုံကျဉ်၍ နာကျင်သွားရသည်။ ပိုင်ယောင်သည် သူမကို လက်တစ်ဖက်ဖြင့် ဖက်လိုက်ကာ နောက်တစ်ဖက်က သူ့မျက်လုံးကို သူပွတ်လိုက်မိသည်။ မျက်လုံးအောက်ခြေက အပူတို့က အလွန်ပူပြင်းနေသည်။

Previous Chapter 9 of 22 Next