May Honey Logo May Honey
Previous Next

၁၀၀။ ရေထဲမှာ

မော့ဟန်မှာ မျက်နှာကို ချက်ချင်းလွှဲသွားသည်။
“ရှုချင်းရီ! ကိုယ့်အပြုအမူတွေကိုယ် ကျေးဇူးပြုပြီး သတိထားစမ်း!”

မော့ဟန်က ဆက်ပြောသည်။
“အိပ်ရာကနေ ထတော့။ ကျောင်းသွားစရာ မလိုဘူးလား? ဒီနေ့ ကျောင်းကို လိုက်မပို့တော့ဘူး။ တော်ကြာရင် အလုပ်သွားရတော့မှာ”

ဒီလိုပြောပြီးသည်နှင့် မော့ဟန်မှာ ရှုချင်းရီ၏ အခန်းထဲကနေ ချက်ချင်းထွက်သွားသည်။ ရှုချင်းရီကတော့ မော့ဟန်ကိုကြည့်ကာ ရယ်နေလေရဲ့။

ရှုချင်းရီမှာလည်း ဒီရက်ပိုင်း အလုပ်များနေသည်။ မေဂျာပြောင်းစာမေးပွဲဖြေဖို့အတွက် သိပ်မလိုတော့ပါ။ သူမမှာ ဒီသင်ရိုးများကို နားလည်အောင် အချိန်များများပေးကာ လေ့လာနေရသည်။ သူမတွင် သီအိုပိုင်းဆိုင်ရာ အတွေးအခေါ်ကောင်းသော်လည်း ထိုအရာများကို ခေါင်းထဲသို့ထည့်ရန် စာလုပ်ဖို့တော့ လိုအပ်သေးသည်လေ။ ထို့ကြောင့် ဒီရက်ပိုင်းတွင် ကျောင်းစောစောသွားကာ စာကြည့်တိုက်တွင် သူမအချိန်ဖြုန်းနေမိခြင်း ဖြစ်သည်။ သူမဟာ ပြန်ပေးဆွဲမှုလိုက်နေသည့် ကျန်းယန်က အမှုကို သုံးသပ်ပေးဖို့ ပြောနေခြင်းကိုတောင် ငြင်းလွှတ်ခဲ့သည့်အထိ စာကြိုးစားနေလေပြီ။

အလျှော့မပေးနိုင်သည့် ကျန်းယန်ကတော့ သူမအား ကျောင်းအထိ လာရှာပြန်သည်။ သူမစာလုပ်နေချိန် သူမ၏အနားတွင် ကျန်းယန်က လာထိုင်နေတက်သည်မှာ ပုံစံတစ်ခုလို ဖြစ်နေသည်။ သူမခနနားသည့်အချိန်မျိုးတွင် ကျန်းယန်က အချက်အလက်များအား အတင်းထိုးပေးကာ သူမအား ကြည့်ခိုင်းတက်သည်။

ရှုချင်းရီကတော့ ဒီရဲဖြင့် ဝေးနိုင်သမျှဝေးဝေးနေရမည်ဟု တွေးနေမိသည်။ ကံကောင်းသည် တစ်ခုကတော့ ကျန်းယန်သည် သူမသိတာ ရှိမှသာ သူမ၏အကူအညီကို တောင်းခံခြင်း ဖြစ်ကာ ကျန်သည့်အချိန်များတွင်တော့ သူမအား မရှိသည့် လူတစ်ယောက်လို အဆက်အသွယ်မလုပ်တက်ခြင်းပင်။ ထိုအရာက ရှုချင်းရီအတွက် အနည်းငယ် လွယ်ကူစေသည်။ သူမက ရဲများနှင့် အဆက်အဆံ မလုပ်ချင်သူ ဖြစ်သည်လေ။

သူမဟာ ဘာကြောင့်မှန်းမသိ ရဲဝတ်စုံဝတ်ထားသည့် လူမြင်တိုင်း မနှစ်သက်သလို ခံစားနေရမှန်း နားမလည်နိုင်ပေ။ သူမခံစားရသည်မှာ အကြောက်တရား မဟုတ်သော်လည်း ဝေးဝေးနေသင့်သည်ဆိုသည့် ခံစားချက်မျိုးသာ ဖြစ်သည်။

ရှုချင်းရီမှာ မေဂျာပြောင်း စာမေးပွဲ ဖြေပြီးကာမှ သူမကိုယ်သူမ စိတ်လျှော့ကာ သက်ပြင်းချနိုင်တော့သည်။ မော့ဟန်က သူမ၏အခြေအနေကို မေးသည့်အချိန်တွင်တော့ သူမကရင်ကော့ကာ ရင်ဘတ်အား ပုတ်ရင်းဖြင့်
“စိတ်မပူပါနဲ့! ညီမလေးရလာဒ်ကို စောင့်သာကြည့်လိုက်”

ရှုချင်းရီမှာ မော့ဟန်၏ရုံးသို့ ဟိုကိစ္စပြီးသွားသည့်နေ့ကစ၍ မသွားရဲတော့ပေ။ သူမမူးသည့်အချိန်တုန်းက ထိုလူများအား ဖက်နမ်းရန်လုပ်ခဲ့ကြောင်း ပြန်သိရသောကြောင့် သူမကသီးကအောင့် ဖြစ်ကာ ထိုလူများအား မျက်နှာမပြရဲလောက်အောင် ရှက်သွားခဲ့တာ ဖြစ်သည်။ ပိုဆိုးသည်မှာ အသေးစိတ်အား သူမလုံးဝမမှတ်မိခြင်းပင်။ မော့ဟန်ပြောပြလို့သာ သူမသိရခြင်းပင်။

