May Honey Logo May Honey
Previous Next

အပိုင်း (၅)

ကုယန်လမ်းမ၏ဘေးဘက် မြက်တောထဲတွင် ပိန်သွယ်သွယ်တစ်ယောက်ကို မြင်နိုင်သည်။ ထိုလူသည် ရှလျန်ပင်။

ဇာတ်ကြောင်းကို သိရှိထားသူဖြစ်သောကြောင့် ဘယ်နေရာတွင် ပိုင်ယောင်က ခြုံခိုတိုက်ခိုက်ခံရမည်ကို သူမက သဘာဝကျစွာ သိရှိလေသည်။ ထို့ကြောင့် အိမ်ကနေထွက်လာသည်နှင့် မြင်းကိုကြာပွတ်ဖြင့်မောင်း၍ မြန်သထက်မြန်အောင် စီးနင်းလာရသည်။

ရောက်ရှိသည်နှင့် ရှလျန်သည် အနားက မြေမျက်နှာသွင်ပြင်အနေအထားကို သုံးသပ်၍ စိတ်ထဲတွင် သေချာမှတ်သားထားလိုက်သည်။ လေ့လာပြီးနောက် သူမက တွားသွားသည်။ ဒီနေရာသည် ပိုင်ယောင်တို့ ခြုံခိုတိုက်ခိုက်ရာနှင့် အကွာအဝေးတစ်ခု ခြားနေသေးသော်လည်း ပိုင်ယောင်လွတ်ဖို့ တစ်ခုတည်းသော လမ်းဖြစ်သည်။

ရှလျန်သည် ပိုတိကျသည့်နေရာကို နဂိုကရွေးချင်သော်လည်း ရှရန်ကို တွေးမိသည့်အခါ လက်လျော့လိုက်သည်။ ရှရန်က ဘယ်နေရာတွင် သေသွားသလဲကို သူမက သေချာမသိရသောကြောင့် ဖြစ်သည်။ ကယ်ဖို့ဆုံးဖြတ်ထားမှတော့ သူမသည် ဘာအမှားမှ အဖြစ်မခံနိုင်ပါ။

တည်နေရာကိုရွေးပြီးသည့်အခါ ရှလျန်သည် သူမ၏အိတ်ထဲက ပစ္စည်းအချို့ကိုထုတ်ပြီး ထိုနေရာပတ်ဝန်းကျင်နေရာတို့တွင် ထောင်ချောက်အချို့ စီစဉ်လိုက်သည်။ ပြီးနောက် သူမက မြက်ပေါ်သို့လှဲကာ မလှုပ်မယှက်ငြိမ်နေသည်။ သူမသည် သူများတွေထက် ပို၍စိတ်ရှည်သူပင်။ သူမက မုဆိုးဖြစ်ဖို့ မွေးဖွားလာသည့်သူ ဖြစ်သည်။

‘စပြီပဲ’
ရှဲ့လျန်က နားပါးသည့်သူဖြစ်၍ အကြားအာရုံကောင်းလေရာ ရှေ့တန်းက အော်သံတို့ကို ခံစားမိ၍ ကြားလာရသည်။ အချိန်ကိုက်ဖြစ်သော်လည်း သူမသည် မလှုပ်ရှားသေးပါ။ အခွင့်ကောင်းကို စောင့်ဆိုင်းနေခြင်းပင်။

ဇာတ်ကြောင်းအရဆိုလျှင် ခြုံခိုတိုက်ခိုက်ခံရချိန်တွင် ပိုင်ယောင်သည် အစက လူတို့ကိုအပါ ခေါ်ခဲ့သည်။ သို့သော်လည်း ပိုပြင်းထန်စွာ ကြားဖြတ်တိုက်ခိုက်ခံရသည်။ ပိုင်ယောင်အား သစ္စာဖောက်သည့်သူရှိ၍ သူဘယ်ရောက်ဘာလုပ်နေသလဲကို သတင်းပေး၍ ပေါက်ကြားနေသည်။ ထို့ကြောင့် ခြုံခိုတိုက်ခိုက်သည့်သူများက တက်နိုင်စွမ်းရှိနေခြင်းပင်။ သူတို့က စိတ်ဆုံးဖြတ်ပြီးသား ဖြစ်လေရာ ပိုင်ယောင်ကို သတ်မှဖြစ်လိမ့်မည်။

