May Honey Logo May Honey
Previous Next

အပိုင်း (၃)

“နင်ဒီကမ္ဘာကိုရောက်တာ ၃ရက်ရှိနေပြီ။ လှံကြီးကိုင်တာရယ် ဓားထိုးကျင့်တာရယ်ကလွဲလို့ နင်ဘာမှမလုပ်သေးဘူး! မမေ့နဲ့နော်။ ငါတို့တာဝန်က ပိုင်ယောင်ကိုကယ်ဖို့! လှံပစ်ကျင့်ဖို့ မဟုတ်ဘူးလို့. . .”

ရှလျန်သည် ၉၉၅၇၏ အပြစ်တင်တက်မှုတို့ကို ဂရုမစိုက်ပါ။ သူမသည် လက်မောင်းတို့ တုန်ရီသည့်အထိ ထပ်ခါထပ်ခါကျင့်သည်။ မောပန်းလွန်း၍ လှံကိုမကိုင်နိုင်တော့မှ ရပ်သည်။ လှံကို ညာဘက်လက်မှကိုင်ရင်း ရှလျန်သည် ကိုယ်ကိုကွေး၍ အသက်ဝဝရှုနေကာ ဘယ်လက်ဖြင့် နဖူးက ချွေးတို့ကိုသုတ်၍ အားပြန်ရဖို့ နားနေသည်။

၉၉၅၇ကတော့ အလျော့မပေးဘဲ ဆက်ပြောသည်။
“အခုအချိန်ဆိုရင် စုမေ့က စစ်သူကြီးအိမ်တော်ကို ရောက်ပြီးတော့ ပိုင်ယောင်ကို မြူဆွယ်ဖို့ စတော့မယ်. . . နင်အမြန်မလုပ်သေးဘူးလား??? အခုမလုပ်လို့ ပိုင်ယောင်သာ သူ့ကိုချစ်မိသွားရင် တာဝန်က ပိုခက်လာမှာနော်”

ရှလျန်က အားပျော့စွာဖြေသည်။   “ငါသိတယ်လို့”

“ဒါဆိုရင်ဘာလုပ်မှာလဲ?”   ၉၉၅၇က သူမ၏တည်ငြိမ်နေဆဲအပြုအမှုကြောင့် မစိုးရိမ်ဘဲ မနေနိုင်ပါ။   “ဟွမ်ဟွားကတော့ နင်ဘာလုပ်နေလဲကို နားကိုမလည်နိုင်တော့ဘူး”

ရှလျန်ရွေးလိုက်သည့်ကိုယ်သည် အမျိုးသမီးအစောင့်ဖြစ်၍ အဆင့်အတန်းနိမ့်သော်လည်း အမှတ်ကတော့များသည်။ ဘာဖြစ်လို့ ချင်းယွဲ့ဟုခေါ်သည့် တစ်ယောက်ကို မရွေးလိုက်သနည်း? သူမက လှပရုံတင်မဟုတ်ပါ။ ကိုယ်လုံးလေးလည်းလှ၍ အသံလည်းချိုသာသည်။ ပိုအရေးကြီးသည်မှာ သူမသည် ပိုင်ယောင်၏ လက်ရွေးစင်အဖွဲ့ထဲတောင် ရောက်နေပြီးသားပင်။ ပိုင်ယောင်ဖြင့် တိုက်ရိုက်တွေ့ဖို့ လွယ်ကူသည့် အခွင့်ကောင်းကြီးရှိသည်။

ဒါကိပိုသင့်တော်၍ စမှတ်ကောင်းလည်းရှိသည်။ သူမ၏ အလှအပဖြင့်ဆိုလျှင် ပိုင်ယောင်ကို တိုက်ရိုက်ဖြားယောင်းဖို့သာ ရွေးဖို့လိုအပ်သည်။ အခြေခံ ဖြားယောင်းနည်းလိုက်ကိုသုံးလျှင် အလိမ်အညာအချို့ဖြင့် ပိုင်ယောင်မသေအောင် လုပ်၍ရနေပြီ. . . ထို့အတူ ခေါင်းကိုက်စရာမလိုဘဲ ဘာမှခယနေစရာမလိုပေ။ ကြာပန်းဖြူမ မပြောနှင့်။ လက်ဖက်စိမ်းမကိုတောင် အလွယ်လေး ကိုင်တွယ်နိုင်ကာ အမှတ်တို့ရလိမ့်မည်။

“အာ! အာ! လျန်လို့ ဟွမ်ဟွားက ဒီလောက်တော်တာ။ ငါ့လိုစနစ်မျိုးရှိမှာ မဟုတ်ဘူးနော်။ ငါက အင်အားအကြီးဆုံးစနစ်ပဲ. . .”
၉၉၅၇သည် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသည်။

“စကြဝဠာတစ်ခုလုံးမှာ အားအကြီးဆုံးပြောရအောင် နင့်ကိုယ်နင် ကောင်းကင်နဲ့ မြေကြီးလို့ ထင်နေတာလား?”
ရှလျန်သည် နောက်ဆုံးတော့ ထပ်သည်းမခံနိုင်တော့ပါ။

