May Honey Logo May Honey
Previous Next

အပိုင်း (၂၁)

တစ်ခန်းလုံးတိတ်ဆိတ်သွားကာ အကုန်လုံးက ရှလျန်ကို ရန်လိုစွာကြည့်သည်။

ခနကြာသည့်အခါ ပိုင်ယောင်က အက်ကွဲနေသည့်အသံဖြင့် မေးသည်။   “ဘာပြောနေမှန်း ကိုယ့်ဟာကိုယ်ရော နားလည်လား?”

ရှလျန်က အလေးအနက်ဖြင့် ခေါင်းငြိမ့်သည်။   “ကျွန်မပြောပြီးသားပဲ”

ပိုင်ယောင်၏အကြည့်တို့က နက်လာကာ တစ်ကိုယ်လုံး အနည်းငယ်တုန်လာ၍ အသက်ဝဝရှုပြီး နောက်ဆုံးတွင် ပွဲထိုင်ကြည့်နေကြသည့် စစ်သူကြီးတို့ကိုလှည့်ကြည့်သည်။   "ထွက်သွားကြ!"

“စစ်သူကြီး အခုက …”
စစ်သူကြီးတို့သည် အပြင်မထွက်ချင်ကြပါ! ထိုမြင်ကွင်းက စိတ်လှုပ်ရှားစရာပင်။ သူတို့က ပွဲဆက်ကြည့်၍ နောက်ဆက်တွဲများ ကြည့်ချင်ပါသေးသည်။

“ငါထပ်ပြောရမှာလား?”   ပိုင်ယောင်၏အသံသည် အေးစက်၍အက်ရှနေသည်။

စစ်သူကြီးတို့သည် ပုခုံးကျုံ့ကာ ဆက်မပြောရဲကြတော့ဘဲ စာကြည့်ခန်းတံခါးဖွင့်၍ ထွက်ပြေးကုန်ကြသည်!    ‘စစ်သူကြီးစိတ်ဆိုးနေပြီ။ ငါတို့မနေရဲဘူး!’

ရှလျန်သည် အေးစက်သည့်မျက်နှာကိုကြည့်ကာ နားမလည်စွာမေးသည်။   “ရှင်က လူရှေ့မှာ ဖွင့်ပြောခံရတာကို မကြိုက်ဘူးလား?”

ထိုစကားများကိုကြားသည့်အခါ ပိုင်ယောင်က ပြောသည်။   “မဟုတ်ပါဘူး! လျန်ဖြစ်နေသ၍ ကိုယ်ပျော်တယ်”   အခုအခိုက်အတန့်က မြန်လွန်း၍ပင်! ပိုင်ယောင်သည် လက်တွေ့မကျသည့် အိပ်မက်ကို မက်နေသလို ခံစားနေရသည်။ ထို့ကြောင့် သူစိတ်တည်ငြိမ်အောင် အချိန်အချို့လိုအပ်သည်။

ရှလျန်က ပိုင်ယောင်၏ ပျော်ရွှင်မှုနှုန်းမြင့်လာ်သည့်အသံကို မကြားရသဖြင့် အနည်းငယ် စိတ်ပျက်သွားကာ နှုတ်ခမ်းဆူလိုက်သည်။ ထို့နောက် ဆက်မေးသည်။   “နမ်းလို့ရလား?”

ပိုင်ယောင်သည် ဒီတစ်ကြိမ်တော့ မဖြေချင်တော့ပါ! အရှေ့တိုး၍ ရှလျန်ကိုဖက်ကာ အချိန်ကြာမြင့်စွာ သူမျှော်လင့်ရသည့် နှုတ်ခမ်းနီနီရဲရဲလေးများကို ခေါင်းငုံ့၍ နမ်းလိုက်သည်။ ထိုနှုတ်ခမ်းတို့သည် သူတွေးထားသည်ထက် ၁၀ဆပို၍ နူးညံ့ချိုမြိန်ကာ လှပလွန်းသည်။

နှုတ်ခမ်းတို့ကို ထိလိုက်ရုံဖြင့် ပိုင်ယောင်သည် စွဲမက်သွားသည်။ အစတွင် သူ့ကိုယ်သူထိန်းချုပ်၍ နူးညံ့စွာ ကိုက်နေသော်လည်း အရသာကိုခံရန် ရှလျန်၏ နှုတ်ခမ်းတို့ကို ဆက်တိုက်ကြိတ်ချေမိသည်။ သို့သော်လည်း ပိုင်ယောင်သည် မကျေနပ်နိုင်တော့ဘဲ သူမကို ရူးသွပ်စွာ ပို၍လိုချင်လာသည်။ လျှာထိပ်ဖြင့် ရှလျန်၏ သွားတို့ကို စိတ်မရှည်စွာ ထိလိုက်သည်။

