၁၃၁။ မျက်နှာ
“အိမ်ပြန်ပြီး ကိုကြီး ရေချိုး၊အဝတ်လဲလိုက်ပါဦး။ ဒီလိုပုံကြီးက ကြည့်မကောင်းဘူး”
ရှုချင်းရီက အိပ်မပျော်သေးသောကြောင့် ကုတင်ဘေးတွင် ထိုင်နေသည့် မော့ဟန်အား ပြုံးကာ ပြောသည်။
မော့ဟန်ကလည်းပြုံးကာ
“အင်း မြန်မြန်ပြန်လာခဲ့မယ်”
သူဟာ ကုတင်ဘေးတွင်ထိုင်ရင်း ရှုချင်းရီက နှစ်ခြိုက်စွာအိပ်ပျော်သွားသည်ကို ကြည့်နေသည်။ သူမ၏အသက်ရှုသံဖျော့ဖျော့လေးကိုကြားကာမှ သူ၏အမြန်ခုန်နေသည့် နှလုံးသားမှာ ပုံမှန်ဖြစ်သွားသည်။
နောက်မှ မော့ဟန်သည် ရှုချင်းရီစကားကို နားထောင်ကို အိမ်သို့ရေချိုးရန် ပြန်လာသည်။ ရေချိုးခန်းမှန်တွင် သူ့ကိုယ်သူပြန်ကြည့်လိုက်သောအခါ ရှုချင်းရီပြောသလိုပင် နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးအစတို့က ထွက်နေသည်။ သူပြုံးကာ ရိတ်လိုက်သည်။
ထို့နောက် ခေါင်းသုတ်ပြီး အဝတ်လဲပြီးသည်နှင့် သူအဝတ်တချို့ကို ထည့်သည်။ ထို့နောက် ရှုချင်းရီအဝတ်နှင့် သူမလိုအပ်မည်များကို သူမအခန်းသို့သွားကာ ယူပြီးသည်နှင့် အိမ်မှာကြာကြာမနေဘဲ ဆေးရုံကို ပြန်သွားလေသည်။
သူကဆေးရုံတွင် ရှုချင်းရီတစ်ယောက်တည်း ဖြစ်နေမည်ကို စိုးရိမ်၍ဖြစ်သည်။ သို့သော်လည်း ရှုချင်းရီက အကြာကြီးအိပ်နေခဲ့သည်။ သူဆေးရုံကို ပြန်ရောက်ပြီးနောက် ၂နာရီလောက်ကြာသည်တောင် မနိုးသေးပေ။
“ခင်ဗျားညီမလေးက အခုအခြေအနေကောင်းပုံရတယ်။ နှစ်ရက်လောက် စောင့်ကြည့်ပြီးလို့ ဘာမှထူးခြားတာ မဖြစ်ရင် ဆေးရုံဆင်းလို့ရပါပြီ”
ဆရာဝန်ကြီးက ရှုချင်းရီ၏ကုတင်ဘေးတွင် စစ်ကြည့်ပြီး ပြောသည်။
“၂ပတ်လောက်ကြာရင် ပတ်တီးဖြေဖို့ ပြန်လာရမယ်။ အရမ်းစပ်တာ ငန်တာတွေ မစားစေနဲ့။ ပုံမှန် ပေါ့ပေါ့ပါးပါးအစားအသောက်တွေပဲကျွေး။ ဒါကအနာကျက်မြန်လိမ့်မယ်”
“သိပါပြီ”
မော့ဟန်က ပြန်ဖြေသည်။ ထို့နောက် ရှုချင်းရီ၏ကျောက်ပတ်တီးစီးထားသည့် လက်ကိုကြည့်ကာ
“လက်ကပြန်ကောင်းမှာမလား?”
“ပြင်းထန်တာ မဟုတ်ပါဘူး။ ဒီတိုင်းလိမ်ချိုးခံရရုံတင်ပါ။ လက်ကိုသိပ်မလှုပ်ရှားမိစေနဲ့။ အချိန်တန်ရင် ပြန်ကောင်းမှာပါ။ မဟုတ်ရင်တော့ အရိုးပြန်ဆက်ရတာ ခက်လိမ့်မယ်”
မော့ဟန်က မေးသည်။
“အခုနိုးလိုက်ရမလား ဒါမှမဟုတ် ဆက်အိပ်ခိုင်းသင့်လား?”
“အိပ်နိုင်သလောက်အိပ်ပါစေ။ သူကပင်ပန်းနေလိမ့်မယ်။ အိပ်တာက ပြဿနာမရှိပါဘူး။ မနှိုးပါနဲ့”
ဆရာဝန်က မော့ဟန်ကို ကြည့်ကာ
“ဒါပင်မယ့်လည်း သတိထားစရာ တစ်ခုတော့ရှိတယ်။ ဒီကိုရောက်လာတုန်းက အဝတ်မဲ့လုနီးပါးလို့ ကြားတော့ ဟို. . .”
“ဖြစ်လုနီးပါးပါပဲ”
“ဒါဆိုရင်တော့ နိုးလာရင် သေချာဂရုစိုက် နှစ်သိမ့်ပေးလိုက်ပါ။ ဒီလိုမျိုးကြုံခဲ့ရတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ အနည်းနဲ့အများရှိလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မဖြစ်အောင် ဂရုစိုက်ပေးပါ,
“ဟုတ်ကဲ့ပါ”
ဆရာဝန်ထွက်သွားသည့်အခါ မော့ဟန်က ကုတင်ဘေးတွင်ထိုင်ကာ ရှုချင်းရီနိုးလာမည်ကို စောင့်နေလိုက်သည်။ သူမက နာရီဝက်လောက်ကြာမှ နိုးလာသည်။
မျက်လုံးပွင့်ပွင့်ချင်း မော့ဟန်ကို မြင်သည်နှင့် သူ့အားပြုံးပြကာ
“ပြန်လာပြီလား?”
မော့ဟန်က သူမလက်ကလေးကို ကိုင်ကာ
“အင်း”
“ခေါင်းနာနေတယ်”
ရှုချင်းရီက ပြောသည်။
“ရက်နည်းနည်းလောက်နေရင် ကောင်းသွားမှာပါ”
ရှုချင်းရီက သူ့မလက်က ကျောက်ပတ်တီးကို မြင်သွားကာ သူမနောက်လက်တစ်ဖက်တွင်လည်း ဆေးပုလင်းချိတ်ထားသည်ကို တွေ့သည်နှင့်
“လက်က. . . ကျိုးသွားတာလား?”
“မဟုတ်ပါဘူး လက်ကလည်သွားရုံတင်ပါ။ ၂ပတ် ၃ပတ်လောက်နေရင် ပြန်ကောင်းသွားလိမ့်မယ်”
“ဟင်? အကြာကြီးပဲ”
“မကြာပါဘူး။ လူပြန်ကောင်းဖို့ပဲ အရေးကြီးတာ”
“မှန်ရော? ညီမလေး မျက်နှာရော ပျက်စီးသွားပြီလား?”
မော့ဟန်က ပြုံးကာ
“မျက်နှာက အဆင်ပြေပါတယ်။ လှတုန်းပဲ”
“မှန်ယူပေးပါနော်။ ကြည့်ပါရစေ”
ရှုချင်းရီက နှုတ်ခမ်းလေးဆူကာ ပြောသည်။