၁၂၁။ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူး
ရှုချင်းရီက ခေါင်းကို ခါပြသည်။ သူမမော့ဟန်ကို မကြည့်ရဲပေ။
“ဘာမရှိဘူး. . .ဘာမှမလုပ်ပါဘူး . . .ဒီတိုင်းအိပ်ရုံတင်. . .”
“မင်းသေချာလို့လား?”
မော့ဟန်က သူမမေးကို လွှတ်ပေးလိုက်သည်။ ထိုအခါမှ ရှုချင်းရီမှာ သက်ပြင်းဖွဖွ ခိုးချနိုင်တော့သည်။ သို့သော်လည်း မော့ဟန်၏နောက်လုပ်ရပ်ကြောင့် သူမအသက်ရှုအောင့်ထားမိပြန်သည်။
မော့ဟန်က ရှုချင်းရီအား လက်တစ်ဖက်ဖြင့် ခါးကိုဖက်ထားစဉ် နောက်လက်တစ်ဖက်က ရှုခင်းရီ၏စကတ်အောက်သို့ ရောက်သွားသည်။ သူက ရှုချင်းရီ၏နားကို ကိုက်လိုက်ပြီး
“သူတို့က ဒီလိုလုပ်လား?”
ရှုချင်းရီမှာ အရမ်းလန့်သွားသောကြောင့် သူမဆွံအသွားသည်။ မော့ဟန်၏လက်တွေကို ဖယ်စေချင်သောကြောင့် သူ့အားအလန့်တကြား မော့ကြည့်လိုက်သည်။
“ဒါမှမဟုတ်ရင် ဒီလိုမျိုးလား?”
မော့ဟန်က ပြောပြီးနောက် ခါးကိုဖက်ထားသည့်လက်မှာ သူမအကျီအောက်သို့ ဝင်လာကာ သူမနောက်ကျောကို ပွတ်သပ်သွားကာ သူမအတွင်းခံချိတ်နေရာရောက်မှ ရပ်သွားသည်။ ထို့နောက် သူမ၏ချိတ်ကို ဖြုတ်ပစ်လိုက်တော့သည်။
သူအတွင်းခံချိတ်ပြုတ်သွားသည်နှင့်အတူ သူမနှလုံးမှာလည်း အတူတူခုန်လာတော့သည်။ မော့ဟန်က ဒီလိုမျိုး သူမကိုလုပ်လိမ့်မည်ဟု ဘယ်တုန်းကမှ သူမမတွေးဖူးခဲ့ပေ။
မော့ဟန်၏လက်မှာ သူမ၏ကျောပြင်ကို ပွတ်သပ်နေလေသည်။ ရှုချင်းရီက ချက်ချင်းပင် မော့ဟန်အား တွန်းထုတ်တော့သည်။ သနားဖို့ကောင်းသည်ကတော့ သူမအားမှာ မော့ဟန်ကို မယှဉ်နိုင်ခြင်းပင်။
သူ့ခေါင်းထဲတွင် ဗလာဖြစ်သွားကာ မော့ဟန်အား ပါးရိုက်ရန် လက်ရွယ်လိုက်သည်။ မော့ဟန်က သူမလက်များကို ချက်ချင်းဖမ်းကိုင်လိုက်ကာ
“ငါပြောပြမယ် ရှုချင်းရီ! မင်းမူးနေတဲ့အချိန်မှာ ငါအခုလုပ်နေတာတွေထက် ပိုဆိုးတာတွေကို အဲ့ဒီကောင်တွေက လုပ်ပစ်နိုင်တယ်!”