တစ်မိနစ်ကြာသွားပြီးနောက် . . . ၉၉၅၇က ထပ်၍အပြစ်တင်ပြန်သည်။
“ဟဲ့~! နင်မပြီးတော့ဘူးလား! နင့်ကိုယ်နင်ပြန်ကြည့်ဦး။ ဒီလောက်ပိန်ပိန်လေးနဲ့။ ယောက်ျားတစ်ယောက်ကို ဘယ်လိုမြူဆွယ်မှာလဲ? ပြီးတော့ ပိုင်ယောင်နဲ့ နီးစပ်ဖို့ ဘာဖြစ်လို့ ဒီကိုယ်ကြီးကို သုံးတာလဲ? အခွင့်အရေးကိုမရှိတာ။ အစောင့်လို့တောင်တွက်မရဘူး။ ဒီတိုင်း အမည်ခံလေးပဲရှိတာ။ နင့်ကိုယ်နင် ဘယ်လိုလုပ်မှာလဲ? ဒါကြီးရွေးလိုက်လို့ အမှတ်အပိုလည်း ရတာမဟုတ်ဘူး”

ရှလျန်သည် မျက်တော်ခတ်၍ ပြောသည်။
“အခွင့်အရေးမရှိဘူးလို့ ဘယ်သူပြောလဲ? အခွင့်အရေးလာပြီ”

“ဟုတ်လား? ဘာအခွင့်အရေးလဲ?”
၉၉၅၇က သံသယဝင်ဆဲပင်။

ရှလျန်က လျစ်လျူရှု၍ ခေါင်းမော့ကာ အဝေးကိုကြည့်၍ မျက်တောင်ခတ်လိုက်သည်။ သူမထံသို့ ပိန်ရှည်ရှည်သဏ္ဍာန်တစ်ခု လာနေသည်။ ထပ်ကြည့်ဖို့မလိုအောင် ဘယ်သူလဲဆိုသည်ကို သိပြီးသားပင်။ မူလကိုယ်၏ လူမှုဆက်ဆံရေးမရှိသည့်အကျင့်ကြောင့် သူမ၏အစ်ကိုဖြစ်သူ ရှရန်ကလွဲ၍ ဘယ်သူကမှ သူမအား ချဉ်းကပ်မည် မဟုတ်ပါ။

ရှရန်ရောက်လာသည့်အခါ သူမ၏ချွေးရွှဲ၍ မောနေသည်ကို မြင်ရသည်နှင့် ခေါင်းခါ၍ သဘောမတူစွာပြောသည်။
“ညီမလေး နင်ကမိန်းကလေးပါ။ ဒီလောက်ကြိုးစားဖို့ မလိုဘူး။ အစ်ကိုကြီးက ကာကွယ်ပြီး ကျွေးမွေးထားနိုင်ပါတယ်”

ရှလျန်သည် ကြည်လင်သည့်မျက်လုံးတို့ဖြင့် သူ့အားထူးမခြားနားကြည့်သည်။ စကားတော့မပြောပါ။ ရှရန်က သက်ပြင်းချလိုက်သည်။ သူ့ညီမလေး၏ အဖျားက ရုတ်တရပ် ပျောက်သွား၍ နိုးလာတည်းက မျက်လုံးတို့က ကြည်လင်နေကာ ကြည့်ပျော်ရှုပျော်ရှိလာသည်။ သူမသည် အရင်လို ဆူပူကောက်ချိတ်မနေတော့ဘဲ အေးတိအေးစက်ဖြစ်လာသည်။ အရင်က သူ့အားကပ်တွယ်လေ့ရှိသော်လည်း အခုတော့ . . .

သူ့ရင်က နည်းနည်းနာသွားသည်။ ရှရန်က အရှေ့သို့တိုး၍ နဖူးကချွေးကို သုတ်ပေးဖို့လုပ်သည်။ သို့သော်လည်း လက်ဆန့်သည်နှင့် ရှလျန်က ရှောင်သွားသည်။

“ညီမလေး အစ်ကိုကြီးကို စိတ်ဆိုးတုန်းလား? အဲ့ဒီနေ့က တာဝန်နဲ့မလို့ မွေးနေ့မှာ အဖော်လုပ်မပေးနိုင်တာပါ။ အစ်ကိုကြီး တကယ်တောင်းပန်ပါတယ်!”
ရှရန်က သူမနှင့်အတူ အချိန်ဖြုန်းမပေးသည့်အတွက် စိတ်ကောက်နေသည်ဟု ထင်လိုက်သည်။

ရှလျန်က ခေါင်းခါသည်။
“မဟုတ်ပါဘူး”
သူမကို လူတို့ကထိခြင်းကို မကြိုက်နှစ်သက်ပါ။ မွေးနေ့အတွက်ကတော့? သူမနှင့် ဘာဆိုင်လဲ?

ရှရန်က အဖြေကိုကြားမှ စိတ်သက်သာကာ ညင်သာစွာပြုံးသည်။

ရှလျန် : “အစ်ကိုကြီး ဘာဖြစ်လို့ ညီမလေးကို လာရှာတာလဲ?”

