May Honey Logo May Honey
Previous Next

အပိုင်း (၇)

ရှရန်က မယုံနိုင်ဆဲဖြစ်ကာ သူ့လက်ကိုဆိတ်ကြည့်သည်။   “အာ့ . . . နာတယ်!”

ရှရန်က နာကျင်စွာ အသံထွက်သွားသော်လည်း တစ်ဖက်လူက သူ့ကို အေးစက်၍ ကြည်လင်စွာ ကြည့်နေဆဲပင်။

‘ငါအမြင်မှားနေတာ မဟုတ်ဘူးမလား? ဒါထင်ယောင်ထင်မှား မဟုတ်ဘူးမလား?’   သူသည် မြက်ခင်းထဲက ပိန်သွယ်သည့်သူကိုကြည့်ကာ လက်တို့ကိုဆန့်၍ တုန်ရီနေသည်။  

“ညီမလေး. . . ငါ့ညီမလေး”
ရှရန်သည် ပြန်ဖြေလာမည်ကို စောင့်နေသော်လည်း ပိုင်ယောင်က သူ့ကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
“သွားရအောင်!”

ရှရန်၏အပြုအမှုသည် ရှလျန်စကားက အမှန်ဖြစ်ကြောင်း သက်သေပြလိုက်သည်။ ဒီလိုဆိုလျှင် သူမကိုသံသယဝင်စရာမလိုတော့ကာ ခုနကကိစ္စတို့နှင့် သူမ၏အဖြေကို လက်ခံနိုင်သည်။ ပိုင်ယောင်က အများကြီးမတွေးပါ။ သူ့ခွင့်ပြုမိန်သည့် ရှလျန်အတွက် စကားဖြစ်သည်။

သူမ မရှိလျှင် ထိုကာကွယ်မှုတို့မရှိလျှင် ဒီလိုတိုက်ရိုက် သူမ၏ သစ္စာရှိမှုကို ထုတ်ဖော်ပြခြင်းက သံမဏိလို ထူးမခြားနားဖြစ်နေသည့် ပိုင်ယောင်၏ရင်ကို လှုပ်ခတ်စေသည်။ ဒီလို ကြည်လင်နေသည့် မျက်လုံးတစ်စုံကြောင့် သူမ၏စကားတို့က အစစ်အမှန်ဖြစ်၍ သံသယဝင်ရန် ခက်ခဲလွန်းသည်။

အမိန့်ရရှိသည့် ရှရန်သည် ဘာမှထပ်မမေးဘဲ ရှလျန်ဘေးသို့ အမြန်ပြေးလာသည်။ သူမက မထိခိုက်တာမြင်မှ စိတ်သက်သာသည်။ ရှလျန်သည် သူ့ကိုမရှောင်ဘဲရပ်နေကာ သူမကို အပေါ်အောက်ကြည့်ခွင့်ပြုထား၍ စိတ်မသက်မသာမဖြစ်ပါ။

“အစ်ကိုကြီးနောက်ကို လိုက်ခဲ့။ လျှောက်ပြေးမနေနဲ့တော့ ကြားလား!”
ရှရန်က ခပ်မာမာပြောသည်။

သူ့ညီမလေးကို ဒီမှာမြင်ရတာ ဘယ်လောက်ထိတ်လန့်သလဲ ဘုရားသိမည်။ သူ့ဝိညာဉ်ထွက်လောက်သည့်အထိ ထိတ်လန့်ရသည်။ အခုသူတို့က အမဲလိုက်ထွက်ခြင်း မဟုတ်ပါ။ သူတို့က ထွက်ပြေးနေရခြင်းပင်! ! ! ထို့အတူ ရန်သူတို့က အရမ်းကြမ်းလွန်း၍ သေရေးရှင်ရေးက မသေချာပါ။ သူ့ညီမလေးက ဒီကိုရောက်နေခြင်းသည် သေဖို့ရောက်လာတာလား?

ကျွင်းကြီးပေါ်လာသကဲ့သို့ သူတို့ရှေ့က မြင်ကွင်းများကို မြင်ထားရလည်း ရှရန်သည် သူ့ညီမလေးနှင့် မဆက်စပ်မိပါ။ အခြားသူများလည်း ဒီလိုပင်။ သူတို့အမြင်အရ ဒါသည် လူ့လုပ်ရပ် မဖြစ်နိုင်။ ဒီလိုမိန်းကလေးဆို ပို၍မလုပ်နိုင်ပါ။

ပိုင်ယောင်ကိုတော့ ဖယ်ထားလိုက်ပါ! သူက ထုတ်မပြောသလို မမေးခြင်းမှာ အချိန်နှင့် နေရာက မသင့်တော်၍ပင်။ သူနားမလည်ချင်တာလည်း ပါသည်။

“အင်း”
ရှလျန်သည် ရှရန်ကို ခေါင်းငြိမ့်ပြသည်။

ပိုင်ယောင်တို့ ထွက်သွားသည်ကို မြင်နေသော်လည်း ရန်သူတပ်မှာ ဆက်မလှုပ်ရှားနိုင်သလို ကျွင်းကြီးကိုဖြတ်၍ သူတို့ကိုလည်း မသတ်နိုင်ပေ။ 

ရှလျန်သည် အချိန်ဖြုန်းမနေဘဲ လက်မနှင့်လက်ညိုးကို ပါးစပ်ရှေ့ထား၍ ကြည်လင်သည့် ဝစီသံပြုလိုက်သည်။ အဝေးတွင်ထားခဲ့သည့်မြင်သည် ချက်ချင်းမြည်၍ သူမထံသို့ ပြေးလာသည်။ ထို့နောက် သူမ၏လက်မောင်းကို ခေါင်းတိုးဝှေ့နေသည်မှာ ချီးကျူးခံချင်နေသလိုပင်!

