May Honey Logo May Honey
Previous Next

အပိုင်း (၁၄)

ရှလျန်သည် ပိုင်ယောင်၏ ပျော်ရွှင်မှုနှုန်းကိန်းက တက်သွားသဖြင့် ဘာဖြစ်မှန်း နားမလည်ကာ သူ့ကိုကြည့်လိုက်သည်။ ထို့ကြောင့် သူမ၏ကြည်လင်နေသည့် မျက်ဝန်းတို့ထဲတွင် နားမလည်မှုတို့ ရှိနေကာ နူးညံ့နီရဲသည့် နှုတ်ခမ်းလေးက ခပ်ဟဟဖြစ်နေသဖြင့် သူမ၏ပုံစံသည် ခပ်တုံးတုံးပုံ ပေါက်နေသည်!

သူမကို တစိမ့်စိမ့်ကြည့်နေရတာ နှစ်သက်သည့် ပိုင်ယောင်သည် သူမ၏စကားကြောင့် ရင်ခုန်နေသည်။ ထို့ကြောင့် သူမအား တင်းတင်းပွေ့ဖက်၍ သူမ၏ခန္ဓာကိုယ်အား ပြင်းထန်စွာ ပွတ်သပ်ဖို့ မစောင့်နို်ငတော့ပေ။ သူမ၏ နူးညံ့နီရဲသည့် နှုတ်ခမ်းက အစိုဓာတ်လေးဖြင့် တောက်ပနေသည်မှာ သူ့အား အရသာခံကြည့်ရန် ဖိတ်ခေါ်နေသလိုပင်။ ပိုင်ယောင်၏ မျက်လုံးတို့က နက်လာကာ မျက်စံက ကျယ်လာသည်။

သူမ၏နှုတ်ခမ်းတို့ကို ယောင်ကိုင်းအောင် ကြမ်းနမ်းစွာ နမ်းပစ်၍ တည်ငြိမ်မှုတို့ကို ပျောက်ဆုံး စေချင်သည်။ သူမ၏ မျက်နှာက နီရဲလာ၍ သူ့ခန္ဓာကိုယ်အောက်တွင် ညည်းညူနေကာ ငြိမ်းချမ်းသည့် ရုပ်သွင်နှင့်မတူစေချင်သည်။ ပိုင်ယောင်၏အကြည့်တို့သည် သားကောင်ကို ကြည့်နေသလို ဖြစ်နေသည်။ သူ့တစ်ကိုယ်လုံး ပူလာကာ သူမအား မြိုချပစ်ချင်သည်။

သူ့အတွေးတို့ကြောင့် ပိုင်ယောင်သည် သူ့ကိုယ်သူထိတ်လန့်သွားသည်။ ရှလျန်အား ကြောက်အောင် လုပ်မိမည်ကို ပို၍စိုးရိမ်လာသည်။ ဒီအတွေးတို့ကို အပြင်းအထန်ဖိနှိပ်လိုက်ရသည်။ သို့သော်လည်း လက်က အလိုလိုဆန့်သွား၍ သူမ၏နှုတ်ခမ်းကို ပွတ်နေမိသည်။ သူမ၏ပါးစပ်ထဲကိုလက်ထည့်ကာ လျှာဖြင့် သူ့လက်ကိုရစ်ပတ်စေ၍ သူမကို  . . .

“ဗိုက်တင်းနေတယ်။ ဗိုက်မဆာဘူး”   ရှလျန်သည် သူမ၏နှုတ်ခမ်းထက်က ပိုင်ယောင်၏လက်ကို ဖယ်လိုက်သည်။    ‘ပိုင်ယောင်က ဘာလုပ်နေတာလဲ? ငါ့ကိုဟင်းတွေ အများကြီးချကျွေးမွေးနေရုံတင်မကဘူး သူ့လက်ကိုပါ ကျွေးနေတာလားဟ!’

