May Honey Logo May Honey
Previous Next

၁၂၆။ ငါဒီမှာရှိပါတယ်

ဒီလိုမြောနေစဉ်မှာပဲ ရုတ်တရပ်ထွက်ပေါ်လာသည့်အသံကြောင့် သူမအသိပြန်ကပ်သွားသည်။

“မင်းတို့ဘာလုပ်နေတာလဲ?”
ထိုအသံမှာ သူမအတွက် ရင်းနှီးလွန်းနေသည်။ ရှုချင်းရီက ခနအတွင်းတွင်ပဲ မော့ဟန်ဆိုသည်ကို သတိရသွားသည်။

မော့ဟန်က ခပ်လှမ်းလှမ်းက ဝါကျင့်ကျင့်မီးတိုင်အောက်တွင် မိုးရေများမှ လျှောက်လာလေသည်။ သူတို့ကိုမြင်လိုက်သည့်အချိန်မှာ သူ့ရင်တွေခုန်သွားသည်။ ရှုချင်းရီ၏စာကြောင့် ဒီလူများမှာ ရှုချင်းရီအား တစ်ခုခုလုပ်နေသည်မှာ လောက် ၈၀%သေချာသည်။

မော့ဟန်မှာ တစ်ခေါက်မှ ဒီလောက်စိတ်မလှုပ်ရှားဘူးပေ။ သူ့ခြေလှမ်းတိုင်းတွင် စိုးရိမ်မှုအပြည့်ဖြင့် အမြန်လျှောက်လာကာ သူထင်သည့်အရာမဖြစ်ဖို့ ဆုတောင်းနေမိသည်။

“ငါတို့ကို လာမရှုပ်နဲ့!”
မော့ဟန်လျှောက်လာသည်ကို မြင်သည့်အခါ ဘေးကလူက ကာရင်း စိတ်တိုစွာ ပြောသည်။

မော့ဟန်က သူ့ကိုဂရုမစိုက်ဘဲ သူကွယ်ထားသည်နေရာကိုသာ လှမ်းကြည့်ရင်း လျှောက်လာသည်။

“မင်းလူစကားကို နားမလည်ဘူးလား?”
ထိုလူကလည်း မော့ဟန်ဆီသို့ လျှောက်လာသည့်အခါ သူကွယ်ထားသည်ကို လှစ်ဟာပြမိသည်။

မော့ဟန်က ထိုမြင်ကွင်းကြောင့် သူ့စိတ်တစ်ခုလုံး ပေါက်ကွဲသွားသည်။ အဖြစ်အပျက်မှာ သူထင်ထားသည်ထက်တောင် ဆိုးဝါးနေသေးသည်။

မော့ဟန်က သူ့ကိုပြေးလာထိုးသည့်လူ၏ လက်ကိုချိုးပစ်လိုက်သည်။ နာကျင်စွာအော်နေသည့် အချိန်တွင်ပဲ မော့ဟန်က ကြမ်းပြင်ပေါ်သို့ လဲကျအောင် ပိတ်ကန်ပစ်လိုက်သည်။ သူ့အဖော်အလဲချခံရသည်ကိုမြင်ကာမှ ကျန်သည့်သူမှာ မော့ဟန်အား အပြေးအလွှား လာချသည်။

မော့ဟန်ကတော့ ကြမ်းပြင်ပေါ်တွင် အပေါ်ဝတ်အကျီမှာ ဆွဲဖြဲခံထားရပြီး ကိုက်ရာတပွကြီးနှင့် ရှုချင်းရီအား ကြည့်လိုက်သည်။ ထိုမြင်ကွင်းမှာ သူ့မျက်လုံးတွေကို အောင့်သွားစေသောကြောင့် သူထပ်မကြည့်နိုင်တော့ပေ။ ဤသို့ဖြင့် မော့ဟန်သည် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းပျောက်သွားကာ သူ့ဘေးကလူများအား နီရဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
‘ဒီကောင်တွေက ရှုချင်းရီကို ဒီလိုဖြစ်အောင် လုပ်တဲ့သူတွေပဲ! ငါသူတို့ကို သတ်ပစ်မယ်! တစ်ယောက်မှ အလွတ်မပေးနိုင်ဘူး!’

ဤသို့ဖြင့် မော့ဟန်မှာ သူတို့နှင့် ချတော့သည်။ တစ်ယောက်က မော့ဟန်အား သံတုတ်ဖြင့် အားကုန်သုံးကာ ပြေးရိုက်သော်လည်း မော့ဟန်ဆီမှ အချခံလိုက်ရသည်။ ထို့နောက် မော့ဟန်က ထိုတုတ်ကိုယူကာ ချတော့သည်။ ဗိုက်တွေကို အားပြင်းပြင်းဖြင့်ကန်လိုက်ရာ ကြမ်းပြင်ပေါ်တွင် မလှုပ်ရှားနိုင်တော့ဘဲ လဲကျသွားသည်။ ထိုလူများမှာ ခနအတွင်းတွင် မော့ဟန်ဆီမှာ အချခံရကာ ပြန်မထနိုင်တော့ပေ။ ထိုအခါမှသာ ရှုချင်းရီဆီသို့ သွားတော့သည်။