ရှလျန်က လက်ကိုဆန့်၍ ချီးကျူးသည့်အနေဖြင့် ပုတ်ပေးလိုက်ကာ မြင်းပေါ်ကို တက်လိုက်သည်။ သူမ၏ အပြုအမှုသည် ချောမွေ့၍ သေသပ်နေသည်။

ထိုမြင်ကွင်းသည် ရှလျန်တို့မျက်လုံးထဲတွင် မြန်ဆန်လွန်း၍ ထိတ်လန့်မိသလို အားလည်းကျနေကြသည်။ မြင်းတို့က ဉာဏ်ကောင်းတာကို သူတို့သိသော်လည်း တစ်နေကုန် မြင်းဖြင့်အတူနေသည့်သူတောင် ဒီလိုလိမ္မာသည့်မြင်းမျိုးကို မတွေ့ဖူးပါ။ ဒီမိန်းကလေးမှာ မှော်အစွမ်းမရှိတာ ဟုတ်ပါ့မလား!

ဒီမြင်ကွင်းကို မြင်လိုက်သည့် ပိုင်ယောင်သည် မိန်းကလေး၏ အေးစက်သည့် မျက်လုံးတို့ကိုကြည့်ကာ ဘာမှမပြောဘဲ မြင်းပေါ်တက်၍ ထွက်ခွာသည်။

ညရောက်သည့်အခါ လမရှိသည့်ကောင်းကင်သည် အထီးကျန်နေ၍ ကြယ်အချို့သာ ရှိလေသည်။ ပိုင်ယောင်နှင့် ရှလျန်တို့အဖွဲ့သည် ကင်းစောင့်နေကြကာ ရန်သူ၏လိုက်မှုမှ ခေတ္တမျက်ခြေဖြတ်နိုင်ခဲ့သည်။

လုံးဝမမှောင်ခင်တွင် သူတို့သည် တောထဲက ဂူတစ်လုံးတွေ့သည်။ စူးစမ်းမှုတို့ ထပ်ခါတစ်လဲ လုပ်ပြီးနောက် အနီးနားတွင် သားရဲမရှိကြောင်းသိရှိ၍ တစ်ညတာခိုလှုံဖို့ ပြင်ဆင်ကြသည်။ တစ်နေ့လုံး သတ်ဖြတ်၍ ထွက်ပြေးနေရသဖြင့် ပိုင်ယောင်တောင်မှ မောပန်းနေရာ ရှရန်တို့ဆိုလျှင် ပိုဆိုးပါသည်။

သူတို့သည် ရန်သူကို ရဲရင့်စွာသတ်ဖြတ်၍ လွတ်မြောက်လာရသည်။ သေမင်းခံတွင်းက လက်တစ်ကမ်းပဲ လိုတော့သည်။ လူတိုင်းက သေကုန်ကြ၍ အခုအချိန်က ခနတာသာ လုံခြုံမှန်း သိကြပါသည်။

သူတို့ကကြမ်းပြင်ပေါ်တွင်ထိုင်၍ ဂူနံရံကိုမီကာ မောပန်း၊ ပင်ပန်း၍ ဗိုက်ဆာနေကာ မြေပြင်ကို ငေးကြည့်နေကြသည်။ ရိက္ခာခြောက်တိုကို သယ်လာသည့် အထူးတပ်သားတိုင်းမှာ အသတ်ခံခဲ့ရသည်။ ထို့ကြောင့် ဘာမှမကျန်တော့ပေ။

“ဂွီ. . .”
“ဂွီ. . .”
ဂူထဲတွင် ဗိုက်ဆာ၍ ဗိုက်ထဲကအသံများ ထွက်နေကြသည်။ သူတို့ဗိုက်ထဲက အသံတို့က လူတိုင်းထံမှ ထွက်လာသည့်အခါ သူတို့သည် အချင်းချင်းကြည့်၍ စိတ်ဓာတ်ကျနေကြသည်။ သူတို့က အပြင်ကိုထွက်၍ သားရဲတို့ကိုသတ်ကာ မီးမွှေးခြင်းမျိုး ပြုလုပ်လျှင် ရန်သူကို အသိပေး၍ သေကြောင်းကြံသလိုမျိုး ဖြစ်မှာကို စိုးရိမ်သောကြောင့် မလုပ်ရဲကြပါ။

