၁၅၃။ ဝိုင်နီနှင့်အနမ်း
ရှုချင်းရီ ညစာစားပွဲတွင် ပထမဆုံးအကြိမ် အရက်သောက်ချိန်တုန်းက သူ့အားနမ်းခဲ့ခြင်းကို မော့ဟန်သည် ဝိုင်သောက်နေရင်းမှ သတိရသွားသည်။ ထိုအချိန်တုန်းက သူမ၏မျက်လုံးများကိုမှိတ်၍ သူ့အကျီစကိုဆွဲကာ နမ်းခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက ဘာဖြစ်နေမှန်းတောင် သူမသိလိုက်ပေ။ ရှုချင်းရီ၏ နှုတ်ခမ်းများမှာ နူးညံ့စိုစွတ်ကာ ဆွဲဆောင်မှုရှိကြောင်းကို သူပြောခွင့်တောင် မရလိုက်ပေ။
ရှန်ယို့နှင့်တွဲခဲ့တုန်းက သူတို့မှာ နမ်းတာထက် ပိုခဲ့ကြပါသည်။ လူတွေဆိုသည်မှာ စိတ်ဆန္ဒကို မလွန်နိုင်ကြပေ။ သို့သော်လည်း ထူးဆန်းသည်မှာ သူ့အရင်ချစ်သူနှင့်တုန်းက သူရင်မခုန်ခဲ့ပေ။ ထိုကြောင့် သူ့၏သွေးအေးသည့် အကျင့်စရိုက်ကြောင့် ဒီလိုဖြစ်ခဲ့ခြင်းဟုသာ ထင်ခဲ့သည်။
ဒါပင်မယ့် ရှုချင်းရီကတော့ မတူပေ။ ရှုချင်းရီက အိပ်ရာထလာသည့်အချိန်မျိုးတွင် သူမအဝတ်တွေက သပ်သပ်ရပ်မရှိဘဲ ပုခုံးတစ်ဝက်လောက်ကို ပေါ်နေတက်သည်။ ဒီလိုအချိန်တိုင်း မော့ဟန်မှာ အကြည့်လွှဲနေရသည်။ သူ့ကိုယ်က တုန့်ပြန်နေတက်နေသောကြောင့် သူမထိန်းနိုင်မှာကို စိုးရိမ်နေရခြင်းဖြစ်သည်။ သူမအတွက် သူရင်ခုန်နေတက်သည်။
သူမအပြင်မှာ မူးပြီးအိပ်သွားသည့်ညက သူတို့ပြန်ရောက်သည့်အခါ သူမအား ထိတွေ့ခဲ့မိသည့် အထိအတွေ့ကိုလည်း သတိရနေမိသည်။ ထိုအချိန်တုန်းက သူမမှာ အရမ်းကြောက်လန့်ပြီး သူကိုကြောင်ကြည့်နေသည့်အခါ သူမအား သင်ခန်းစာပေးသည်ဟု သူဖြေရှင်းချက် ပေးခဲ့မိသည်။ ဒါပင်မယ့်လည်း မော့ဟန်က ထိုအရာများကို သူ့စိတ်ဆန္ဒအလျောက် လုပ်မိကြောင်းကို သူသေချာသိခဲ့သည်။ ထိုညက ရှုချင်းရီ၏မျက်ရည်များသာ မကျခဲ့လျှင် သူမအား အမှောင်ထဲမှာ သူအတင်းနမ်းမိမှာ ဖြစ်သည်။
မော့ဟန်က ရယ်ရသလို ခံစားနေရသည်။ ရှုချင်းရီဟာ သူမဘေးတွင်ရှိနေခဲ့သည့် သူမအား ဆာလောင်နေခဲ့သည့် သူ့လိုဝံပုလွေတစ်ကောင်ကို ကိုကြီးဟုခေါ်ကာ ယုံကြည်နေခဲ့သည်။
ဤသို့ဖြင့် မော့ဟန်သည် ဝိုင်တစ်လင်းလုံးကို ကုန်အောင် သောက်မိသွားသည်။ တိတ်ဆိတ်နေသည့်ညတွင် အထီးကျန်နေသောကြောင့် အရက်သောက်ရင်းသာ သူမအား လွမ်းဆွတ်နေမိသည်။
