May Honey Logo May Honey
Previous Next

အပိုင်း (၈)

ညနက်လာသည်နှင့် ဂူအပြင်ဘက်တွင် တိတ်ဆိတ်လာကာ လေအေးတို့က တသုန်သုန်တိုက်နေ၍ အပင်အရိပ်တို့က လှုပ်နေသည်မှာ တစ္ဆေတို့လိုပင်။ ဂူထဲတွင် လူတိုင်းက ခွေခေါက်နေကာ ဗိုက်ထဲက တဂွီဂွီအသံက ခပ်တိုးတိုးထွက်နေသည်။

ရှလျန်သည် အေးစက်သည့်နံရံကိုမှီ၍ မျက်လုံးကိုမှိတ်ကာ အိပ်ဖို့လုပ်သော်လည်း သူမ၏စိတ်က သတိအပြည့်ဖြင့်ဖြစ်ကာ ဂူအပြင်ဘက်ကို လှမ်း၍ကြည့်တက်သည်။ ညနက်လာသည်နှင့် ဟောက်သံတို့က ကျယ်သထက်ကျယ်လာသည်။ လူတိုင်းက အိပ်မောကျနေပုံရသော်လည်း ရှလျန်၏ကျောသည် မတ်နေကာ လုံးဝစိတ်မအေးနိုင်သေးပါ။

ရုတ်တရပ်ဆိုသလို–
“ဖမ်း…”
ဂူအပြင်ဘက်မှ အသံခပ်အုပ်အုပ်သည် ကျောက်တုံးလိမ့်သွားသံနှင့် သစ်ရွက်တို့ကို တက်နင်းမိသည့် အသံတို့နှင့်အတူ ထွက်လာသည်! ဒါက လျစ်လျူရှုဖို့ လွယ်လွန်းသည်!

သို့သော်လည်း ဒီလှုပ်ရှားမှုကိုကြားသည်နှင့် ရှလျန်၏ပိတ်ထားသည့် မျက်လုံးသည် ချက်ချင်းပွင့်လာကာ အပြင်ကိုကြည့်ဖို့ လုပ်သော်လည်း မမျှော်လင့်စွာ နက်ရှိုင်း၍ စူးရှသည့် မျက်ဝန်းတစ်စုံနှင့် ဆုံမိသွားသည်! ပိုင်ယောင် ဖြစ်သည်!

ရုတ်တရပ်ဆိုသလို ရှလျန်၏မျက်လုံးတို့သည် ဓားတစ်စင်းလို အရမ်းအေးစက်သွားကာ သူ့မျက်နှာကို တည်ငြိမ်စွာ ဆက်မကြည့်နိုင်တော့ဘဲ ‘အပြင်ထွက်မယ်’ဟူသည့် လက်ဟန်လုပ်ပြလိုက်သည်။ ပိုင်ယောင်က နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ရှလျန်က ကြောင်တစ်ကောင်လိုမျိုး ခြေကိုဖွလျှောက်သို့ ဂူအပြင်ကိုထွက်ဖို့ လုပ်သည်။

ပိုင်ယောင်သည် ရှလျန်၏ခါးနောက်တွင်ရှိနေသည့် လေးကိုကြည့်လိုက်သည်။ သူမ၏ကိုယ်သည် သရဲတစ်ကောင်လိုလို ကြောင်နက်တစ်ကောင်လိုလိုပင်။ သူမ၏လှုပ်ရှားမှုတို့သည် အသံလုံးဝထွက်မလာ! 

