May Honey Logo May Honey
Previous Next

၈၉။ ကလေးတွေ

“ပျင်းနေပြီလား?”
ရှုချင်းရီက မေးသည်။

“ရပါတယ်”

“အပြင်ထွက်ရအောင် လိုက်ပို့ပေးမယ်။ ကိုကြီးက ဝှီးချဲလ်ပေါ်မှာ ထိုင်လိုက်။ ညီမလေးက အပြင်မှာ လေကောင်းလေသန့်ရှုရအောင် လိုက်ပို့ပေးမယ်”

“အပြင်သွားချင်နေတဲ့သူက မင်းမလား?”
မော့ဟန်က ပြောသည်။

ရှုချင်းရီက ခနတောင့်ခဲသွားပြီးမှ ခေါင်းကိုဖြည်းဖြည်းငြိမ့်ကာ
“ဆေးရုံနံ့ကြီးက မကောင်းဘူး။ ညီမလေး မကြိုက်ဘူး”

မော့ဟန်က သူမကိုကြည့်ပြီးနောက် စောင်ကိုခွာကာ ကုတင်ပေါ်က ဆင်းလိုက်ပြီး
“သွားကြမယ်”

“ဝှီးချဲလ်သွားယူလိုက်မယ်”
ရှုချင်းရီက ထရပ်သည်။

မော့ဟန်က သူမကိုတားကာ
“မလိုဘူး။ ရတယ်။ ငါ့ခြေထောက်ထိမိတာမှ မဟုတ်တာ”

သူ့ဗိုက်ကလည်း မနာတော့သလို သူအနည်းငယ်သာ ပင်ပန်းသလို ခံစားနေရသောကြောင့် ကုတင်ပေါ်ထိုင်နေရခြင်းဖြစ်သည်။ ပြတင်းပေါက်အပြင်ကို သူကြည့်လိုက်သည့်အခါ အပြင်တွေ လေထန်နေသောကြောင့် အေးမည့်ပုံပေါ်သည်။ ထို့ကြောင့် သူကုတ်အကျီကို ထပ်ဝတ်လိုက်ကာ ရှုချင်းရီအား
“အပြင်မှားအေးမယ်။ အပေါ်ထပ်ဝတ်ခဲ့”

ရှုချင်းရီက ပြောသည်။
“မအေးပါဘူး။ ညီမလေး အပြင်ကလာတာ ဘာကြာသေးလို့”

“ဝတ်လိုက်”

ရှုချင်းရီက သူမကိုယ်ပေါ်က လက်ရှည်အကျီကို ငုံကြည့်ရင်း ပြောသည်။
“ဒါပင်မယ့် အပြင်ကနေလာတုန်းက ဒီဟာအောက်မှာတစ်ထပ်ပဲပါတာ”

“ဘာဖြစ်လို့ ထွက်လာတုန်းက ဝတ်မလာတာလဲ?”

ရှုချင်းရီက သူ့ကိုကြည့်ရင်း ညစ်ကျယ်ကျယ်ပြုံးမိသည်။
“တနေ့လုံး သွားလိုက်ပြန်လိုက်လုပ်နေရတာကို။ ဆေးရုံမှာ မရှိရင် ကျောင်းရောက်နေလို့ပဲ။ ဘယ်လိုလုပ် အဝတ်ထူထူဝတ်လာဖို့ အချိန်ရမှာလဲ?”

ဒါပင်မယ့်လည်း သူမဟာ တည်ငြိမ်စွာဖြင့်
“ထားလိုက်ပါတော့”

မော့ဟန်က သက်ပြင်းချကာ သူဝတ်ထားသည့်ကုတ်ကို ချွတ်ကာ ရှုချင်းရီအား ဝတ်ပေးလိုက်သည်။ ရှုချင်းရီက သူ့အား မယုံကြည်နိုင်ဖွယ်ကြည့်ကာ
“ညီမလေးမလိုပါဘူး”

“ဝတ်ထား”
မော့ဟန်က လေသံပြင်းပြင်းဖြင့် ပြောရင်း သူမအား ကြယ်သီးကအစ တပ်ပေးလေသည်။

ရှုချင်းရီက တစ်ခုခုပြန်ပြောရန် ပြင်လိုက်သော်လည်း မော့ဟန်က အခန်းထဲက ထွက်သွားသည်။ ရှုချင်းရီက အနောက်ကလိုက်ကာ
“ဘယ်သွားမလို့လဲ?”

“ဘယ်သွားချင်လဲ?”
မော့ဟန်က သူမကို လှည့်ကြည့်ကာ မေးသည်။

ရှုချင်းရီက ခနတွေးပြီးသည့်အခါ ပြုံးပြုံးလေးပြောသည်။
“ဟိုကိုသွားကြည့်ရအောင်”

“ဘယ်ကိုလဲ?”

