May Honey Logo May Honey
Previous Next

အပိုင်း (၁၅)

ရက်အချို့စူးစမ်းပြီးနောက် စုမေ့သည် ပိုင်ယောင်၏ ယုံကြည်မှုရဖို့ အခွင့်အရေးတစ်ခု နောက်ဆုံးတော့ ရလာခဲ့သည်။ ထိုအခွင့်အရေးသည်လည်း ရှလျန်ကြောင့်ပင်!

အရင်ရက်များတွင် ရှလျန်နှင့် အများကြီးမဆက်ဆံရသော်လည်း စုမေ့သည် သူမ၏စိတ်ကို သိသွားသေးသည်! သူမ၏အမြင်အရ ရှလျန်သည် ဉာဏ်ကောင်းသော်လည်း နားလည်ရခက်သည့် စိတ်ရှိကာ ဆုံးဖြတ်ရသည်က တစ်ခုတော့ရှိသည်။ ထိုအရာမှာ သူမသည် အချစ်ကိုနားမလည်သည့် ချစ်သူတစ်ယောက်ဖြစ်ကာ ယောက်ျားနှင့် မိန်းမကြားက ဆက်ဆံရေးကိုတောင် နားမလည်သည့်သူပင်။

ပိုင်ယောင်၏အကြည့်တို့က တစ်နေ့ထက်တစ်နေ့ ပူပြင်းလာကာ သူမ၏ခန္ဓာကိုယ်အား ပွတ်သပ်ဖို့ မစောင့်နိုင်တော့သလိုပင်။ စုမေ့သည် ဒီလိုအကြည့်မျိုးကိုသာ သူမရပါက ဦးခေါင်းအရည်ပြားတို့ ထုံကျဉ်၍ မျက်နှာနီရဲလာကာ ခန္ဓာကိုယ်က ပျော့ခွေသွားလိမ့်မည်။ သို့သော်လည်း သူမထံသို့ ဒီလိုအကြည့်မျိုးက လုံးဝ ရောက်မလာခဲ့ပါ!

သို့သော်လည်း ရှလျန်သည် ဒါကိုလုံးဝမခံစားရသလို ဖြစ်နေသည်ကို မြင်ရသည်။ မိန်းမတွင် ရှိသင့်သည့် ရှက်သွေးဖြာမှုမျိုး မရှိသည့်အပြင် မနှစ်သက်သလိုတောင် ဖြစ်နေသေးသည်! ပိုင်ယောင်ကို ကြည့်သည့် ရှလျန်၏ မျက်လုံးထဲတွင် အချစ်မရှိဘဲ ကြည်လင်နေလွန်းသည်!

ဒါကိုသိရှိရသည့်အခါ စုမေ့သည် ပိုင်ယောင်ကို အနည်းငယ် ကိုယ်ချင်းစာမိသည်။ ဒီလို နှလုံးသားမဲ့သည့်လူကို ချစ်ရသည်မှာ မွန်းကြပ်ရသည်။ ဘယ်အချိန်မှ တုန့်ပြန်မှုပြန်ရမလဲ မသိနိုင်ပေ။ သို့သော်လည်း စုမေ့က ကိုယ်ချင်းစာမှု စစ်စစ်ကြီးမဟုတ်ပါ။ ရှလျန်၏ တုန့်ပြန်မှုကြောင့် သူမသည် ပိုင်ယောင်၏ နှလုံးသားကိုရဖို့ အခွင့်အရေးရှိသည်ဟုသာ မြင်သည်။

ယောက်ျားတစ်ယောက်သည် သူချစ်ရသည့် မိန်းကလေးတစ်ယောက်က သူ့ကိုမချစ်သည့်ခါ သူ့ချစ်ခြင်းအပြည့်ဖြင့်နှလုံးသားကို သူမအား လိုက်ပိုးဖို့သုံးမည့်အစား အခြားအမျိုးသမီးကိုသာရှာ၍ စိတ်သက်သာစေမည်မလား? ပိုင်ယောင်က ဘယ်လိုတုန့်ပြန်လာမလဲ စုမေ့ကမသိပါ။ ဘယ်လိုပဲ တုန့်ပြန်ပါစေ သူမအတွက်တော့ ဒါကအခွင့်အရေးပင်!

