အပိုင်း (၆)
ရှရန်တို့ကို မပြောနှင့်။ ကျွင်းထဲက ရန်သူတို့တောင် ကြောင်အကုန်ကြသည်! မြေကြီးမာမာကြီးက ဘယ်လိုလုပ်ကျွံကျသွားတာလဲ? သေသွားတဲ့ရန်သူတွေက အစွမ်းနဲ့ ငါတို့ကို ကျွင်းထဲကျအောင် လုပ်လိုက်တာလား? ပိုင်ယောင်တို့ဖြတ်တုန်းက အကောင်းကြီးမလား? ပိုင်ယောင်ကိုကယ်ဖို့ တတိယအဖွဲ့က ရောက်လာတာလား?
ဒါကိုတွေးမိသည့်အခါ သတ်ဖြတ်၍ အော်ဟစ်နေသည့် လေထုကြီးက ရပ်တန့်သွားသည်! သံသယတို့သာ ရှိတော့သည်။ ရန်သူတပ်ဖွဲ့တို့သည် ကြောက်၍ တစ်ကိုယ်လုံးအမွေးများ ထောင်ကုန်သည်။ သူတို့မျက်လု့းထဲတွင် အကြောက်တရားတို့ဖြင့် သတိအပြည့်ဖြစ်နေသည်!
ထို့အတူ ရှရန်တို့သည်လည်း ဖြစ်နိုင်ချေကိုတွေးမိကာ ပတ်ဝန်းကျင်ကို ကြည့်ကြသည်။ အသက်ရှင်သန်ဖို့ မျှော်လင့်ချက်တို့ဖြင့် မျက်လုံးတို့က တောက်ပလာသည်! သို့သော်လည်း ပုံမှန် မြက်ခင်းတွင် လေတို့က တိုက်ခတ်နေ၍ မြင်းတို့နှာမှုတ်သံ မြင်းခွာသံတို့အပြင် အကုန်လုံးက ပုံမှန်ပင်!
ခနတိတ်ဆိတ်သွားပြီးနောက် မြေကြီးပေါ်လဲကျသွားသည့်လူသည် ဒေါသတကြီး ဆူပူသည်။
“တိုက်ဆိုင်မှုပဲကွ! ဘာလုပ်နေကြတာလဲ? ပိုင်ယောင်ကို အမြန်သွားသတ်ကြ!”
“ဟုတ်ကဲ့!”
သူ့တပ်ဖွဲ့တို့က အော်ဟစ်ကြသည်။ မြင်းပေါ်ပြေးတက်၍ ဓားတို့ကိုကိုင်ကာ ပိုင်ယောင်တို့ထံ ထပ်ပြေးတိုက်ကြသည်။
“ပြေး!”
‘တပ်ကူ’အရိပ်အယောင်မတွေ့သဖြင့် ရှရန်တို့သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ရန်သူသတ်မည်ကို ရပ်စောင့်နေရသည့်အထိတော့ မတုံးကြသေးပါ။ သူတို့အနောက်ကို မြင်းဖြင့်လိုက်လာကြသည့်အခါ ပိုင်ယောင်ကို ကာကွယ်ရင်း အရှေ့သို့ ပြေးကြရသည်။
သို့သော်လည်း မီတာတစ်ရာခန့်အကွာရသည့်အခါ သူတို့အသံထပ်ကြားရပြန်သည်။
“ဘုန်း!”
ဆူညံ့သည့်အသံကြောင့် မြင်းတို့သည် ရှေ့ခြေကိုမြှောက်ကြ၍ ရပ်ကြသည်။
ဘုန်း!
မြေကြီးက ပြင်းထန်စွာတုန်ရီ၍ မြေသားတို့က ပြိုကျလာသည်!
“အား!”
အနောက်တွင် လူတို့အော်သံနှင့်အတူ မြင်းတို့၏ ကြောက်လန့်တကြားအော်မြည်သံတို့ကိုပါ ကြားရသည်!
ပိုင်ယောင်တို့သည် သူတို့မြင်းတို့ကို တည်ငြိမ်အောင်လုပ်၍ အနောက်ကိုလှည့်ကြည့်ကြရာ. .
အနောက်ကမြင်ကွင်းကို မြင်သည်နှင့် အမြဲတည်ငြိမ်ကာ ခံစားချက်တို့ ထုတ်မပြခဲ့သည့် ပိုင်ယောင်တောင် မျက်ခုံးပင့်၍ အနည်းငယ် အံ့ဩသည့်ပုံ ပေါ်နေသည်!
လမ်းပေါ်တွင် ကျွင်းကြီးတစ်ကျွင်းက ပေါ်လာသည်။ ၂မီတာကျယ်သည်။ အနက်ကိုတော့ မြင်နိုင်ပါသည်။ အနောက်က ရန်သူတို့ထဲက တစ်ဝက်သည် ကျွင်းထဲကျ၍ ကံကောင်းသည့်သူတို့နှင့် သူတို့ကြားတွင် အကွာအဝေးတစ်ခုခြားနေသည်!