“ကလေးအခန်း”

မော့ဟန်က ဘာဖြစ်လို့ ရှုချင်းရီမှာ ကလေးထားသည့်အခန်းကို သွားချင်သလဲ သူမသိသော်လည်း သူမဘေးကနေသာ လိုက်သွားလိုက်သည်။

“ဘယ်လိုသွားရမလဲသိလို့လား?”

“သိတာပေါ့”

ရှုချင်းရီ ဓာတ်လှေကားထဲကိုဝင်ကာ ၃ထပ်ကိုနှိပ်လိုက်သည်။
“ညီမလေး တစ်ခါရောက်ဖူးတယ်လေ”

မော့ဟန်က သူမဘေးမှနေ သူမကိုကြည့်ရင်း သူမပျော်နေသည်ကို ခံစားမိသည်။ ကလေးထားတဲ့အခန်းက သူမကိုဘာဖြစ်လို့ ပျော်စေသလဲ သူမသိပါ။

“ရောက်ပြီ”
ရှုချင်းရီက မော့ဟန်အား ကော်ရစ်တာတစ်လျှောက်ခေါ်သွားကာ အနည်းငယ်ကွေ့ပြီးသည့်အခါ ကလေးအခန်းအရှေ့ရောက်သည်နှင့် ပြောသည်။

ရှုချင်းရီမှာ မှန်ရှေ့တွင်ရပ်ရင်း ကလေးများက သူတို့အိပ်ရာလေးတွေပေါ်တွင် လုံခြုံစွာရှိနေကြကာ ခြေထောက်လေးတို့ လက်လေးတို့ကို လှုပ်နေသည်ကို သူမကြည့်ရင်း တောက်ပစွာပြုံးကာ ပြောသည်။
“ဒီနေရာက ဆေးရုံမှာကြိုက်တဲ့ တစ်နေရာတည်းပဲ”

မော့ဟန်က သူမဘေးသို့ လျှောက်လာကာ သူမကိုကြည့်ရင်း
“ဘာဖြစ်လို့လဲ?”

ရှုချင်းရီက ခေါင်းခါရင်း
“မသိဘူး”

သူမက ကလေးတွေကို ကိုင်ချင်သည့်ပုံဖြင့် မှန်ကိုထိလိုက်သည်။
“ညီမလေးက ဆေးရုံမှာအကြာကြီးနေခဲ့ရတာမလား? နိုးလာတော့ ဆေးရုံမှာ လျှောက်သွားနေရင်းကနေ ညီမလေးတစ်ယောက်တည်း အေးဆေးနေလို့ရမယ့် ဒီနေရာလေးကို တွေ့တာ”

ရှုချင်းရီ၏မျက်လုံးတွေက တောက်ပနေကာ
“သူတို့က တကယ်ကောင်းချီးနဲ့ မွေးလာကြတာလို့ ကိုကြီးမထင်မိဘူးလား?”

ရှုချင်းရီ၏ မျက်လုံးများမှာ ကလေးတွေဆီမှ လုံးဝမခွာပေ။
“သူတို့က အသက်အကြာကြီး ရှင်ကြရမယ်။ ကိစ္စတွေအများကြီးကိုလည်း စမ်းကြည့်ကြရဦးမယ်။ သူတို့ကြီးပျင်းလာဖို့ အချိန်ကြာဦးမယ်။ ပြီးတော့ သူတို့အနာဂတ်မှာ ဖြစ်နိုင်ချေတွေ အများကြီးရှိသေးတယ်”

မော့ဟန်က ရှုချင်းရီကို လှည့်ကြည့်လိုက်သည့်အခါ သူမက ငိုနေလေသည်။ သူမပါးပြင်ပေါ်က မျက်ရည်တွေကို သူဖယ်ပေးလိုက်ကာ
“ဘာဖြစ်လို့ငိုနေတာလဲ?”

ရှုချင်းရီက မျက်တောင်တဖြတ်ဖြတ်ခတ်ကာ သူမ၏မျက်နှာကို ထိလိုက်တော့ သူမတောင့်ခဲသွားသည်။
“ငိုမိတာလား?”

မော့ဟန်က ဘာမှပြန်မဖြေဘဲ ရှုချင်းရီ၏မျက်နှာလေးကိုသာ ကြည့်နေမိသည်။

ရှုချင်းရီက သူမ၏မျက်ရည်များကို သုတ်ပစ်ကာ ပြုံရင်းဖြင့်
“ညီမလေးက တကယ်ထူးဆန်းတာပဲနော်”

Previous Chapter 89 of 199 Next