သိပ်မကြာသေးသည့်ရက်ပိုင်းတုန်းက မော့ဟန်က အရက်ဝယ်လာကာ သူမ၏ခံနိုင်ရည်အား နောက်ကျရင်သိရန် စမ်းကြည့်ခိုင်းသေးသည်။ သူကမတော့ ဘယ်အခြေအနေမျိုးမှာမှ မသောက်နိုင်ပါ။ တစ်စုံတစ်ယောက်က သူမအား သောက်ကြရအောင်ဟု ပြောလာလျှင် အရက်နှင့်ဓာတ်မတည့်လို့ပါဟုသာပြောရင်း သူမငြင်းရတော့မည်။

ဘာဖြစ်လို့လဲဟုမေးသည့်အခါ မော့ဟန်က ပြန်မဖြေပါ။ တစ်ခါတစ်လေမှာ သူမဟာ မော့ဟန်၏ ဒီလိုအကျင့်စရိုက်မျိုးအား တကယ်စိတ်တိုမိသည်။ သို့သော်လည်း ကံဆိုးသည်မှာ ထိုလိုကိစ္စမျိုးတွင် သူမလည်း ဘာမှမလုပ်နိုင်ပေ။

မော့ဟန်မှာလည်း ဒီရက်ပိုင်းတွင် အလုပ်ရှုပ်နေသည်။ အမှန်ပြောပြရင် မော့ဟန်က နေ့တိုင်း အလုပ်ရှုပ်နေသည့်သူ ဖြစ်သည်လေ။ ဉပမာ ဒီနေ့လိုမျိုး ဖြစ်သည်။ စာမေးပွဲပြီးသည့်နောက် ရှုချင်းရီမှာ အတန်းစတက်နေရပြီ။ သူမကျောင်းက ပြန်ရောက်၍ ဇာတ်ကားကြည့်ကောင်းနေချိန်တွင် မော့ဟန်က ဖုန်းဆက်လာကာ စာရွက်စာတမ်းများအား တရားရုံးဘေးက ဟိုတယ်သို့ လာပို့ခိုင်းသည်။

ဟိုတယ်၏ နားနေခန်းတွင် အခြားကုမ္ပဏီတစ်ခု၏ ပူးပေါင်းရေးကိစ္စအသေးစိတ်အား သူဆွေးနွေးနေခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ဒုတိယရုံးချိန်းအတွက် အစည်းအဝေးလုပ်စရာလည်း ရှိသေးသည်။ ထို့နောက်တွင်မှ အရေးကြီးသည့် စာရွက်စာတမ်းများအား သူအိမ်တွင် မေ့ကျန်ခဲ့ကြောင်း သတိရလေသည်။

သူမေ့လာရသည့် အကြောင်းအရင်းမှာလည်း ရှုချင်းရီကြောင့်ပင်။ သူမက မအိပ်ခင်တွင် အလုပ်လုပ်နေသည့် သူ့အတွက် ကော်ဖီတစ်ခွက်ဖျော်ကာ လာချပေးသွားသည်။ သူက ကော်ဖီဖိတ်ကာ ထိုစာရွက်များကို စင်မှာစိုးရိမ်သည့်အတွက် စင်ပေါ်တွင် ချထားလိုက်သည်။ မနက်က သူအမြန်ထွက်လာသည့်အခါ ထိုစင်ပေါ်က စာရွက်စာတမ်းများကို မေ့သွားသည်။

ရှုချင်းရီက နာရီဝက်အတွင်း လာပို့ပေးမည်ဟု ဖြေသည်။ ထို့နောက် သူမမှာ TVကို ပိတ်ကာ စာရွက်စာတမ်းများကို သွားယူပြီး ကြုံရာအပေါ်ထပ်ကို ကောက်ဝတ်၍ ထွက်လာသည်။

ရှုချင်းရီက ဟိုတယ်အရှေ့သို့ ရောက်သည့်အခါ မော့ဟန်အား ရောက်ကြောင်း ဖုန်းလှမ်းဆက်သည်။ မော့ဟန်က ဖုန်းမကိုင်ဘဲ အစည်းအဝေးလုပ်နေတုန်းပဲဟု စာပြန်ပို့လာသည်။ ထို့ကြောင့် သူမမှာ သူတို့အစည်းအဝေးအခန်းအနီးက ပထမထပ်ရှိ ရေကူးကန်သို့ သွားလိုက်သည်။

ရေကူးကန်ရောက်သည့်အခါ သူမကထိုကန်ဘေးတွင်ရပ်ကာ ကန်ထဲသို့ ငုံ့ကြည့်လိုက်သည်။

ထိုအခါ ရေခဲရေထဲကို ပြုတ်ကျသွားသည့် ခံစားချက်မျိုး သူမခံစားလိုက်ရသည်။ သူမကိုယ်က ဆဲလ်တိုင်းဟာ အေးစက်သွားပြီ။ တစ်ကိုယ်လုံးက အေးစက်နေပြီ ဖြစ်သော်လည်း သူမရင်ကတော့ အဆက်မပြတ်ခုန်နေဆဲပင်။

Previous Chapter 100 of 199 Next