၁၉၂။ ပြန်လာခဲ့မယ်
မော့ဟန်က ပြုံးသွားကာ
“ငါ့တို့တစ်ရက်တောင် မခွဲရသေးဘဲနဲ့”
“ဒါပင်မယ့်လည်း. . . လွမ်းတယ်”
ရှုချင်းရီက မော့ဟန်ကို သေချာကြည့်နေသည်။ သူမမှတ်ညဏ်များကို ပြန်ရသည့်အခါ မော့ဟန်နှင့် နှစ်များစွာ ဝေးသွားသလို သူမခံစားလိုက်ရသောကြောင့် ဖြစ်သည်။
အရင်တုန်းက သူမသည် ချစ်သူထားရမှာကို ကြောက်လန့်နေခဲ့သည်။ သူမမေ့နေသည့် ၁၁နှစ်နောက်ပိုင်းတွင် သူမမှာ ချစ်သူရှိနေမှာမျိုး စိုးရိမ်ခဲ့ရတာ ဖြစ်သည်။
“ဘာတွေတွေးနေတာလဲ?”
မော့ဟန်က မေးသည်။
“အိမ်ရောက်နေပြီ”
ရှုချင်းရီက အတွေးများကို ရပ်လိုက်ကာ ကားပေါ်ကဆင်းလာသည်။ အိမ်ရောက်သည့်အခါ သူမ၏အခန်းထဲသို့ သုမဝင်ခါနီးတွင်
“မနက်ဖြန် ကျောင်းကို လိုက်ပို့မယ်”
ရှုချင်းရီက ခေါင်းငြိမ့်ပြလိုက်သည်။
ထိုနေ့ကုန်ဆုံးသွားသည့်အခါ အရင်လိုတက်ကြွဖြတ်လတ်သည့် ရှုချင်းရီ ပြန်ဖြစ်သွားသည်။ သူမသည် သူငယ်ချင်းများနှင့်အတူ ကျောင်းတက်လိုက် အိမ်တွင် မော့ဟန်ဖြင့် အတူရှိနေကြလိုက်ဖြင့် ပျော်ရွှင်စရာများ ဆက်ဖြစ်နေသည်။
လီနာကတော့ ကွယ်လွန်သွားခဲ့သလိုပင်။ သို့သော်လည်း သူမသည် အကုန်လုံးကို မှတ်မိနေဆဲဖြစ်သည်။
တစ်ပတ်ကြာသည့်အထိ မော့ဟန်အား သူမပြန်မှတ်မိနေသည့်အကြောင်းကို မပြောခဲ့ပေ။ မော့ဟန်က သူမ၏အတိတ်ကို သိသွားသော် တစ်စုံတစ်ရာက ပြောင်းလဲသွားမလား သူမစိုးရိမ်နေခဲ့တာ ဖြစ်သည်။ ရှုချင်းရီသည် ခက်ခဲကြမ်းတမ်းခဲ့သည့် အတိတ်များကို အစမဖော်ချင်တော့ကာ အသစ်တစ်ဖန် မွေးဖွားလာသလို ပျော်ပျော်ရွှင်ရွှင်ပဲ နေသွားချင်သည်။
မော့ဟန်ကလည်း သူမခရီးထသွားသည့် အကြောင်းကို မေးဖို့တောင် သတိရပုံ မပေါ်တော့ပေ။ သူမကို နေ့တိုင်းတော့ ကျောင်းကို အပို့အကြိုလုပ်နေသည်။
ဒီနေ့တွင်တော့ ရှုချင်းရီသည် ပေါက်ပေါပ်ဆုပ်ဘူးများကိုကိုင်ကာ မော့ဟန်က လက်မှတ်သွားဝယ်နေသည်ကို စောင့်နေသည်။ သူမတို့က ဒီနေ့ရုပ်ရှင်ကြည့်ကြမည် ဖြစ်သည်။
မော့ဟန်က ရောက်လာသည့်အခါ သုမဖုန်းက မြည်လာသည်။ ရှုချင်းရီက ပေါက်ပေါက်ဆုပ်ဘူးများကို မော့ဟန်အား ခနကိုင်စေကာ အိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်။ မသိသည့် ဖုန်းနံပတ်က ခေါ်ခြင်းဖြစ်သော်လည်း သူမကိုင်လိုက်သည့်အခါ
“ဟယ်လို?”
“တတိယသခင်လေး ဖမ်းမိသွားပြီ! အခုထောင်ထဲမှာ။ ငါတို့ရှေ့နေရှာထားတယ်။ နှစ်လျှော့ရမလားပေါ့။ ဒါပေမယ့်. . . တတိယသခင်လေးက သဘောမတူဘူး ဖြစ်နေတယ်။ အကုန်လုံးကို သူ့အပြစ်လို့ပဲ ထင်နေပုံရတယ်။ လက်ခံဖို့ နင်သွားပြောပေးပါလား?”
