အပိုင်း (၂)
“လျန် စုမေ့လို မိန်းမမျိုးဆီမှာ အလိမ်ခံလိုက်ရတဲ့ ဒီပိုင်ယောင်က အရမ်းသနားဖို့ကောင်းတယ်။ ငါတို့သူ့ကို ကယ်ရအောင်!!!”
၉၉၅၇က ချစ်ဖို့ကောင်းချင်ယောင်ဆောင်ရင်း ပြောသည်။
“အေး”
ရှလျန်က တည်ငြိမ်သည့်မျက်နှာဖြင့် ပြောသည်။
“လျန် နင်ဘာမှ သနားမနေဘူးမလား? နင်မတွေ့ဘူးလား သူက . . .”
“ပါးစပ်ပိတ်ထားစမ်း! ဒီတာဝန်ရဲ့အဆင့်နဲ့အမှတ်က ဘယ်လောက်လဲ?”
၉၉၅၇က ထပ်၍မရှုံ့ချခင် ရှလျန်က ချက်ချင်းတားလိုက်သည်။
“အာ . . . လျန် နင်က အရမ်းအေးတိအေးစက်နိုင်တာပဲ။ ငါနင့်ကို စကားထပ်မပြောချင်တော့ဘူး . . .”
ရှလျန်သည် စကားပြန်မပြောဘဲ နှုတ်ခမ်းကို ကိုက်ထားကာ သူမ၏ နဖူးတွင် အပြာရောင် သွေးကြောတို့ ထောင်ထနေသဖြင့် သူမသည်းခံနေရမှန်း သိသာသည်။
“လျန် နင်ကတကယ်တော်ပါတယ်။ တခြားသူတွေက အပြစ်တင်ကြပင်မယ့် ငါကတော့ နင့်ကို မတင်ပါဘူး. . . ငါနင့်ကို အကြိုက်ဆုံးပဲ. . .”
ရှလျန်: “…”
ငါ့စနစ်က ကောင်းလွန်းလို့ ငါအသစ်ပြောင်းပစ်ချင်လာပြီ။ ဘယ်လိုလုပ်ရမလဲ?
“ဟုတ်ပြီ! အောက်ကိုဆွဲကြည့်ရင် အဆင့်နဲ့အမှတ်တွေ တွေ့ရလိမ့်မယ်။ ဒီတစ်ခါက သုံးဆင့်ခွဲပေးထားတယ်။ နင်ရွေးလိုက်တဲ့ဇာတ်ကောင်နဲ့ တာဝန်ပြီးစီးမှု ခက်ခဲမှုနှုန်းက ကွာလိမ့်မယ်။ အမှတ်တွေရောပဲ. . .”
“ငါနားလည်ပါတယ်။ ဒါကပထမဆုံးတာဝန်လည်း မဟုတ်ဘဲနဲ့”
ရှလျန်သည် သူမ၏ အကွက်ကိုကြည့်ကာ ခပ်ဖွဖွပြောသည်။
၉၉၅၇က အားမကိုးရသော်လည်း ဒီတာဝန်ကတော့ တကယ်ကောင်းသ်ည။ ဒီတစ်ကြိမ်တွင် အမှတ်အသေးစိတ်နှင့် အဆင့်တို့ကို ပြသထားသည်။
အပူးကပ်ခံ ၁ : ပိုင်ယောင်၏မိခင်။ ပိုင်သခင်မ
ခက်ခဲမှုနှုန်း : ☆ ☆
တာဝန်အမှတ် : တာဝန်ပြီးစီးပါက အမှတ် +30။ တာဝန်ကျဆုံးပါက 0 မှတ်နှုတ်ပါမည်။
ကောင်းမွန်သည့်တိုးတက်မှု : ဒီဇာတ်ကြောင်းတွင် ပိုင်သခင်မသည် စုမေ့နှင့် ပိုင်ယောင်တို့အပေါ် လွှမ်းမိုးမှုများသည်။ သူမတွင် အစေခံရုပ်ဖျက်ထားသည့် စုမေ့ကို အလုပ်ထုတ်ပိုင်ခွင့်ရှိသည်။ စုမေ့ကို ပိုင်ယောင်၏အနားသို့ မချဉ်းကပ်ရန် လွယ်ကူစွာ တားမြစ်နိုင်သည်။ ထို့အတူ သူမ၏ မေတ္တာက ပိုင်ယောင်အား ပျော်ရွှင်မှုနှုန်းတိုးမြှင့်စေနိုင်သည်။ ထို့ကြောင့် တာဝန်ပြီးမြောက်ရန် ခက်ခဲမှုနှုန်း နိမ့်ကျသွားသည်!