“ကိုယ် ဆာတယ်!”   ပိုင်ယောင်သည် လည်ချောင်းသံအုပ်အုပ်ဖြင့် သူမကို ပူလောင်စွာကြည့်ကာ အရိပ်အမြိတ်ပေးသည်။

“ဒါဆိုရင် ဒါတွေကိုစားလေ။ အစာမခံနဲ့!”   ရျလျန်သည် ပေါက်ဆီကြီးတစ်လုံးကို လှမ်းယူ၍ သူ့လက်ထဲကို တန်းထည့်ပေးလာသည်!

ပိုင်ယောင် “…“။
လက်ထဲက ပေါက်စီကြီးကိုကြည့်ကာ ပိုင်ယောင်သည် အလွန်အနေရကြပ်သွား၍ သူ့အရင်ကအတွေးတို့ နစ်မြုပ်သွားလေသည်။

စုမေ့ကတော့ သွေးအန်ထွက်မတက်ပင်။ ဒီခွေးစုံတွဲသည် သူမ၏အရှေ့တွင် ပွင့်လင်းစွာ ချစ်ကြည်နူးနေကြသည်။ သူတို့က သူမအား ဆေးသောက်ခိုင်းနေခဲ့ရာကတော့ မျက်တောင် တစ်ခတ်အတွင်း လုံးဝဒီအခြေအနေကို ပြောင်းလဲသွားရသနည်း!

ရှလျန်က နားမလည်သော်လည်း သူမကတော့ နားလည်သည်။ ပိုင်ယောင်၏ မျက်လုံးထဲတွင် ချစ်ခင်လိုသည့် စိတ်ဆန္ဒအပြည့်ဖြင့် ပြည့်နှက်နေသည်မှာ ပြင်းထန်လွန်းလှသည်! သို့သော် ပိုင်ယောင်က မျက်စိမကောင်းတာ အခြေအနေဆိုးနေပြီ။ ပဲပင်ပေါက်ကဲ့သို့ ပိန်ပိန်ရှည်ရှည် ရှလျန်လို မိန်းမမျိုးကို လှသည် ထင်နေသည်။ ဒါက သူမအား မုန်းလွန်းအောင် လုပ်နိုင်သည်!

စုမေ့က ပိုင်ယောင်အား တမ်းတနေချိန်တွင် ရှလျန်က အေးတိအေးစက်မျက်နှာဖြင့် စားပွဲကို ရိုက်ချကာ ဆက်ပြောသည်။   “အေးမှသောက်ရင် ခက်နေမယ်။ မြန်မြန်သောက်”

စုမေ့က ဘယ်လိုလုပ် သောက်ရဲမည်နည်း? သူမတွင် အဆိပ်ရှိသော်လည်း ထိုအဆိပ်ကို သူမဆီတွင် ပြန်သုံးမည့်အတွေး တစ်ခါမှ မရှိခဲ့ပါ။ ထို့အတူ ဒီအဆိပ်၏ ဖြေဆေးအကြောင်းကိုလည်း မလေ့လာဖူးပေ။ သို့သော်လည်း သူမကသာ မသောက်လိုက်ပါက နောက်နောင်တွင် ပိုင်ယောင်၏အနားကို ချဉ်းကပ်ဖို့ရာ ခက်ခဲသွားလိမ့်မည်ကို ခန့်မှန်းမိသည်။ 

စုမေ့သည် အံကြိတ်၍ လည်ပင်းကိုမထိဘဲ မနေနိုင်။ လည်ပင်းထက်တွင်ဆွဲထားသည့် ကျောက်စိမ်း ဆွဲသီးကိုခံစားမိမှ အနည်းငယ်တည်ငြိမ်လာသည်။ ဒါသည် နေရာလွတ်အစွမ်းရှိသည့် ကျောက်စိမ်းဆွဲသီးဖြစ်သည်။ နေရာလွတ်ထဲတွင် ဖြေဆေးနှင့်ပတ်သက်သည့် ဆေးစာအုပ်များ ရှိသော်လည်း သူမက မလေ့လာဖူးပါ! 