ရှုချင်းရီက ဘယ်သူဖုန်းဆက်နေသလဲဆိုသည်ကို သိသွားသည်။ ထိုသူမှာ ဟိုတနေ့က သူမနှင့်တွေ့ခဲ့သည့် တတိယသခင်လေး၏ လူယုံသာ ဖြစ်သည်။ သူမဘေးက မော့ဟန်ကိုကြည့်လိုက်သည့်အခါ လတ်မှတ်တို့ကို စူးစမ်းကြည့်နေရင်းဖြင့်သာ အလုပ်များနေသည်။ ရှုချင်းရီက အသံကိုတိုးကာ
“ဘာဖြစ်လို့ သွားပြောပေးရမှာလဲ?”
“တတိယသခင်လေးက နင့်စကားဆိုရင် နားထောင်တယ်။ အရင်ကတည်းက အဲ့ဒီလိုပဲ။ ငါတို့ဆီမှာ နင်အလုပ်မလုပ်တော့တာ သိပါတယ်။ တတိယသခင်လေးကြောင့် နင့်ကိုအမှု မပတ်စေရပါဘူး။ စိတ်မပူနဲ့။ နင်သွားမပြောရင် တတိယသခင်လေးက နှစ်ကြီးကျလိမ့်မယ်”
ထိုလူက စိတ်ပူစွာ ပြောနေသည်။
“ကျွန်မပြောတာကို သဘောမပေါက်ဘူးလား? သူနဲ့ ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူး”
ရှုချင်းရီ၏လေသံမှာ ပြတ်သားနေသည်။
“နောက် ကျွန်မကို ဖုန်းထပ်မခေါ်နဲ့!”
ရှုချင်းရီက ဖုန်းကိုအမြန်ချလိုက်သည်။
မော့ဟန်ကို ကြည့်လိုက်သော် မော့ဟန်သည် စိတ်ကြည်ပုံသိပ်မရသော်လည်း သူမကိုပြုံးပြသည်။ ဘာလဲဆိုသည်ကို သိချင်နေပုံလည်းရသည်။
ရှုချင်းရီသည် မော့ဟန်ကို စေ့စေ့မကြည့်ရဲတော့ဘဲ ပြုံးပြကာ
“ရုပ်ရှင်သွားကြည့်ရအောင်”
ထို့နောက် ပေါက်ပေါက်ဆုပ်ဘူးများကို ပြန်ယူကာ ရုပ်ရှင်ရုံထဲသို့ ဦးဆောင်သွားလေသည်။ သူမသည် ပိတ်ကားကိုကြည့်နေသော်လည်း အစအဆုံး ဘာကိုမှ မသိလိုက်ပေ။ သူမ၏အတိတ်အကြောင်းများအထဲတွင် အတွေးများနစ်မြုပ်နေကာ ရင်ထဲတွင် လေးလံနေသည်။
ရုပ်ရှင်ပြီးသွားသည့်အခါ မော့ဟန်က သူမလက်ကိုဆွဲ၍ ရုပ်ရှင်ရုံထဲမှ ထွက်လာသည်။ အပြင်သို့ရောက်သော် မော့ဟန်က လက်ကိုလွှတ်လိုက်ကာ သုမကိုလှည့်ကြည့်လာသည်။
ရှုချင်းရီက မော့ဟန်ကိုကြည့်ကာ
“ညီမလေး. . .တစ်နေရာကို သွားရမယ်ထင်တယ်”
မော့ဟန်က တိတ်ဆိတ်သွားသည်။ ခနနေမှ
“ပြန်လာမယ်မလား?”
“ပြန်လာမှာပါ”
ရှုချင်းရီက ခေါင်းထပ်ငြိမ့်ကာ
“ပြန်လာခဲ့ပါမယ်. . .”
မော့ဟန်က သူမ၏ခါးကနေ ဆွဲဖက်ကာ အကြာကြီးနမ်းလိုက်သည်။ ထို့နောက်မှ သူမ၏နားအနားသို့ကပ်ကာ
“စောင့်နေမယ်”
ရှုချင်းရီက ငိုချင်လာကာ မျက်ရည်များဝဲတက်လာသော်လည်း ပြန်ထိန်းလိုက်သည်။ သူမသည် မော့ဟန်၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ကာ ဝင်နေလိုက်သည်။ မော့ဟန်သည် အရမ်းနွေးထွေးလွန်းတော့ သူမမလွှတ်ချင်ပေ။ သို့သော်လည်း သူမလွှတ်လိုက်ရကာ မော့ဟန်ကိုမကြည့်ရဲဘဲ ခေါင်းငုံ၍ ထွက်သွားသည်။
ရှုချင်းရီက တတိယသခင်လေးကို သွားတွေ့ခြင်း ဖြစ်သည်။ သူမသည် မိနစ်၂၀ ထောင်ဝင်စာ ရခဲ့သည်။ သူတို့က ထောင်ထဲတွင် မှန်ကြီးခြား၍ အခုလို ပြန်တွေ့ခဲ့ရသည်။
တတိယသခင်လေးက မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများကြောင့် ရုပ်ပိုရင့်သွာ့ငည်။ တတိယသခင်လေးက သူမကိုတွေ့သည့်အခါ အံ့သြသွားသည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြပေ။ ရှုချင်းရီက ခေါင်းကိုငုံ့ကာ သူမ၏လက်ကိုသာ သူမပြည့်နေသည်။ တတိယသခင်လေးက ဖုန်းကို ကိုင်လိုက်သော်လည်း စကားမပြောပေ။
ထိုအခါမှ ရှုချင်းရီသည် ဖုန်းကိုကိုင်လိုက်ကာ
“အထဲမှာ အဆင်ပြေရဲ့လား?”
