May Honey Logo May Honey
Previous Next

အပိုင်း (၂၂)

ဒီနေ့တွင် စစ်သူကြီး၏ အိမ်တော်သည် မီးများထွန်းထား၍ အနီရောင်ပိုးကြိုးများက အမြင့်ကနေ တွဲလောင်းကျနေကာ အနီရောင်ကောဇောများကို ကြမ်းပြင်တွင်ခင်းထား၍ ပြတင်းပေါက်များပေါ်တွင် မင်္ဂလာဆောင်စာသားတို့ကို ရေးထား၍ အနီရောင်ဖယောင်းတိုင်တို့ကို ထိန်းထားသည်။ ပွဲတော်ကျင်းပနေသည့် ခံစားချက်မျိုးကို နေရာတိုင်းက ရနိုင်သည်။ ဒီနေ့သည် ပိုင်ယောင်နှင့် ရှလျန်တို့ မင်္ဂလာဆောင်သည့်နေ့ပင်။

ပိုင်ယောင်သည် ပွဲတက်လာသည့် ဧည့်သည်များကို အဖော်ပြုပေးသင့်သော်လည်း စစ်သူကြီးက မရှိပါ။ လူတိုင်းက အချင်းချင်း အပြုံးနှင့်ကြည့်ကြကာ စစ်သူကြီး ဘယ်ရောက်နေလဲ သိကြသည်။ သို့သော်လည်း သူတို့က ထုတ်မပြောရဲကြပါ။ မင်္ဂလာအခန်းနားသို့ သွားချင်သည့်သူတို့မှာ သူတို့အသက်ကို သူတို့မလိုချင်ကြသည့်သူများပင်။

ပိုင်ယောင်သည် မင်္ဂလာအခန်းတံခါးကိုဖွင့်၍ လျှောက်ဝင်လာသည်။ လှပသည့်သဏ္ဍာန်မှာ  အနီရောင် မင်္ဂလာဝတ်စုံဖြင့် ကုတင်ပေါ်တွင်ထိုင်နေသည်။ နူးညံ့မှုတို့က သူ့ရင်ထဲတွင် အဆုံးမရှိစွာ ဖြစ်ပေါ်လာကာ ကျေနပ်လာသည်။ နောက်ဆုံးတော့ ရှလျန်ကို သူပိုင်ဆိုင်နိုင်ပြီ! ထိုအခိုက်အတန့်တွင် အနီရောင်ဖယောင်းတိုင်မီး၏ အလင်းရောင်ဟပ်နေသည့် အနီရောင်ဇာပုဝါခြုံထားသည့်လူမှာ လက်တွေ့ မကျစွာ လှပလွန်းနေသည်။

ရှလျန်သည် ဝင်လာသည့် စစ်သူကြီးကိုကြည့်ကာ အနည်းငယ် အံ့ဩသွားသည်။    ‘စစ်သူကြီးက ဘယ်လိုလုပ် အချိန်ကိုက်ရောက်လာတာလဲ! ကြည့်ရတာ ဒီမိန်းကလေးက စစ်သူကြီးရဲ့ ရင်ထဲမှာ နေရာယူထားတာ မသေးဘူးပဲဟ!’   သို့သော်လည်း ရှလျန်သည် ဒီတာဝန်ကမ္ဘာကို ပညာရှင်ပီသစွာ မြင်ပါသည်။ သူမက အရှေ့သို့တိုး၍ အပြုံးလေးဖြင့် လေးစားစွာ ထရပ်၍ပြောသည်။   “စစ်သူကြီး ပုဝါကို အခုမတင်ပေးလို့ရပြီလား?”

“လျန် ထိုင်လိုက်”   ပိုင်ယောင်က ပြောသည်။ ထိုအခိုက်အတန့်တွင် သူနှင့်ရှလျန်တို့ကြား ဘယ်သူကမှ ဝင်နှောင့်ယှက်မှာကို မလိုလားပေ။

“ဟုတ်ကဲ့”   ရှလျန်၏မျက်လုံးထဲတွင် တည်ငြိမ်မှုတို့ရှိနေကာ သူမက လေးစားမှုအပြည့်ဖြင့် တုန့်ပြန်၍ နောက်သို့ဆုတ်သည်။

