May Honey Logo May Honey
Previous Next

၁၅၉။ သေသွားခဲ့ပြီ

မော့ဟန်ပြောလိုက်သည့် တစ်ခုတည်းသောစကားမှာ အဆက်အသွယ်ထပ်မလုပ်ရန် ဖြစ်သည်။ သူတို့မှာ ဘယ်လိုဆက်ဆံရေးမျိုးပဲ ရှိခဲ့ပါစေ အရာအားလုံးက ဒီမှာရပ်တန့်ရတော့မည် ဖြစ်သည်။

ရှုချင်းရီထွက်သွားပြီးသည့်နောက်နေ့တွင် မော့ဟန်သည် အရင်လိုသာ မပြောင်းမလဲဖြစ်နေပုံရသည်။ သူဟာရုံးကိုသွားပြီးနောက် ညသန်းခေါင်မတိုင်ခင် အိမ်ကိုပြန်လာသည်။

အရာအားလုံးဟာ ရှုချင်းရီနှင့် မဆုံခင်ကလို ပြန်ဖြစ်သွားသည်။ သူ့၏တနေ့တာသည် အလုပ်လုပ်ချိန်နှင့် အိပ်ချင်တို့သာ ရှိနေသလိုပင်။ အပန်းဖြေနားနေမှုက လုံးဝမရှိပေ။ ပြောင်းလဲသွားသည်ကတော့ မော့ဟန်သည် ပို၍တိတ်ဆိတ်သွားခြင်း ဖြစ်သည်။

ရုံးကလူတွေမှာ ဘာတွေဘယ်လို ဖြစ်နေမှန်း မသိကြပေ။ သူသည် အလုပ်တွင် အရင်ကထက် အချိန်ကြာကြာပိုနေတက်ကာ အစည်းအဝေးနှင့် အလုပ်ကိစ္စတို့ကလွဲလျှင် သူဘာစကားမှ မပြောတော့ပေ။ ထို့ကြောင့် အလုပ်ရူးပုံရိပ်မှာ ပိုဆိုးလာသည်။ ရုံးတွင် တရားရေးရာ ကျွမ်းကျင်သူများကို သူအလုပ်ခန့်ထားသော်လည်း အကုန်လုံးကို သူတစ်ယောက်တည်းသာ လုပ်နေသလိုဖြစ်နေသည်။ ထို့ကြောင့် ဝန်ထမ်းအသစ်တို့မှာ သူတို့အရည်အချင်းကို ရှေ့နေကြီးက မကြိုက်သောကြောင့် သူကိုယ်တိုင်လုပ်နေသလားလို့တောင် ထင်လာကြသည်။

အခြားဝန်ထမ်းများမှာလည်း မော့ဟန်၏အဆက်မပြတ်အလုပ်လုပ်နေပုံကိုကြည့်ကာ ကြောက်လို့လာကြသည်။ ရုံးမှာ သူတို့မသိလိုက်သည့် ကိစ္စကြီးတစ်ခုခုများ ဖြစ်သွားခဲ့သလား ဒါမှမဟုတ် သူတို့၏ရှေ့နေကြီးမှာ အရည်အချင်းမပြည့်သည့် ဝန်ထမ်းများကို အလုပ်ထုတ်ရန် ကြံစီနေသလားဟူ၍ စိုးရိမ်နေကြခြင်းဖြစ်သည်။

ရှုချင်းရီထွက်သွားပြီးနောက် ၈ရက်မြောက်နေ့တွင် မော့ဟန်က အရာရှိကျန်းဆီက ဖုန်းလက်ခံရခဲ့သည်။

ထိုလူများက ပြန်ပေးဆွဲသည့်ဂိုဏ်းမှဖြစ်ကာ အခုတော့ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုလူများ၏အလောင်းကို သိပ်မကြာခင်ကမှ တွေ့ရှိရတာဖြစ်သည်။ ထိုလူများသည် ဆိုးဆိုးဝါးဝါးကို ဓားဖြင့်ထိုးခံရကာ သေသွားခြင်းဖြစ်သည်။ ရဲတွေက အလောင်းကို တွေ့ရှိသည့် အချိန်မှာတော့ သူတို့အလောင်းက စွန့်ပစ်ခံထားရတာ ဖြစ်သည်။