နောက်နေ့မနက်မှာတော့ မော့ဟန်သည် အရက်နာကျပြီး နိုးလာသည်။ ဆိုဖာပေါ်တွင် ဖြစ်သလို အိပ်ပျော်သွားသည်ကလည်းရှိတော့ သူ့တစ်ကိုယ်လည်း နေရထိုင်ရအဆင်မပြေပေ။ နေရောင်ကလည်း လင်းနေပြီဖြစ်သောကြောင့် မော့ဟန်က နာရီကိုကြည့်လိုက်သည့်အခါ ၇နာရီခွဲနေပြီ။
အချိန်မှာ မနောက်ကျတော့သောကြောင့် မော့ဟန်မှာ ရေချိုးခန်းအမြန်ဝင်လိုက်ရသည်။ ထို့နောက် အဝတ်အစားလဲပြီးသည်နောက် ထုံးစံအတိုင်း ရုံးသို့သွားရန်ပြင်သည်။ မနက်စာစားချိန်လည်း မရှိတော့သောကြောင့် စာရွက်စာတမ်းများကိုယူပြီးသည်နှင့် အိမ်မှထွက်ရန်ပြင်သည်။
တံခါးဝသို့ရောက်သည့်အခါ သူ့ခြေလှမ်းများ ရပ်လို့သွားသည်။ အတန်းနောက်ကျတော့မည့် ရှုချင်းရီအား သူသွားနှိုးရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခန်းထဲတွင် ဘယ်သူမှ ရှိမနေပေ။ တစ်အိမ်လုံးဟာ တိတ်ဆိတ်ကာ ခြောက်ခြားစရာဖြစ်နေသည်။ မော့ဟန်၏မျက်လုံးများသည် အရောင်ပြောင်းသွားကာ အိမ်ထဲမှ တံခါးဖွင့်ကာ ထွက်လာတော့သည်။
မနက်မှာ ရှုချင်းရီက မနေ့ညက ကိစ္စကို အများကြီးတွေးမနေတော့ဘဲ နိုးလာသည်။ သူမက မနေ့ညက အကြောင်းကိုတွေးမိသည့်အခါ ရယ်ချင်သလိုတောင် ဖြစ်သွားသည်။ သူမက အရမ်းသံသယဝင်တက်နေသည်မှာ ဘယ်ကတည်းကမှန်း သူမမသိတော့ပေ။
မနေ့ညက သူမအထင်က မခိုင်လုံသေးသည်ကို သူမသေချာသိပါသည်။ ထို့ကြောင့် လင်းထိန်နေသည့် ကောင်းကင်ကြီးကို ကြည့်ကာ သူမ၏စိတ်ကိုငြိမ်စေလိုက်သည်။ သူမက ဒီနေရာမှာ နေတော့မည့်သူ ဖြစ်သည်မလား။ သူမ၏မှတ်ညဏ်ထဲတွင် ဒီအိမ်နှင့် သူမ၏အမေသာ ရှိသောကြောင့် အဖြေသည် သေချာပေါက်ကို ဒီအိမ်ထဲမှာရှိရမည်။
အရင်မှတ်ညဏ်တွေက သူမအတွက် အရမ်းအရေးပါသည်ဟု သူမခံစားနေရပြီ။ အခြားသူများအား သူမမှတ်မိသမျှ ပြောမပြချင်ပေ။ သူမဟာသူမ ဖြည်းဖြည်းချင်း မှတ်မိအောင် ကြိုးစားကြည့်ချင်သည်။ သူမလုပ်နိုင်မှာလည်း အမှန်ဖြစ်သည်။ သူမလိုအပ်နေသည်က အချိန်တစ်ခုပင်။
သူမတက်နေသည့်တက္ကသိုလ်က ဒီမှာဖြစ်သောကြောင့် ဟိုဘက်မြို့က တက္ကသိုလ်ကို ဆက်မတက်တော့ရန် ဟန်လျန်က ပြောသည်။ ထိုကျောင်းမှာ ဒီဇိုင်းကျောင်းဖြစ်သောကြောင့် သူမလုံလောက်စွာ အနားယူပြီးမှ ပြန်တက်၍ရအောင် ဟန်လျန်က လုပ်ပေးထားသည်။