၁၀၅။ ငါသေပြီ
ဒီ၃နှစ်အတွင်းမှာ သူရှန်ယို့နှင့်တွဲနေတုန်းကတောင် တချို့မိန်းမများက သူ့ကိုဂရုတစိုက် ချည်းကပ်ခဲ့ခြင်းများ ရှိသည်။ အခုလို လူလွတ်ဖြစ်သွားတော့ အမျိုးသမီးများအတွက် အခွင့်အရေးကောင်းကြီး ဖြစ်လာတော့သည်။
ဒီသတင်းကြောင့် သူတို့ရုံးတွင် ဆူညံ့ကုန်သည်။ ရုံးက မိန်းကလေးအများစုမှာ မိတ်ကပ်များ ပြင်ဆင်ကာ မော့ဟန်အလာကို စောင့်မျှော်ကုန်ကြသည်။
ဒါပင်မယ့်လည်း မော့ဟန်က အလုပ်ကိုရောက်လာသည့်အခါ ပုံမှန်မဟုတ်ဘဲ ထူးခြားနေကြသည်ကို သတိမပြုမိဘဲ သူ့၏အတွင်းရေးမှူးမအန်နာကိုသာ ပြောတော့သည်။
“နာရီဝက်အတွင်းမှာ အစည်းအဝေးလုပ်မယ်ဆိုတာ လူတိုင်းကို အသိပေးလိုက်။ ပြီးတော့ သူတို့ကို နောက်မကျစေနဲ့။ ရှန်တကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုပြဿနာအတွက် ကော်ပီ၁၀စုံ ဆွဲဖို့မမေ့နဲ့ဦး။ ငါတို့အဲ့ဒါကို ဒီအစည်းအဝေးပွဲမှာသုံးမယ်”
သူက လျူဇီယွမ်ကိုလည်း ကြည့်ကာ ပြောလိုက်သည်။
“မေ့ဟီကုမ္ပဏီရဲ့ တရားရုံးကို ဆင့်ခေါ်စာ ယူလာခဲ့။ ပြီးတော့ ဒီနှစ်အတောအတွင်း အဲ့ဒီကုမ္ပဏီရဲ့ ငွေကြေးအခြေအနေကိုလည်း စာရင်းလုပ်လာခဲ့”
ထို့ကြောင့် သူတို့တွေမှာ ရှေ့နေကြီး၏ စိတ်အခြေအနေကို မသိရခင် သူတို့အလုပ်တွေကိုသာ အပြေးအလွှားသွားလုပ်ရတော့သည်။ သူတို့သာ အလုပ်မပြီးခဲ့လျှင် သူတို့ကို ရှေ့နေကြီးက အလွတ်ပေးမှာ မဟုတ်သည်ကို သိကြသည်။
ရုံးကလူတိုင်းမှာ မော့ဟန်၏ ထုတ်မပြောထားသည့် စည်းကမ်းကို သိကြသည်။ ထိုအရာမှာ ကိုယ်ရေးကိုယ်တာကိစ္စကို အလုပ်တွင် မပြောခြင်းပင် ဖြစ်သည်။ ဒီကိစ္စတွင် သူ့ချစ်သူကောင်မလေး ရှန်ယို့ပါ ခြွင်းချက်မရှိပေ။ အရင်တုန်းက သူမရုံးကို တစ်ခါတစ်လေ အလည်လာရင်တောင် သူမပြန်ခင်အထိ ဧည့်ခန်းထဲတွင်ပဲ ထိုင်စောင့်ရလေသည်။
အခုတော့ ရုံးကဝန်ထမ်းအများစုမှာ မော့ဟန်တွင် ချစ်သူမရှိတော့သောကြောင့် ပျော်ရွှင်နေကြသည်။ ထို့ကြောင့် သူတို့မှာ ရှေ့နေကြီးနှင့် ထူးခြားသည့်ဆက်ဆံရေးရှိလာဖို့ သူတို့အခွင့်အရေးရလာပြီ ဖြစ်သည်။
သို့သော်လည်း မော့ဟန်ကတော့ သူတို့၏အတွေးများကို သတိမထားမိဘဲ သူ့ရုံးခန်းထဲတွင် ကြိုးကြိုးစားစားအလုပ်လုပ်နေသည်။ သူဟာ အရင်လိုပဲ အစည်းအဝေးများလုပ်လိုက်၊ စာရွက်စာတမ်းများ ပြင်ဆင်လိုက်နှင့် ညှိနှိုင်းစရာများကို စီစဉ်လို့သာ နေလေသည်။