ရှုချင်းရီက မော့ဟန်၏ ဒီလိုအခြမ်းကို မြင်လိုက်ရသည့်အတွက် အတော်ကို ကြောက်လန့်နေမိပြီ။ သူမခေါင်းကိုငုံသွားကာ မျက်ရည်တို့က တစ်ပေါက်ပေါက်ကျဆင်းလာသည်။
မော့ဟန်က ရှုချင်းရီငိုသည်ကို မြင်ကာမှ နောက်ဆုံးမှာ ရပ်သွားတော့သည်။ ရှုချင်းရီ၏အကျီထဲမှ သူလက်ကိုထုတ်လိုက်ကာ သူမလက်ကိုဖမ်းထားသည့် လက်ကိုလည်း လွှတ်ပေးလိုက်သည်။ မော့ဟန်က ရှုချင်းရီမှာ သူ့အားပါးရိုက်တော့မည်ဟု ထင်ခဲ့သည်။ သူက ခွင့်မလွှတ်နိုင်သည့် အပြုအမူကို သွားလုပ်ခဲ့ပြီဖြစ်သောကြောင့် သူမအား မကြည့်ရဲတော့ပေ။
ဒါပင်မယ့်လည်း ရှုချင်းရီက ပါးကိုမရိုက်ခဲ့ပါ။ သူမက သူ့အား ဘာမှမလုပ်ခဲ့ပေ။ ခုနတုန်းက ခပ်တင်းတင်းဖမ်းထားသောကြောင့် ရဲနေသည့် သူမလက်ကိုကြည့်၍သာ ငိုနေသည်။
မော့ဟန်၏အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်းမှာ ပြန်ရောက်လာပြီ။ သူမ၏အခုလိုပုံစံလေးကိုကြည့်ရင်း သူလုပ်ခဲ့သည်လုပ်ရပ်ကိုသာ နောင်တရနေမိသည်။
“တောင်းပန်ပါတယ်”
မော့ဟန်က သူ့လက်ကိုနဖူးပေါ်တင်ရင်း နောက်သို့ဆုတ်သွားကာ ပြောသည်။
ရှုချင်းရီက မျက်ရည်များကို ထိန်းကာ ကြမ်းပြင်ပေါ်မှ အိမ်နေရင်းဖိနပ်ကိုစီးရင်း ခေါင်းလေးကို ဆက်ငုံထားရင်းဖြင့် မော့ဟန်၏အနားမှ ထွက်သွားသည်။
မော့ဟန်က ရှုချင်းရီ၏ စိတ်နှင့်လူမကပ်သလို တစ်လှမ်းချင်းလျှောက်ထွက်သွားသည့် ကျောပြင်ကိုကြည့်နေမိသည်။ မော့ဟန်က သူမကို လှမ်းခေါ်မိရန်ပြင်လိုက်သော်လည်း ပါးစပ်က ဘာမှထွက်မလာတော့ပေ။
ခုနကဖြစ်ရပ်ကြောင့် မော့ဟန်မှာ သူတို့၏အပြစ်ကင်းလွန်းသည့် မောင်နှမဆက်ဆံရေးမှာ ပျက်စီးသွားပြီဖြစ်ကြောင်း ရုတ်တရပ်နားလည်လိုက်သည်။ ဒီကောင်မလေးက သူ့အား သူမ၏အကိုအရင်းတစ်ယောက်လို အမြဲဆက်ဆံခဲ့သော်လည်း သူကတော့ စည်းကိုကျော်လိုက်မိပြီ။ ဒါပင်မယ့်လည်း မော့ဟန်ကတော့ ဒီလိုမျိုးစောစောသိလိုက်ရသည်ကလည်း တစ်မျိုးကောင်းသည်ဟု ခံစားနေမိသည်။
နောက်နေ့မနက်နိုးလာချိန်မှာတော့ ရှုချင်းရီမှာ မနေ့ညက ဘာဖြစ်ခဲ့သလဲကို ကျန်းယန်က ဖုန်းဆက်ပြောကာမှ သိရလေသည်။ ကျန်းယန်က သူမစားသောက်နေသည့်အချိန်တွင် အရက်တစ်ခွက် ကမ်းပေးခြင်းဖြစ်သည်။ သူမကလည်း အရက်မှန်းသတိမပြုမိဘဲ သောက်ချလိုက်မိခြင်းပင်။
ကျန်းယန်က သူမအားလှောင်ရယ်ရင်းဖြင့် စလာသည်။
“မင်းမူးလာရင် လူတွေကို လိုက်ကိုက်တက်တယ်ဆိုတာ ငါမပြောဘဲ မနေနိုင်ဘူး ရှုချင်းရီ။ မင်းကတော့ မသိဘူးမလား? ဒါပင်မယ့် မနေ့ညက မင်းအနားက လူတိုင်းကို လိုက်ဆွဲပြီး လည်ပင်းကို လိုက်ကိုက်နေတာ။ ငါတို့အကုန်လုံးမှာ ကိုက်ရာတွေကြီးပဲ။ ငါတို့က ဝိုင်းဆွဲတာတောင် မရဘူး။ ငါတို့မှာ အနည်းဆုံးနှစ်ခါလောက် ကိုက်ခံလိုက်ရတယ်”
ရှုချင်းရီက မေးလိုက်သည်။
“ဟိုတယ်ကိုရော ဘယ်လိုလုပ်ရောက်သွားကြတာလဲ?”