ပိုင်ယောင်က သူမကို ငေးကြည့်မိနေကာ သူ့ရင်ထဲတွင် သူမအကြောင်းကို စူးစမ်းချင်စိတ် ပိုဖြစ်လာသည်။ သူမ၏ အသွင်အပြင်၊ သူမ၏လုပ်ရပ်၊ သူမ၏ အရည်အချင်းတို့သည် ဆန်းကျယ်နေ၍ နားလည်ရခက်ခဲကာ ရင်ထဲတွင် သိချင်လွန်းလို့ ကုတ်ခြစ်နေသလို ဖြစ်နေသေးသည်။

ဒါကိုတွေးကြည့်မိသည့်အခါ ရှလျန်၏နောက်ကျောကို ကြည့်နေသည့် ပိုင်ယောင်၏ မျက်လုံးတို့သည် အပူလှိုင်းတစ်ခု စွန်းထွန်းနေကာ စိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်သွားသည်။ ပြန်ရောက်လျှင် ရှလျန်ကို သူ့ဘေးတွင် ထားရမည်! နေ့တိုင်းကြည့်နေရမည်။ နေ့တိုင်းထိန်းသိမ်းရမည်။ အံ့အားသင့်စရာ လျို့ဝှက်ချက်များ ရှိနေလျှင်တောင်မှ အကုန်လုံးကို သူရှာဖွေရမည်!

ထိုအချိန်တွင်တော့ ရှလျန်က ဘာမှကို သိမနေပါ။ သူမက ဂူအပေါက်ဝတွင် ဆောင့်ကြောင့်လေးထိုင်၍ အပြင်ကို သေချာကြည့်ရှုစစ်ဆေးကြည့်နေသည်။ ညအမှောင်ထဲတွင် ညကြည့်အမြင်ကိရိယာလည်းမရှိ၊ မီးလည်းမရှိသည့်အခါ သေချာပုန်းအောင်းနေသည့်သူတို့ကို ရှလျန်သည် မီတာ၁၀၀အတွင်းသာ ရှာနိုင်၍ ထပ်ဝေးသည့်နေရာကို မရှာနိုင်ပါ!

သူမ၏စုံစမ်းစစ်ဆေးခြင်း မပြီးသေးခင် နောက်ကျောမှ လေပူထွက်လာသည်ကို ခံစားမိသည်။ သူမက မတုန့်ပြန်နိုင်ခင်တွင် ပြင်းထန်သည့်အမျိုးသားဟော်မုန်းနံ့တို့ဖြင့် ရစ်ပတ်ခံလိုက်ရသည်!

ရှလျန်သည် တစ်ချိန်လုံး ဆောင့်ကြောင့်ထိုင်နေသော်လည်း ဂူပေါက်ဝက ကျဉ်းသည်။ ပိုင်ယောင်က ဂူပေါက်ဝကနံရံကိုကိုင်၍ အရှေ့ကိုကုန်း၍ အပြင်ကိုကြည့်သည့်အခါ ရှလျန်ကို သူ့ရင်ခွင်ထဲသို့ ထည့်ထားလိုက်သည်နှင့် အတူတူပင်။ သူမ၏ ခန္ဓာကိုယ်က အလယ်အလတ်လေးပဲ!

ပူပြင်း၍ ကျယ်ပြန်သည့်ရင်ဘတ်က ရှလျန်၏ သိမ်မွေ့သည့်နောက်ကျောရိုးကို တင်းကြပ်စွာ ဖိထား၍ သူတို့ကိုယ်အပူအချိန်တွင် ပါးလွှာသည့်အဝတ်မှတစ်ဆင့် အချင်းချင်းပျံ့နှံ့နေသည်။ ရင်ဘတ်မှ အပူချိန်ကို ခံစားမိသည့်အခါ လူတို့နှင့် ရင်းနှီးစွာ မနေတက်သည့် ပိုင်ယောင်သည် အစကတော့ ရှောင်ချင်မိသည်! သို့သော်လည်း ငုံ့ကြည့်မိသည့်အခါ လရောင်ဖျော့ဖျော့အောက်တွင် တစ်ဖက်လူ၏ ဖွေးဥနေသည့် လည်တိုင်ကို တွေ့လိုက်ရသဖြင့် သူ့ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုက ထွက်လာသည်!