သို့သော်လည်း မြင်းတို့က ကြောက်လွန်း၍ မလှုပ်နိုင်လေရာ ရန်သူတို့မှာ ကြာပွတ်စာပေးလည်း မရပေ။ သူတို့ကို ဘယ်လိုကြည့်ကြည့် သူတို့အစီအစဉ်က ပျက်နေပုံပင်!
“စစ်သူကြီး ဒါက. . .”
အရှေ့က မြင်ကွင်းကြောင့် ဆွန်ချင်းသည် ကြောင်အနေသည်။ စကားတောင် မပြောနိုင်တော့ပါ! နတ်ဘုရားက ကူညီနေတာမလား? မဟုတ်ရင် ရန်သူတွေက ရုတ်တရပ်ကြီး ဒုက္ခရောက်ပြီး ငါတို့က လွတ်နေမှာလဲ?
“စစ်သူကြီးက ကောင်းလွန်းလို့ နတ်ဘုရားတွေတောင်မှ ကူညီနေကြပြီ!”
“ဟုတ်တယ်။ ကြည့်စမ်း! တစ်ဖက်က ရန်သူတွေ ကြောက်နေပြီ!”
“ဟား ဟား ဟား! လောင်ဇူက သေတော့မယ်ထင်တာ။ ဒီလိုမျိုးနဲ့ ကြုံရသေးတယ်လား? ကောင်းကင်က ငါတို့ကို ကြည့်နေတုန်းပဲ!”
ပိုင်ယောင်၏နောက်ကလူတို့သည် ပျော်နေကြသည်။ စိတ်လှုပ်ရှားလွန်း၍ သူတို့က ဘာမဆိုပြောရဲဆိုရဲပင်။ သို့သော်လည်း သူတို့အမြင်အရ ဒီလောက်ကျွင်းကြီးမှာ လူသားတို့ လုပ်နိုင်သည့်အရာ မဟုတ်ပါ! ထို့ကြောင့် မရှင်းပြနိုင်ရာ ထူးခြားသည်ဟုသာ လက်ခံလိုက်ကြသည်!
“စစ်သူကြီး သွားရအောင်!”
စိတ်လှုပ်ရှားနေသည့် လက်ရုံးက ပိုင်ယောင်ကို သွားဖို့နှိုးဆော်သည်။
လုံခြုံနေခြင်း မဟုတ်သော်လည်း ရန်သူစစ်တပ်က အချိန်မရွေး ထပ်ပေါ်လာနိုင်သည်!
ပိုင်ယောင်သည် သူ့ကိုအာရုံမထားဘဲ အတွင်းအားကို ထိန်းညှိကာ ပတ်ဝန်းကျင်ကို ပတ်ကြည့်နေသည်! နောက်ဆုံးတော့ သူ့အကြည့်တို့က မြက်ခင်းပေါ် ရောက်သွားသည်။ သူဘာတွေးနေသလဲ ဘယ်သူမှ မသိနိုင်! ရုတ်တရပ် လှံကိုညာလက်ဖြင့် မြက်ခင်းထဲကို ပစ်လိုက်သည်။
ချွင်!
လှံတံက သံထည်တစ်ခုကိုထိမိသံပေါ်လာ၍ ပိန်သွယ်သည့်တစ်ယောက်က မြက်ခင်းထဲက ခုန်ထွက်လာသည်!
ပိုင်ယောင်သည် ထိုလူကို မျက်ခုံးကျုံ့၍ ကြည့်နေသော်လည်း မမျှော်လင့်စွာ ထိုလူ၏ မျက်လုံးတို့မှာ ရေလိုကြည်လင်နေသည်။ ထိုမျက်လုံးတို့က ကြည်လင်သော်လည်း အချစ်မရှိ၊ ဝမ်းနည်းခြင်းမရှိစွာ အေးစက်၍ ဖြူစင်ကြည်လင်နေသည်။ စိမ့်စမ်းရေအတိုင်း နှလုံးသားကို ဆေးကြောနိုင်သော်လည်း အေးစက်၍ ကိုက်ခဲနိုင်သည်! ဒီလိုမျက်လုံးမျိုးကို ကြည့်မိပါက ဘယ်တော့မှ မမေ့နိုင်! သို့သော်လည်း ထိုမျက်ဝန်းပိုင်ရှင်သည် မျက်တောင်ခတ်လိုက်၍ မြူခိုးတစ်ခုက ဖုံးအုပ်သွားသလိုမျိုး ဘာကိုမှ ခန့်မှန်း၍မရနိုင်အောင် ဖုံးအုပ်ထားသည်။
ပိုင်ယောင်၏ မျက်လုံးတို့က လက်သွားကာ မေးသည်။
“မင်းဘယ်သူလဲ?”
