အပိုင်း (၁၆)
နှစ်ရက်ကြာသည့်အခါ သူမနှင့်အတူ စားသောက်အိပ်နေသည့် ပိုင်ယောင်သည် သူမနှင့်အတူ သိပ်မရှိတော့သည်ကို သိရှိလာသည်။
ရှလျန်သည် သဘာဝကျစွာ ပိုင်ယောင်၏အနောက်သို့ မလိုက်ဘဲ နေပါသော်လည်း စုမေ့သည် ပိုင်ယောင်၏ အရှေ့တွင် ခနခနပေါ်လာကာ ပိုင်ယောင်၏ သူမအပေါ်ဆက်ဆံမှုတို့က ပို၍ကြင်နာလာမှ ရှလျန်သည် သတိပေးသံများ ဆူညံလာသည်! ‘ဘယ်တုန်းက စုမေ့နဲ့ ရင်းနှီးသွားတာလဲ? ပိုင်ယောင်က ချစ်မိသွားပြီလား?’
စုမေ့၏ နေရာလွတ်နယ်မြေအား လည်ပင်းတွင် ဆွဲထားကြောင်း ရှလျန်က ခပ်ဖျော့ဖျော့ ခံစားမိသည်။ သူမသည် ပစ်မချခြင်းမှာ ပိုင်ယောင်က သူမအား ဂရုစိုက်လွန်း၍ပင်။ သူမတွင် ကိုယ်ပိုင်အချိန်တောင် မရှိပါ!
ရုတ်တရပ်ဆိုသို ဒီနှစ်ရက်အတွင်း ရှလျန်သည် အခွင့်အရေးရှိလာပြီဟု ထင်မိသည်။ ပထမဆုံး သူမသည် စုမေ့၏နယ်မြေကို ဖြုတ်ယူမည်။ ထို့နောက် မင်းသမီးဖြစ်သည့် သူမ၏သရုပ်မှန်ကို ပိုင်ယောင်အား သိစေမည်။ ပိုင်ယောင်က စုမေ့အား ကောင်းမွန်စွာ မကိုင်တွယ်နိုင်လျှင် သူမက. . .
“ဘာဖြစ်လို့ မစားတာလဲ? အရသာမရှိဘူးလား?” ပိုင်ယောင်သည် ထူးထူးခြားခြား အတွေးများနေသည့် ရှလျန်ကို ကြည့်သည်။ သူမကိုကြည့်နေသည့် သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်တို့ဖြင့် ပူလောင်လာသည်။ ‘ဘာတွေးနောတလဲ? စိတ်ပူနေတာလား? ငါလျစ်လျူရှုထားတာကို သတိပြုမိသွားပြီလား?’
စုမေ့၏အကြံအရ ပိုင်ယောင်သည် ရှလျန်ကို အရင်ဆုံး အေးတိအေးစက် ဆက်ဆံကာ သူ့အနောက်သို့ မလိုက်ခိုင်းတော့ပေ! သို့သော်လည်း ဒီနှစ်ရက်လုံးတွင် ပိုင်ယောင်က သည်းမခံနိုင် ဖြစ်နေရသည်! ဒါက ရှလျန်ကို နှိပ်စက်နေခြင်းလား? သူ့ကိုယ်သူနှိပ်စက်ခြင်းသာ ဖြစ်လိမ့်မည်!
သူမကို မမြင်ရတိုင်း ဘယ်လောက်တောင် နာကျင်၍ စိုးရိမ်နေရသလဲကို ဘုရားသာ သိလိမ့်မည်။ သူမကိုလူလွှတ်၍ ခေါ်ချင်စိတ်ကို မနည်းသည်းခံခဲ့ရသည်! အစည်းအဝေးပြီးသည့်အခါ သူမကို ပို၍လွမ်းလာသည်။ သူမ၏ခါးကိုဖက်၍ နှုတ်ခမ်းနီနီရဲရဲလေးကိုနမ်းကာ လိုချင်. . .