ထိုလူတွေ သေဆုံးရခြင်းမှာ ရှုချင်းရီနှင့် မသက်ဆိုင်ကြောင်း အရာရှိကျန်းက ပြောသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူများသည် တစ်ဖက်ဂိုဏ်းနှင့် ရန်ဖြစ်နေကြကြောင်းကို မျက်မြင်သက်သေထွက်လာသူရှိသောကြောင့် ဖြစ်သည်။

အရာရှိကြီးကျန်းက
“မင်းဘာဖြစ်နေတာလဲ? စကားနည်းနေသလိုပဲ”

မော့ဟန်က ပြောသည်။
“ဘာမှမဟုတ်ပါဘူး။ ဒီရက်ပိုင်း ကျွန်တော်အလုပ်များနေလို့ပါ”

အရာရှိကျန်းက ပြောသည်။
“မင်းညီမကို အမှုပိတ်ဖို့ကိစ္စ လက်မှတ်လာထိုးဖို့ ပြောလိုက်ပါဦး”

မော့ဟန်က ပြန်ပြောသည်။
“ကျွန်တော် ပြောလို့တော့ ရပါတယ် ဒါပင်မယ့် သူလာနိုင်မယ် မထင်ဘူး။ ကျွန်တော် သူ့အစားလာထိုးပေးလို့ ရတယ်မလား”

အရာရှိကျန်းက မေးသည်။
“ဘာဖြစ်လို့လဲ?”

“ဘာမှတော့မဟုတ်ပါဘူး။ မမေးပါနဲ့တော့ဗျာ”
မော့ဟန်က ပြောသည်။

အရာရှိကျန်းက မော့ဟန်၏ စိတ်ထိခိုက်နေသည့်လေသံကို ကြားသည့်အခါ ဆက်မမေးတော့ပေ။ ရောက်တက်ရာရာပြောပြီးနောက်မှ ဖုန်းချသွားသည်။

ဖုန်းချပြီးသည့်နောက်တွင် မော့ဟန်သည် ဘောပင်ကိုကိုင်ကာ စာရွက်အလွတ်ကြီးကို ကြည့်ပြီး အတွေးတွေလွင့်သွားသည်။ ထို့ကြောင့် လျူဇီယွမ်က တံခါးခေါက်ပြီး ဝင်လာသည်ကိုတောင် သူမသိလိုက်ပေ။

“ရှေ့နေကြီး. . .ရှေ့နေကြီး. . .”
လျူဇီယွမ်က လက်ထဲတွင် စာရွက်စာတမ်းများဖြင့် သူ့အရှေ့သို့ရောက်လာသည်။

ထိုအခါမှ မော့ဟန်က သတိဝင်လာကာ
“ဘာဖြစ်လို့လဲ?”

“တရားရုံးက ဒုတိယရုံးချိန်းအတွက် လျှောက်တင်ရမယ့် အကြောင်းအရာတွေပါ။ ရှေ့နေကြီးက ယူလာခိုင်းတာလေ”

“ဒီမှာချထားလိုက်။ ခနနေရင် ကြည့်လိုက်မယ်”

လျူဇီယွမ်က စာရွက်စာတမ်းကို ချပြီးနောက် သူ့ဆရာ၏အရိပ်အကဲကိုကြည့်ကာ
“ရှေ့နေကြီး . . .အခုတလော ကျွန်တော်တို့ရုံးမှာ. . .ပြဿနာတစ်ခုခုရှိနေလို့လား?”

“မရှိပါဘူး။ မင်းအတွေးလွန်နေတာ”
မော့ဟန်က ထိုစာရွက်စာတမ်းများကို ငုံကြည့်ရင်းပြောသည်။

“ဒါဆိုရင် အခုတလော ဘာဖြစ်လို့ စိတ်ညစ်နေတာလဲ?”

မော့ဟန်က သူ့ကိုကြည့်ကာ
“ငါကလား?”

Previous Chapter 159 of 199 Next