May Honey Logo May Honey
Previous Next

၁၀၂။ မှတ်မိပြီ

သူမ၏ကိုယ်မှာ တဖြည်းဖြည်းချင်းနစ်မြုပ်သွားသလို သူမ၏နှလုံးမှာလည်း တဖြည်းဖြည်းချင်းငြိမ်သွားသည်။ ဒါပင်မယ့်လည်း သူမ၏ခေါင်းမှာ စူးစူးဝါးဝါးကိုက်လာသည်။ ထို့နောက်တွင်တော့ မှတ်ညဏ်များက တရိပ်ရိပ်ပေါ်လာသည်။

သူမယောက်ျားတစ်ယောက်ကို မြင်သည်။ ထိုယောက်ျား၏ကိုယ်ပေါ်မှာ သွေးထွက်နေသည့် ဒဏ်ရာအပြည့်ဖြင့် ဖြစ်သည်။ ထိုလူက သူမအားကြည့်ကာ သူ့၏အသက်အက်ရှရှကြီးဖြင့် သူမအား သူ့ကိုကယ်ခိုင်းနေသည်။ ထိုလူမှာ မသေချင်သေးပါ။

သူမက ငိုနေသည်။ ထိုယောက်ျားကိုကြည့်ရင်း အဆက်မပြတ်ငိုနေသည်။

ထိုယောက်ျားကပြောသည်။
“မိန်းကလေး ငါ့ကို ကတိတစ်ခု ကျေးဇူးပြုပြီးတော့ ပေးပါ။ ဒါက ငါ့ရင်ထဲမှာ အမြဲရှိနေတဲ့အရာပါ”

သူမက မှောင်ရိပ်ကျသည့် လမ်းတစ်ခုသို့ လျှောက်သွားလိုက်သည်။ ထိုအချိန်မှာ မိုးကရွာနေသည်။

ထိုယောက်ျားက လှမ်းအော်သည်။
“အပြင်ထွက်လို့ မရဘူး! အပြင်ထွက်လို့ မရဘူး! အပြင်ထွက်သွားရင် ငါသေရလိမ့်မယ်!”

သူမ၏ကိုယ်မှာ နာကျင်နေသည်။ ခေါင်းနောက်ဘက်က အဆိုးဝါးဆုံးဖြစ်သည်။ သူမ၏ကိုယ်ကို အပ်တွေဖြင့် ထိုးနေသကဲ့သို့ပင်။ သူမ၏နားအနားကိုကပ်၍ စကားပြောနေသည့်လူတစ်ယောက်ရှိသည်။ ထိုလူ၏အသံမှာ အမုန်းတရားအပြည့်ဖြစ်သည်။
“မင်းကိုယ်က နာကျင်နေရတာကို မှတ်ထား။ မင်းအခု နာကျင်နေရတာတွေကို မှတ်ထား”

ရှုချင်းရီက စိတ်ခြောက်ခြားစွာဖြင့် ခေါင်းကိုခါလိုက်သည်။ သူမစိတ်ထဲကနေ ပေါ်လာသည့် ထိုမှတ်ညဏ်များမှာ အရမ်းမြန်ဆန်လွန်းသည်။ သူမ၏ပတ်ဝန်းကျင်က ရေများက သူမ၏နှာခေါင်းနှင့် ပါးစပ်တို့မှ ဝင်လာသည်။ သူမပိုရုန်းကန်လေလေ ရေများက ပိုဝင်လာလေလေပဲ ဖြစ်သည်။

သူမရုန်းကန်ခြင်းအား ရပ်လိုက်သည့်အခါ သူမ၏ကိုယ်မှာ ရေအောက်သို့ ပိုနစ်သည့်အထိရောက်အောင် နစ်သွားသည်။ ထိုအခါ သူမဆေးရုံတွင် ကိုမာဝင်နေသည့် အချိန်တွင် အမြဲတမ်းမက်လေ့ရှိသည့် နက်ရှိုင်းသည့် ပင်လယ်ကြီးထဲတွင် သူမနစ်မြုပ်သွားသည့် အိပ်မက်လို တူညီသည့် ပုံစံမျိုးထပ်ဖြစ်နေပြန်သည်။

ရေကူးကန်ဘေးက စားပွဲထိုးမလေးမှာ သူမအား ရေကူးတက်မည် ထင်သောကြောင့် သူမ၏ကွဲသွားသည့် ဖန်ခွက်များကိုသာ ပြန်ရှင်းနေသည်။ သူမရှင်းပြီးသည့်နောက်မှ ရေကူးကန်ဘက်ကို လှည့်ကြည့်လိုက်သည့်အခါ ဘာလှုပ်ရှားမှုကိုမှ မမြင်သဖြင့် သူမလန့်သွားလေသည်။ ထို့ကြောင့် အပြင်ကလူများအား ရေနစ်နေသည့်သူကို ကယ်ရန် အော်ဟစ်ကာ အကူအညီတောင်းရပြီ။

အကူအညီတောင်းသံကြားသည့်အခါ အနားကဖြတ်သွားသည့်သူများမှာ အမြန်ပြေးလာကြပြီး ဖိနပ်ကိုချွတ်ကာ ရေထဲခုန်ဆင်းပြီး ရှုချင်းရီအား ဆင်းကယ်ကြသည်။

ရှုချင်းရီက မူးဝေနေသည့်အချိန်တွင် တစ်စုံတစ်ယောက်က သူမ၏ဂျိုင်းမှ မြှောက်ကာ ရေမျက်နှာပြင်အထက်သို့ သယ်သွားသည်။