မဟုတ်လျှင် ပိုင်ယောင်၏ အရည်အချင်းဖြင့် ဒီလိုဆိုးဝါးသည့် အခြေအနေမျိုးရောက်အောင် တိုက်ခိုက်ခံရမည်နည်း။ ကင်းထောက်စစ်သားတို့ သတ်ခံရရုံတင်မက အချို့ဆိုလျှင် ဒဏ်ရာပြင်းထန်စွာရ၍ ထွက်ပြေးရုံသာ တက်နိုင်တော့သည်။

ရှေ့တန်းက မြင်းခွာသံတို့နှင့် မောဟိုက်နေသည့်အသံတို့က နီးသထက် နီးလာရာ ရှလျန်၏ နေရာနှင့် ပို၍နီးကပ်လာပြီ။

“စစ်သူကြီး နောက်ကရန်သူတွေက မီပါတော့မယ်။ အရင်ထွက်သွားပါတော့! ကျွန်တော် ကျန်တဲ့သူတွေနဲ့ အချိန်ဆွဲထားပေးပါ့မယ်”
ပိုင်ယောင်၏ လက်ရုံးဖြစ်သည့် ဆွန်ချင်က စိုးရိမ်တကြီး အော်ပြောသည်။

ပိုင်ယောင်သည် သူ့လက်ရုံးကိုတစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ မြင်းခေါင်းကိုလှည့်၍ လက်ထဲတွင် လှံကိုကိုင်ထားကာ နောက်ကရန်သူတို့ဖြင့် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်။ သူ့ဘဝတွင် ဘယ်လိုကြပ်တည်းသည့် အခြေအနေကိုပဲ ရောက်နေပါစေ သူ့စစ်သားတို့ကို ချန်ထားခဲ့၍ တစ်ယောက်တည်း ထွက်ပြေးမှာ မဟုတ်ပါ။ ထို့ကြောင့် အခုအချိန်တွင် သူကပြေးမည့်အစား လှည့်၍တိုက်ခိုက်ဖို့ လုပ်ခြင်းက အကောင်းဆုံး ခုခံမှုပင်။

“စစ်သူကြီး တစ်ဖက်ကလူများပါတယ်! ကျွန်တော်တို့ မတိုက်ခိုက်နိုင်ပါဘူး! စစ်သူကြီးက အနောက်တရုတ်ပြည်ရဲ့ နတ်ဘုရား။ တိုင်းပြည်ရဲ့ ထောက်တိုင်ပါ။ အသတ်ခံရရင် အကျိုးဆက်က. . .”
ဆွန်ချန်၏ အသံမှာ ပို၍လေးလာသည်။
“စစ်သူကြီးကို ထွက်သွားဖို့ တောင်းဆိုပါတယ်”

“စစ်သူကြီးကို ထွက်သွားဖို့ တောင်းဆိုပါတယ်!”
ကျန်သည့်စစ်သားတို့ကလည်း တစ်သံတည်း အော်ဟစ်ကြသည်။ သူတို့ကြည်ညိုလေးစားမှုတို့က မဆုံးနိုင်အောင်ဖြစ်၍ စစ်သူကြီးသာ အသက်ရှင်မည်ဆိုလျှင် သူတို့က စတေးဖို့ လိုလားကြသည်။

“ဒီစစ်သူကြီးက မထွက်ပြေးနိုင်ဘူး!”   ပိုင်ယောင်က ပြတ်သားစွာ ပြောသည်။   “စစ်သားတို့ အမိန့်နာခံကြ။ သူတို့ကို သတ်ကြ!”

