၁၆၇။ ထပ်နမ်းလိုက်ခြင်း
ရှုချင်းရီက သူ့ကိုကြည့်ကာ သူမ၏လက်ကိုသူမပြန်ကြည့်သည်။ ထို့နောက် သူမ၏မျက်နှာကို သူမပြန်ကိုင်ကြည့်နေကာ ဘာမှမပြောတော့ပေ။
“အဆင်ပြေလား? နေမကောင်းဘူးလား?”
ဟန်လျန်က သူမ၏လက်မောင်းကို ဆွဲလှုပ်ကာ မေးသည်။
ရှုချင်းရီက နောက်ဆုံးတော့ အသိဝင်လာသည့်ပုံဖြင့် ဟန်လျန်ကို ပြန်ကြည့်ပြီးမှသာ ပုံမှန်လို ဖြစ်သွားသည်။
“ဘာမှမဟုတ်ပါဘူး။ တစ်ခုတွေးမိလို့ပါ”
“ဘာကိုတွေးမိတာလဲ?”
“တွေးမိတာက . . . ငါးဝယ်ဖို့လေ”
ရှုချင်းရီက သူမဟာသူမ ရေရွတ်နေသည်။
ဟန်လျန်က စိတ်သိပ်မပူတော့သော်လည်း
“နောက်နေ့မှဝယ်ရင်ရော? ဒီနေ့ကြည့်ရတာ နေသိပ်ကောင်းပုံမရဘူး”
“မဟုတ်ဘူး. . .သွားဝယ်မှရမယ်. . .”
သူမ၏လေသံမှာ ခိုင်မာနေသည်။
သူမက သူ့အတွက် ငါးဝယ်ပေးချင်နေသည့်အခါ ဟန်လျန်က သူမသည် အရင်လိုပြန်နေချင်နေသည်ဟု ထင်သွားပြီး
“ဒါဆိုရင်လည်း သွားလေ။ ကိုယ်အိမ်က စောင့်နေမယ်။ မြန်မြန်ပြန်လာ”
ရှုချင်းရီက အိမ်ထဲကနေ ထွက်လာသော်လည်း သူမဘာဖြစ်လို့ ထွက်လာခြင်းမှန်း မသိပေ။ သူမအမှန်တရားကို သိသွားသည့်အခါ သူမမူးဝေနေသည်။ အချက်အလက်အများကြီးကို တစ်ခါတည်း သိလိုက်ရခြင်းက သူမကိုလန့်စေသည်။ သူမသည် ဟန်လျန်နှင့် သူမ၏အမေကို မေးခွန်းမေးစရာလိုနေမှန်း သူမမေ့တောင်သွားသည်။ ဘာဖြစ်လို့ သူမအား ဒီလိုကိစ္စကြီးကို ဖုန်းကွယ်ထားသလဲဟု မေးချင်နေသည်။
သို့သော်လည်း သူမမမေးရဲပါ။ အမှန်တရားကို သူမရင်မဆိုင်နိုင်ရဲသေးပေ။ ဖြစ်နိုင်ချေအများကြီးကို သူမတွေးခဲ့မိသောလည်း ဒါကိုတော့ သူမတစ်ခါမှ မတွေးမိခဲ့ပေ။ ယုံနိုင်စရာ မကောင်းသောကြောင့်လည်း ဖြစ်နေသည်လေ။ ထို့ကြောင့် သူမထွက်ပြေးရန် ရွေးချယ်လိုက်သည်။ ဒီအိမ်ထဲသို့ ပြန်လာကာ သူတို့နှင့်အတူ အရင်လို ခနတာနေဖို့ သူမအတွက် အချိန်လိုအပ်သည်။
အိမ်ကနေထွက်လာသည့်အခါ လမ်းပေါ်တွင် သူမလျှောက်သွားရင်း ဘယ်ကိုသွားရမည်မှန်း မသိတော့ပေ။ သို့သော်လည်း ဘယ်ကိုသွားရမလဲ တွေးရခြင်းထက် သူမဘာလုပ်သင့်သလဲ တွေးနေရမည် ဖြစ်သည်။ ဟန်လျန်၊ သူမ၏အမေနှင့် ဦးလေးတို့က သူမအား အမှန်တရားကိုဖွက်ထားသလို သူတို့ကိုယ်သူတို့လည်း နေ့တိုင်းလိမ်နေကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ကာကွယ်ရန်လုပ်နေရင်းက သူမကိုယ်တိုင်လည်း ရုန်းထွက်လို့မရအောင် ဖြစ်နေသည်။