ပိုင်ယောင်သည် ဒီအတွေးတို့ကြောင့် ရူးတော့မလို ဖြစ်နေကာ သူကပဲ ပိုဆုံးရှုံးလာသလို ခံစားရသည်! စိတ်ဆန္ဒတို့ကြောင့် သူသည် နာကျင်ရမှာကိုမကြောက်ဘဲ ဆုံးရှုံးရမည်ကိုသာ ကြောက်ရွံ့မိသည်။ ရှလျန်ကြောင့် ပိုင်ယောင်သည် လူသားတစ်ယောက်၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို နောက်ဆုံးတော့ ခံစားမိကာ အလွန်ပျော်ရွှင်ရသလို အလွန်နာကျင်ရသည်!
ပိုင်ယောင်သည် နောက်နေ့ရောက်လျှင် လက်လျော့တော့ဖို့ ဆုံးဖြတ်ထားသည်။ ရှလျန်က သူ့အပေါ် တုန့်ပြန်လာမှုမရှိပါက သူမ၏နှလုံးသားကို မရလည်း သူ့အနားတွင် ဖမ်းချုပ်ထားမည်။ သူမ၏မျက်နှာကို နေ့တိုင်းမြင်နေရသ၍ ရသည်။ အခြားအရာတို့ကတော့ အရေးမပါတော့ပါ! စိတ်ထဲမထည့်တော့ပေ!
ရှလျန်သည် ပိုင်ယောင်၏ မေးခွန်းကိုကြားသည့်အခါ သူ့ကိုမော့ကြည့်၍ နှုတ်ခမ်းတင်းတင်းစေ့ပြီးနောက် ပြောသည်။ “ဗိုက်ဝပြီ”
ပိုင်ယောင်သည် သူမ၏ဆံပင်ကို မပွတ်ဘဲ မနေနိုင်ပါ။ ပိုးသားလိုအထိအတွေ့က သူ့အား စွဲလမ်းစေသည်။ သူမကို သူကအပြုံဂဖြင့် မေးသည်။ “နေ့လည်က ဘယ်ကိုသွားနေတာလဲ?”
ရှလျန်က ခေါင်းကိုစောင်း၍ တွေးကာဖြေသည်။ “လေ့ကျင့်နေတာ”
ပိုင်ယောင်က မျက်မှောင်ကျုံ့၍ သဘောမတူပါ။ “ဒဏ်ရာရတာ မကြာသေးဘူး။ လေ့ကျင့်မနေနဲ့။ ဒဏ်ရာကို ဂရုစိုက်”
ရှလျန်က ခေါင်းခါသည်။ “ဘာမှမဖြစ်ပါဘူး။ အဆင်ပြေပါတယ်။ ကိုယ်ခံအားကောင်းပြီး ရှင့်လုံခြုံရေးကို ကာကွယ်ပေးချင်လို့ပါ”
ပိုင်ယောင်က ဒါကိုကြားသည့်အခါ ရင်ထဲတွင် ထုံကျဉ်သွားသည်။ သို့သော်လည်း ပျော်ပြီးနောက် ရင်ထဲတွင် ခါးသီးလာသည်! ရှလျန်၏ အကြည့်တို့သည် အေးစက်၍ ကြည်လင်နေသည်။ စိတ်ပိုင်းဖြတ်၍ အလေးအနက်ထားမှုကို မြင်နေရသော်လည်း သူလိုချင်သည့် ပူလောင်မှုတို့မရှိပါ!
ရှလျန်သည် သူ့ကိုတကယ်ဂရုစိုက်သော်လည်း ကိုးကွယ်နေသကဲ့သို့ပင်။ သူထင်သလို ယောက်ျားနှင့် မိန်းမကြားက ခံစားချက်မျိုးမဟုတ်ပါ။ သူဒါကိုသိလာရသည့်အခါ မွန်းကြပ်လာသည်။ ပိုင်ယောင်သည် သူ့ခံစားချက်တို့ကို ပြန်မလှည့်ချင်ပါ။ သူမကို ဆွဲချပစ်ချင်သော်လည်း. . .