သူတရားရုံးမှ ပြန်ရောက်လာသည့်အခါ ည၈နာရီရှိနေပြီ။ သူ့ရုံးကလူအများစုကိုလည်း သူပြန်ခိုင်းလိုက်ကာ တရားမမှုစီရင်ချက်အကြောင်း စာအုပ်အားဖတ်ရန် ရုံးသို့ပြန်လာသည်။
မော့ဟန်က သူခုံတွင်ထိုင်ပြီးသည်နှင့် အန်နာကို ကော်ဖီတစ်ခွက် ဖျော်ခိုင်းလိုက်သည်။
အန်နာက ရုံးတွင်းမီးဖိုခန်းတွင် မော့ဟန်၏အကြိုက်အတိုင်း ကော်ဖီဖျော်လာကာ သူမအဝတ်များကို သပ်သပ်ရပ်ရပ်ပြင်လိုက်သည်။ သူမ၏စကတ်ကိုပိုတိုအောင် ခေါက်တင်လိုက်ကာ သူမ၏ပေါင်တံရှည်ရှည်သွယ်သွယ်လေးများကို ပေါ်စေသည်။ ထို့နောက် သူမအကျီကို ကြယ်သီးနည်းနည်းဖြုတ်လိုက်ကာ ရင်ကြားကို နည်းနည်းဟထားလိုက်သည်။
ဒီမနက်တွင် မော့ဟန်တို့လမ်းခွဲလိုက်သည့်အကြောင်းကြားသည့်အခါ သူမ၏ခံစားချက်များကို မဖုံးကွယ်နိုင်တော့ပေ။ သူမဟာ နာမည်ကြီးကျောင်းမှ ဘွဲ့ရထားသလို မိသားစုကလည်း ကောင်းမွန်လေပြီး မော့ဟန်နှင့်ဆက်ဆံရေးကလည်း အဆင်ပြေနေသည်။ မော့ဟန်က ရုံးစထောင်သည့်အချိန်တုန်းက သူမတွင် ရွေးချယ်စရာ အပြိုင်ကြီးများရှိသော်လည်း မော့ဟန်ကိုသာ ရွေးချယ်ခဲ့သည်။ သူမဒီနေရာတွင် အလုပ်လုပ်နေရသည့် အကြောင်းပြချက်မှာလည်း မော့ဟန်ကြောင့် ဖြစ်သည်။
မော့ဟန်နှင့် ဒီlaw firmမှာ အခြားသူများနှင့် ကွာခြားသည်။ သူ့၏အရှိန်အဝါမှာ တရားရုံးတွင် သူ့ထက်ဝါရင့်သည့် ရှေ့နေကြီးများကတောင် သူ့ကိုကြောက်ရသည့်အထိပင်။ သူ့၏အတွေးအခေါ်က တိကျကာ စကားလုံးတိုင်းကလည်း မှန်ကန်သည်။ ထို့ကြောင့် မော့ဟန်မှာ အချိန်အတိုအတွင်း အောင်မြင်လာခြင်းဖြစ်သည်။
အန်နာက ဒီလိုအကြောင်းမျိုးတွေကို ပိုတွေးမိသည့်အခါ ပိုသဘောကျလာကာ လေးစားလာတော့သည်။ မော့ဟန်၏အနားတွင်ရှိချိန်တိုင်းလည်း သူမရင်ခုန်နေမိသည်။
သူမဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလေသည်။ သူမက လှပကာ ကြည့်ကောင်းသည့်ကိုယ်လည်းရှိသလို အလုပ်လည်း ကောင်းကောင်းလုပ်နိုင်သည်။ ထို့ကြောင့် ယောက်ျားအများစုမှာ သူမကိုကြိုက်ကြသည်။ ထို့ကြောင့် မော့ဟန်ကိုလည်း သူမအပိုင်ဖြစ်အောင်လုပ်ဖို့ သိပ်မကြာဘူးဟု ယုံကြည်လေသည်။
ထို့ကြောင့် ကော်ဖီခွက်ကိုယူကာ မော့ဟန်၏ရုံးခန်းကို တံခါးခေါက်လိုက်သည်။
“ဆရာ”
“ဝင်ခဲ့”
မော့ဟန်က အထဲကဖြေသည်။