May Honey Logo May Honey
Previous Next

၁၁၅။ နင့်အကိုက အရမ်းချောတာပဲ

ရှုချင်းရီနှင့် စကားပြောနေသည့် ကောင်မလေးများသည် မော့ဟန်အား ခိုးငမ်းလို့သာ နေကြသည်။ သူတို့မပြန်ခင်တွင် ကောင်မလေးတစ်ယောက်ကဆိုရင် ရှုချင်းရီ၏အနားသို့ကပ်လာကာ တိုးတိုးလေးဖြင့်
“နင့်အကိုဖုန်းနံပတ်ပေးလို့ရမလား?”

ရှုချင်းရီက သူတို့စကားပြောနေစဉ် မော့ဟန်၏အကြည့်တစ်ချက်မျှ ထိုမိန်းကလေးများဆီ ရောက်မလာသလို စကားတစ်ခွန်းမှလည်း ဝင်မပြောသည်ကို သူမသိလေသည်။ ထို့ကြောင့် ထိုကောင်မလေးအား နူးညံ့စွာဖြင့် တိုးတိုးပြန်ပြောလိုက်သည်။
“ဟင့်အင်း။ လက်လျှော့လိုက်ပါတော့နော်”

ရှုချင်းရီမှာ ထိုကောင်မလေးမျက်နှာမှာ ရဲတက်သွားပြီး ထွက်ပြေးသွားသည်ကို တစ်စက္ကန့်တောင်မှ မကြည့်လိုက်ပေ။ ထို့နောက် ရှုချင်းရီမှာ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။

“ဘာတွေပြောနေကြတာလဲ?”
မော့ဟန်က မေးသည်။

“အထွေအထူးမဟုတ်ပါဘူး”

ရှုချင်းရီက ချက်ချင်းပဲ အတွေးရသွားကာ မော့ဟန်အား တောက်ပစွာကြည့်၍
“ကိုကြီး ညီမလေးကို နေ့လည်စာ ဝယ်ကျွေးသင့်တယ်”

“ဘာဖြစ်လို့လဲ?”

“ဘာဖြစ်လို့လဲဆိုတော့ ကိုကြီးကို ပြဿနာသေးသေးလေးတစ်ခု ရှင်းပေးလိုက်တာလေ”

“ဘာပြဿနာ?”

“နောက်မှပဲ ပြောပြပါတော့မယ်”
ရှုချင်းရီက သူ့အားကြည့်မနေတော့ဘဲ ရယ်လို့သာနေသည်။

ထိုနှစ်ရက်လုံးတွင် ရှုချင်းရီက မော့ဟန်ကို ထိုမြို့၏လည်၍ကောင်းသည့် နေရာများကို ခေါ်မသွားပေ။ သူတို့က ပင်လယ်မှာသာ နေပူစာလှုံရင်း လမ်းလျှောက်ရင်းဖြင့်သာ အားလပ်ရက်ကို ကုန်ဆုံးခဲ့ကြသည်။

မပြန်ခင်ညတွင် ရှုချင်းရီက မော့ဟန်အား အကိုက်အခဲပျောက်ရန် အနှိပ်ခန်းသို့ ခေါ်သွားရန် စီစဉ်ထားသော်လည်း မော့ဟန်ကငြင်းလိုက်သည်။ ထို့ကြောင့် နောက်ဆုံးမှာ ရှုချင်းရီတစ်ယောက်တည်းသာ အနှိပ်ခန်းတွင် အော်ငိုရလောက်သည့်အထိ တစ်ယောက်တည်း အနှိပ်ခံလိုက်ရတော့သည်။ ဤသို့ဖြင့် နောက်နေ့မနက် ပြန်ခါနီးတွင် မော့ဟန်အား ရှုချင်းရီအား ကုတင်ပေါ်က ထလာရန် နာရီဝက်လောက် နှိုးလိုက်ရတော့သည်။

ခရီးကနေ ပြန်လာသည့်အခါ မော့ဟန်မှာ အလုပ်ရူးတစ်ယောက် ပြန်ဖြစ်သွားတော့သည်။ သူလုပ်စရာရှိသည့် အလုပ်များက နည်းနည်းပုံသွားသောကြောင့် မော့ဟန်သည် ပြန်ရောက်သည့်နေ့တွင် အနည်းငယ်ခက်သွားလေသည်။ ထိုအရာမှာ ပထမဆုံးအနေဖြင့် စိတ်သွားတိုင်း လူမပါခြင်းကို သူခံစားရခြင်း ဖြစ်သည်။