ထို့ကြောင့် ရှုချင်းရီသည် အခုသူတို့အထဲမှ လက်တွေ့ဘဝသို့ ထွက်လာခြင်း ဖြစ်သည်။ သို့သောလည်း လမ်းမှန်သို့ရောက်ရန် လမ်းညွှန်ပေးမည့်သူ တစ်ယောက်မှ မရှိပါ။ ရှုချင်းရီသည် ကူကယ်ရာမဲ့စွာ တုန်ရီနေသည့် သူမ၏လက်နှစ်ဖက်ကို အချင်းချင်းပူးယှက်ထားရင်း သူမကိုသူမ စိတ်ငြိမ်ငြိမ်ထားရန် သတိပေးနေရသည်။ ဤသိုဖြင့် သူမသည် ဘာရယ်ကြောင့်မှန်းမသိ ကားမှတ်တိုင်သို့ ရောက်လာသည်။ ထို့နောက် ဟိုဘက်မြို့သို့ သွားလိုက်တော့သည်။
ညသန်းခေါင်လောက်တွင် မော့ဟန်သည် တနေ့တာ မပြီးပြတ်သေးသည့် အလုပ်များကို ထိုင်လုပ်နေသည်။ မော့ဟန်သည် ဟန်လျန်တို့၏မြို့မှ ပြန်လာကတည်းက တစ်ညလုံး အိပ်လိုက်သည့်ည မရှိသေးပေ။ သူမျက်လုံးမှိတ်လိုက်သည်နှင့် ရှုချင်းရီ၏အကြည့်တို့ကို ပြန်မြင်ယောင်မိနေသလို ဟန်လျန်၏စကားကို နားထောင်နေသည့် ထိုကောင်မလေး၏ပုံရိပ်တို့ဖြင့်သာ သူ့စိတ်ထဲတွင် ပြည့်နှက်နေသည်။
ထိုနေ့က သူ့လုပ်ရပ်ကြောင့် ရှုချင်းရီက သူ့ကိုဒဏ်ခတ်နေသလားဟု သူထင်လာရသည်။ သူညတိုင်း ဘယ်လောက်အိပ်ချင်နေပါစေ အိပ်မပျော်သည့် ဝေဒနာကူးစက်လာပြီ ဖြစ်သည်။ သို့သော်လည်း သူတွင်တော့ ဖြေနည်းရှိနေသေးသည်။ သူမ၏ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူမ၏အငွေ့အသက်များပြည့်နှက်နေသည့်အခန်းက သူ့ကိုအိပ်ပျော်စေသည်။
ထိုကိစ္စများကို သူဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ထုတ်မပြောပေ။ သို့သေည် မနေနိုင်တော့သည့် တနေ့တွင် မနက်၂နာရီလောက်ကြီး ပိုင်ယုကို သူ့အိမ်သို့ အရက်လာသောက်ခိုင်းတော့သည်။ ပိုင်ယူကလည်း မော့ဟန်မှာ တစ်ခုခုဖြစ်နေမှန်း ရိပ်မိသောကြောင့် သူ့ကိုအစ်မေးကြည့်သည်။ သို့သော် သူသည် ဘာမှပြန်မဖြေပဲ အရက်သာ ဆက်သောက်နေခဲ့သည်။
နောက်ပိုင်းတွင်တော့ မော့ဟန်သည် ရှုချင်းရီအကြောင်းတွေးနေမိခြင်းက အမှားဖြစ်သည်ဟု သူ့ကိုယ်သူသတိပေးရင်း နေရတော့သည်။ သူမ၏ဘဝကို မနှောင့်ယှက်ချင်သဖြင့် သူတစ်ယောက်တည်းသာ ငရဲကျခံနေတော့သည်။ ဒီလိုသာ ဆက်ပြီးသည်းခံနေရသည်မှာ ဟန်လျန်ဖုန်းမခေါ်အထိ ဖြစ်သည်။
“ဟယ်လို? ခင်ဗျားဒီနေ့ ညန်ညန်ကို တစ်ခုခုပြောလိုက်သေးလား?”