ဒီလိုဖြူဖွေးနူးညံ့ကာကျိုးပဲ့လွယ်သည့်နေရာမျိုးကို သူလက်လှမ်း၍ ထိချင်မိသည်။ သူတွေးမိသလို နူးညံ့ချောမွေ့နေတာ ဟုတ်ပါ့မလား သိချင်မိသည်။ ကျိုးပဲ့လွယ်လွန်း၍ အားထည့်မိပါက ကျိုးသွားမလား တွေးမိသည်။ ဒီလိုနည်းဖြင့် လူတို့က မဖျက်စီးရက်အောင် ချစ်မိကြတာ ဖြစ်လိမ့်မည်!

ဒီအတွေးကြောင့် ပိုင်ယောင်သည် ထိတ်လန့်သွားကာ သူ့ရင်ခုန်နှုန်းကလည်း ပုံမှန်ထက် ပိုမြန်လာသည်။ ချောမောသည့် သူ့မျက်နှာထက်တွင်တော့ ဘာမှမသိသာပင်မယ့် ရှလျန်၏ မျက်ဝန်းတို့ကို အပေါ်ကနေ ကြည့်မိရုံဖြင့် ရူးလောက်အောင် အပူတွေထွက်လာသည်ကိုတောင် သူ့ကိုယ်သူ မသိပေ!

နှစ်ယောက်က ကပ်နေသည့်အခါ အရည်ပြားထက်က အပူချိန်က တိုးလာသည်ကို ခံစားမိသည့်အခါ ရှလျန်သည် ရှက်ရွံ့သွားခြင်း မရှိပါ။ ပိုင်ယောင်၏ဖိအားကိုသာ ခံစားမိ၍ စိတ်ထဲတွင် မသက်မသာဖြစ်ကာ အချင်းချင်းမထိမိအောင် အရှေ့ကိုသာတိုး၍ ရှောင်လိုက်လေသည်။

ရှလျန်၏လှုပ်ရှားမှုကို သတိပြုမိသည့်အခါ ပိုင်ယောင်က အလိုလိုရပ်တန့်သွားသည်။ သူက မတုန့်ပြန်နိုင်ခင် သူ့ခန္ဓာကိုယ်က ရိုးသားစွာ တုန့်ပြန်နေသည်။ ညာလက်ဖြင့် ရှလျန်၏ပုခုံးပေါ်တင်၍ အားအနည်းငယ်သုံး ဖိလိုက်ကာ သူမ၏နားထဲသို့ တီတိုးပြောလိုက်သည်။
“မလှုပ်နဲ့။ ရန်သူတွေရှိတယ်”

လေပူတို့သည် ရှလျန်၏နားကိုဖြတ်တိုက်သွားသည့်အခါ နဂိုဖြူသည့် နားရွက်တို့သည် အနီရောင် သမ်းလာသည်မှာ မှော်ဆန်စွာ ဆွဲဆောင်မှုရှိနေသည်။ ပိုင်ယောင်သည် တုန်လှုပ်သွားသည် စက္ကန့်ပိုင်း အသက်ရှုဖို့ မေ့သွားသည်။

ပိုင်ယောင်၏စကားကို ကြားသည့်အခါ ရှလျန်သည် ထပ်မလှုပ်ရဲတော့ပါ။ မကောင်းတာ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်ိသည်။ ပိုင်ယောင်ကို ယုံနေမိသည့် ရှလျန်သည် သူမကို သူကလိမ်နေမှန်း မသိပါ။ ထို့ကြောင့် သတိထားကာ ထပ်မလှုပ်တော့ဘဲ အပြင်ကိုသာ အာရုံစိုက်၍ ပိုင်ယောင်ထံက စကားကို ကြားရအောင် ခေါင်းကိုစောင်းလိုက်သည်။   “လူဘယ်နှယောက်တောင်လဲ?”