ပိုက်ဆံဆိုသည်မှာ ရှာရန်ခက်ခဲသည်။ သူ့၏ရှေ့နေရုံးကတော့ ပုံမှန်ဖြစ်နေကာ နာမည်ကောင်းကလည်း ရနေသောကြောင့် သူများမနာလိုလောက်သည့်ဝင်ငွေကို ရနေခြင်း ဖြစ်သည်။ သူဟာ ဘယ်လောက်ပဲ အလုပ်များနေပါစေ ရှုချင်းရီနှင့်အတူ ညစာစားရခြင်းက သက်သောင့်သက်သာရှိသောကြောင့် အလုပ်စောစောဆင်းလာတက်သည်။

မော့ဟန်က ဒီအကြောင်းကို တွေးမိသည့်အခါ ပြုံးရင်း ခေါင်းခါမိသည်။ အပျော်ခရီးထွက်လိုက်ခြင်းက သူ့ကိုဒီလိုအတွေးမျိုးတွေ ဝင်လာစေသည် ဖြစ်သည်။

တစ်ဖက်မှာတော့ ရှုချင်းရီမှာ ပြန်ရောက်ပြီး သိပ်မကြာခင်တွင်ပဲ ကျောင်းမှ အကြောင်းကြားစာရလာသည်။ သူမသည် မေဂျာပြောင်း စာမေးပွဲတွင် အောင်မြင်သွားခဲ့သည်။ ထို့ကြောင့် သူမသည် စိတ်ပညာကို သင်ယူနိုင်ပြီ ဖြစ်သည်။

သူမက မော့ဟန်အား ဒီအကြောင်းပြောပြပြီးနောက် သူမအား ဆုချရန် ပူဆာလေသည်။ ထိုအခါ မော့ဟန်က သူမအား ပင်လယ်စာ လိုက်ကျွေးမည်ဟု ပြောသည်။ သို့သော်လည်း ထိုရက်ပိုင်းတွင် ခက်ခဲသည့်အမှုတစ်ခုကို မော့ဟန်က လိုက်နေခြင်း ဖြစ်သောကြောင့် သူမအားသေးပေ။ ထို့ကြောင့် ထိုအမှုကိစ္စပြီးသွားမှသာ သူမကိုလိုက်ကျွေးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ရှုချင်းရီသည် မော့ဟန်က သူမအား လိုက်ကျွေးမည့်နေ့ကိုသာ မျှော်နေမိသည်။ သို့သော်လည်း ထိုနေ့သို့ ရောက်မလာသေးခင် တစ်စုံတစ်ရာက ဖြစ်ပွားသွားသည်။

ထိုနေ့တုန်းက သူမသည် မော့ဟန်အား ဖုန်းဆက်ကာ အလုပ်က ပြန်လာလျှင် သူမကြိုက်သည့် ပဲနီလေးအဆာသွပ်မုန့်ဝယ်လာပေးရန်ပင် မှာခဲ့သေးသည်။ ထို့နောက် ရှုချင်းရီသည် TVကြည့်ရင်း စောင့်နေခဲ့သည်။ သို့သော်လည်း မော့ဟန်သည် ၁၁နာရီထိုးလာသည့်အထိ ရောက်မလာခဲ့ပေ။

ရှုချင်းရီမှာ အနည်းငယ်စိတ်ပူသွားခဲ့သည်။ မော့ဟန်သည် အနောက်ကျဆုံး၁၀နာရီဆိုရင် ပြန်ရောက်နေတက်သည်။ သို့သော် ယခုမှာ ၁၁နာရီရှိနေသည်။ သူပြန်ရောက်သင့်နေပြီ။ သူမက မော့ဟန်ကို ဖုန်းခေါ်ကြည့်သည့်အခါ ဖုန်းပိတ်ထားသည်နှင့် တိုးလေသည်။ ရုံးဖုန်းကို ခေါ်ကြည့်သော်လည်း ဘယ်သူမှမကိုင်ပေ။ ထို့ကြောင့် မော့ဟန်၏အတွင်းရေးမှူးအား သူမဖုန်းခေါ်မှ ဖုန်းကိုင်လာသည်။ အတွင်းရေးမှူးက သူမအား အမေရိကကိုသွားဖို့ လေယာဉ်လတ်မှတ်ဖြတ်ခိုင်းထားသည်ဟု ပြောသည်။ ထိုလတ်မှတ်က ညလေယာဉ်ဖြစ်သောကြောင့် သူကအခုလေယာဉ်ပေါ်ကို ရောက်နေလောက်ပြီ။

Previous Chapter 115 of 199 Next