သူ့အသံတွင် စိုးရိမ်မှုအပြည့်ဖြင့် ဖြစ်သည်။
မော့ဟန်က ပြုံးကာ
“ဘာဖြစ်လို့ သူ့ကိုတစ်ခုခုပြောလိုက်တာက ငါ့လိုမင်းသေချာနေရတာလဲ?”
“ခင်ဗျားမဟုတ်ရင် ဘယ်သူရှိရဦးမှာလဲ! သူက တခြားဘယ်သူ့ကို သိသေးလို့လဲ? ဒီနေ့ပြန်လာတော့ သူတစ်ခုခုမူမမှန်သလိုပဲ။ ခင်ဗျား သူ့ကိုဖုန်းဆက်ပြီး ဘာပြောလိုက်တာလဲ?”
“မင်းတို့နှစ်ယောက်ကြားက ကိစ္စတွေနဲ့ ငါ့ကိုလာအာရုံမစားစမ်းနဲ့!”
မော့ဟန်က ဖုန်းချကာနီးတွင် ဟန်လျန်က
“သူက ကျွန်တော်နဲ့ ဘာမှမလုပ်ချင်ဘူး။ ခင်ဗျားက ဒီလိုဖြစ်စေချင်နေတာမလား? “
“ဒါနဲ့ သူ့ကိုတကယ်ဖုန်းမဆက်ဘူးလား?”
ဟန်လျန်၏လေသံက စိတ်ပျက်နေကာ
“ဒါဆိုရင် သူဘာဖြစ်သွားတာလဲ? ရုတ်တရပ်ကြီး ဘာဖြစ်တာပါလိမ့်?”
ဟန်လျန်က သူမ၏ဝိညာဉ်ပျောက်နေသလို ပုံစံကို သတိရသွားကာ သူ့ဟာသူရေရွတ်သည်။
“သူဘာဖြစ်လို့လဲ?”
မော့ဟန်က မှားယွင်းနေသလို ခံစားလိုက်ရသည်။
“ခင်ဗျားကို လာရှာသေးလား?”
ဟန်လျန်က သူမတစ်ခုခုကို ရှာတွေ့သွားမည်ကို စိုးရိမ်သွားသည်။
“မရှာဘူး”
သူ့အဖြေကြောင့် ဟန်လျန်က ပိုစိုးရိမ်သွားသည်။
‘မော့ဟန်မဟုတ်လျှင် ညန်ညန်က ဘယ်သူနဲ့ ဖုန်းပြောစရာရှိလို့လဲ?’
သူမပြန်မလာတော့မည်ကို ဟန်လျန်က ကြောက်လာတော့သည်။
“မင်းတို့ရန်ဖြစ်ထားတာလား? ဒါမှမဟုတ် သူစိတ်ညစ်အောင် မင်းတစ်ခုခုလုပ်လိုက်တာလား? မင်းပြောတော့ သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုပြီး ဘာဖြစ်လို့ သူကထွက်သွားတာလဲကွ”
မော့ဟန်က သွားကြိတ်ကာ ပြောလိုက်သည်။
“ခင်ဗျားကို ဆက်သွယ်လာရင် ကျွန်တော့်ကို အကြောင်းကြားဗျာ”
ဟန်လျန်က ပြောပြီးနောက် ဖုန်းချလိုက်သည်။
သူဖုန်းချပြီးသည့်နောက်မှာ မော့ဟန်က နာရီကိုကြည့်လိုက်တော့ မနက်၁နာရီလောက် ဖြစ်နေပြီ။ ပြတင်းပေါက်ကနေ ကြည့်လိုက်သည့်အခါ အပြင်ဘက်တွင် မိုးရွာနေသည်။ တိတ်ဆိတ်သည့်ညတွင် ပြတင်းပေါက်မှန်ကို လာစင်သည့် မိုးရေသံတို့ကသာ ကြီးစိုးနေသည်။ မော့ဟန်သည် အပြင်ဘက်က မှောင်မိုက်ကာ စိုစွတ်နေသည့် လောကကြီးကို ကြည့်နေမိသည်။
ထို့နောက် မော့ဟန်သည် ကုတ်အကျီကိုယူကာ အပြင်ထွက်လာသည်။ သူတံခါးကို ဖွင့်ဖွင့်ချင်းမှာ ထောင့်တစ်နေရာတွင် တစ်စုံတစ်ယောက်က ငြိမ်ငြိမ်လေး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ တစ်ကိုယ်လုံး စိုရွှဲနေသည့် ရှုချင်းရီပင်။ သူမ၏ဆံပင်များက စိုရွှဲနေကာ ခြေထောက်နှစ်ဖက်ကိုပိုက်ရင်း ထိုင်နေသည်။ သူမထိုင်နေသည့် နေရာတွင် သူမကိုယ်ကမိုးရေများကြောင့် ရေဗွက်တောင် ဖြစ်နေပြီ။ သို့သော်လည်း သူမသည် ဘာမှမရှိသည့် သူမ၏အရှေ့ကို ကြောင်ကြည့်နေသည်။
“ဒီမှာဘာထိုင်လုပ်နေတာလဲ?”
