May Honey Logo May Honey
Previous Next

အပိုင်း (၁၈)

စုမေ့ထွက်သွားသည်နှင့် ရှလျန်က စိတ်ထဲတွင် ပြောသည်။   “၉၉၅၇ ငါ့ကိုအဆင့်နိမ့်ဖြေဆေးပေး”

တစ်စက္ကန့်ပင် အချိန်ဖြုန်းမနေဘဲ ၉၉၅၇သည် ရှလျန်အတွက် ဖြေဆေးဝယ်ပေးကာ အမှတ်လျှော့လိုက်သည်။ 	

ရှလျန်၏ နှလုံးသားလေးမှာ သွေးယိုစီးသွားလေသည်။   “ဘာဖြစ်လို့ ငါးမှတ်ကြီးတောင်လဲ?”

၉၉၅၇က ရှင်းပြသည်။   “စုမေ့ရဲ့ အဆိပ်က သူ့နယ်မြေထဲက စိတ်စွမ်းအင်‌စမ်းကနေရတာ။ ဒါကပြင်းတယ်။ အဆင့်မြင့်ဖြေဆေးက ၄၈နာရီအတွင်း ဘယ်ဆေးမျိုးပဲဖြစ်ဖြစ် ခုခံနိုင်တယ်။ အမှတ်ကုန်ပင်မယ့် တန်ပါတယ်။ လျန် နင်အမှတ်တွေကို အရမ်းဂရုစိုက်မနေနဲ့။ နင့်လုံခြုံရေးက ပထမဦးစားပေးပဲ”

ရှလျန်သည် ခေါင်းစမူးလာပြီဖြစ်၍ ဒါကိုအာရုံစိုက်နိုင်ရန် အချိန်အများကြီး မရလိုက်ပါ။ ထိုမေ့ဆေးက သက်ရောက်မှုပြလာပြီ။ သူမသည် ဖြေဆေးကိုသောက်ပြီးသည်နှင့် စားပွဲပေါ်တွင် သတိလစ်ချင်ယောင်ဆောင်၍ မှောက်ချလိုက်သည်။

စုမေ့ ပြန်ရောက်လာသည့်အခါ စားပွဲပေါ်တွင် မှောက်လဲနေသည့် ရှလျန်ကိုတွေ့သော် သူမက မဲ့ပြုံးဖြင့် ပြုံးလိုက်သည်။ ရှလျန်နားသို့ ချဉ်းကပ်လာ၍ အထင်သေးစွာပြောသည်။   “ရှလျန်။ ရှလျန်။ ငါ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး နင်အပြစ်တင်လို့ မရဘူး။ နင်က ငါ့လမ်းကို လာပိတ်တာ! နင့်ကို ချစ်သွားတဲ့ ပိုင်ယောင်ကိုပဲ အပြစ်တင်လိုက်။ အခုတော့ ပျော်ပျော်ကြီး ခံစားလိုက်စမ်း။ ပြီးတော့ ငါ့ကို ကျေးဇူးမတင်လည်း ရတယ်!”

သူမသည် ပြတင်းပေါက်နားသို့ လျှောက်သွား၍ လက်ခုပ်တီးလိုက်သည်။ အမှောင်ထဲက လူတစ်ယောက်က ထွက်လာ၍ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချသည်။ ထိုလူသည် သူမ မင်းသမီးဖြစ်စဉ် သူမအား စောင့်ရှောက်ပေးသည့်သူဖြစ်သည်။ သူမကို အခြေအနေအချိန်အခါတိုင်းတွင် နာခံခဲ့သည်။ သူမလို အားနည်းသည့် မိန်းမတစ်ယောက်အား အရှေ့ပိုင်းတိုင်းပြည်မှ အနောက်ပိုင်းတိုင်းပြည်သို့ သရုပ်မှန်ကိုဖုံးကွယ်ဖို့ ရောက်လာအောင် စီစဉ်ပေးခဲ့သူဖြစ်သည်။

“သူ့ကို ခေါင်တဲ့ဘုရားကျောင်းကို ခေါ်သွား။ လိင်ပိုင်းဆိုင်ရာစော်ကားပေးမယ့် သူတောင်းစား တစ်ချို့ကိုလည်း ရှာလိုက်။ အချိန်ရောက်ရင် ပိုင်ယောင်ကို သတင်းပို့မယ်။ မှတ်မိလား?”   သူမက ပြောသည်။ ပိုင်ယောင်အရှေ့တွင် ရှလျန်အား မျက်နှာပျက်စေချင်တာ ဖြစ်သည်။

၉၉၅၇ သည် ဒါကိုကြားသည့်အခါ ဒေါသထွက်လာသည်။   “အား! အား! အား! လျန် ငါတို့ဘာလုပ်ကြမလဲ? ဒီမိန်းမက ယုတ်မာလွန်းတယ်! သူ့မှာ ကူမယ့်လူတောင် ရှိနေသေးတယ်!”