ပိုင်ယောင်က ရှလျန်၏ အရှေ့သို့ ခြေလှမ်းတိုးလာသည်။ သူမ၏ ဇာပုဝါကိုလက်ဖြင့် မတင်ပေးဖို့ လုပ်လိုက်သော်လည်း စိတ်လှုပ်ရှား၍ လက်ကအနည်းငယ် တုန်နေသည်။

‘ကိုယ့်ရဲ့လျန်က ဒီနေ့အရမ်းလှတယ်!’   ပိုင်ယောင်က ဒီအတွေးတို့ဖြင့် သူ့နှုတ်ခမ်းထောင့်တို့က အပေါ်သို့တွန့်ကွေးနေ၍ သူ့မျက်လုံးထဲတွင် နူးညံ့မှုတို့က ယိုစီးကျမတက်ပင်။ သူမ၏ ဇာပုဝါကို နူးညံ့စွာ မတင်ပေးလိုက်သည်။

“လျန် မင်း. . .”   သို့သော်လည်း! ရှလျန်၏ မျက်လုံးတို့ကို မြင်သည့်အခါ ပိုင်ယောင်၏ စကားတို့က ပါးစပ်ထဲကနေ ထွက်မလာတော့ပါ။ သူ့အမှုအယာက ချက်ချင်းပြောင်းသွား၍ ဒေါသတကြီးဖြစ်လာကာ စိတ်ထဲတွင်လည်း တစ်ချိန်တည်းမှာ ထိတ်လန့်သွားသည်!

“မင်းက ဘယ်သူလဲ?”   ပိုင်ယောင်သည် အရှေ့သို့ ခြေလှမ်းတိုး၍ သူမအား လည်ပင်းညှစ်ကာ စိတ်ခြောက်ခြား၍ ရန်လိုစွာ ပြောသည်။   “မင်းက လျန် မဟုတ်ဘူး!”   …………

ဖြူဖွေးနေသည့် နယ်မြေထဲသို့ ပြန်ရောက်သည့်အခါ ရှလျန်သည် ကျွမ်းကျင်စွာဖြင့် သူမ၏ ဉာဏ်ရည်တုကိုဖွင့်ကာ သူမ၏ အချက်အလက်ကို ကြည့်လိုက်သည်။
အမည် : ရှလျန်
လိင် : မ
အမှတ် : 296

လက်ရှိအရည်အချင်း : ဆေးပညာအခြေခံ (တိုးမြှင့်နိုင်)၊ ဆွဲဆောင်မှုအခြေခံ (တိုးမြှင့်နိုင်)၊ တိုက်ခိုက်မှုအခြေခံ (နှင့် လှံအဆင့်မြင့်ကျွမ်းကျင်မှု)
အတွင်းအား : 30 (100)
စွမ်းအား : ? ? ?

သဘာဝလွန်စွမ်းအင် : ? ? ?
မှော် : ? ? ?
တာဝန်ထမ်းဆောင်ရာမှ သူမသည် ၂၅မှတ် ဖြုန်းခဲ့ရာ အတွင်းအားအတွက် အမှတ် ၂၀သုံးခဲ့ပြီး ၅မှတ်သည် အဆိပ်ဖြေဆေးအတွက် ဖြစ်သည်။ သို့သော်လည်း တာဝန်မှ အမှတ် ၁ရာရရှိခဲ့သည်။ ထို့အတူ စုမေ့၏ ကျောက်စိမ်းပြားထဲတွင်ပါသည့် စိတ်စွမ်းအင်စမ်းကို စနစ်သို့ ပြန်လည်ရောင်းချရာမှ အခွန်နှုတ်ပြီး အမှတ်ပို ၄၀လည်း ရခဲ့သည်။ ဒီတစ်ခါ တာဝန်ထမ်းဆောင်ရာတွင် သူမသည် ၁၁၅မှတ် ရရှိခဲ့သည်။ ဒါက အထင်ကြီးစရာပင်!

ရှလျန်က မျက်လုံးများကို ကျဉ်းမြောင်းကြည့်ပြီးနောက် သူမ၏အမှတ်တို့ကြောင့် စိတ်လှုပ်ရှားလာသည်။ သူမ၏ တိုက်ခိုက်ရေး အရည်အချင်းတွင် လှံပစ်နိုင်သည့် အရည်အချင်းအသစ် ထပ်တိုးလာကာ သူမ၏အတွင်းအားလည်း တိုးလာသည်။ အမှတ်တို့ကိုကြည့်လေလေ သူမက ပို၍ပျော်လာလေလေပင်။

သို့သော်လည်း ၉၉၅၇ကတော့ မပျော်ရွှင်ပါ။ အပြစ်တောင်ပြောနေသေးသည်။   “လျန် ဒါနင့်မင်္ဂလာဆောင်နေ့ကြီးလေ။ မင်္ဂလာဦးညတောင် မဖြတ်သန်းရသေးဘူး။ ဘာဖြစ်လို့ ထွက်သွားဖို့ ရွေးလိုက်တာလဲ?”