ပိုင်ယေင်အပေါ်တွင် သစ္စာရှိကြောင်းပြနိုင်ကာ ရှလျန်ကို လိုက်ပိုးရန် ကူညီပေးမည်ဟူသည့် အကြံဖြင့် ချဉ်းကပ်၍ သူမ၏ခံစားချက်များကို နားလည်လာကာ သူမကိုသာ ချစ်မိသွားအောင် လုပ်ရမည်။ ဒီလိုနည်းလမ်းဖြင့် သူမသည် ပိုင်ယောင်နှင့် ရှလျန်တို့ကြားကိုဝင်၍ ပိုင်ယောင်၏ နှစ်သက်မှုကို ရလိမ့်မည်။

ပိုင်ယောင်၏ယုံကြည်မှုကိုရပါက ရှလျန်ကို ပိုးပန်းနေမှုကို ရပ်တန့်ရန်၊ သူမ၏ ဂုဏ်သတင်း ပျက်စီးရန်နှင့် သူမအား ရွံရှာသွားရန် နည်းလမ်းများစွာ စုမေ့တွင်ရှိသည်။ ပိုင်ယောင်က သူမကို ဆက်ချစ်ဦးမည်လား? ဟား ဟား! စုမေ့ကတော့ ဒါကိုမယုံကြည်ပါ!

ဆုံးဖြတ်ချက်ချပြီးနောက် နှစ်ရက်လောက်ကြိုးစားကြည့်ရသည်။ နောက်ဆုံးတော့  ပိုင်ယောင်ကို တစ်ယောက်တည်း ဝင်ပြောဆိုရန် ရှားပါးအခွင့်အရေး ရရှိလာသည်။ ပိုင်ယောင်၏ ရှလျန်ကို ထိန်းချုပ်လိုစိတ်သည် အရူးအနှမ်းအဆင့်ကို ရောက်ရှိနေသည်။ ရှလျန်၏ ဒဏ်ရာတို့သည် သက်သာလာနေပြီ ဖြစ်သော်လည်း သူမအား သူကိုယ်တိုင်ဂရုစိုက်ကာ ကြွေရုပ်လေးလို ဆက်ဆံနေသေးသည်။

ရှလျန်၏ဒဏ်ရာက အပြည့်အဝ မသက်သာသေးသဖြင့် သူသည် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတို့ကို မတိုင်ကွယ်ချင်သလို သူမ၏ဘေးကလည်း မခွာချင်သေးပေ! ရှလျန်၏ ဒဏ်ရာက အနည်းငယ် သက်သာလာ၍ လှုပ်ရှားနိုင်လာသည့်အခါ ပိုင်ယောင်က ပို၍နှာဘူးကျလာလေသည်!

ရုံးတော်သို့သွားသည်ဖြစ်စေ မူးမတ်ရေးရာကိစ္စတို့ ဆောင်ရွက်ရာဖြစ်စေ အပြင်ထွက်ရာဖြစ်စေ ပိုင်ယောင်သည် ရှလျန်ကို ခေါ်သွားသည်။ အိပ်သည်နှင့် စားသည်ကို ထည့်မပြောနှင့်။ နှစ်ယောက်သားက အမြဲတမ်း အတူတကွရှိနေသည်။ ထိုအပြုအမှုတို့မှာ ရှလျန်အား အိပ်ကပ်ထဲသို့ထည့်၍ နေရာတိုင်း ခေါ်သွားချင်သည့်ပုံပင်! 