ထိုကယ်ပေးသည့်သူက သူမအား ရေကန်ဘေးတွင်ချကာ သူမအဆင်ပြေရဲ့လား ကြည့်နေသည်။ သူမအဆင်မပြေပါက ရှေးဦးသူနာပြုနည်းဖြင့် အသက်ရှုအောင် ပြန်လုပ်ရမည် ဖြစ်သည်။

ဒါပင်မယ့်လည်း သူတို့မမျှော်လင့်မိခဲ့သည်မှာ ရှုချင်းရီ၏ မျက်လုံးမှာ ချက်ချင်းဖွင့်လာခြင်းပင်။ သူမက ပါးစပ်လေးဟ၍ ကောင်းကင်ပေါ်သို့ မလှုပ်မယှက် မော့ကြည့်နေသည်။

ကယ်ပေးသည့်သူက သူ့လက်ချောင်းအား ရှုချင်းရီ၏ နှာခေါင်းအနားသို့ ကပ်ကြည့်သည့်အခါ သူမမှာ အသက်ဖွဖွရှုနေသေးကြောင်း သိလိုက်ရသည်။ ထိုအခါ သူဘာလုပ်ရမှန်း မသိစွာဖြင့် သူမအား ကြောင်ကြည့်နေမိသည်။ နောက်မှ သူမအား လှုပ်လိုက်ကာ
“အဆင်ပြေရဲ့လား?”

မော့ဟန်၏အစည်းအဝေးမှာ အပြင်က ဆူညံသံများကြောင့် သူတို့ခနရပ်လိုက်ရသည်။ မော့ဟန်သည် ခုနတုန်းက ရှုချင်းရီ၏ပုံစံကို သတိရမိကာ စိတ်မချသောကြောင့် သူအပြင်ခနထွက်လိုက်ဦးမည်ဟု ကျန်သည့်သူများအား ပြောရင်း အပြင်သို့ထွက်လာသည်။

သူထွက်လာသည့်အခါ ရေကူးကန်အနားတွင် လူများအုံခဲနေသည်ကို တွေ့လိုက်ရသည်။ ကြမ်းပြင်ပေါ်တွင် လဲနေသည့် လူတစ်ယောက်၏ ဖိနပ်တစ်ရံအား သူမြင်လိုက်သည်။ ထိုအရာမှာ ရှုချင်းရီ၏ဖိနပ်မှန်း သူသေချာသိလေသည်။

မော့ဟန်က ရင်တုန်စွာဖြင့် ထိုနေရာသို့ ပြေးသွားသည်။ လူအုပ်ကြားသို့ သူတိုးဝင်လိုက်သည့်အခါ ရှုချင်းရီမှာ မျက်လုံးအပွင့်သားဖြင့် မလှုပ်မယှက်လဲနေသည်။ သူက ထိုင်ချကာ ရှုချင်းရီ၏ မျက်နှာကို ပုတ်လိုက်ရင်း
“ရှုချင်းရီ! ရှုချင်းရီ!”

သူ့ဘေးကလူများက ပြောလာသည်။
“ရေနစ်သွားပြီး ပြန်ဆယ်လာတော့ ဒီလိုဖြစ်နေတာ။ သတိရလာတော့လည်း စကားမပြောနိုင်သေးဘူး”

မော့ဟန်က သူမကို ထူလိုက်သည့်အချိန်မှာ သူမ၏ကိုယ်မှာ အေးစက်နေသည်။ သူဟာ ရှုချင်းရီ၏ကိုယ်က စိုရွှဲနေသည်ကိုလည်း ဂရုမစိုက်နိုင်ဘဲ သူ့အားမှီထားစေသည်။ သူမ၏ဆံပင်တွေကို ပွတ်ပေးနေရင်းက သူ့ဘေးမှ သူမအား ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ပုဝါယူပေးပါလား”

မော့ဟန်က သူမလန့်သွားခြင်းဖြစ်မည်ဟု တွေးမိကာ သူမ၏ ဆံပင်အား ညင်သာစွာ ပွတ်ပေးနေသည်။ သူက သူမကိုယ်ကို နွေးသွားစေရန် ဖက်ထားပေးရင်း
“အဆင်ပြေပါတယ်။ အဆင်ပြေတယ်”

သူကအောက်ကိုငုံကြည့်သည့်အခါ သူမကသူ့ရှပ်အကျီ၏အနားကို ဆွဲထားသည်။ သို့သော် သူမ၏မျက်လုံးများကတော့ အရင်လိုထူးခြားတောက်ပမှု မရှိတော့ပါ။

သူ့ဘေးကသူက မော့ဟန်အား ပုဝါတစ်ခု ကမ်းပေးသည်။ မော့ဟန်က ရှုချင်းရီ၏ စိုရွှဲနေသည့်ကိုယ်အား ပုဝါဖြင့်ခြုံပေးလိုက်သည်။ သူမ၏ တုန်ရီနေသည့်ကိုယ်အား ပွေ့ဖက်ထားရင်းဖြင့် သူမ၏စိုရွှဲနေသည့် ဆံပင်များကို သုတ်ပေးနေသည်။

“ညီမလေး အခုမှတ်မိပြီ”
ရှုချင်းရီက မော့ဟန်၏နားအနားသို့ကပ်ကာ သူအားအားပျော့စွာဖြင့် တိုးတိုးလေး ပြောသည်။

Previous Chapter 102 of 199 Next