May Honey Logo May Honey
Previous Next

အပိုင်း (၁၁)

စုမေ့အသံကိုကြားသည်နှင့် အစီအစဉ်ချဖို့တွေးနေသည့် ရှလျန်သည် ချက်ချင်းအသိကပ်လာသည်! အခုသူမက ဒဏ်ရာရထားကာ ပိုင်ယုက မထိခိုက်ပေ။ ဒါကိုတောင် စုမေ့ကို ပိုင်ယုဆီကို ပို့သေးတယ်လား? ဒါက ပိုင်ယုကိုဆိုးဆိုးဝါးဝါးသေအောင် တွန်းပို့နေတဲ့ ဇာတ်ကွက်ကြီးမလား?

ရှလျန်က မျက်ခုံးကျုံ့ကာ စုမေ့ကို ဘယ်လိုတွန်းထုတ်ရမလဲနှင့် တာဝန်ကို အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲကို စိတ်ထဲတွင် တွေးနေသည်။ သို့သော်လည်း စုမေ့ကို ဘယ်လိုတွန်းထုတ်ပါစေ သူမက ပိုင်ယောင်ကို အပိုင်ဖမ်းဖို့ အခြားတစ်နည်းဖြင့် ထပ်လာဦးမှာပင်! စုမေ့က သူမအတွက် ဆေးဘက်ဝင်ဟင်း ပို့ပေးရန် လာရမှာဖြစ်သော်လည်း သူမက တိုက်ရိုက်ဖြေရှင်းရန် အခွင့်အရေးအချို့ရှိနေသည်။ အကယ်၍ သူမကို မောင်းမထုတ်နိုင်ရင်တောင် သူမကိုနင်းခြေလိုက်ပစ်ဖို့ အခွင့်အရေးယူနိုင်သည်။

သူမကိုစောင့်ကြည့်၍ ပိုင်ယောင်နှင့်အတူရှိနေခွင့် မပေးနိုင်! ထို့အတူ စုမေ့ကို  စောင့်ကြည့်ဖို့ အခွင့်အရေးပိုရှိသွားကာ သူမ၏စကားနှင့်လုပ်ရပ်တို့တွင် အပြင်ရှာနိုင်၍ သူမ၏ နေရာလွတ်နယ်မြေ အစွမ်း၏ ချို့ယွင်းချက်တို့ကိုလည်း သိရှိနိုင်သည်!

အခွင့်အရေးစုံလျှင် စုမေ့၏စိတ်ရင်းမှန်ကို ပိုင်ယောင်အား ထုတ်ပြ၍ရပြီ။ စုမေ့ကို သတ်ခြင်းဖြစ်စေ အခြားအပြစ်ပေးမျိုးပေးဖြစ်စေ ပိုင်ယောင်၏အပေါ်တွင်သာ မူတည်သည်! ဒီလိုဖြစ်လာလျှင် သူမသည် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ကိုထိပြီ။ ရှလျန်သည် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုတို့ကို တွက်ချက်နေရင်း ဒီအစီအစဉ်က မဆိုးဘူးဟု ခံစားမိကာ စိတ်သက်သာရသွားသည်။ ထို့နောက် ပိုင်ယောင်၏ ရင်ခွင်ထဲမှ ထွက်လာသည့် ရင်းနှီးသည့်အပူချိန်ကြောင့် သူမသည် စိတ်သက်သောင့်သက်သာရသွားကာ အိပ်ပျော်သွားသည်။ ရှလျန်သည် အေးတိအေးစက်နိုင်သော်လည်း သူမ၏စိတ်ရင်းသည် တကယ့်ကိုရိုးရှင်း၍ ဘာမှစိတ်ထဲမထားတက်ပါ။

