May Honey Logo May Honey
Previous Next

အပိုင်း (၁၉)

ရှလျန်သည် ကျောက်စိမ်းကိုကိုင်ထားသဖြင့် စုမေ့က သူမကို ရန်လိုစွာကြည့်၍ ပြန်ပေးရန် ခြိမ်းခြောက်သည်။ 

“ဘုန်း!”   ထို့နောက် တံခါးက ရုတ်တရပ်ပွင့်လာသည်။

ထို့နောက် ရှလျန်မတုန့်ပြန်နိုင်ခင် သူမအား နွေးထွေးစွာပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။

“လျန် အဆင်ပြေလား?”   ပိုင်ယောင်သည် ကြမ်းပြင်ပေါ်က ဝတ်စုံနက်ဖြင့်လူကို တစ်ချက်ကြည့်ကာ စိုးရိမ်တကြီးမေးသည်။

“အဆင်ပြေပါတယ်”   ရှလျန်က သူ့ကိုမျက်မှောင်ကျုံ့၍ မော့ကြည့်လိုက်ပြီနော့ အေးစက်စွာ ပြောဖို့လုပ်သည်။   “စုမေ့က . . .”

“စစ်သူကြီး စစ်သူကြီး အစေခံကို ကယ်ပါဦး! ရှသခင်မလေးက တကယ်တော့ အရှေ့ပိုင်းတိုင်းပြည်က မင်းသမီးပါ။ အစေက လျို့ဝှက်ချက်ကိုသိသွားလို့ ဝတ်ရုံနက်နဲ့လူကိုခေါ်ပြီး အစေခံကို သတ်ခိုင်းတာပါ! အာ. . . စစ်သူကြီး သခင်မလေးက စစ်သူကြီးကိုသတ်ဖို့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတာလို့လည်း ပြောပါတယ်။ စစ်သူကြီးကို အရင်ကကယ်တာက ယုံကြည်မှုရဖို့တဲ့။ ပြီးရင် မကောင်းတဲ့အစီအစဉ်အတွက် အသုံးချမှာပါ!”

“စစ်သူကြီး အစေခံကိုမယုံကြည်ရင် သခင်မလေးကိုင်ထားတဲ့ ကျောက်စိမ်းပြားကို ကြည့်လိုက်ပါ။ အဲ့ဒီကျောက်စိမ်းမှာ အရှေ့ပိုင်းတိုင်းပြည်ရဲ့ တော်ဝင်မိသားစုပစ္စည်းပါ။ တော်ဝင်တံဆိပ်ကို ထွင်းထုထားပါတယ်။ အစေခံက ကျောက်စိမ်းကို တွေ့သွားလို့ သခင်မလေးက သတ်ဖို့လုပ်တာပါ! စစ်သူကြီး အစေခံကို ကယ်ပါဦး!”   စုမေ့က မျက်ရည်များ တလက်လက်ဖြင့် ငိုပြီးရင်းငိုကာပြောနေသည်မှာ မိုးရေရွှဲနေသည့် မက်မွန်ပန်းလေးလို သနားဖို့ကောင်းလှသည်!

ရှလျန်၏မျက်လုံးတို့က အေးစက်သွားကာ လက်ထဲက ကျောက်စိမ်းကိုကြည့်သည်။ ဒီမိန်းမက သူမကို အရှေ့ပိုင်းတိုင်းပြည်က မင်းသမီးအနေဖြင့် ချောက်တွန်းရန် ကျောက်စိမ်းပြားကိုတောင် တကယ် အသုံးချခဲ့သည်။ ပိုင်ယောင်သာ သူမကို ယုံကြည်သွားလျှင်. . . ပြဿနာတော့များပြီ!

တာဝန်၏ ကန့်သတ်ချက်များကြောင့် သူမသည် ကိုယ်တိုင်သတ်ပစ်၍လည်း မရပေ။ သူမသည် ဇာတ်လမ်းထဲက ဇာတ်ကောင်တို့ကို လွှမ်းမိုး၍ သတ်ဖြတ်ရန်သာ လုပ်နိုင်သည်။ မဟုတ်လျှင် သူမသည် ဒီလောက် အလုပ်ရှုပ်ခံနေမှာ မဟုတ်ပေ!

ပိုင်ယောင်သည် ထိတ်လန့်မသွားသလို သူ့မျက်လုံးထဲတွင် ထက်မြက်မှုတို့ရှိနေသည်။ သူသည် ရှလျန်၏လက်ကိုငုံ့ကြည့်၍ သူ့လက်ကိုဆန့်ကာ ရှလျန်အား ကျောက်စိမ်းပြားကိုပြဖို့ တောင်းလိုက်သည်။

“ကျောက်စိမ်းပြားက စုမေ့ဟာပါ!”   ရှလျန်က သူ့ကိုပေးကာ သူ့မျက်လုံးကိုစိုက်ကြည့်၍ တည်ငြိမ်စွာပြောသည်။   “ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ! စစ်သူကြီးကို ထိခိုက်အောင် မလုပ်ပါဘူး! သူ့စကားတွေက မယုံကြည်ရပါဘူး”