“မှတ်မိသွားပြီလား?”
တတိယသခင်လေးက ခါးသီးစွာ ပြုံးသည်။
ရှုချင်းရီက ခေါင်းကိုငြမ့်ပြကာ
“ကျွန်မ ရှောင်ယဲ့ကို ဂါရဝသွားပြုခဲ့တယ်”
“ငါ့ကို မတွေ့ချင်လောက်ဘူး ထင်နေတာ”
“ကျွန်မ တကယ်လည်း မတွေ့ချင်ဘူး”
တတိယသခင်လေးက ပြုံးရင်း
“ဒါဆိုရင် ဘာဖြစ်လို့ လာတာလဲ?”
“လူယုံဟွမ်က သူ့စကားကို နားထောင်စေချင်လို့ ကျွန်မကို လာပြောခိုင်းတာ. . .ဒါပင်မယ့် ကျွန်မမလုပ်နိုင်ဘူး။ တောင်းပန်ပါတယ်. . .မကယ်ပေးနိုင်ဘူး. . .ထုတ်ပေးဖို့လည်း မတက်နိုင်ဘူး. . .”
တတိယသခင်လေးက သူမအားစိတ်ပင်ပန်းစွာ ကြည့်ပြီးနောက် အရင်လိုချေမိုးနေသည့် ပုံစံပြန်ဖြစ်သွားကာ
“သိတယ်။ နင့်ငါ့ကို ကယ်ဖို့လည်း မမျှော်လင်ဘူး။ နင်ကယ်လို့လည်း မရဘူး။ ဒါငါ့ရဲ့ရွေးချယ်မှုပဲ”
တတိယသခင်လေးက သူမကိုကြည့်ကာ မေးသည်။
“လွန်ခဲ့တဲ့ ၉လတုန်းက နင်ဝမ်ရှန်ကို ငွားရှာပြီးတော့ ဘာတွေဆက်ဖြစ်လဲ သိချင်လား?”
ရှုချင်းရီက သူ့ကိုမော့ကြည့်လာသည့်အခါ တတိယသခင်လေးက ဖြေလိုက်သည်။
“ဝမ်ရှန်က မသေသွားဘူး။ ဒါပင်မယ့် သေလုမြောပါးပဲ။ ဆေးရုံကုတင်ပေါ်ကနေ ပြန်မထလာနိုင်တော့ဘူး။ ရဲတွေကလည်း မင်းပို့လိုက်တဲ့ အသံဖိုင်ကို ရသွားတယ်။ အဲ့ဒီတော့ ပစ္စည်းတွေကို ဝမ်ရှန်ဟာလို့ပဲ ထင်သွားကြပြီးတော့ အရေးယူလိုက်တယ်။ သူတို့ဂိုဏ်းက အခုပျက်သွားပြီ။ ငါတို့နဲ့ယှဥ်နိုင်မယ့်ဂိုဏ်း မရှိတော့ဘူး”
တတိယသခင်လေးက ပြုံးကာ
“နင်ပီသပါတယ်။ နိုင်ချေရ အရမ်းနည်းပင်မယ့် အကုန်လုံး အတူဆုံးရှုံးသွားကြတာပေါ့”
တတိယသခင်လေးက သူမကိုကြည့်ပြီး
“နင်ဆေးရုံကို ဘယ်လိုရောက်သွားလဲသိလား? သူတို့က နင့်ကို အသက်မြော့မြောပဲ ကျန်တဲ့အချိန်မှာ ဆေးရုံရှေ့ကို ရောက်နေရဲ့နဲ့ သေသွားစေချင်လို့ပဲ”
“အစကတော့ ငါလည်းနင်သေပြီပဲ ထင်လိုက်တာ။ နှစ်လလောက်ကြာခါမှ အသက်ရှင်နေသေးပြီးတော့ အတိတ်မေ့သွားတာကို သိတာ။ ဒီလိုသိတော့ နင့်အတွက် ကောင်းတာပဲလို့ ငါထင်လိုက်တယ်”
တတိယသခင်လေးက မှန်၏တစ်ဖက်ခြမ်းကနေ ဖြည်းဖြည်းချင်း ပြောပြသည်။