May Honey Logo May Honey
Previous Next

၁၀၄။ အိပ်ခြင်း

မော့ဟန်က သူ့ဖုန်းမြည်လာသည်ကို ကြားရသည်။ ထိုအရာဟာ သူအစည်းအဝေးပွဲတွင် ထားခဲ့သည့် လုပ်ဖော်ကိုင်ဖက်များက ဖုန်းဆက်နေခြင်း ဖြစ်ရမည်။ ဒါပင်မယ့် မော့ဟန်က ပထမဆုံးအနေဖြင့် ဖုန်းမကိုင်တော့ပါ။ ဒါဟာ သူ့အတွက် အလုပ်ကိစ္စကို အရေးမပေးခြင်းပင် ဖြစ်သည်။ ဖုန်းက ဆက်မြည်နေသော်လည်း သူကရှုချင်းရီကို ဖက်ထားရင်းဖြင့် သူမ၏နားအနားသို့ကပ်ကာ
“ညီမလေးရဲ့အမှား မဟုတ်ပါဘူး. . .ရပါတယ် . . .ဒါတွေက ပြီးခဲ့ပါပြီ”

မော့ဟန် သူမဒီနေ့တွင် ဒီလောက်နာကျင်နေရသည့်အထိ အတိတ်တွင် ဘာတွေကြုံတွေ့ခဲ့ရမှန်း သူမသိပါ။ ဟိုးတစ်ခေါက်တုန်းကလည်း သူမဟာ အိပ်မက်မက်ပြီး နိုးလာတုန်းက ဘာကိုမှ သူမမမှတ်မိတော့သော်လည်း သူမဟာ ငိုနေခဲ့ဖူးသည်။ ဒီနေ့သူမမှတ်မိသည့် မှတ်ညဏ်မှာ ထိုအိပ်မက်နှင့် ခပ်ဆင်ဆင်ဖြစ်လောက်သည်ဟု သူတွေးနေမိသည်။ သူကတော့ ရှုချင်းရီအား အတိတ်က အကြောင်းများကို ထပ်မမှတ်တော့ရင် ကောင်းမည်ဟု ဆုတောင်းနေမိသည်။

“အိမ်ကို ပြန်ပို့ပေးမယ်။ ပြန်ရောက်ရင် ကောင်းကောင်အိပ်လိုက်။ ဘာကိုမှ ထပ်မတွေးနဲ့တော့”
မော့ဟန်က ရှုချင်းရီနှင့်ခွာကာ သူမ၏မျက်ရည်များကို သုတ်ပေးရင်းဖြင့် ပြောလိုက်သည်။

ရှုချင်းရီက စိတ်ငြိမ်သွားပြီ ဖြစ်သောကြောင့် မျက်လုံးပြန်ဖွင့်လာသည်။ ထိုအခါ မော့ဟန်၏ အဖြုရောင်အကျီတွင် သူမ၏မျက်ရည်နှင့်နှာရည်များကြောင့် ညစ်ပတ်နေပြီကို တွေ့လိုက်သည်။ ထိုအခါ သူမရှက်သွားကာ ထိုအရာများကို သုတ်ပေးဖို့ လက်လှမ်းရင်းဖြင့် မော့ဟန်အား အပြစ်ကင်းစွာ မော့ကြည့်ကာ
“တောင်းပန်ပါတယ်။ ကိုကြီးရဲ့ အကျီညစ်ပတ်သွားပြီ”

မော့ဟန်က ထိုအခါမှ သူ့အကျီကို ငုံ့ကြည့်မိသည်။ ထို့နောက် သူကတစ်ရှုးထရှာပြီး သုတ်လိုက်ကာ
“ပြန်ရအောင်။ လိုက်ပို့ပေးမယ်”

“အစည်းအဝေးရှိသေးတယ်မလား?”

“ရတယ်။ ငါနောက်မှ သူတို့ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောလိုက်မယ်”
မော့ဟန်က သူ့အပေါ်ကုတ်အကျီကို ပြန်ဝတ်ကာ တစ်ရှူးကို အမှိုက်တောင်းထဲသို့ပစ်ရင်း ပြောသည်။

ရှုချင်းရီက နှာခေါင်းရှုံကာ
“ကိုယ့်ဟာကိုယ် ပြန်ရသားပဲ”

မော့ဟန်က တံခါးဖွင့်လိုက်ကာ ကုတင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည့် သူမအား ကြည့်ရင်း
“သွားမယ်။ သိပ်ကြာမှာ မဟုတ်ပါဘူး”