ပိုင်ယောင်သည် လက်ကိုဆန့်၍ ရှလျန်၏ မျက်လုံးကိုပွတ်သပ်သည့်အခါ သူမ၏မျက်လုံးက သူထိတေါ့သည့်အခါ မှိတ်သွားသည်ကို ကြည့်နေသည်။ သူမက နာခံပါသော်လည်း သူမ၏အကြည့်တို့က အလွန်ရက်စက်သည်!
ထို့နောက် စုမေ့က ဝင်လာ၍ အရိုအသေပေးသည်။ “စစ်သူကြီး သခင်မလေး ဝင်ခွင့်ပြုပါ”
စုမေ့အသံကိုကြားသည့်အခါ ရှလျန်သည် ဘေးကိုလှည့်၍ မျက်လုံးဖွင့်လာ၍ မျက်တောင်များက ပိုင်ယောင်၏လက်ကို ပွတ်တိုက်သွားသည်။ ထိုခံစားချက်က ပိုင်ယောင်၏ ရင်ထဲတွင် ယားကျိကျိဖြစ်စေသည်!
“သူနဲ့အတူသွားမလို့လား?” ရှလျန်က အေးစက်စွာ မေးသည်။
ပိုင်ယောင်သည် ဒီမေးခွန်းကြောင့် ကြောင်အသွားသည်။ ထို့နောက် တစ်ခုခုကို သိရှိသွားကာ ရင်ခုန်လာ၍ မျှော်လင့်ချက်မြင့်လာကာ မထူးခြားသလို ခေါင်းငြိမ့်ပြ၍ ပြောသည်။ “ဟုတ်တယ်”
ရှလျန်က ပြောလာသည်။ “ကျွန်မလည်း လိုက်မယ်”
ပိုင်ယောင်က စိတ်လှုပ်ရှားမှုကိုထိန်း၍ နားမလည်သလိုပြောသည်။ “ဟုတ်ပြီ။ အခုသွားကြတာပေါ့”
ဒါသည် ရှလျန်အနေဖြင့် သူနှင့်အတူ အဖော်ပြုပေးရန်လိုက်ဖို့ ပထမဆုံးအကြိမ် ခြေလှမ်းစခြင်း ဖြစ်သည်။ ဒီဖြစ်စဉ်သည် ပိုင်ယောင်အား အရူးလိုဖြစ်စေကာ ပျော်ရွှင်မှုတို့ ရင်ထဲတွင် ဖြတ်ပြေးနေသည်။
သူသည် ဘေးက စုမေ့ကို ကျေနပ်စွာ ကြည့်သည်။ စုမေ့အပေါ် သူ့အမြင်သည်လည်း ပိုကောင်းလာပြီ။
ဒီတစ်ကြိမ်တွင် ရှလျန်သည် ၉၉၅၇ထံမှ ကြားလိုက်ရသည်။ "ပိုင်ယောင်ရဲ့ ပျော်ရွှင်မှုနှုန်းကိန်းက 75% ရောက်သွားပြီ"
ရှလျန်က ပိုင်ယောင်ကို အလန့်တကြားကြည့်သည့်အခါ ပိုင်ယောင်သည် စုမေ့ကို ကြည့်နေသည်။ ထိုအခါ ရှလျန်က နားလည်လိုက်သည်။ ပိုင်ယောင်၏ အကြည့်တို့တွင် ကျေနပ်မှုနှင့် ပျော်ရွှင်မှုတို့ ဖြတ်ပြေးနေကာ ၉၉၅၇၏ သတိပေးချက်ကြောင့် ရှလျန်က ချက်ချင်း နိဂုံးချုပ်ချသည်။ ပိုင်ယောင်က စုမေ့ကို တကယ်ချစ်နေပြီဟူ၍ပင်!