ချီတုံချတုံဖြစ်နေသော်လည်း မသောက်မိပါက ပိုင်ယောင်က သံသယဝင်လာမည်ကို စိုးရိမ်သည်။ တွေးပြီးရင်း တွေးပြီးနောက် စုမေ့သည် နောက်ဆုံးတော့ အံကြိတ်ကာ အရှေ့ကိုတိုး၍ ဆေးပန်ကန်းလုံးကို ယူသောက်လိုက်သည်။ သူမ၏မျက်နှာက မကောင်းပေ။ မျက်နှာက ဖြူဖျော့နေ၍ နဖူးတွင် ချွေးအေးတို့ ပျံလာသည်။ ဆေးသောက်ပြီးနောက် စုမေ့သည် ဗိုက်ထဲတွင် အောင့်လာသည်။ သူမက အားနည်းသထက် အားနည်းလာကာ အချိန်မရွေးမေ့လဲတော့မလိုပင်!

ရှလျန်သည် သူမကိုတစ်ချက်ကြည့်၍ အေးစက်စွာပြောသည်။
“ဒီဆေးရဲ့ မကောင်းတဲ့အရသာကို လျှော့တွက်မိတာပဲ! ကျွန်မတို့တွေ မသောက်မိတာ တော်သေးတယ်!”

ရှလျန်တွင် နှုတ်ခမ်းသေးသေးလေးရှိသော်လည်း သူ့ကိုသေစေနိုင်သည့် စကားတို့ပြောတက်သည့် သူမကို ပိုင်ယောင်က အပြုံးဖြင့်ကြည့်နေသည်။

သို့သော်လည်း စုမေ့သည် စိုးရိမ်စိတ်ကြောင့် မသက်မသာဖြစ်လာကာ အချိန်မရွေး မေ့လဲတော့ မတက်ပင်။ ထို့ကြောင့် ပိုင်ယောင်သည် ရှလျန်စကားကို ပို၍သဘောတူလာသည်။ ရှလျန် မသောက်ခင်တွင် သူအရင်မြည်းကြည့်ပြီးမှ သူမကို တိုက်သင့်သည်ဟု သူခံစားရသည်။

ဒါကိုကြားသည့်အခါ စုမေ့၏မျက်နှာက ပို၍အေးစက်လာသည်။ သူမက ချက်ချင်းအခန်းကို ပြန်၍ နယ်မြေထဲကိုဝင်ကာ ဖြေဆေးကိုရှာဖို့ အသည်းအသန်ဖြစ်ကာ အလျင်လိုနေပြီ!

သို့သော်လည်း ရှလျန်သည် သူမအား အခွင့်အရေးမပေးဘဲ ချက်ချင်းပြောသည်။   “အခု နောက်ထပ်တစ်ခွက် ထပ်လုပ်လာပေး”

“သခင်မလေး အစေခံက မသက်မသာဖြစ်နေပါတယ်။ မကောင်းမှာကို စိုးရိမ်ပါတယ်”   စုမေ့က ကြောက်လန့်တကြားပြောသည်။   “ညစာအချိန်မှပဲ အစေခံက သခင်မလေးအကြိုက်ရအောင် ပြင်ဆင်ပေးပါ့မယ်!”

သို့သော်လည်း ဒီတစ်ခါတော့ ပိုင်ယောင်က သူမအား အခွင့်အရေးမပေးပါ။ ဒီအစေခံက ရဲတင်းလွန်းသည်ဟု ခံစားရသည်။ သခင်စကားကို မလိုက်နာဘဲ ဆင်ခြေများ လျှောက်ပေးရဲနေသည်! ထို့ကြောင့် ပိုင်ယောင်၏ မျက်နှာက အေးစက်သွားကာ သူမကို ဆူသည်။   “အစေခံလိုနေစမ်း။ ငြင်းနေရဲတယ်ပေါ့!”