အပူးကပ်ခံ ၂ : ပိုင်ယောင်၏စေ့စပ်ထားသူ။ ဟောင်ယောင်
ခက်ခဲမှုနှုန်း : ☆ ☆ ☆
တာဝန်အမှတ် : တာဝန်ပြီးမြောက်ပါက +50 နှင့် တာဝန်ရှုံးနိမ့်ပါက 3 မှတ် နှုတ်ပါမည်။
ကောင်းမွန်သည့်တိုးတက်မှု : ဟောင်ယောင်နှင့် ပိုင်ယောင်တို့သည် စေ့စပ်ထားကြသည်။ လက်ထပ်ဖို့ရန် ရွေးချယ်လိုက်ပါက ပိုင်ယောင်၏ဘဝထဲသို့ အမြန်ဝင်ရောက်နိုင်သည်။ သူ့ဇနီး ဖြစ်လာသည်နှင့် အစေ့ခံစုမေ့ကို ဖြုတ်၍ရသည်။ သို့သော်လည်း စုမေ့၏ အရှက်မဲ့မှု၊ နောက်ယောင်ခံလိုက်မှုတို့ကို ထည့်သွင်းစဉ်းစားပါက တာဝန်သည် အနည်းငယ် ခက်ခဲမည်!
အပူးကပ်ခံ ၃ : အစောင့်တပ်ဖွဲ့မှ အမျိုးသမီးအစောင့် xx (ဇာတ်ကောင်များစွာရှိ)
တာဝန်ခက်ခဲမှု : ☆ ☆ ☆ ☆ ☆
တာဝန်အမှတ် : တာဝန်ပြီးမြောက်ပါက အမှတ် +100 နှင့် တာဝန်ရှုံးနိမ့်ပါက 10 မှတ် နှုတ်ပါမည်။
ကောင်းမွန်သည့်တိုးတက်မှု : အမျိုးသမီးအစောင့်သည် အဆင့်အတန်းနိမ့်ကာ၊ ဂုဏ်ပုဒ်မရှိ၍ စကားပြောခွင့်မရှိ၍ ပိုင်ယောင်အား ချဉ်းကပ်ရန် ခက်ခဲမည်။ စုမေ့အပေါ် တိုက်ရိုက်လွှမ်းမိုးရန် အခွင့်မရှိသလို သူမအား အလုပ်ထုတ်ခွင့်လည်း မရှိပါ! ထို့ကြောင့် စုမေ့ကိုရင်ဆိုင်ရန် အလွန်ခက်ခဲမည်။ တာဝန်ပြီးမြောက်ချင်ပါက နိမ့်ချထက်သည့် အမျိုးသမီးအစောင့် ဖြစ်နေမည့်အစား ပိုင်ယောင်ကို အောင်မြင်စွာဖြားယောင်း၍ ကိုယ်လုပ်တော်ဖြစ်လာကာ သင့်၏အဆင့်အတန်းကိုမြင့်ပါ။
သတိပေးချက်: အမျိုးသမီးဇာတ်ကောင်များစွာထဲမှ တစ်ဦး၏ ခန္ဓာကိုယ်အားခိုးယူ၍ လွတ်လပ်စွာ သင်လုပ်ဆောင်နိုင်သည်။ သတိမထားပါက သင်သေသွားနိုင်သလို တာဝန်လည်း ရှုံးနိမ့်လိမ့်မည်။ ဒီတာဝန်သည် အလွန်ခက်ခဲပါသည်! ရွေးချယ်ချိန်တွင် ကျေးဇူးပြုပြီး သေချာချင့်ချိန်၍ တွေးတောပါ! ! !