ခိုင်မာသည့်လေသံထဲတွင် သတ်ဖြတ်ချင်စိတ်တို့က ပြင်းထန်နေသည်။ ထိုအသံက လူတို့၏ နှလုံးသွေးကို နှိုးဆွလိုက်သလိုပင်။

“ဟေး!”   ရှရန်သည် အမိန့်ရသည်နှင့် သူ့ပင်ပန်းနေသည့်ကိုယ်မှာ ချက်ချင်းအားအင်တို့ပြည့်ဝသွား၍ လက်ထဲက ဓားကိုတင်းတင်းဆုပ်ကိုင်ကာ ရန်သူတို့အား ညှာတာခြင်းမရှိ ထိုးစိုက်သတ်ဖြတ်သည်။

သေဖို့ဆုံးဖြတ်ချက်က သူ့ညီမလေးကို နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့သည့်  ဝမ်းနည်းမှုတို့ဖြင့်ဖြစ်နေသော်လည်း ရှရန်သည် ဂရုမစိုက်နိုင်တော့သလို မခုခံတော့ဘဲ လက်ထဲက ဓားဖြင့် ရန်သူ့မြင်း၏ ခြေထောက်တို့ကို ခုတ်ပိုင်းပစ်သည်။ မြင်းက နာကျင်စွာ အော်မြည်၍ ခြေထောက်ကျိုးသွားကာ မြေပြင်ပေါ်လဲကျသည်။ မြင်းပေါ်က ရန်သူလည်း ကျလာရာ အခြားသူများက သတ်ဖြတ်လိုက်ကြသည်။

သို့သော် သေရေးရှင်ရေးကြုံရသည့် ရှရန်သည် မခုခံဘဲ တိုက်စစ်သာ ဖွင့်နေလေရာ အခြားရန်သူက အခွင့်ရေးကိုအသုံးချ၍ သူ့နောက်ကျောကို ဓားဖြင့်ခုတ်ဖို့လုပ်သည်!

‘ငါတော့ပြီးပြီ! သေတော့မယ်!’
ရှရန်က တွေးမိသည်။
‘ငါ့ညီမကို ကတိပေးထားခဲ့တယ်။ ငါပြန်လာရင် သူ့အကြိုက်ဆုံးမုန့် ဝယ်ကျွေးမယ်လို့ . . .’
သို့သော်လည်း မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာပါ!

“ချွင် ချွင်!”   ရန်သူ၏ဓားကို လှံထိသွားသည့်အသံက ထွက်လာသည်။

ရှရန်က မျက်လုံးဖွင့်ကြည့်ရာ  ပိုင်ယောင်၏ လှံရှည်သည် သူ့ကျောနောက်ကိုဖြတ်၍ ရန်သူကို ထိုးစိုက်သွားသည်!

“ကျေးဇူးတင်ပါတယ် စစ်သူကြီး!”   ရှရန်၏ မျက်လုံးသည် နီရဲလာ၍ စိတ်လှုပ်ရှားလာသည်။   ‘ဘုရားရေ! ငါ့ကိုကယ်တဲ့သူက စစ်သူကြီးပဲ!’