တစ်ချိန်တည်းတွင် သူတို့နှစ်ယောက်က အချင်းချင်း မတရားမှီနေကြသလို ဖြစ်နေကာ ရှဲ့လျန်ကို ပိုင်ယောင်က ပွေ့ဖက်ထားသလို ဖြစ်နေသည်။ သူမက လှည့်၍စကားပြောသည့်အခါ လေက နူးညံ့သည့်နှုတ်ခမ်းနီရဲရဲလေးနှင့် နှာခေါင်းတို့မှ ထွက်လာသည်။ ပိုင်ယောင်၏ နားထဲသို့ ထိုလေက ပွတ်တိုက်သွားသည်မှာ လှိုင်းတစ်ခုထသွားသကဲ့သို့ပင်!

ရှလျန်၏ ထူးခြားသည့်အနံ့အသက်နှင့် အာငွေ့တို့သည် မူးယစ်စေသည့် ဝိုင်တစ်ခုလိုပင်။  ပိုင်ယောင်၏ ရင်ထဲတွင် ထူးဆန်းမှုတစ်ခုက ဖြစ်နေပြီးဖြစ်ကာ ထိုအခြင်းအရာက ပို၍ထူးကဲသွားစေသည်။ သူမ၏ နှုတ်ခမ်းနီနီလေးများလို သူ့နားတို့မှာ မီးလိုပူနေပြီ! 

သူမ၏မေးခွန်းကို ကြားချိန်တွင် ပိုင်ယောင်သည် သူမ၏ရိုးသားသည့်စိတ်ကို ကြိတ်မရယ်ဘဲ မနေနိုင်ပါ။ သူ့ကို ယုံကြည်သဖြင့် သူ့စကားတို့ကိုပါ သူမက ယုံကြည်နေသည်ကို သိမိ၍ ပျော်ရွှင်မှုက အနည်းငယ်ထွက်မလာဘဲ မနေနိုင်!

“ထပ်ကြည့်လိုက်မယ်”   သူမကို တကယ်ကြီး စနောက်ချင်မိသဖြင့် ပိုင်ယောင်သည် တီတိုးပြောကာ အပြင်ကို ထပ်ကြည့်သည်။

ဒီတစ်ကြိမ်တော့ သူ့အတွင်းအားကိုလွှတ်၍ ကြည့်လိုက်ရသည်။ စူးစမ်းမှုရလဒ်သည် သူ့အရင်အတွေးများကို ပျောက်သွားစေ၍ ချက်ချင်းအေးစက်သွားသည်!

“၃ယောက်!”   ပိုင်ယောင်က ဖြေသည်။ သေချာစူးစမ်းကြည့်ရာ အပြင်တွင် တကယ်ပဲ လူရှိနေသည်! သို့သော် သူတို့ကို တွေ့ရှိပုံတော့ မပေါ်သေးပါ။ ထိုလူများသည် သူတို့ကို လိုက်ရှာနေတာ ဖြစ်လောက်၍ လက်ဦးမှုယူကာ တိုက်ခိုက်ဖို့လိုသည်။ သူတို့သာ သတင်းပြန်ပို့နိုင်လျှင် ခနကြာသည့်အခါ သူတို့က တိုက်ခိုက်ခံရမည်! 

ထို့နောက် ပိုင်ယောင်လက်တင်ထားသည့် သူမ၏ပုခုံးကိုလှုပ်၍ အပြင်ကို ခုန်ထွက်သွားသည်။ ပိုင်ယောင်က သူမကိုတားဖို့ လက်ကိုဆန့်လိုက်သည်။ ဒီလုပ်ရပ်ကာ အန္တရာယ်များသဖြင့် သူမကို အလိုလို မလုပ်စေချင်ပါ။ သို့သော်လည်း သူမ၏ မျက်လုံးထဲတွင် ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ အမှီခိုကင်းမှုတို့ဖြင့် တောက်ပနေသည့်အခါ ပိုင်ယောင်သည် လက်ကိုပြန်ချလိုက်သည်! သူမက ဘာလုပ်ချင်သလဲကို သေချာသိသဖြင့် ဘာဖြစ်လို့ သူကတားရမည်နည်း?
Previous Chapter 8 of 22 Next