“အစေခံက မဝံ့ရဲပါဘူး!”   စုမေ့သည် ကြောက်လန့်သွားကာ ဒူးထောက်၍ ခွင့်လွှတ်မှုကို တောင်းဆိုရတော့သည်။ ကူးပြောင်းလာချိန်တည်းက သူမသည် အလေးပေးခံရသူဖြစ်သည်။ ပိုင်ယောင်က သူမ၏တိုင်းပြည်ကို ဖျက်စီးခဲ့သော်လည်း သူမ၏ အလှတရားနှင့် ကြိုးစားအားထုတ်မှုကြောင့် သူမသည် အခြားတိုင်းပြည်ပျက်မှ မင်းသမီးများလို အများကြီး မခံစားရပေ။ ဒီနေ့သည် စုမေ့အတွက် အရှက်ကွဲပြီး မုန်းတီးစရာများ ကြုံတွေ့ရသည့်နေ့ပင်!

ရှလျန်သည် မျက်တောင်ခတ်လိုက်သည်။ သူမ၏အရှေ့က မြင်ကွင်းက ကြည့်ရသည်မှာ သာယာလွန်းသည်။ ပိုင်ယောင်သည် သူမနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ကောင်းမွန်လှသည်!

စုမေ့သည် ပိုင်ယောင်၏အနားကို ရောက်လာသော်လည်း နှစ်သက်ခြင်း မခံရပါ။ နှစ်သက်မှုရအောင် ကြိုးစားနေရသည်ကို ခက်နေသည်။ ဒါသည် စုမေ့အတွက် မလွယ်ကူစေမှာ ဖြစ်သည်!

စုမေ့က ထပ်၍ဆေးစွပ်ပြုတ်လုပ်ရသည်။ ဒီတစ်ခါတော့ သူမသည် အဆိပ်မခတ်ရဲပါ။ ရှလျန်က ထပ်၍သောက်ခိုင်းမည်ကို စိုးရိမ်၍ပင်။ သို့သော်လည်း ရှလျန်က တစ်ငုံသောက်၍ ခေါင်းငြိမ့်ကာ သူမအား မသောက်ခိုင်းတော့ပေ!

ညှင်းပန်းမှုအချို့ခံရပြီးနောက် စုမေ့သည် ပြန်လွှတ်ခံလိုက်ရသည်။ သူမ၏အခန်းကို ပြန်ရောက်သည်နှင့် နယ်မြေထဲသို့ဝင်ကာ ဆေးစာအုပ်များရှာ၍ သေချာလေ့လာပြီးမှ ဖြေဆေးကို နောက်ဆုံးဖော်နိုင်လိုက်သည်!

အသက်ဘေးက လွတ်သွားမှ စုမေ့သည် ဖြစ်ခဲ့သမျှကို စိတ်ထဲတွင် သေချာပြန်တွေးနိုင်သည်။ သို့သော်လည်း သူမက ပို၍ကြောက်လန့်လာသည်။ ရှလျန်က စွပ်ပြုတ်ထဲတွင် အဆိပ်ရှိနေသည်ကို တကယ်သိနေသလို ခံစားရသည်! ထုတ်မပြောသော်လည်း သူမကို ပြန်ပစ်ပေးခဲ့သည်!

စုမေ့သည် ဒီအတွေးကြောင့် ထိတ်လန့်သွားကာ မယုံကြည်ချင်ပေ။ သို့သော်လည်း အကြောင်းရင်း မသိရသဖြင့် ကြောက်လန့်နေမိသည်။ အနာဂတ်တွင် သူမသည် အလျင်စလို ဆုံးဖြတ်ချက်မချဘဲ ရှလျန်၏ အကြောင်းကို သေချာသိအောင်လုပ်၍ ရေရှည်ကိုကြည့်ကာ ဘာလုပ်သင့်သလဲကို ဆုံးဖြတ်တော့မည်။ လူယုံဖြစ်လျှင် တိုက်ပွဲတိုင်းကို နိုင်လိမ့်မည်! ဒီတစ်ခေါက် ရှုံးနိမ့်ရခြင်းသည် သူမက ပြိုင်ဘက်ကို အလွန်လျှော့တွက်မိ၍ဖြစ်သည်။ ထို့ကြောင့် စိတ်ဖိစီးသွားကာ လက်ရှိအခြေအနေအရ အဆိပ်ခတ်သတ်မည့် အကြံကို စွန့်လွှတ်လိုက်ရတော့သည်!
Previous Chapter 14 of 22 Next