ပိုင်ယောင်သည် ရှရန်ကို တစ်ချက်သာစောင်းကြည့်၍ ရန်သူတွေကို ဆက်သတ်ဖြတ်ရာ ရှရန်သည် ချောမောသည့် မျက်နှာကိုသာ ငေးကြည့်နေမိသည်။ ရှရန်သည် အံကြိတ်လိုက်ကာ သူ့နွမ်းနယ်နေသည့်ကိုယ်က ချက်ချင်းအားပြည့်သွားပြန်၍ ဓားကိုမြှောက်၍ ရန်သူတို့ကိုသတ်ဖို့ ရူးသွပ်စွာ ပြေးဝင်သည်။

သို့သော်လည်း ရန်သူက အရမ်းများလေရာ ကြမ်းတမ်းသည့် စစ်သားများ ဖြစ်သော်လည်း သူတို့အတွင်းအားက အကန့်အသတ်ရှိလေသည်။ တိုက်ခိုက်မှု အချိန်ခနကြာသည့်အခါ လူတစ်ဒါဇင်ခန့်သာရှိတော့သည်။

ပိုင်ယောင်သည် လှံရှည်ကိုကိုင်၍ မောပန်းလာသည်။ ကာကွယ်မည့် စစ်သည်မရှိတော့သဖြင့် သူ့မျက်လုံးတို့က အကြံတစ်ခုကိုပြောင်းလိုက်ရာ ချက်ချင်းလက်သွားသည်။

“အကုန်လုံး အင်အားသုံးပြီး နောက်ဆုတ်ကြ! တောင်တန်းတစ်ထောင်ကိုဝင်ကြ။ လူခွဲပြီးပြေးကြတော့!”
ပိုင်ယောင်က ဒီဆုံးဖြတ်ချက်ချခြင်းမှာ လက်ရှိလူဦးရေသည် ရှင်သန်ဖို့ အခွင့်အရေးများ၍ ဖြစ်သည်။

“စစ်သူကြီး ကျွန်တော်တို့ မခွဲချင်ပါဘူး!”
ဆွန်ချင်သည် ပိုင်ယောင်၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် အော်ပြောသည်။

“အမိန့်ကို နာခံကြ!”
သူ့အသံနိမ့်နိမ့်တွင် အာဏာသံက အပြည့်ဖြစ်သည်။

သူ့အမိန့်ကြောင့် လက်ရုံးဆွန်ချင်းသည် မငြင်းနိုင်တော့ဘဲ နာခံရသည်။ သို့သော်လည်း ပိုင်ယောင်သည် ဒီလုပ်ကြံသူတို့၏ ရူးသွပ်မှုကို လျှော့တွက်မိသည်။ သူတို့က အကွာအဝေးတစ်ခုက လူတို့နောက်ကို ခွဲလိုက်ကြသည်။

ထိုအချိန်တွင် သူတို့က ရှလျန်ရှိရာ တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာကြပြီ။ ရှလျန်သည် အသက်ရှင်နေသေးသည့် ရှရန်ကိုကြည့်၍ စိတ်သက်သာသွားသည်။ သို့သော် ချက်ချင်းမထဘဲ သူမ၏အနားကကြိုးတို့ကို ဆွဲကိုင်ထားကာ အနောက်က ရန်သူတို့ကို စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ရန်သူတို့မှာ ဓားကိုမြှောက်၍ သူတို့ကိုသတ်ဖို့ တက်ကြွလာသည်။
“သူတို့မှာ အားမရှိတော့ဘူး! ပိုင်ယောင်ကိုသတ်ကြ!”

ထို့နောက် သူတို့သည် ရှေ့တန်းသို့ပြေးကြသော်လည်း မြင်းတို့ဖြတ်ပြေးသည့် မြေပြင်သည် ရုတ်တရပ်ဆိုသလို ပြိုကျသွားသည်! မြင်းပေါ်ကလူတို့သည် လွင့်ထွက်ကုန်ကာ အော်ဟစ်ကုန်ကြသည်။

အရှေ့တွင်ပြေးနေကြသည့် ရှရန်တို့သည် ဒါကိုကြား၍ လှည့်ကြည့်သည့်အခါ ကျွင်းထဲသို့ ရန်သူတို့ ပြုတ်ကျကုန်သည်ကို မြင်ရသည်။ ငါတို့ကို နတ်ဘုရားက ကူညီပြီလား?

Previous Chapter 5 of 22 Next