ဒီရက်များတွင် ရှလျန်သည် အလိုလိုက်ခံတက်သည့် အကျင့်တစ်ခု ဖြစ်လာသည်! ထိုအကျင့်က ပြင်ဖို့ရန် အခက်ခဲဆုံးပင်။ ထို့ကြောင့် သူမ အိပ်မောကျသွားချိန်တွင် ပြုတ်မကျအောင် မအိပ်ခင် ပိုင်ယောင်၏ခါးကို အလိုလိုဖက်လိုက်သည်။ မတော်တဆ သူချော်လဲလျှင် သူ့ကိုယ်ဖြင့်သာလဲစေ၍ သူမကို မထိခိုက်အောင် လုပ်ဖို့ဖြစ်သည်။ ဒီအကျင့်ကို သူမက အများကြီးမတွေးမိပါ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် လှပ၍ဆွဲဆောင်မှုရှိသည့် ကြာပန်းဖြူလေး စုမေ့ကတော့ ရှက်ရွံ့စွာ အရိုသေပေးရင်း စောင့်ဆိုင်းနေရသည်မှာ ထုံကျဉ်နေပြီ။ နောက်ဆုံးအထိ စစ်သူကြီးက “ထတော့”ပြောသည်ကို မကြားရပါ။

နောက်ဆုံးတော့ စုမေ့သည် သည်းမခံနိုင်တော့ပါ။ သူမက မော့၍ခိုးကြည့်မိသည်။ စစ်သူကြီး၏ ခါးပေါ်သို့ ထိုမိန်းကလေး၏လက်က ရောက်သွားသည်ကို မြင်သည့်အခါ မနာလိုသည့်စိတ်ကြောင့် မျက်နှာက ရှုံ့မဲ့သွားတော့မလိုဖြစ်သွား၍ သူမ၏လက်ဖြင့်ခါးကိုဆိတ်၍ မျက်နှာထားကို ထိန်းလိုက်ရသည်။ 

ခေါင်းမာသည့်စစ်သူကြီးကိုကြည့်မိသည့်အခါ သူ့ရင်ခွင်ထဲက မိန်းကလေးကို ချစ်ခင်မှုအပြည့်ဖြင့် ကြည့်နေ၍ သူ့အနားကိုပိုရောက်အောင်တိုးပေးနေသည်။ ထိုအပြုအမှုက အလွန်ဂရုစိုက်၍ ကြင်နာမှု အပြည့်ဖြင့် ဖြစ်သည်! 

ထိုအခိုက်အတန့်တွင် စုမေ့သည် ပိုင်ယောင်၏ စေ့စပ်ထားသည့်မိန်းကလေးမှာ ခြိမ်းခြောက်မှု လုံးဝမဟုတ်ကြောင်းကို သိရှိသွားသည်။ ပိုင်ယောင်၏ ရင်ခွင်ထဲတွင် အခုရောက်နေသည့် မိန်းကလေးမှ ပိုင်ယောင်ထံသို့သွားမည့် သူမ၏လမ်းတွင် အကြီးမားဆုံးရန်သူပင်။ လက်ရှိတွင် အခြားဘယ်သူကမှ သူမထက်ပို၍ မခြိမ်းခြောက်နိုင်ပါ။ အောင်မြင်မှုကိုလိုချင်လျှင် ပထမဆုံးအဆင့်မှာ ထိုမိန်းကလေးကို ရှင်းပစ်ရန်ပင်!

သူမကို ရှင်းပစ်ပြီးလျှင် ပိုင်ယောင်က ပူဆွေးသွားလိမ့်မည်။ အားပေးနှစ်သိမ့်မှုအလိုအပ်ဆုံး အချိန်ရောက်လျှင် သူမက သူ့အားနူးညံ့စွာ အဖော်ပြုလျှင် သူ့ကိုယ်သူ ကျောက်တုံးတစ်တုံးလို တွေးသည့် ယောက်ျားဆိုလျှင်တောင်မှ ခန္ဓာကိုယ်အောက်ပိုင်းက ပူနွေးလာလျှင် သူမနိုင်မည်!

စုမေ့သည် ယောက်ျားတစ်ယောက်က သူမထံသို့ပါလာအောင်လုပ်မည့် နည်းလမ်းများအပေါ် ယုံကြည်မှုရှိနေသည်! နေရာလွတ်နယ်မြေထဲတွင် စိတ်စွမ်းအင်စမ်းနှင့်အတူ အခြားဆေးဘက်ဝင် အပင်များလည်းရှိ၍ အသုံးပြုနည်းတောင် ရှိသေးသည်။ ထိုအမျိုးသမီးကို ဘယ်သူမှမသိအောင် သတ်ပစ်နိုင်သည်!