ရှလျန်သည် မျက်မှောင်ကျုံ့၍ စိတ်ထဲတွင် ပူပန်စိတ်များ ထွက်ပေါ်လာသည်။ ပိုင်ယောင်သည် စုမေ့ကို အရင်ရက်က မနှစ်သက်ခဲ့ပါ။ သို့သော်လည်း ရက်အချို့သာ ကြာသေးသည်။ စုမေ့က အောင်မြင်စွာဖြင့် ပိုင်ယောင်ကို ဖမ်းမိကာ ချစ်မိသွားပြီ။ ဒါသည် အရင်က သူမအထင်သေးမိသည့် စုမေ့ပင်! ဒါကမကောင်းပါ။
၉၉၅၇လည်း စိတ်ရှုပ်နေကာ ပိုင်ယောင်ကို နားမလည်ပေ။ သို့သော် တာဝန်ကို စိတ်ပူနေသည်။ “လျန် ပိုင်ယောင်က ချစ်မိသွားရင် ဒီတာဝန်က ပိုခက်လာမှာနော်။ အခုစရအောင်! အခု အခွင့်အရေးယူလိုက်။ စုမေ့ကို ပိုင်ယောင်ဘေးကနေ ဖယ်ထုတ်လိုက်! သူတို့အဆက်အဆံနည်းတာ ကောင်းတယ်!”
ရှလျန်က ခေါင်းငြိမ့်၍ သဘောတူသည်။
“ကျွန်မဒဏ်ရာက ကောင်းနေပါပြီ။ ဆေးအစာတွေ ထပ်သောက်ဖို့ မလိုတော့ပါဘူး။ သူ့ကို ဒီမှာထားဖို့ မလိုတော့ဘူးမလား? ပြန်မလွှတ်သေးဘူးလား?” ရှလျန်သည် စုမေ့ကို လက်ညိုးထိုးပြ၍ အေးစက်စွာပြောကာ မျက်လုံးထဲတွင် မျှော်လင့်တကြီး ကြည့်နေသည်။
“လျန် သူ့ကိုမကြိုက်ဘူးလား?” ပိုင်ယောင်က စိတ်ဝင်စားမှုအပြည့်ဖြင့် မေးသည်။
“ဟမ့်!” ရှလျန်က ခေါင်းငြိမ့်ကာ အေးစက်စွာ ပြောသည်။ “မဟုတ်ပါဘူး။ ရှင့်ကို သူကဆွဲဆောင်လိမ့်မယ်!”
ပိုင်ယောင် "!!!"
စုမေ့သည်လည်း ထိတ်လန့်၍ မော့ကြည့်လာကာ ပန်းလိုလှသည့်မျက်နှာမှာ ရှုံ့တွနေပြီ။ ဒါကအမှန်ဖြစ်သော်လည်း သူမက တိုက်ရိုက်ပြောလိုက်သည့်အခါ စုမေ့သည် ရှလျန်ကို ဖြစ်နိုင်သမျှ မြန်မြန်သတ်ပစ်ချင်လာသည်။ အချစ်ကို နားမလည်ဘဲ ပိုင်ယောင်အကြည့်တွေကို ကျောက်ရုပ်ထုကြီးလို တုန့်ပြန်နေတာ နင်ပဲမလား? ဒါပင်မယ့် ငါနဲ့ပတ်သက်လာရင် မျက်လုံးကကောင်းပြီး အချိန်တိုင်း တိုက်ခိုက်နေတာပဲ!
ရှလျန်သည် အရင်က ဟန်ဆောင်နေသည်ဟု သူမက ခံစားလာရသည်။ မဟုတ်လျှင် သူမအတွက် အောင်မြင်တော့မည်ဟု ခံစားရသည့်အချိန်တိုင်း မျက်နှာကို တဖြောင်းဖြောင်းဖြင့် ဘာဖြစ်လို့ ရိုက်ချနေမည်နည်း?