မော့ဟန်က သူ့ဘဝတွင် လျှောက်ခဲ့ဖူးသည့်လမ်းများကို ပြန်တွေးကြည့်သည်။ ရှေ့နေအဖြစ် တရားရုံးသို့ သူလျှောက်ခဲ့ဖူးသည်။ သူ့အဖေဆီမှ အရိုက်ခံနေရသည့် သူ့အမေဆီသို့လည်း ကြောင်အစွာ လျှောက်ခဲ့ဖူးသည်။ ဆေးရုံမှ သူ့အဖေဆုံးသည့်သတင်းကို ကြားတုန်းကလည်း သူ့အဖေအလောင်းဆီသို့ လျှောက်ဖူးသည်။ ဒါပင်မယ့်လည်း ဘယ်လမ်းကမှ သူ့အားဒီလို မခံစားခဲ့ဖူးပေ။

သူ့ခြေလှမ်းတိုင်းဟာ ဓားသွားထက်မှာ လျှောက်နေရသလိုဖြစ်သည်။ သူမြန်မြန်လျှောက်ချင်သော်လည်း သူ့အရှေ့က အရာတိုင်းကို မရင်ဆိုင်ရဲသောကြောင့် သူခြေလှမ်းတို့က နှေးကွေးနေသည်။ မိုးရေတွေကြားမှ လမ်းမီးတိုင်ဝါကျင့်ကျင့်မီးရောင်အောက်တွင် မော့ဟန်က နောက်ဆုံးတော့ ရှုချင်းရီအနားသို့ လျှောက်လာခဲ့သည်။

ရှုချင်းရီမှာ ရွံ့များပေပွနေကာ ကြမ်းပြင်ပေါ်တွင် လဲနေသည်။ သူမ၏မျက်လုံးများကိုလည်း တင်းတင်းပိတ်ထားခဲ့သည်။ ဆံနွယ်စလေးတို့မှာ ဖြူဖျော့နေပြီဖြစ်သည့် မျက်နှာထက်တွင် ကပ်ညိနေသည်။ သူမ၏လက်တစ်ဖက်မှာ ရေပိုက်တွင်ချည်ခံထားရသလို သူမအပေါ်ပိုင်းတစ်ခုလုံးမှာလည်း အဝတ်မကပ်တော့ပေ။ ဂျင်းဘောင်းဘီကတော့ ဝတ်ထားဆဲဖြစ်ပင်မယ့် ကြယ်သီးဖြုတ်ခံထားရသည့် အခြေအနေပင်။

မော့ဟန်၏မျက်လုံးများမှာ ဒေါသဖြင့် နီရဲလာပြန်သည်။ သူ့စိတ်ကိုသူမနည်းထိန်းကာ အသက်ဝဝရှုပြီးနောက် သူ့အပေါ်ထပ်ကုတ်အကျီကို ချွတ်ကာ ရှုချင်းရီအား ခြုံပေးလိုက်သည်။

“မင်း. . .မင်းတို့ ဘာလုပ်လိုက်ကြတာလဲ!”
မော့ဟန်က သွားကိုကြိတ်ကာ ထိုလဲကျနေသည့် လူတစ်ယောက်၏ လက်ကိုအားဖြင့် တက်နင်းချကာ မေးသည်။

ကျန်သည့်သူမှာ ထွက်ပြေးသွားကြကာ သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ မော့ဟန်က သူ့ကျိုးနေသည့်လက်ကို အားပြင်းစွာဖြင့် ဖိနင်းထားသည့်အတွက်ကြောင့် နာကျင်စွာဖြင့် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည်။

“အား! ငါဘာမှမလုပ်ဘူး! ငါသူ့ကို နည်းနည်းပါးချမိရုံတင်ပါ။ အဲ့ဒါက တခြားတစ်ယောက်! ငါသူ့ကို မလုပ်ဖို့ တားပါသေးပင်မယ့် ပြောမှမရတာ။ ပြီးတော့လည်း မင်းမရောက်လာခင်အထိ မိုးသည်းထဲမှာ ကောင်မလေးဘောင်းဘီကို ချွတ်မရတာနဲ့ ဘာမှမလုပ်သွားပါဘူးကွာ”
မော့ဟန်က ထိုလူ၏စကားများကို နားထောင်ရင်း ဒေါသတို့က ပေါက်ကွဲလာသောကြောင့် ပိုဖိနင်းလိုက်သည့်အခါ အရိုးကြေမွသံများနှင့်အတူ ထိုလူ၏ခွင့်လွှတ်ပေးပါရန် အော်ဟစ်အသနားခံသံတို့က ထွက်ပေါ်လာသည်။

ဒီလိုမိုးသည်းသည့်ညတွင် အသနားခံနေသည့် ငိုသံများကြားထဲမှ မော့ဟန်က သူ့အနောက်မှ နူးညံ့သည့် အသံလေးကို ကြားလိုက်သည်။
“ကိုကြီး. . .ကိုကြီး . . .”

Previous Chapter 126 of 199 Next