စုမေ့သည် အစီအစဉ်ချပြီးနောက် စိတ်ကပို၍ တည်ငြိမ်လာသည်။ ပိုင်ယောင်က ထိုမိန်းကလေးကို ဂရုစိုက်သည့် အပြုအမှုတို့ကို မနာလိုဖြစ်စွာ ကြည့်လိုက်သည်။ သို့သော်လည်း ပိုင်ယောင်ကတော့ သူမကို ထခိုင်းသည့်အချိန်အထိ တစ်ချက်လေးတောင် ကြည့်မသွားပါ။ သူ့လက်ထဲက မိန်းကလေးကိုသာဖက်၍ စစ်သူကြီးအိမ်တော်ထဲသို့ အမြန်ဝင်သွားသည်။ စုမေ့သည် နာကျဉ်းလွန်း၍ အံကြိတ်မိသည်။ ရှလျန်ကို ဖယ်ရှားပစ်ဖို့အတွေးက ပို၍ခိုင်မာလာသည်!

သူ့ရင်ခွင်ထဲထည့်၍ ဖက်ထားသည့် မိန်းကလေးနှင့် သူ့အရှေ့ကမိန်းကလေးတို့မှာ စိတ်ထဲတွင် တွက်ချက်၍ အချင်းချင်း အကွက်ချနေသည်ကို ပိုင်ယောင်ကတော့ မသိပါ။ နှစ်ဖက်မိန်းကလေးတို့သည် တွေ့ရုံဖြင့် စစ်ပွဲက စတင်ပြီ။

ရှလျန်အိပ်ချင်နေပြီကို သိသဖြင့် သူမကို အိမ်ထဲခေါ်သွားဖို့ကိုသာ သူ့စိတ်ထဲရှိသည်။ အပြင်တွင် လေအေးတိုက်သဖြင့် သူမကို အအေးမိမသွားစေချင်ပါ! ရှလျန်အပေါ်ထားသည့် သူ့စိတ်ကြောင့် သူမကို ကူညီနေခြင်းမှာ အကဲပိုလွန်းလှသည်။

ရှလျန်နှင့်စုမေ့တို့ ပထမဆုံးစတွေ့ချိန်တွင် ပိုင်ယောင်၏ အကဲပိုသည့်ဂရုစိုက်မှုတို့ကြောင့် စုမေ့အား ပါးရိုက်ချလိုက်သလိုမျိုး အရှက်ရအောင် လုပ်နိုင်ခဲ့သည်မှာ ချောမွေ့နေသည်!
………………

ရှလျန်က အိပ်ပျော်သွား၍ မျက်လုံးဖွင့်သည့်အခါ သက်သောင့်သက်သာရှိသည့် အိပ်ယာပေါ်တွင် နူးညံ့သည့်စောင်အထပ်ထပ်ခင်းထား၍ အလွန်ဇိမ်ရှိသည်! သူမက မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်၍ ခေါင်းကိုလှည့်ကာ ဘေးကိုကြည့်လိုက်သည်။ ပိုင်ယောင်က အခန်းထဲတွင်မရှိသော်လည်း တစ်ချက်ကြည့်ရုံဖြင့် သူ့အခန်းဖြစ်ကြောင်း သိနိုင်သည်။ အခန်း၏ဖွဲ့စည်းပုံ၊ ရိုးရှင်းသည့်ပုံစံ၊ ပရိဘောဂမျိုးစုံနှင့် ဇိမ်ခံပစ္စည်းတို့မှာ အမျိုးသားဆန်၍ သီးသန့်ဖြစ်နေကာ သာမန်အခန်းတို့တွင် မရှိနိုင်ပါ။

ကျွီ!   ထို့နောက် တံခါးကိုဖွင့်၍ ပိုင်ယောင်က ဝင်လာသည်။

ဒဏ်ရာကအနောက်တွင်ရှိသောကြောင့် ရှလျန်သည် ဒီရက်များတွင် ဗိုက်ပေါ်တွင်မှောက်၍ အိပ်လေ့ရှိကာ ဒီနေ့ကလည်း ခြွင်းချက်မဟုတ်ပါ! ထို့ကြောင့် ပိုင်ယောင်လာသည်ကို ကြားသည်နှင့် ရှလျန်သည်လက်ထောက်၍ ကိုယ်ကိုအနည်းငယ်မတ်ကာ စောင်းကြည့်သည်။