ရှလျန်က ပြောသည်။   “ဒါပင်မယ့် ငါ့တာဝန်က ပြီးပြီလေ”   တာဝန်ပြီးသည်နှင့် ရှလျန်က ထွက်ဖို့လုပ်ခဲ့သည်။ သို့သော်လည်း ၉၉၅၇က မင်္ဂလာနေ့အထိနေဖို့ လိုအပ်သည်ဟုပြော၍ တားခဲ့ခြင်းဖြစ်သည်။

၉၉၅၇သည် အနည်းငယ် စိတ်ဖိစီးသွားသည်။   “နင်ထွက်သွားတော့ ပိုင်ယောင်က ဘယ်လိုလုပ်မလဲ?”

ရှလျန်က စိတ်ရှုပ်နေသည်။   “ငါထွက်သွားရင် မူရင်းဝတ္တုထဲက ဇာတ်ကောင်က ငါ့နေရာဝင်မှာလေ။ မဟုတ်ဘူးလား? ဘာမှ မပြောင်းလဲဘူး”

“အဲ့လိုမဟုတ်ဘူး။ နင်အစစ်မှ မဟုတ်တာ။ ပြီးတော့ နင်က သူနဲ့တစ်သက်လုံး ဘဝကို အတူဖြတ်သန်းမယ် ပြောခဲ့တယ်လေ! အနည်းဆုံးတော့ သူမသေခင်အထိ ရှိပေးရမှာပေါ့။ လူလိမ်မ! ပိုင်ယောင်ကို လိမ်တယ်! ဘယ်လိုစိတ်နဲ့ သူ့ကိုအရူးလုပ်နိုင်ရတာလဲ? အဟင့် ဟင့် ဟင့်!”

ရှလျန် “…”
ရှလျန်သည် ဒီမေးခွန်းကြောင့် ခေါင်းကိုက်သွားသဖြင့် နားထင်ကိုဖိကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“၉၉၅၇ နောက်တာဝန်ကို သွားတာပေါ့”

“အေး! နင်က အရမ်းကိုတော်တက်ပြီးတော့ နင့်အမှတ်ပဲ ဂရုစိုက်တယ်မလား။ ငါ့ကို မရွေးချယ်နိုင်အောင် လုပ်လိုက်တာပဲ။ နင့်ကို အခက်ဆုံးတာဝန်ပေးမယ်!”   ၉၉၅၇သည် ဒေါသတကြီး စကားကိုပြောသည်။ 

သူ့စကားဆုံးသည့်နောက် ရှလျန်သည် မထိန်းချုပ်နိုင်ဘဲ မူးဝေသွားကာ သူမရှိနေသည့်နေရာက ပျောက်သွားသည်။

ရှလျန်ပျောက်သွားသည့်အခါ ၉၉၅၇သည် အနည်းငယ် အပြစ်မကင်းဖြစ်၍ မတင်မကျ ဖြစ်လာသည်။ သို့သော်လည်း သူ့စနစ်ထဲက ရှလျန်၏ ပြောင်းလဲမှုအစီအစဉ်ကို ကြည့်လိုက်သည့်အခါ မတင်မကျဖြစ်သည့် ခံစားချက်က လုံးဝပျောက်သွားသည်! ထိုတာဝန်ကမ္ဘာတွင် ပိုင်ယောင်သည် ရှလျန်ကို အလွန်ချစ်မြတ်နိုးခဲ့သော်လည်း သူမ၏နှလုံးသားက ကျောက်တုံးလို မာနေသေးသည်။ စိတ်ပြောင်းလဲသွားတာ 5% တောင် မပြည့်ပါ။   ‘အမယ်လေး လျန်က ဘယ်တော့မှ အချစ်စစ်ကို နားလည်မှာလဲ? တာဝန်တွေကို ပြီးအောင်လုပ်နေမယ့်အစား ချစ်မိနေတာတို့ အသဲကွဲတာတို့ ဘယ်တော့မှ ခံစားနိုင်မှာလဲ?’