“လျန်ရေ~”
ချွဲနွဲ့နေသည့်အသံလေးက ထွက်လာသည်။
“နင်ဘာယူမှာလဲ? ဟွမ်ဟွား အကြံလေးတစ်ခုပေးမယ်။ ပိုင်ယောင်ရဲ့မိန်းမ ဒုတိယဟာကိုရွေး . . .”
ရှလျန်: “တတိယတစ်ခု၊ အမျိုးသမီးအစောင့်”
“အား! သေချာလား? ဒါကအရမ်းခက်တာနော်! နင့်အေးတိအေးစက်ပုံစံနဲ့ ဘယ်လိုလုပ်ပြီး ကြာဖြူမနဲ့ ရင်ဆိုင်မှာလဲ? နင်သေချာတွေးရောတွေးလို့လား? တာဝန်ရှုံးရင် အမှတ်မရမှာတင် မဟုတ်ဘူး ၁၀မှတ်ကြီးတောင် အနှုတ်ခံရမှာနော်!”
စနစ် ၉၉၅၇က ပေါက်ကွဲစွာ အော်ဟစ်ပြောသည်။
ရှလျန်: “အော်မနေနဲ့။ ငါ့မှာတခြားနည်းရှိတယ်။ ပြီးတော့ ငါအမှတ်လိုတယ်!”
“ဒါပင်မယ့်. . . ပိုင်ယောင်ကို ဖြားယောင်းပြီးတော့ သူ့ကိုယ်လုပ်တော်လုပ်တာက စနစ်ကပေးတဲ့ အကောင်းဆုံးနည်းပဲ။ နင့်မှာ ဘာနည်းတွေရှိလို့လဲ?”
၉၉၅၇က အရူးလိုပြောနေရသည်။
ရှလျန်က မျက်ခုံးပင့်ကာ မေးသည်။
“နင်ငါ့ကိုမယုံဘူးလား?”
“အာ…”
၉၉၅၇သည် ချက်ချင်းစိတ်ငြိမ်သွားကာ မငြင်းနိုင်တော့ပါ။ မရေတွက်နိုင်သည့် အတွေ့အကြုံအရ ရှလျန်သည် တာဝန်ကိုအောင်မြင်ဖို့ မဖြစ်နိုင်တာမရှိပါ။ သူက ဉာဏ်ကောင်းကာ ထက်မြက်သည်။ အေးတိအေးစက်ဖြင့် တည်ငြိမ်လွန်းကာ ရက်စက်ပါသည်။ တာဝန်အမှတ်ရဖို့ နာကျင်မှုကို ခံရလေလေ ခါးသီးမှုများလေလေ ရူးနေလေလေ တာဝန်အောင်မြင်နိုင်လေလေပင်! သူမသည် အမှတ်ရဖို့သာစိတ်စွဲနေသည့် မချစ်တက်သည့် စိတ်ခံစားချက်မဲ့ စက်ရုပ်တစ်ရုပ်လိုပင်။
၉၉၅၇သည့် သူ့ဗဟိုထဲက ရှလျန်၏ “ပြန်လည်တည်ဆောက်ခြင်းအစီအစဉ်”ကို တစ်ချက်ကြည့်လိုက်သည်။ ဟွမ်ဟွားစနစ်သည် အေးတိအေးစက်စနစ်ကို ချစ်စရာလေးအဖြစ် ပြောင်းထားတာ သေချာသည်။ သို့သော်လည်း ဘာဖြစ်လို့ အလုပ်မလုပ်သေးတာလဲ? ၉၉၅၇သည် အလွန်စိတ်ရှုပ်ထွေးနေသည်။ သူ့မှာဆံပင်ရှိပါက သူဆွဲဆောင့်နေ၍ အကုန်ကျွတ်လောက်ပြီ။
ရှလျန်သည် သူမ၏စိတ်ကို သဘာဝအတိုင်းကို မသိပါ။ သိလျှင်တောင်မှ ဂရုမစိုက်ပေ။
တာဝန်ထဲသို့မဝင်ရောက်မီ ရှလျန်သည် အကျင့်ပါနေသည့်အတိုင်း သူမ၏အချက်အလက်ကို ဖွင့်ကြည့်လိုက်သည်။
အမည် : ရှလျန်
လိင် : မ
အမှတ် : 181
လက်ရှိအရည်အချင်း : ဆေးပညာအခြေခံ (တိုးမြှင့်နိုင်)၊ ဆွဲဆောင်မှုအခြေခံ (တိုးမြှင့်နိုင်)၊ တိုက်ခိုက်မှုအခြေခံ (တိုးမြှင့်နိုင်)
အတွင်းအား : ? ? ?