“အင်း. . .”   ရှလျန်သည် အသက်မရှုနိုင်တော့သလို ခံစားရ၍ ကိုယ်ကနူးညံ့လာသည်။ ပိုင်ယောင်က သူမ၏ခါးကို ဖက်ထား၍သာ။ မဟုတ်လျှင် သူမက ကြမ်းပြင်ပေါ်သို့ လျောကျသွားလောက်ပြီ! နောက်ဆုံးတော့ မခံနိုင်တော့သဖြင့် ရှလျန်သည် ပါးစပ်ဟ၍ အသက်ဝဝရှုလိုက်ရသည်။ သို့သော်လည်း ရှလျန်၏လျှာသည် သူမပါးစပ်ဟလိုက်သည်နှင့် သူမ၏ပါးစပ်ထဲသို့ဝင်လာသည်။ သူမ၏လျှာနှင့် ကနေသလို ရစ်ပတ်၍ သူမအား အပူများပို၍ထွက်လာစေသည်။ ရှလျန်သည် ပိုင်ယောင်၏ လက်မောင်းထဲတွင် ပျော်ကျတော့မည့် ထင်ယောင်ထင်မှားတောင် ဖြစ်လာသည်။

၄၅မိနစ်ကြာသည့်အထိ ပိုင်ယောင်သည် ရှလျန်၏နှုတ်ခမ်းတို့ကို ပြင်းထန်စွာ နမ်းရှိုက်နေကာ သူမ၏ မျက်နှာနီရဲလာ၍ နှလုံးခုန်သံများ မြန်ဆန်လာစေသည်။

“လျန် ကြိုက်လား? ဒါက လျန်လိုချင်တဲ့ အနမ်းလေ။ ကြိုက်ရဲ့လား?”   ပိုင်ယောင်သည် သူမကို ချစ်မြတ်နိုးစွာကြည့်ကာ နှုတ်ခမ်းကိုလက်ဖြင့်ပွတ်သပ်၍ တီတိုးပြောသည်။

“ဟမ်?”   ရှလျန်၏ အမြဲတမ်းအေးစက်နေသည့်အသံမှာ အက်ကွဲနေသည်။ သူမ၏ ဖြူစင်ကြည်လင်နေခဲ့သည့် မျက်လုံးတို့မှာ နောက်ဆုံးတော့ ရှက်ရွံ့စွာ ဝေဝါး၍ အရည်လဲ့နေသည်။ ထိုမျက်လုံးတို့သည် အနီရောင် အနည်းငယ်တောင် သန်းနေသေးသည်။ ထိုကဲ့သို့ ဆွဲဆောင်မှုကို မမျှော်လင့်ထားမိပါ!

နားမလည်ဖြစ်နေသည့် ရှလျန်ကိုကြည့်ရင်း ပိုင်ယောင်၏စိတ်ထဲတွင် ကျေနပ်မှုကြီး ရလိုက်သည်။ ဒီလိုနည်းဖြင့် ရှလျန်သည် သူမပြောခဲ့သည့်အတိုင်း သူ့အားကြိုက်ကြောင်း ယုံကြည်အောင် လုပ်နိုင်ခဲ့သည်။ ဒါကိုတွေးရင်းဖြင့် သူမအား ပွေ့ဖက်ထားကာ ပိုင်ယောင်သည် ပျော်ရွှင်မှုတို့ ပေါက်ဖွားလာသလိုပင်။

“ဒင်!”   “ပိုင်ယောင်ရဲ့ ပျော်ရွှင်မှုက 80%အထိ တိုးသွားပြီ။ လျန် လုပ်လိုက်တော့!"

“နမ်းတာက ကောင်းတယ်”   ရှလျန်က ကျေနပ်စွာ ခေါင်းငြိမ့်၍ ပိုင်ယောင်၏ တီတိုးမေးခွန်းကိုဖြေသည်။

ပိုင်ယောင်က အဖြေကြားသည့်အခါ မျက်လုံးတို့ တောက်ပလာသည်။ သူမက သူ့ကို တကယ်ချစ်သည်!