မော့ဟန်က မေးလိုက်သည်။
သူ့အသံကြားသည့်အခါ သူမကမော့ကြည့်လာသည်။ ထို့နောက် နံရံကိုအားပြုကာ ဖြည်းဖြည်းချင်းထလာသည်။
“ငါမင်းကို မေးနေတယ်။ ဒီမှာဘာလုပ်နေတာလဲ?”
ရှုချင်းရီက သူ့ကိုကြည့်နေသော်လည်း ဘာမှပြန်မပြောပေ။ ကြည့်ရသည်မှာ သူမတွင် အားတောင်ရှိတော့ပုံမရပေ။
မော့ဟန်က သူမ၏အကျီကို ကိုင်ကြည့်လိုက်သည့်အခါ မြစ်ထဲတွင်နစ်လာသည့်သူလို ရွှဲနေသည်။ သူကမျက်မှောင်ကျုံမိသွားကာ
“အိမ်ကထွက်လာတုန်းက ထီးယူမလာဘူးလား? ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ?”
ရှုချင်းရီ၏လေသံက တုန်ရီနေကာ
“ဒီမှာအိပ်လို့ရလား?”
မော့ဟန်က သူမအား အကြာကြီးကြည့်နေပြီးမှ မေးသည်?
“မင်းတို့နှစ်ယောက်က ဘာဖြစ်တာလဲ?”
ရှုချင်းရီက ခေါင်းခါသည့်အခါ သူမ၏ဆံပင်က ရေစက်တို့ကပါ ဘေးသို့ပြုတ်ကျလာသည်။ သူမသည် ဆက်ရပ်မနေနိုင်တော့ဘဲ နောက်ကနံရံကိုမှီလိုက်ကာ စိတ်ခံစားချက်ပေါင်းစုံ ရောထွေးနေသည့် မျက်နှာဖြင့် မော့ဟန်ကိုကြည့်သည်။
“မင်းတို့ရန်ဖြစ်လာတာဆိုရင် ညလယ်ခေါင်ကြီး ငါ့ဆီကို မလာသင့်ဘူး။ မင်းပြန်သင့်တယ်”
မော့ဟန်က သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ပြောသည်။
“ညီမလေး . . .ဒီမှာခနလောက်နေပါရစေ”
ရှုချင်းရီသည် စိတ်နှင့်လူကပ်ပုံမရဘဲ လေသံတိုးတိုးလေးဖြင့် ပြောသည်။
“မင်းဘာလုပ်နေလဲ မင်းသိလား?”
မော့ဟန်က မေးလိုက်သည်။
ရှုချင်းရီက အရမ်းပင်ပန်းနေသလို ခံစားနေရသောကြောင့်
“သိပါတယ်”
“ဘာပဲဖြစ်လာဖြစ်လာ ဒီတံခါးကနေ အိမ်ထဲကို ဝင်လာမှာလား?”