စွမ်းအား : ? ? ?
သဘာဝလွန်စွမ်းအင် : ? ? ?
မှော် : ? ? ?
ရှလျန်သည် လက်ကိုမြှောက်၍ အကြောဆန့်ကာ ဦးနှောက်ထဲတွင် တွေးနေသည်။
တာဝန်တိုင်းတွင် တာဝန်ပြီးမြောက်မှု အသေအမှတ်များအပြင် တာဝန်ထမ်းဆောင်ရင်း ရုတ်တရပ်ပေါ်လာသည့် အမှတ်အပိုများရှိသလို ဆုံးရှုံးသည့်အမှတ်တို့လည်းရှိကာ တစ်ခုကို အမှတ် ၈၀ခန့် နောက်ဆုံးရသည်။
သူမ၏အမှတ်ရနိုင်စွမ်းသည် မြင့်မားနေပြီ။ တာဝန်၁ရာကို ထမ်းဆောင်ပြီးတောင် အမှတ်ပိုရဖို့က အာမခံချက်မရှိနိုင်ပါ။ အခြားသူများကသာ ဒါကိုသိလျှင် သူတို့က “ပုံမှန်မဟုတ်ဘူး!”ဟု သေချာပေါက်ပြောလိမ့်မည်။ သို့သော်လည်း ရှလျန်သည် မကျေမနပ် ဖြစ်နေဆဲဖြစ်ကာ သူမ၏တိုးတက်နှုန်းက နှေးနေသေးသည်ဟု ခံစားရသေးသည်။
အကယ်၍ တာဝန်တိုင်းကို ပြီးပြည့်စွာ ပြီးမြှောက်၍ အမှားနည်းလျှင် တိကျသည့် တွက်ချက်မှုတို့ လုပ်ဆောင်ခဲ့ပါက လျှော့မှတ်နည်းလိမ့်မည်ဆိုလျှင်. . . သူမ၏ ရည်ရွယ်ခကျ်ကိုတွေးမိသည့်အခါ ရှလျန်သည် နှုတ်ခမ်းပါးပါးကို ကိုက်၍ မျက်လုံးတို့က ဆုံးဖြတ်ချက်တို့ဖြင့် တောက်လောင်နေကာ အေးတိအေးစက်ဖြစ်သွားသည်။ သို့သော်လည်း ဒါကဖြတ်ခနဲတွေ့လိုက်ရသည်။
ရှလျန်၏လက်လှုပ်လိုက်သည့်နောက် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတို့ကို သတိထားမိသည့် ၉၉၅၇က အားပေးသည်။
“လျန်~ နင်ကတာဝန်နည်းနည်းပဲလုပ်ရသေးတယ်။ အမှတ်ကများနေပြီ! အလျင်လိုဖို့ မလိုဘူး။ နင်ကတော်တာပဲ။ အမှတ်တွေ မြန်မြန်စုမိရင် …”
သို့သော်လည်း တစ်ဖက်လူမှာ ကျေးဇူးလည်းမတင်သလို နားကိုထောင်မနေပါ။
ရှလျန်က ဇယားကိုကြည့်ပြီးနောက် အေးစက်စွာပြောသည်။
“ကူးပြောင်းမှုကိုစတော့”
၉၉၅၇က မှားနေသလိုခံစားရသည်။
“နင်က အမြဲတမ်း အေးတိအေးစက်ကြီး။ ဟွမ်ဟွားကိုပြော။ နင့်နှလုံးသားကိုရောက်ဖို့ ဘယ်လိုလုပ်ရမလဲလို့. . . ဟဲ့. . .နင်အဲ့ကိုရောက်ရင်လေ အချောလေးတွေကို ခံစားဖို့အချိန်တွေရှိပါ့ …”
ရှလျန် : “…”.
ပါးစပ်ပိတ်ပါတော့။ ပြဿနာတွေ မလုပ်ပါနဲ့ဟ။