ရှလျန်သည် ခြေဖျားထောက်၍ ပိုင်ယောင်၏ ပါးကိုနမ်းလိုက်သည်။ ရုတ်တရပ်ဆိုသလို ပိုင်ယောင်ဩ ပျော်ရွှင်မှုသည် 1% တိုးသွားသည်။ ရှလျန်၏ မျက်လုံးတို့သည် တောက်ပနေကာ ကျေနပ်သည့် အကြည့်ဖြစ်လာသည်။ ဒါက တကယ့်ကို အလုပ်ဖြစ်သည်! ပိုင်ယောင်၏ လည်ပင်းကို ဖက်ကာ သူ့မျက်နှာပေါ်သို့ အနမ်းတစ်ခုပေးတိုင်း သတိပေးချက်က စိတ်ထဲတွင် တစ်ခုပြီးတစ်ခု တက်လာသည်။ သို့သော်လည်း ပိုင်ယောင်၏ ပျော်ရွှင်မှုနှုန်းကိန်းသည် 84%အထိ တက်သွားပြီးနောက် ထပ်၍ နမ်းလည်း ပျော်ရွှင်မှုက တိုးမလာတော့ပါ။ 

ရှလျန်သည် စိတ်ပျက်၍ ရပ်လိုက်သော်လည်း ပိုင်ယောင်ကတော့ သူ့ကိုဆက်တိုက် နမ်းနေသဖြင့် ရူးသွပ်နေခြင်းပင်! သူမက ထွက်သွားဖို့လုပ်ချိန်တွင် သူမအားဆွဲ၍ ရူးသွပ်စွာ ထပ်နမ်းပြန်သည်။ ရှလျန်သည် ပိုင်ယောင်၏ အနမ်းထဲတွင် ထပ်၍ကျရှုံးသွားပြန်သည်။

“လျန် ကိုယ်အရမ်းပျော်တယ်”
ပိုင်ယောင်သည် သူမ၏ပါးကို ညင်သာစွာနမ်း၍ ပြောသည်။

“လက်ထပ်ရအောင်! ကျွန်မကို လက်ထပ်မလား?”   ရှလျန်က မေးသည်။ ဖွင့်ပြော၍ နမ်းပြီးလျှင် နောက်တစ်ဆင့်က လက်ထပ်ခွင့်တောင်းရမည်။ တော်သည့် ကျောင်းသူလေး ရှလျန်သည် အစီအစဉ်အတိုင်း တင်းကြပ်စွာ လုပ်နေဆဲပင်!

“လျန် ဒါကိုတော့ ကိုယ့်ကိုပြောခွင့်ပေးပါဦးကွာ!”   ပိုင်ယောင်သည် ကူကယ်ရာမဲ့စွာပြောသော်လည်း အပျော်နှင့် စိတ်လှုပ်ရှားမှုတို့ကို မထိန်းနိုင်ပါ။ သူမအား ဖက်၍ အခိုင်အမာ မေးလာသည်။   “ကိုယ်နဲ့လက်ထပ်မလား?”

ရှလျန်က ခေါင်းငြိမ့်သည်။

“ဒင်!”
“ပိုင်ယောင်ရဲ့ ပျော်ရွှင်မှုက 90%ရောက်သွားပြီ။ တာဝန်ပြီးဆုံးမှုကလည်း 100% ဖြစ်သွားပြီ။ ဂုဏ်ယူပါတယ် လျန်!”
၉၉၅၇က ပြောသည်။

ပိုင်ယောင်သည် သူမကိုပွေ့ချီ၍ ပျော်ရွှင်စွာ တစ်ပတ်လှည့်ပစ်လိုက်သည်! 

လူတို့သည် ပျော်ရွှင်ချိန်တွင် စိတ်လှုပ်ရှား၍ တစ်ကမ္ဘာလုံးသိအောင် အော်ပြောပစ်ချင်ကာ ဂုဏ်ယူကြသည်။ ထိုကဲ့သို့လုပ်မှ လူတိုင်းက သူ့ပျော်ရွှင်မှုကို မြင်တွေ့နိုင်မှာ ဖြစ်သည်။ ပိုင်ယောင်၏ ပျော်ရွှင်မှုတို့သည်လည်း ရှလျန်အား ကူးစက်၍ အမှုအယာမဲ့နေသည့် မျက်နှာလေးမှာ အခု အပြုံးဖွဖွလေး ဖြစ်နေ၍ လှပနေသည်။
Previous Chapter 21 of 22 Next