ရှလျန်သည် ပိုင်ယောင်၏ ကုတင်ပေါ်တွင် အခုအိပ်နေလေသည်။ တကယ့်ကို ရိုးသားစွာ စောင်ခြုံ၍ အိပ်နေခြင်း ဖြစ်ပါသည်! စုမေ့သာ ဒီကိစ္စတို့ကိုသိပါက သူမ၏အကြံအပေါ်တွင် ယုံကြည်မှုရှိနိုင်မှာ မဟုတ်ပါ။

“စစ်သူကြီး အစေခံမှာ တင်ပြစရာရှိပါတယ်။ ရှသခင်မလေး အကြောင်းပါ”   စုမေ့သည် ပိုင်ယောင်လာသည်ကို မြင်သည်နှင့် တံခါးဖွင့်ပေးရင်း အကြောင်းအရင်းကို တိုက်ရိုက်ပြောသည်။ သူမသည် ပေါက်ကရ မပြောရဲပါ။ ပိုင်ယောင်က ပျင်းရိသွားမှာ စိုးရိမ်သည်။ သူမ လုပ်ရပ်က မှန်သွားသည်။

သူမပြေးလာသည့်အခါ ပိုင်ယောင်သည် သူမကို တွန်းဖယ်ဖို့လုပ်သော်လည်း ရှလျန်၏ အမည်ကြားသည့်အခါ ခြေလှမ်းတို့ရပ်သွား၍ သူမ၏ပုခုံးအား လက်ဖြင့်ကိုင်ကာ အိန္ဒြေကြီးစွာဖြင့် သူမကိုကြည့်၍ အေးတိအေးစက်မေးသည်။   “ဘာလဲ?”

စုမေ့သည် အသက်ဝဝရှု၍ ကြောက်လန့်စိတ်ကို ထိန်းလိုက်သည်။ ဒီလို လွှမ်းမိုးမှုအပြည့်ဖြင့် သံမဏိလူသားကို ရင်ဆိုင်ရသည်ရသည်မှာ ပထမဆုံးဖြစ်သည်။ ပိုင်ယောင်သည် ဂုဏ်သရေအပြည့်ဖြင့် ရှိနေသောကြောင့် သူမသည် ထိတ်လန့်နေရသည်။ အရင်ရက်များတွင် သူမသည် ပိုင်ယောင်အား ရှလျန်၏ အရှေ့တွင်သာ မြင်ခဲ့ရသည်။ ထိုပိုင်ယောင်သည် ညင်သာ၍ အန္တရာယ်မရှိပေ။ လက်တွင်သွေးစွန်းနေသည့် စစ်နတ်ဘုရားတစ်ပါး၏ အရိပ်ယောင်လုံးဝမရှိပါ!

ထို့ကြောင့် စုမေ့သည် အလိုလိုက်ခံရသည့် မိန်းကလေးကိုသာ သံသယဝင်နေခဲ့သည်။ သူမ၏ အရှေ့တွင် ရှိနေသည့် အမျိုးသားသည် ရှလျန်နှင့်ဆိုလျှင် စည်းမရှိသည့်အတိုင်း ကျိုးနွံစွာ ဆက်ဆံနေသဖြင့် လူတိုင်းကြောက်ရသည့် စစ်နတ်ဘုရားဖြစ်နေသည်ကို မေ့လျော့နေသည်! သို့သော်လည်း ပိုင်ယောင်နှင့် အခုရင်ဆိုင်ရသည့်အခါ စုမေ့သည် ဒီလူ၏ သာမန်မဟုတ်သည့် အရှိန်အဝါတို့ကို ပြင်းထန်စွာ ခံစားရသည်။ ဒီလိုထူးချွန်သည့်လူ၏ နှလုံးသားကိုရဖို့ အနိုင်ယူထားနိုင်သည့် ရှလျန်ကို မနာလိုစိတ်များ တဖွားဖွားပေါ်လာသည်! အကုန်လုံးကို သူမဖျက်စီးပစ်မည်! ပိုင်ယောင်အား သူမထံမှ လုယူမည်! ထိုနူးညံ့သည့် ခံစားချက်တို့ကို သူမ၏အပေါ်တွင်သာ ပေးအောင်လုပ်ပစ်မည်!