ရှရန်က စိတ်လှုပ်ရှားနေသည်။
“အာ ဟုတ်တယ် ညီမလေးရေ။ အစ်ကိုကြီးက သတင်းကောင်းပြောပြမလို့!”

ရှလျန်က အေးတိအေးစက် ထူးမခြားနားကြည့်သည်။
“အင်း”

သို့သော်လည်း သူ့ညီမက အားမပေးတာတောင် ရှရန်၏ စိတ်လှုပ်ရှားမှုက လျော့မသွားဘဲ ပျော်ပျော်ကြီးပြောသည်။
“မနက်ဖြန် စစ်သူကြီးအမဲလိုက်ထွက်တာကို အစ်ကိုကြီးလိုက်ရမှာ။ ညီမလေးက စစ်သူကြီးကို အရမ်းကြည်ညိုတာ အစ်ကိုကြီးသိတယ်လေ။ ပြန်လာရင် လမ်းမှာ ဘာတွေဖြစ်ခဲ့လဲ အကုန်ပြောပြမယ်!”

ရှရန်၏ စိတ်လှုပ်ရှားနေသည့် မျက်နှာသည် ပတ္တမြားလိုနီရဲနေသည်။ သူ့လေးစားရသည့် နတ်ဘုရားကိုတွေ့ရမည့်အတွက် ဦးနှောက်မဲ့သည့် ပရိသတ်လေးလို ဖြစ်နေသည်။ သို့သော်လည်း သူက ပိုင်ယောင်၏ နောက်လိုက်ပင်။ သူ့ကိုမချဉ်းကပ်နိုင်သလို စကားတစ်ခွန်းတောင် မပြောနိုင်ပါ။ သို့သော်လည်း ပိုင်ယောင်က ဘယ်လောက်ထူးချွန်ကြောင်း ပြန်ပြောပြ၍ရနေပြီ။ သူက အပိုလုပ်နေခြင်း မဟုတ်ပါ။ ပိုင်ယောင်သည် လူတိုင်း၏ရင်ထဲတွင် အနောက်ပိုင်းတရုတ်ပြည်မှာ နတ်ဘုရားပင်။

ရှလျန်က ရှရန်၏ စိတ်လှုပ်ရှားနေသည့် မျက်နှာကိုကြည့်ကာ မျက်လုံးလက်သွားသည်။ အမဲလိုက်ပွဲအကြောင်းကို ရှလျန်က သိထားပါသည်။ မဟုတ်လျှင် ရှညီမလေး၏ကိုယ်တွင် ပူးကပ်ဖို့ လုပ်မည်မဟုတ်ပါ။ ရှရန်သည် ပိုင်ယောင်နှင့် သူမအဆက်အသွယ်ရဖို့အတွက် သော့ချက်ပင်!

ဒီတစ်ခေါက် အမဲလိုက်ပွဲတွင် ပိုင်ယောင်သည် ခြုံခိုတိုက်ခံရ၍ အစောင့်တစ်ဖွဲ့လုံးသေမည်ဖြစ်ကာ ဘယ်သူမှ မရှင်နိုင်ပေ။ ပိုင်ယောင်က အစောင့်တစ်ယောက်ထံတွင် ကယ်တင်ခံလိုက်ရကာ သူ့သိုင်းပညာအရည်အချင်းဖြင့် လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရလာသည်။

ထိုဒဏ်ရာတို့ကြောင့် စုမေ့သည် ပိုင်ယောင်ကို ချဉ်းကပ်နိုင်ကာ ဇာတ်ကြောင်းတစ်ခုလုံး ဖြစ်လာရန် စတင်ခဲ့သည်။ စုမေ့သည် ဒဏ်ရာရထားသည့် ပိုင်ယောင်ကို စိတ်စွမ်းအင်စမ်းရေဖြင့် ကုသပေးကာ သူ့အာရုံစိုက်မှုကိုရယဓ၍ ဖြားယောင်းရန် အခြေခံကျသည့်ခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။

ရှလျန်က ဒီအမဲလိုက်ဇာတ်ကြောင်းကို သေချာဖတ်ကြည့်ရာ ပိုင်ယောင်ကို ကယ်တင်ခဲ့သည့် အစောင့်သည် ရှရန်ဖြစ်သည်။ မသေဆုံးခင်တွင် သူ့အဆင့်အတန်းဖြင့် မလျော်ညီစွာ သူ့ညီမလေးအား အသက်ရှင်သန်နိုင်ရန် ခိုလှုံ့ရာတစ်ခုပေးဖို့ တောင်းဆိုခဲ့သည်။ အရေးကြီးဆုံးမှာ ပိုင်ယောင်က သဘောတူညီခဲ့၍ မှတ်မိနေခြင်းပင်။

ဒါကိုရှလျန်က အသုံးချမှာဖြစ်သည်။ အဆင်ပြေချောမွေ့နေသ၍ သူမသည် ပိုင်ယောင်၏ဘေးသို့ အောင်မြင်စွာ ချဉ်းကပ်နိုင်လိမ့်မည်။

Previous Chapter 3 of 22 Next