ပိုင်ယောင်၏ မျက်လုံးတို့က ရွှင်မြူးစိတ်တို့ဖြင့် ဖြတ်ပြေးသွားသည်။ သို့သော်လည်း အမှုအယာက လေးလံနေသလိုဖြင့် ကျောက်စိမ်းပြားကိုကြည့်ကာ ခေါင်းငြိမ့်၍ဖြေသည်။   “ဟုတ်တယ်! တကယ့်ကို အရှေ့ပိုင်းတိုင်းပြည်ကဟာပဲ”

စုမေ့သည် ဒါကိုကြားသည့်အခါ မပျော်ဘဲ မနေနိုင်တော့ပေ။ သူမကို ပိုင်ယောင်က ယုံကြည်ပြီဟု ထင်လိုက်ကာ အမြန်ပြောသည်။   “စစ်သူကြီး! အဲ့ဒီရှလျန်က သရုပ်မှန်ကိုဖုံးပြီးတော့ စစ်သူကြီးနားကို မကောင်းတဲ့အကြံနဲ့ ချဉ်းကပ်တာပါ။ ဒါပင်မယ့် အစေခံက အချိန်မီ သိလိုက်ရပါတယ်! ကျေးဇူးပြုပြီး သူ့ကိုလွှတ်မပေးပါနဲ့။ သူက စစ်သူကြီးကို ထိခိုက်အောင် လုပ်ပါလိမ့်မယ်!”

ပိုင်ယောင်သည် ကျောက်စိမ်းပြားကို ကစားရင်းရယ်၍ ရှလျန်ဘေးကနေထွက်လာ၍ စုမေ့ထံသို့သွားကာ လည်ပင်းကိုညှစ်၍ မလိုက်သည်!

“ဒီစစ်သူကြီးကို အရူးထင်နေလား?”

“အဟွတ်. . .စစ်သူကြီး. . . စစ်သူကြီး”   စုမေ့သည် ကြောက်လန့်တကြား မျက်လုံးဖွင့်လိုက်သည်။ သူမက လည်ပင်းညှစ်ခံရသဖြင့် အသက်ဝဝ မရှုနိုင်ကာ မျက်နှာက ခရမ်းနီရေင် ပြောင်းလာ၍ မျက်လုံးတို့လန်သွားပြီး နာကျင်နေရပြီ!

“ဟမ့်!”   ပိုင်ယောင်က အထင်သေးစွာနှာခေါင်းရှုံ့၍ ပြောသည်။   “အရှေ့ပိုင်းတိုင်းပြည်က မင်းသမီးဖြစ်တော့ရော ဘာအရေးလဲ? ဒီစစ်သူကြီးက သူ့သရုပ်မှန်ကို ဂရုစိုက်မယ့်လူမလို့လား?”   စကားပြောရင်းဖြင့် ပိုင်ယောင်သည် စုမေ့အား ကြိုးပြတ်သွားသည့် ရုပ်သေးရုပ်ကဲ့သို့ ထောင့်ကို ပစ်ချလိုက်သည်!

“လာကြစမ်း!”   ပိုင်ယောင်စကားဆုံးသည်နှင့် အစောင့်အချို့က တံခါးကနေ ဝင်လာကြသည်။

“ဒီမိန်းမကိုဖမ်းကြ။ ကြမ်းကြမ်းတမ်းတမ်း နှိပ်ဆက်ပြီး အသေးစိတ်မေး”   ပိုင်ယောင်က အမိန့်ပေးသည်။

“ဟုတ်ကဲ့!”   အစောင့်တို့က ကတိပေး၍ စုမေ့ကိုဖမ်းဖို့ အရှေ့သို့အမြန်တက်လာကြသည်။

“ငါ့ကိုမဖမ်းနဲ့! လူမှားနေပြီ! သူကမှ မင်းသမီး! ငါ့ကိုလွှတ်! ငါ့ကိုလွှတ်ကြစမ်း!”   စုမေ့က အော်ဟစ်သည်။

ထိုအချိန်တွင် ၉၉၅၇က ပြောလာသည်။   “လျန် ဂုဏ်ယူပါတယ်။ တာဝန်က 80% ပြီးသွားပြီ!"

ရှလျန်က သက်ပြင်းချ၍ ပိုင်ယောင်က သူမထံသို့ လျှောက်လာသည်ကိုကြည့်ရင်း အလေးအနက်ဖြင့် ပြောသည်။   “ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပိုင်ယောင်က လက်ကိုမြှောက်၍ သူမ၏မျက်နှာကို ပွတ်သပ်ကာ ချစ်ခြင်းအပြည့်ဖြင့် ပြောသည်။   “ရှလျန် ကိုယ်အတည်ပြောတာ! ကိုယ်နဲ့အတူရှိနေသ၍ မင်းရဲ့သရုပ်မှန်က ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး”
Previous Chapter 19 of 22 Next