ထို့နောက် ရှုချင်းရီက သူ့နောက်က လျှောက်ကာ လိုက်လာသည်။ မော့ဟန်က လမ်းလျှောက်နေစဉ် ဖုန်းခေါ်ကာ သူ့ကိုင်တွယ်မှ ဖြစ်မည့် ကိုယ်ရေးကိုယ်တာကိစ္စက အရေးတကြီးပေါ်လာတာ ဖြစ်သောကြောင့် အစည်းအဝေးကို ဆက်လုပ်ရန်ပြောပြီးနောက် သူခနနေရင် ပြန်လာမည့် အကြောင်းကိုပါ ပြောလိုက်သည်။

ရှုချင်းရီမှာ အပြန်လမ်းတွင် စိတ်နှင့်လူမကပ်သည့်ပုံဖြင့် ကားပြတင်းပေါက်မှ အပြင်သို့ ကြည့်နေသည်။ ဒါက သူမအတွက် အရေးပါပုံရသည့် မှတ်ညဏ်ကို ပထမဆုံး ပြန်မှတ်မိခြင်း ဖြစ်သည်။

ထိုအရာများက သူမမေ့သွားခဲ့သော်လည်း ပြန်သတိရသည့်အခါ နာကျင်လွန်းသည်။

ရုတ်ချင်းပင် ထိုရေထဲတုန်းက မှတ်မိသည်က သူမ၏အတိတ်တွင် အရေးပါခြင်း မဟုတ်ပါက အနာဂတ်တွင် အရေးပါလာမည့်အရာဟု သူမခံစားနေရသည်။ ထိုမှတ်ညဏ်များမရှိဘဲ သူမဟာ ပြည့်စုံမသွားနိုင်ပေ။

သူမရေပေါ်သို့ ဆွဲတင်ခံရချိန်တုန်းက မှတ်မိလိုက်သည့်အသံကို သူမကြားယောင်နေပါသေးသည်။

‘ငါသေသွားရင် မင်းငါ့ကို အရင်တုန်းက ကူညီခဲ့တာအတွက် ပြန်ရလိုက်တယ်လို့မှတ်။ ငါသာ ဆက်ရှင်နေသေးရင် ဘယ်တော့မှ ငါပြန်မလာတော့ဘူး။ ငါဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး မင်းနေလို့ရတယ်’
ထိုစကားကို ပြန်မှတ်မိတုန်းက သူမ၏နှလုံးခုန်သံများ ရပ်တန့်သွားသလို သူမခံစားခဲ့ရသည်။

“အရင်အိပ်နှင့်။ ခနနေရင် ငါပြန်လာမယ်”
မော့ဟန်က ရှုချင်းရီ၏ အခန်းတံခါးကို ပြန်ပိတ်ပေးရင်း ပြောသည်။

သူမကိုယ်တိုင်ကလည်း အရမ်းပင်ပန်းနေပြီ ဖြစ်သောကြောင့် မော့ဟန်ကိုလက်ပြလိုက်ကာ ကုတင်ပေါ်လှဲပြီး အိပ်ရန်လုပ်လိုက်သည်။ သူမအတွက် အိပ်ပျော်ရန် ခက်ခဲနေပြန်သည်။ သူမက ခနခနပြန်နိုးလာကာ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသည်မှာ မော့ဟန်ပြန်လာသည့် အချိန်အထိပင်။

မော့ဟန်က သူ့လုပ်စရာရှိတာများလုပ်ပြီးသည်နှင့် ချက်ချင်းပြန်လာသည်။ သူအိမ်ထဲဝင်လာသည့်အခါ ဧည့်ခန်းမီးများမှာ ပိတ်ထားဆဲ ဖြစ်သောကြောင့် ရှုချင်းရီမှာ အိပ်နေသေးမှန်း သူသိလိုက်သည်။

မော့ဟန်က သူ့မအခန်းထဲသွားလိုက်သည့်အခါ သူထင်သည့်အတိုင်း ရှုချင်းရီ၏ ရှုပ်ပွနေသည့် ခေါင်းကလေးမှာ စောင်ထဲက ထွက်နေသည်။

သူကသူမကို နှိုးလိုက်တော့ ချက်ချင်းမျက်လုံးဖွင့်လိုက်သည်။ ထိုအခါမှ
“ထတော့။ မုန့်ဝယ်လာခဲ့တယ်”

ရှုချင်းရီက အိပ်ရေးမဝသည့် မျက်လုံးဖြင့် ရှုပ်ပွနေသည့် ဆံပင်ကို မသပ်နိုင်ဘဲ နောက်မှလိုက်လာသည်။ စားပွဲပေါ်တွင် မော့ဟန်က မုန့်နှစ်ပန်းကန်ကို ပြင်ထားပြီးသား ဖြစ်သည်။ သူက သူမကြိုက်သည့် ပဲနီလေးအဆာသွပ်မုန့်ကိုပင် ဝယ်လာပေးခဲ့သည်။

Previous Chapter 104 of 199 Next