ရှလျန်က ခေါင်းမူးပြေသွားသည့်အခါ သူမ၏ တစ်ကိုယ်လုံးကို ဓားဖြင့် အချက်ပေါင်းသိန်းချီအောင် လှီးခံရသလို နာကျင်မှုကို ခံစားရသည်။   “နာလိုက်တာ!”

သူမက ရုန်းကန်၍ မျက်လုံးကိုဖွင့်ကာ ဒီတာဝန်ကမ္ဘာမှ ခန္ဓာကိုယ်ကို အရင်စစ်လိုက်သည်။ ထို့နောက် အဆင်ပြေမှန်း သိလိုက်ရသည်။ ပြတ်ရှသည့်ဒဏ်ရာ တစ်ခုမှမရှိပါ။ သို့သော်လည်း နာကျင်မှုက ကျန်နေ၍ ပိုဆိုးဝါးလာသည်။ နာကျင်လွန်း၍ သူမသည် ဘာမှကို မတွေးနိုင်တော့ပါ။ ကြမ်းပြင်တွင် ငါးသေတစ်ကောင်လိုလှဲ၍ အသက်ဝဝရှုနေရသည်။

နောက်ဆုံးတော့ နာကျင်မှုက သက်သာလာသည်။ သူမက ထိုနေရာတွင် ခနဆက်လှဲပြီးနောက် အားယူ၍ထိုင်ကာ ဘေးကိုကြည့်လိုက်သည်။ ထိုနေရာသည် စိုစွတ်၍အေးနေသည့် ကျောက်တုံးအခန်း ဖြစ်သည်။ နံရံတွင် သံကြိုးကဲ့သို့အရာရှိနေသည်။ ဒီနေရာသည် မြေအောက်ခန်းနှင့်တူသည်။

ဝင်ပေါက်တစ်ခုရှိ၍ တံခါးတော့ မရှိပါ။ အကျယ်ကြီးပွင့်နေခြင်း ဖြစ်သည်။ သို့သော်လည်း အခန်းထဲတွင် မှောင်ပိန်းနေသည်။ အခန်းထဲတွင်သာ ဆန်းကျယ်စွာဖြင့် အလင်းရောင်မှိန်မှိန်လေး တောက်ပနေခြင်းပင်။   ‘ဒီနေရာက ဘယ်မှာလဲ?’

ရှလျန်သည် မျက်လုံးကို ကျဉ်းမြောင်း၍ ပတ်ဝန်းကျင်ကို ထပ်ကြည့်ပြီးနောက် အသုံးဝင်သည့် အချက်အလက်မရပါ။ အကုန်တိတ်ဆိတ်နေသည်။ သူမကလွဲ၍ ဘယ်အရာကမှ အသံမထွက်ပေ။

သူမက ကူကယ်ရာမဲ့ဖြစ်နေသည်။ ၉၉၅၇သည် သူမအား တာဝန်အကြောင်းနှင့် ဇာတ်ကြောင်းကို ကြိုတင်ပြောပြထားခြင်း မရှိဘဲ ကန်ထည့်လိုက်ခြင်းပင်။ ရောက်သည်နှင့် နာကျင်မှုတို့ကို ကြိတ်မှိတ် ခံလိုက်ရသေးသည်။   ‘ကျစ်! ၉၉၅၇က ဒီတစ်ခါ တကယ်စိတ်ဆိုးသွားတာ ထင်တယ်။ ဒါပင်မယ့် ဘာဖြစ်လို့ စိတ်ဆိုးတာလဲ? ငါတာဝန်ပြီးတယ်လေ’   ရှလျန်က စိတ်ရှုပ်နေသည်။

“9957?”
တုန့်ပြန်မှုမရှိသဖြင့် သူမသည် မာနကြီးသော စနစ်နှင့် စကားပြောဖို့ လက်လျှော့လိုက်သည်။ ဒီအစား ဉာဏ်ရည်တုကိုဖွင့်၍ ဇာတ်ကြောင်းကို စစ်ဆေးကြည့်ကာ ဒီကမ္ဘာ၏တာဝန်နှင့် သက်ဆိုင်သည့် အချက်အလက်ကို ဖတ်ကြည့်ဖို့သာ လုပ်လိုက်သည်။

Previous Chapter 22 of 22 Next