“ငါသိပါတယ်”   ရှလျန်သည် တည်ငြိမ်စွာ စိတ်ထဲတွင်ဖြေ၍ ပြန်တိတ်သွားသည်။

ထိုလူသည် သူမ၏တာဝန်ကို လေးစားသမှုဖြင့်လက်ခံ၍ သတိလစ်နေသည့် ရှလျန်ထံသို့ လျှောက်လာသည်။ သူမကို ခါးကိုင်း၍ မဖို့လုပ်ချိန်တွင် . . .

ထိုအခိုက်အတန့်တွင် ရှလျန်သည် ချက်ချင်းမျက်လုံးပွင့်လာ၍ သူမ၏ညာဘက်အင်္ကျီလက်ထဲမှ ဓားမြောင်ကိုထုတ်၍ ထိုလူ၏နှလုံးကို မြန်ဆန်တိကျစွာ ထိုးလိုက်သည်!

ထိုလူသည် အံ့ဩတကြီးမျက်လုံးအပြူးသားဖြင့် နာကျင်စွာခံလိုက်ရသည်။ သူမသေခင်တွင် နာကျင်မှုက ဦးနှောက်အထိ ရောက်လာသဖြင့် ညည်းညူမိသွားသည်။

စုမေ့က သူ့အနောက်တွင် ရပ်နေသည်ဖြစ်ရာ ဘာဖြစ်မှန်းမသိသဖြင့် အပြေးရောက်လာသည်။   “ဘာဖြစ်လို့ အချိန်ဖြုန်းနေတာလဲ? မြန်မြန်. . .”

ထိုအခိုက်အတန့်တွင် စကားလုံးတို့က သူမ၏ လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။ သူမသည် အသံတောင်မထွက်နိုင်တော့ဘဲ ကြောက်လန့်တကြား မျက်လုံးပြူး၍ ကြည့်နေမိသည်။ သူမသည် အော်လိုက်ဖို့ တွေးမိပါသည်။

သို့သော်လည်း မအော်နိုင်ခင် ရှလျန်က ရှေ့ကိုတက်လာ၍ သူမ၏လည်ပင်းကို ဘယ်လက်ဖြင့် ညှစ်၍ ညာလက်ဖြင့် သူမ၏ရင်ဘတ်ပေါ်တွင် ရှာဖွေသည်။ ခန့်မှန်းထားသည့်အတိုင်း သူမသည် မာကျောသည့်အရာကို စမ်းမိသဖြင့် ဆွဲချွတ်၍ယူလိုက်သည်။

ထို့နောက် ရှလျန်သည် စုမေ့၏လည်ပင်းကိုလွှတ်ပေးလိုက်ပြီး နံရံထံသို့ ပစ်ချလိုက်သည်။ ထို့နောက် နောက်သို့ဆုတ်၍ သူမနှင့်ခပ်ခွာခွာနေလိုက်သည်။

စုမေ့သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ လည်ပင်းကိုကိုင်၍ သီးနေသည်။ ဖြစ်သွားသမျှသည် တုန့်ပြန်ဖို့ မြန်လွန်းသည်။ ရှလျန်က သူမ၏ဆွဲကြိုးကို ရသွားသည်ကို သတိထားမိမှ ရူးသွပ်စွာ အော်သည်။   “ငါ့ကျောက်စိမ်းပြားပြန်ပေး! ပြန်ပေးစမ်း!”

ရှလျန်က မျက်ခုံးပင့်လိုက်သည်။ စုမေ့၏တုန့်ပြန်မှုအရ စိတ်စွမ်းအင်စမ်းရှိသည့် နယ်မြေသည် ဒီအထဲတွင် ဖွက်ထားသည်ကို သက်သေပြပြီးသား ဖြစ်သွားသည်!
Previous Chapter 18 of 22 Next