“စစ်သူကြီး အစေခံက စစ်သူကြီးအတွက် စိတ်ပူလို့ပါ! စစ်သူကြီးက ရှသခင်မလေးအပေါ်မှာ ကောင်းတယ်ဆိုတာကို မြင်ပါတယ်။ ဒါပင်မယ့် ရှသခင်မလေးက စစ်သူကြီးရဲ့စိတ်ကို လုံးဝ နားလည်ပုံမရပါဘူး။ သူက. . .”   စုမေ့က စကားပြောရင်း ပိုင်ယောင်ကို မော့ကြည့်သည့်အခါ မျက်လုံးတို့က ဓားလိုထက်နေ၍ ရေခဲလို အေးစက်နေကာ သူမအား အချိန်မရွေးဆွဲဖြဲတော့မလိုပင်!

ကြောက်သွားသော်လည်း စုမေ့သည် အံကြိတ်၍ ဆက်ပြောသည်။   “စစ်သူကြီး ရှသခင်မလေးက စစ်သူကြီးအပေါ် လုံးဝချစ်မြတ်နိုးစိတ်မရှိပါဘူး!”

ပိုင်ယောင်က အေးစက်စွာပြောသည်။   “သေချင်နေတာလား?”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ အစေခံကို ယုံကြည်ပါ! စစ်သူကြီးနဲ့ ရှသခင်မလေး ပျော်ရွှင်တာ မြင်ချင်လို့ အစေခံက ပြောနေတာပါ! ရှသခင်မလေးရဲ့စိတ်က ဖြူစင်လွန်းပါတယ်။ ချစ်မြတ်နိုးစိတ် ရှိနေတာကို မသိမှာ စိုးရိမ်လို့ အစေခံက ပြောတာပါ။ စစ်သူကြီးကတော့. . . အဲ့ဒါကြောင့် ရဲတင်းစွာ ပြောရတာပါရှင့်!”   စုမေ့သည် ဖြူဖျော့၍ ကြောက်လန့်ကာ အသံတုန်နေသော်လည်း သူမသည် အလေးအနက်ထား၍ ပြောလိုက်ကာ သူမ၏စကားထဲတွင် သံသယဝင်စရာ မပါပေ!

ပိုင်ယောင်သည် သူမ၏စကားကြောင့် ထိတ်လန့်သွားသည်။ လက်ကိုအနောက်ပစ်၍ လက်သီးဆုပ်ထားသည်။ ရှလျန်၏ ခေါင်းမာမှုကြောင့် စိတ်ဓာတ်ကျနေချိန်တွင် အစေခံက လာပြောသည့်အခါ ပိုင်ယောင်သည် သူမကို သတ်ပစ်ချင်နေသည်! သို့သော်လည်း ရှလျန်အကြောင်း သူမပြောသည်က မမှားသဖြင့် ပိုင်ယောင်က မျက်လုံးများ နက်မှောင်လာကာ သည်းခံ၍ ပြောသည်။   “ဆက်ပြောစမ်း။ မဟုတ်ရင် မင်းဘဝအဆုံးသတ်က ဆိုးဝါးသွားမယ်!”

စုမေ့သည် သူမ၏ငါးစာတစ်ဝက်ကို ကိုက်မိလာပြီဖြစ်ကြောင်း နားလည်လိုက်သည်! ထို့နောက် သူမသည် ဝေ့ပတ်မနေရဲတော့ဘဲ နည်းလမ်းအချို့ကို ပိုင်ယောင်အား ရှင်းပြလိုက်သည်။

ပိုင်ယောင်သည် မှတ်ချက်မပေးဘဲ အတွေးထဲမျောနေပုံရသည်။ စကားစကိုမဖြတ်ဘဲ နောက်ဆုံးမှ ပြောလာသည်။   “မင်းပြောသလိုပဲ။ ဒီနည်းလမ်းက အလုပ်မဖြစ်ရင် မင်းအသက်က ဆက်ရှင်မှာ မဟုတ်ဘူး”
Previous Chapter 15 of 22 Next