မော့ဟန်က မေးလိုက်သည်။
ရှုချင်းရီက မော့ဟန်မေးခွန်းကို ဖြေနိုင်စွမ်းမရှိသောကြောင့် ခေါင်းငြိမ့်လိုက်သည်။ မော့ဟန်ကို မြင်လိုက်သည့်အခါ သူမနားနေချင်တာပဲ သူမသိတော့သည်။
မော့ဟန်က ရှုချင်းရီ၏အရှေ့ကနေ အိမ်ထဲသို့ဝင်သွားကာ သူမကို ကြည့်ရင်း ပုခုံးကနေ အိမ်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် အိမ်တံခါးကို ပိတ်လိုက်ကာ ရှုချင်းရီကို တံခါးဖြင့် ကပ်ထားသည်။
“ရှုချင်းရီ မင်းအိမ်ထဲကို ဝင်လာပြီဆိုတော့ ပြန်ထွက်သွားဖို့ မတွေးနဲ့တော့”
မော့ဟန်က သူမ၏နားထဲသို့ ကပ်ပြောလိုက်သည်။
ရှုချင်းရီက ဘာမှပြန်မပြောပေ။ ခေါင်းကိုလည်း ငုံထားသောကြောင့် မော့ဟန်၏အမူအယာကို မမြင်ပေ။
မော့ဟန်ကတော့ လက်ရှိအခြေအနေကို ကျေနပ်နေသည်။ သူမက သူ့စိတ်နဲ့သူ အိမ်ထဲသို့ ရောက်လာခဲ့သည်။ သို့သော်လည်း သူစကားပြောနေသည်ကို ပြန်မပြောသောကြောင့် သူမကို အပြစ်ပေးရမည်။ ထို့ကြောင့် မော့ဟန်သည် သူမ၏မေးကို ပင့်တင်လိုက်ကာ နမ်းတော့သည်။ သို့သော်လည်း ရှုချင်းရီက ဘယ်လိုမှ တုံ့ပြန်မလာပေ။
မော့ဟန်က ရပ်လိုက်ကာ ရှုချင်းရီကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက သေနေသလိုဖြစ်ကာ သူ့အနောက်ကိုသာ ကြောင်ကြည့်နေသည်။ ထို့ကြောင့် သူလန့်လာသည်။ သူမ၏ဒီပုံစံသည် သူမကို စတွေ့တုန်းကလို ဖြစ်နေသည်။
“ဘာဖြစ်လာတာလဲ?”
ထိုအခါမှ ရှုချင်းရီက မျက်တောင်ခတ်လာကာ မော့ဟန်ကို မော့ကြည့်ပြီးနောက် သူ့ကိုဖွဖွလေး ဖက်လာသည်။ ထို့နောက် သူ့အားဖက်ထားရင်း ရေလိုကြည်လင်နေသည့် အသံလေးဖြင့်
“ညီမလေး ခနလောက် နားချင်နေပြီ”
မော့ဟန်က အနည်းငယ်စိုးရိမ်လာကာ သူမ၏နဖူးကို စမ်းကြည့်လိုက်သည်။
“မင်း. . .ဖျားနေတာလား?”
ရှုချင်းရီက သူ့ကိုဖက်ထားရင်း တုန်နေသော်လည်း ဘာမှပြန်မဖြေပေ။
မော့ဟန်က သူ့ရင်ခွင်ထဲကနေ သူမကိုဆွဲခွာကြည့်သည့်အခါ သူမ၏မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
သူမသည် အရမ်းစိတ်ဖိစီးနေသည့်သူလိုဖြစ်သည်။ အကြိုက်ဆုံးအရုပ်ကို လုယူခံလိုက်ရသည် ကလေးတစ်ယောက်လို သူမသည် အော်ငိုတော့သည်။
“ဘာလဲ? ဘာဖြစ်လာတာလဲ?”
မော့ဟန်က သူမငိုနေသည်ကို မြင်သည့်အခါ သူ့လေသံကပျော့သွားကာ မျက်ရည်တွေကိုသုတ်ပေးရင်း စိုးရိမ်စွာ မေးသည်။
ရှုချင်းရီက သူ့အား တင်းနေအောင် ဖက်ထားရင်းဖြင့်
“အိပ်ပစ်လိုက်ချင်တယ်”