“တပ်ဖွဲ့ထဲက ရှရန်ရဲ့ ညီမလေး ရှလျန်ပါ။ အစ်ကိုကြီးနဲ့ ရှင့်ကို ကယ်တင်ဖို့ ရောက်လာတာပါ”
ရှလျန်သည် မြေပြင်မှထ၍ ပြောသည်။ သူမသည် အာရုံနည်းနည်းနောက်သွားသဖြင့် လေသံကို သတိမထားမိပါ။ သူမသည် စစ်သူကြီးကို မလေးစားသလို ရူးသွပ်နေသည့် ကြည်ညိုမှုလည်း မရှိပါ!
ဒီလိုမိန်းမမျိုးသည် ပိုင်ယောင်အတွက် သံသယဝင်စရာကောင်း၍ မယုံကြည်နိုင်!
သို့သော်လည်း ရှလျန်က တစ်ခုတွေးနေသည်။ ဒီလိုမျိုး ပေါ်ထွက်လာဖို့က သူမ၏ အစီအစဉ် ဟုတ်မနေပါ။ ပိုင်ယောင်ကို ထိတ်လန့်၍ ပိုအထင်ကြီးစေမည့် အစီအစဉ်က ရှိနေ၍ သူနှင့်အတူ ရှိနေရမှာဖြစ်သည်! သို့သော်လည်း သူမက ပိုင်ယောင်၏ ထက်မြက်သည့် အမြင်အာရုံကို မှားယွင်းသုံးသပ်မိသည်။ အပုန်းကောင်းပြီ ထင်ထားသော်လည်း သိသွားမည်ဟု မတွေးခဲ့မိပါ! သို့သော်လည်း ကိစ္စတို့က ဒီလိုဖြစ်လာမှတော့ လက်ခံရတော့မည်။
၉၉၅၇က ပြောလာမှ သူမက စိတ်သက်သာသွားသည်။
“ပြီးစီးမှုနှုန်းက 8% ဖြစ်သွားပြီ”
ဒါသည် သူမက ပိုင်ယောင်နှင့် နီးကပ်၍ အောင်မြင်သည့် သဘောပင်!
ပိုင်ယောင်သည် သူမကို သိချင်စိတ်၊ သံသယနှင့် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ကြည့်နေသည်!
ထို့အတူ ရှလျန်ကလည်း သတ်ဖြတ်ချင်စိတ်ကို ခံစားမိတာတောင်မှ သူ့အကြည့်ကို မရှောင်ဘဲ ပြန်ကြည့်နေသည်။ သူမ၏မျက်နှာထက်တွင် မသက်မသာမရှိသလို အေးစက်၍ တည်ငြိမ်နေသည်။
“စစ်သူကြီး ကျွန်မက ရှင့်အတွက် အန္တရာယ်မရှိပါဘူး! ဒီကမ္ဘာပေါ်က လူတိုင်းထက် ရှင့်ဘဝနဲ့ ပျော်ရွှင်မှုကို ပိုဂရုစိုက်တဲ့သူပါ”
၉၉၅၇ , “…”
ဟယ် ငါ့လူက ဒီလိုတီတီတာတာစကားတွေကို သိနေတာပဲဟ!
ပိုင်ယောင်, “…”
သူ့ဘဝကို ပြောခြင်းဆိုလျှင် နားလည်နိုင်သည်! သို့သော်လည်း သူ့ပျော်ရွှင်မှုက ဘာဖြစ်လို့ ပါလာရသနည်း?
ပိုင်ယောင်၏ မျက်လုံးကလက်သွားသည်။ ဒါက ပထမဆုံးအကြိမ်ပင်။ သူ့အရှေ့ကလူက သူ့ပျော်ရွှင်မှုကို ဂရုစိုက်နေသည်! သူမက ပိန်ပိန်ရှည်ရှည်နှင့် ကြည့်ပျော်ရှုပျော်ရှိသည့် အမျိုးသမီး အစောင့်တစ်ယောက်သာ။ သို့သော်လည်း သူမက ဒီစကားကိုပြောချိန်တွင် မျက်လု့းတို့က လုံးဝ ကြည်လင်နေ၍ သူမ၏လေသံက စိတ်ရင်းမှန်လွန်းသည်!
ကြည်လင်လွန်း၍ သူမ၏စိတ်ထဲကို ဝင်ကြည့်ချင်မိသွားသည်။ သူမက စိတ်ရင်းဖြင့် ပြောနေမှတော့ ဒါက အလိမ်အညာမဖြစ်နိုင်! သူ့ရင်ထဲတွင် မီးတစ်စက တောက်လောင်သွားသည်။ သူ့ရင်ထဲတွင် နွေးထွေးနေသည်!
“ညီမ. . . ညီမလေး! ဘုရား! နင်ဒီမှာ ဘာလုပ်နေတာလဲ?”
ရှရန်၏ အလန့်တကြားအသံက လူနှစ်ယောက်ကြားတွင် မမြင်ရသည့် ထိပ်တိုက်ရင်ဆိုင်နေမှုကို ဖြတ်လိုက်၍ သူတို့ကြားတွင် လေပြေတစ်ခုက တိုက်ခတ်လာသည်!