ကြည်တောက်နေသည့် မျက်လုံးများသည် အခုမှအိပ်ရာနိုးလာသဖြင့် အရည်လဲ့နေ၍ ဆွဲဆောင်မှု အပြည့်ဖြစ်နေကာ ရှလျန်အား သူမ၏ပုံစံအတိုင်း အေးတိအေးစက်ဖြစ်နေခြင်းကို ချစ်ဖို့ကောင်းနေသလို ဖြစ်စေသည်။

ထို့ကြောင့် အခန်းထဲကိုဝင်လာသည့် ပိုင်ယောင်သည် သူမကိုမြင်သည့်အခါ သူ့ရင်ထဲကို ငှက်မွေးဖြင့် ထိုးစွလိုက်သလို ခံစားရကာ ယားကျိကျိဖြစ်လာသည်။ သူမကို ရင်ထဲထည့်၍ ခေါင်းကို ပွတ်ပေးချင်မိသည်။ သူမက ဒီလောက်ချစ်ဖို့ကောင်းမှန်း ပိုင်ယောင် မသိခဲ့ပါ!

“အိပ်ရေးဝလား? ဗိုက်ဆာပြီလား?”   ပိုင်ယောင်က အရှေ့ကိုလျှောက်လာ၍ ဆံပင်ကိုပွတ်ပေးကာ နူးညံ့စွာ မေးသည်။ ဒီလိုနွေးထွေးမှုတို့တွင် သူ့ထူးမခြားနားပုံစံက ရှိနေသေး၍ အခြားသူများမြင်လျှင် အလွန်ထိတ်လန့်သွားမည်!

“ဆာတယ်”   ရှလျန်က ခေါင်းငြိမ့်သည်။ တကယ်တော့ သူမက အရမ်းဗိုက်မဆာပါ။ ဤကဲ့သို့ပြောခြင်းသည် စုမေ့ကို သတိရ၍ဖြစ်သည်! အခု သူမက ဆေးဘက်ဝင်ဟင်းချက်ပြုတ်ရမည့် အစေခံဖြစ်နေသောကြောင့် အစာကို အကြောင်းပြ၍ ရှလျန်သည် သူမနှင့်တွေ့ဖို့ လုပ်နေတာဖြစ်သည်။

“ဒါဆိုရင်ထတော့! စားလို့ရပြီ”   ပိုင်ယောင်သည် လက်ကိုဆန့်၍ ရှလျန်ကို သူ့ပေါင်အပေါ်သို့ဆွဲချီထိုင်စေကာ ခါးကိုင်း၍ ခြေအိတ်နှင့် ဖိနပ်တို့ကို ဝတ်ပေးသည်။ 

ဒီလိုလုပ်ရပ်ကို လုပ်ပေးနေချိန်တွင် သူ့ရင်ထဲတွင် အပျော်အပြည့်ဖြင့် စိတ်က ပေါ့ပါးနေသည်။ ရှလျန်အတွက် အကုန်လုပ်ပေးရသည်ကို သူနှစ်သက်သည်။ သူမကို အဝတ်ဝတ်ပေးရခြင်း၊ ဆေးတိုက်ရခြင်း၊ အစာခွံ့ကျွေးခြင်းတို့ လုပ်ပေးရသည်ကို သဘောကျ၍ အခြားသူများအား မလုပ်စေချင်ပါ။ ပိုင်ယောင်၏ ပိုင်ဆိုင်လိုစိတ်နှင့် ထိန်းချုပ်လိုစိတ်တို့သည် အပြုစုကောင်းသည့်ဇနီး တစ်ယောက်လိုမျိုး အကျင့်စရိုက်တို့သည် သူ့အရိုးထဲတွင်စွဲနေသည်။ ဒီလိုအပြုအမှုတို့ကို သူက လက်လျော့မည့်ပုံစံမရှိပါ!!

Previous Chapter 11 of 22 Next