ရှလျန်သည် တိတ်ဆိတ်စွာထိုင်နေပြီးနောက် ချက်ချင်းထ၍ ဂူထဲမှထွက်သည်။

“ညီမလေး ဘယ်သွားမလို့လဲ?”
ရှရန်က ချက်ချင်းအော်ခေါ်သည်။

“အစာသွားယူမလို့”
ရှလျန်သည် မကြည့်ဘဲပြောသည်။

လူတိုင်းက သွားရေကျကုန်ကာ သူမကို မျှော်ကြည့်နေကြသည်။

မကြာခင် ရှလျန်ပြန်လာသည့်အခါ သူမ၏လက်ထဲတွင် ပါဆယ်ထုတ်တစ်ထုတ် ပါလာသည်။ အကုန်လုံးကြည့်နေသည့် အကြည့်အောက်တွင် ရှလျန်သည် ပိုင်ယောင်၏ဘေးသို့ အမြန်လျှောက်သွားကာ ဒူးထောက်ထိုင်လိုက်၍ ပါဆယ်ထုတ်ကိုဖွင့်ကာ ကိတ်မုန့်တစ်ဖဲ့ကို ပိုင်ယောင်အား ပေးလိုက်သည်။ စစ်သူကြီးတို့ကို အရင်ကျွေးမွေးရတာက လိုအပ်တာဖြစ်၍ သူတို့နားလည်ပါသည်။

“သူတို့ကို ပေးလိုက်ပါ”
ပိုင်ယောင်က ခေါင်းခါ၍ မယူပါ။ သူ့တွင် အတွင်းအားကောင်းကောင်းရှိ၍ အခြားသူများထ် ပို၍ အဆင်ပြေသည်။ သူဗိုက်ဆာနေပါသော်လည်း သည်းခံနိုင်ပါသေးသည်။

ရှလျန်က ခေါင်းငြိမ့်၍ ဘာမသက်မသာမှမဖြစ်ဘဲ ကိတ်ကိုရှရန်ထံ ယူသွားသည်။ သူမ၏ လုပ်ရပ်သည် သန့်ရှင်းသပ်ရပ်၍ တွေဝေခြင်းမရှိကာ သူ့ခိုင်းသည့်အတိုင်း ဆောင်ရွက်နေခြင်းပင်။

ပိုင်ယောင်, “…”
အရမ်းရိုးသားတာပဲ! ! !
သူမက ရိုးသားနေသဖြင့် ပိုင်ယောင်၏စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

ရှရန်, “…”
သူ့ညီမလေး၏လုပ်ရပ်ကြောင့် ရှရန်သည် ဖိအားကို ခံစားလိုက်ရသည်! စစ်သူကြီးက သူ့ကိုတိုက်ရိုက်ကြည့်နေတာမဟုတ်ဘဲ သူ့လက်ထဲကကိတ်အပေါ်တွင် အကြည့်တို့က စောင်း၍ ရောက်နေသည်ကို သူခံစားမိ၍ဖြစ်သည်။ ရှရန်က သူထင်ယောင်ထင်မှားဖြစ်နေတာ သေချာကြောင်း သူ့ကိုယ်သူတွေးနေသော်လည်း စစ်သူကြီးက ဒီကိတ်မုန့်ကို တကယ်လိုချင်ပုံပင်။

“စစ်သူကြီး ကိတ်စားဦးမှာလား?”   ရှရန်သည် ဦးခေါင်းခြောက်လာ၍ ကိတ်ကိုကမ်းပေးရင်း တီတိုးပြောလိုက်သည်။

ပိုင်ယောင်သည် သူ့ကိုအေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် ခေါင်းကိုလှည့်၍ မျက်လုံးကို မှိတ်သွားသည်။ 

ကိတ်ကိုယူထားမိသည့် ရှရန်သည် စစ်သူကြီးကို သူရန်စမိပြီဟု ခံစားမိသည်။

ရှလျန်သည် သူတို့ကိုကြည့်နေကာ အေးစက်သည့်မျက်လုံးထဲတွင် အတွေးတစ်ခု ပေါ်လာ၍ စိတ်ထဲက ချက်ချင်းပြောသည်။
‘ပိုင်ယောင်က အချော့ခံရတာကြိုက်တယ်! ရေးမှတ်ထား!’

ရှလျန်၏အတွေးကြောင့် ၉၉၅၇သည် အရှက်ရနေမိသည်။ ဘယ်လိုလုပ်ပြီး သူ့လူက ဒီလိုမျိုး နိဂုံးချုပ်တွေးပစ်နိုင်ရတာလဲ!

မျက်လုံးမှိတ်ထားသည့် ပိုင်ယောင်သည် အခုအချိန်တွင် ဘာဖြစ်လို့ အနည်းငယ်စိတ်ခု၍ ထူးဆန်းသွားသလဲကို မသိပါ။ တကယ်တော့ ရှလျန်ကို အပြစ်တင်မရဘဲ သူ့ကိုယ်သူသာ အပြစ်တင်ရမှာဖြစ်သည်။ ဒါက ကောင်းတာလား မကောင်းတာလား မသိတော့ပေ!

Previous Chapter 7 of 22 Next